၁။ ဝင်စို့ ထွက်စို့

၁။ ဝင်စို့ ထွက်စို့
” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၁)

နန်းတော်ပေါက် မြန်မာဘက်ကအဝင်  2015 ဇူလိုင်လ မတိုင်ခင် က မြင်ကွင်း
နန်းတော်ပေါက် မြန်မာဘက်ကအဝင် 2015 ဇူလိုင်လ မတိုင်ခင် က မြင်ကွင်း

မြန်မာပြည်ထဲက ရှမ်းပြည်မြောက်ပိုင်းရဲ့အစွန်အဖျားမြို့ကတော့ မူဆယ်မြို့ပါဘဲ။
မုတ္တမ၊မတ္တရာ ဆိုတဲ့မြို့လို မ နဲ့ စတဲ့ ခရီးလမ်းဆုံးမြို့လေးထဲက တစ်မြို့ပေါ့၊
ဟိုးအရင်နှစ်တွေက နှစ်ကြိ်မ်ရောက်ဘူးပေမယ့် ဒီတစ်ခေါက်ကတော့
ကြာကြာနေဖြစ်တယ်လို့ဆိုရပါမယ်။
အဲတော့ တို့တို့ တိတိ သိခဲ့သမျှ လေးတွေ ပိုများလာတာပေါ့။
ဒီမြေဒီဒေသ ရောက်ပြီဆိုတာနဲ့ မြို့အခေါ်ကွာခြားချက်လေးတွေကို သိလာရပြန်ပါတယ်။
ကျနော်တို့ရဲ့” မူဆယ် “ကို သူတို့ က ” မုကျယ်”
သူတို့ရဲ့ ” ကျဲ့ဂေါင် “ကို ကျနော်တို့က “ကျယ်ခေါင်”
သူတို့ရဲ့ “ရုလီ” ကို ကျနော်တို့အခေါ်”ရွှေလီ” အသံဖလှယ်တာခြင်းနည်းနည်းတော့ကွာပါတယ်။
ကျနော်တို့ဘက်ခြမ်းနဲ့သူတို့ဘက်ခြမ်း လမ်းလေးတစ်လမ်းဘဲကွာပါတယ်။
ဒါပေမယ့် အဆောက်အဦ ရာသီဥတု နေမူ့ ထိုင်မူ့ အစရှိတာတွေကတော့
အကွာခြားကြီး ကွာခြားသွားပါတယ်။

1မြစ်ရွှေလီ
1မြစ်ရွှေလီ

တကယ်တော့ရွှေလီဆိုတဲ့နာမယ်ကကျနော်တို့နဲ့မစိမ်းသောနာမည်လေးဖြစ်ပါတယ်။
ရွှေလီမြို့ရဲ့အရှေ့ဖက်ကနေ ရစ်ခွေပြီးမြောက်ကနေ တောင်ဘက်ကို
စီးနေတဲ့မြစ်ကြီးက တိုင်းပြည်နှစ်ပြည်ကြားမှာ ပိုင်းခြားပြီး စီးဆင်းထားတဲ့
မြစ်ကြီးဖြစ်နေပါတယ်။
ဒီဘက်မှာတော့ “ရွှေလီမြစ် “နမ်းခမ်း ကနေ ကသာမြို့ အောက်ဘက်အင်းရွာနားမှာ ဧရာဝတီထဲကို စီးဝင်သွားပါတယ်။
ဟိုအရင်က တရုပ်ပြည်သွားဘို့ဆိုတာ အတော်ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းဖြစ်ခဲ့ပါတယ်။
အခုတော့ ညသွားမနက်ရောက် မနက်သွား ညနေရောက်
လွယ်ကူစွာ သွားလာနိုင်တဲ့လမ်းခရီးတစ်ခု ဖြစ်လို့သွားပါပြီ။

မန်းလေးကနေ တရုပ်ပြည် ရွှေလီကိုလာချင်တယ်ဆိုရင် မူဆယ်ကိုအရင်လာရပါတယ်။
မူဆယ်မြို့ရဲ့အနောက်ဖက်အစွန်ဆုံးမှာက တရုပ်ပြည်နယ်စပ် ကျယ်ခေါင်ရှိပါတယ်။
မူဆယ်နဲ့ကျယ်ခေါင်ဆိုတာ ကျောက်လမ်းမလေးတစ်ခုဘဲ ခြားထားတာပါ။
မြန်မာပြည်ကနေ တရုပ်ပြည်ထဲကို အဝင်အထွက်လုပ်ဘို့အတွက် ဝင်ထွက်ပေါက်
သုံးပေါက်ရှိပါတယ်.။

