. မြ ရဲ့ သင်ပုန်း ၁၅-၀၇-၂၀၁၅

မြစပဲရိုးJuly 15, 20151min20914

. မြသည် အင်မတန် အမြှောက်ကြိုက်သူ ဖြစ်သည်။
မနေ့က သင်ပုန်းထဲ ချစ်သော ကြောင်ကြောင် မှ “အဲလိုလေး တွေလဲ လုပ်စမ်းပါ” လို့ ချွန်သွားသည်။
သူကတော့ သူ့ အကြံဖြင့် လော်ဘီ ရန်ရှင်း အောင် တစ်ဖက်လှည့် ပြီး ပင့် ပြောခြင်းဖြစ်ပေသည်။
သို့သော် ထိုစကားသည် မြ အတွက်တော့ အားဆေးပေတည်း။

ငယ်တုန်းက နှလုံးသားကျိုးပျက်မှု များ ကို ပြန်ဖော်မည်။ တူးဆွ မည်။
အက်တစ်ဗ္ပိုင့် ဖြင့်တစ်နည်း ပက်စစ်ဗွိုင့် ဖြင့်တစ်ဖုံ ရေးမည် ဟု ပြင်ဆင်လေတော့သည်။
. မြ ၏ နှလုံးသားမြို့ဟောင်း တူးဖော်ချက် ပရော့ဂျက် ပေတည်း။

မရေးခင် လက်မတင်လေး  “ယူ့ စာတွေချည်း ဘဲ ရွာထဲ ရှိနေပါတော့ လား” ဆိုသည့် စကားကြားလိုက်သည်။
ရွာထဲ ဝင်ပြီး တိတ်တိတ်ပုန်း စာဖတ်သူ တစ်ယောက် အနားတွင်ရှိနေ သည် ကို မေ့နေသည်။
သို့သော် သိပ်တော့ မသေချာ။
ဦးနီကုတ် အင်တာဗျူး စာ အကြောင်း ကို သိနေ၍ ဝင်ပြီး ဖတ်တာလဲ  ဖြစ်နိုင်သည်။
အမြဲတမ်း ဝင်ဖတ်နေ တာဟုတ် မဟုတ် မပြောတတ်။

ဒီ ရက် ထဲ လွမ်း ထားသော  ဂျပန်ကား အကြောင်း သူ သိနေခဲ့၍ သာ တော်သေးသည်။
ထို ဂျပန်ကား ကို ရက်ဆက်  ကြည့်ကြည့် နေတော့ ကြည့်လှချည်လား လို့ ပြောခဲ့၏။
သူ ဝင်ကြည့်တိုင်း ကိုရုပ်ဆိုး ကြီး နဲ့ချည်း တိုးတာမို့  မနာလိုဖြစ်နေပုံတော့ မရ။
မင်းသမီး ကလဲ သူ့ အကြိုက် ကက်သရင်းဇီတာဂျုံး ဘော်ဒီ လုံးကြီးပေါက်လှ ကိုယ်လုံး မဟုတ်၍ စိတ်ဝင်စားပုံမရ။
. နာအိုးတို အခန်း ကို ထပ်ခါထပ်ခါ ပြန်ပြန် ရစ်ကြည့် နေတာ ကိုတော့ သိစရာ အကြောင်းမရှိ။

သူသည် အရင်တုန်းက တော့ စိတ်လို လျှင် မနာလိုတိုရှည် ဖြစ်သည်။
စိတ်မလိုလျှင်ကား ဂရုတောင်မစိုက်။
ဤ အသက်အရွယ် ရောက်နေသောအခါတွင်ကား ဂရုမစိုက်တော့သည် လဲ ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ မြတစ်ယောက် အတိတ်ကြောင်း တူးဖို့ ခက်ပြီ။
. မြသည် အရင်က ဗိုင်းကောင်း မကျောက်ဖိ သူ မို့ နဲနဲ တော့ ဆိုးခဲ့သည်။
ဒီအချိန်ကြီး တွင