2 နန်းတော်ပေါက် တရုပ်ပြည်ဘက် မှ
2 နန်းတော်ပေါက် တရုပ်ပြည်ဘက် မှ

အခမ်းနားဆုံးကတော့ နန်းတော်ပုံအဆောက်အဦးကြီးရှိလို့ နန်းတော်ပေါက်လို့ခေါ်တဲ့
အလယ်ပေါက်။
(တရုပ်လိုကတော့ သကို့မင် =ပြည်ဝင်တံခါးမကြီးလို့ခေါ်ပါတယ်)
မန်းလေး-မူဆယ်၊လားရှိး-မူဆယ်၊ကျောက်မဲသီပေါမူဆယ် ကားလေးဂိတ်လဲဖြစ်ပါတယ်။
ခရီးသည်တင်ကားအသေးမှန်သမျှ ဒီနေရာမှာ ဂိတ်ထိုးတဲ့ဂိတ်ဆုံးအရပ်လဲဖြစ်ပါတယ်။
ဒီဂိတ်က ဝင်ထွက် တဲ့အခါ လူ သီးသန့်ဝင်ထွက်ပေါက်ဖြစ်ပါတယ်။
အဲတော့ ပစ္စည်းကလဲ ခရီးသွားတဲ့သူ တစ်နိုင်စာဘဲသယ်ခွင့်ရပါတယ်။
မြောက်ဘက်ခြမ်းမှာတော့ ဆင်ဖြူရုပ်ကြီး ရှိလို့ ဆင်ဖြူဂိတ်လို့ အမည်တွင်တဲ့ဂိတ်ဖြစ်ပါတယ်။
(တရုပ်လိုကတော့ ကျုံးမြန့်ကျဲ့=တရုပ်မြန်မာဈေး လို့ခေါ်ပါတယ်။
ဈေးသည်တွေဝင်တဲ့ထွက်တဲ့အပေါက်ပေါ့)
အဲဒီဂိတ်ကတော့ စက်ဘီး၊ဆိုင်ကယ်၊ဆိုက်တွဲ၊ ထော်လာဂျီ၊အိမ်စီးကားအသေးတွေ
ပစ်ကပ်ကားအသေးတွေ ဝင်ထွက်လို့ရတဲ့ဂိတ်ဖြစ်ပြီး ရောင်းချစရာ ကုန်ပစ္စည်းတွေ
ဝင်ခွင့် ထွက်ခွင့်ရတဲ့ ဂိတ်လဲဖြစ်ပါတယ်။

3မဂဇIMG_20150428_105041

3မြန်မာပြည်ဘက်က ဆင်ဖြူပေါက်

 

4 သူတို့ဘက်မြင်ရတဲ့ ဆင်ဖြူပေါက်
4 သူတို့ဘက်မြင်ရတဲ့
ဆင်ဖြူပေါက်
5 မန်ဝိန်းပေါက်
5 မန်ဝိန်းပေါက်

နောက်တစ်ဂိတ်ကတော့ မန်ဝိန်းဂိတ်ဖြစ်ပြီး မြို့တောင်ဘက်ခြမ်းမှာရှိပါတယ်။
အဲ့ဒီဂိတ်ကထွက်ရင် မန်ဝိန်းမြို့ နဲ့နမ်းခမ်းမြို့ကိုထွက်တဲ့လမ်း ကိုရောက်လို့
မန်ဝိန်းဂိတ် လို့ အလွယ်ခေါ်လိုက်တာဖြစ်ပါတယ်။
ကျနော့် လို နားမယဉ်သူများအတွက်တော့ မဝင်းဂိတ် မဝင်းဂိတ်လို့ကြားမိတာအမှန်ပါဘဲ။
(တရုပ်လိုကတော့ ဟော့ဆန်ကို့မင်=ကုန်စည်စလှယ်အဝင်တံခါးလို့ခေါ်ပါတယ်)
အဲဒီဂိတ်ကတော့ ကုန်ကားအကြီးတွေထွက်ရတဲ့သီးသန့်ဂိတ်ဖြစ်ပေမယ့်
ဆိုင်ကယ်ရော မော်တော်ကားအသေးတွေပါထွက်လို့ရပါတယ်။

6 မန်ဝိန်းပေါက်က ကမ္ဘာလုံး
6 မန်ဝိန်းပေါက်က ကမ္ဘာလုံး

တရုပ်ပြည်ဘက်ကလူဝင်မူ့ကြီးကြပ်ရေး ဂိတ်တွေကတော့ တကယ့်ကိုသားသားနားနားပါဘဲ။
အဝင်တစ်ဂိတ် အထွက်တစ်ဂိတ် သီးသန့်ခွဲခြား ဆောက်ထားပါတယ်။
မြန်မာဂိတ်တွေကတော့ အာစီ တစ်ထပ်တိုက်ကလေးတွေနဲ့ဖြစ်သလိုပါဘဲ။
တရုတ်ဘက်အဝင် နန်းတော်ဂိတ်ကတော့ တကယ့် ကို ခန့်ခန့်ထည်ထည်။
မြန်မာဘက်ကတော့ အကြော်သည်အချဉ်ပေါင်းသည် တောင်းစားတဲ့သူတွေ
ကားလိုင်းတွေက ခရီးသည်ခေါ်တဲ့သူတွေနဲ့အမြဲလိုလို
ရှုပ်ယှက်ခပ်နေတဲ့နေရာများကြားက အဝင်တစ်ပေါက် အထွက်တစ်ပေါက်ခွဲခြားပြီး
အုတ်တိုက်သေးသေးလေးမှာဖွင့်ထားတာပါ။

6အမြဲ့ရှုပ်ခပ်နေတဲ့မြန်မာဘက်ကဝင်ပေါက်
7အမြဲ့ရှုပ်ခပ်နေတဲ့မြန်မာဘက်ကဝင်ပေါက်

တရုပ်ပြည်လူဝင်မူ့ကြီးကြပ်ရေး ဝင်ပေါက်ထွက်ပေါက်သုံးပေါက်ကတော့ တစ်ခုနဲ့တစ်ခု
ကွန်ပြူတာနဲ့ချိတ်ဆက်ထားတယ်လို့သိရပါတယ်။
ဘယ်အပေါက်က ဘယ်သူ ဘယ်အချိန်မှာ ဝင်သွား ထွက်သွားတယ်ဆိုတာ
အတိအကျသိနိုင်ပါသတဲ့။

7 ဝင်ဘို့အတွက်တန်းစီ
8 ဝင်ဘို့အတွက်တန်းစီ

မြန်မာပြည်ဘက်ကတော့ ဘယ်လိုချိတ်ဆက်ထားတယ်ဆိုတာကတော့ မသိပေမယ့်
စာအုပ်အနီကိုင်ထားပြီး ဝင်တဲ့ထွက်တဲ့လူစာရင်းကို ဘုတ်အုပ်ကြီးနဲ့မှတ်နေတာတော့မြင်ရပါတယ်။
(2015 ဇူလိုင်လက စပြီး နန်းတော်ပေါက် မှာ မြန်မာလဝက ဘက်ကလဲ အဆောက်အဦအသစ်ကြီးနဲ့
ခန့်ခန့်ငြားငြားဖြစ်လို့ သွားပါပြီ။)

8 အခုတော့ သားသားနားနား
9အခုတော့ သားသားနားနား

ဘယ်လိုဘဲပြောပြောမြန်မာပြည်ဘက်က တံခါးမ နန်းတော်ပေါက်ကလဲအရင်ထဲစာရင်
သေသပ်လှပလို့ သွားပါပြီ။
ဒါပေမယ့် ကျန်တာတွေကတော့ အရင်အတိုင်းပါဘဲ။

 

ဆက်လက်ဖော်ပြပါမည်

ကိုပေါက်လမ်းသလားနေသည်
26-4-2015

12 comments

  • မြစပဲရိုး

    July 14, 2015 at 11:10 pm

    လူအဝင် အထွက် တွေ အတွက် ဝန်ဆောင်မှု ပေးတာ တွေ ကရော။ နှစ်ဖက် ဘာကွာလဲ ကပေါက်ကြီး။
    ဘာဘဲ ဖြစ်ဖြစ် ရွှေလီ က တော့ နှစ်ဖက်လုံး အတွက် လှ နေတာရော။ :-))

  • ကိုလတ်ကြီးရေ နောက်အပိုင်းတွေမှာ အသေးစိတ်ရေးထားပါတယ်
    လာပါလိမ့်မယ်

    ကွာပါတယ်

    ရယူလိုသော မျှော်လင့်သောမျက်လုံးများနဲ့

    တာဝန်မှတစ်ပါး ဆိုတဲ့ မျက်လုံးများကခြားနားချက်တွေကို

    ရေးထားပါတယ်

    ကျနော်ရေးပြီးလက်စ မသတ်တာတွေများတော့ အခန်းဆက်ရေးရမှာ လန့်လာပြီ

    ငယ်ငယ်တုံးက ခေါင်းလောင်းသံ အပိုင်း(၇)မှာရပ်

    ပလက်ဖောင်းများက အမှတ် ( ၂၂)မှာရပ်

    ရပ်သွားတာက အမှန်တိုင်းပြောရရင် ဆက်မရေးရဲတော့လို့ပါ

    သက်ရှိထင်ရှားရှိနေတဲ့လူတွေအကြောင်းကို မရေးချင်တော့လို့ပါ

    အမြင်ခြင်း ကွဲလွဲနိုင်တယ်လေ

  • Alinsett @ Maung Thura

    July 15, 2015 at 2:52 am

    မသေသပ် မလှပသေးတာကတော့
    လေဆိပ်ကနေ လေဆိပ်လမ်းထဲကနေ ရန်ကုန်ထဲအဝင် မုဒ်ဦးရွှေရောင်ကြီးပဲ
    .ဆေးတွေကွာပြီး ဘယ်လိုမှ မြင်မကောင်းတော့တာာာာ

  • Mike

    July 15, 2015 at 10:04 am

    .တစ်ခေါက်လောက်တော့သွားလည်ချင်ပါသေးတယ်ဗျာ
    .ဓါတ်သေတွေကဖုန်းနဲ့ရိုက်တာလား..မှိန်နေသလိုပဲ

    • ဟုတ်တယ် ကိုမိုက်

      ဒီပုံတွေက ဖုန်းနဲ့ရိုက်တာပါ

      သွားရင်းလာရင်း ခရီးသွားမှတ်တမ်းအနေတဲ့ကြုံသလိုရိုက်ထားခဲ့ရတာလေးတွေပါ။

  • တောင်ပေါ်သား

    July 15, 2015 at 10:26 am

    ရောက်ဖူးချင်လို့ ကြိုးစားပြီး သွားဦးမယ်ဗျာ ၊

    အဲဒီမြောက်ပိုင်းလမ်းကို ပြင်ဦးလွင်အထိပဲ ရောက်ဖူးသေးတယ် ၊

  • အမှားပြင်

    ရွှေလီမြစ် စီးဆင်းပုံကိုကျနော် အမှတ်မှားပြီးရေးထားတာလေးပြင်ပေးထားပါတယ်။

    • ကမျိုးတို့ လုံမလေးတို့ရေ ရန်ကုန်ကနေဆိုရင် သုံးလေးရက်အချိန်ပေးနိုင်တာနဲ့ ရောက်လာနိုင်ပါတယ်

      သိပ်ထူးထူးဆန်းဆန်းရယ်တော့ လည်ပါတ်စရာမရှိပေမယ့်

      အေးဆေးတဲ့နေရာလေးတွေ မြင်ရတာပေါ့

  • YE YINT HLAING

    July 15, 2015 at 9:20 pm

    ရွှေလီ ကျယ်ဂေါင် ဘက်ကို မူဆယ်ရောက်တိုင်း ဝင်ကြည့်ဖြစ်တယ်။ ကပ်ကပ် ကလေးကို သပ်ရပ်မှူမတူတဲ့ အမြင်တော့ခံစားမိတယ်။
    ကျယ်ဂေါင်ထဲ မှာစိတ်ကြွဆေးရောင်းဝယ်သုးံဆွဲနေကြတာကလည်း ဘာမှတင်းတင်းကြပ်ကြပ်တားမြစ်မှူမရှိသလိုပဲ။

  • ကိုရဲရင့်လှိုင်ရေ

    ကျနော်အမြင်က တော့ သစ်ပင်ရှိခြင်းမရှြိုခင်း

    လူဦးရေထူထပ်ခြင်း မထူထပ်ခြင်း ကြောင့် ကွာခြားသွားတာဖြစ်မယ်ထင်ပါတယ်

    မြန်မာပြည်ဘက်အခြမ်း သံတိုင်တွေနားမှာ ဆေးချနေ ဆေးတင်နေတဲ့လူတွေတွေ့တယ်

    ပေါ်တင်ဘဲ

    တရုပ်ဘက်က သူတို့ နယ်နမိတ် အပြင်ဆိုတော့ ဘာမှ မလုပ်

    မြန်မာဘက်ကလဲ သိနေပါလျက်နဲ့ဘာမှ မလုပ်

    မိုက်တဲ့ကောင်သေ ပေစေ လို့ သဘောထားလားတော့ မသိဘူး နော်

    လက်ယားနေပေမယ့် ဓါတ်ပုံမရိုက်ရဲ

  • Shar Thet Man

    November 19, 2018 at 3:30 pm

    တစ်ခါလောက်တော့အဲဘက်ကိုရောက်အောင်သွားရမယ်..

Leave a Reply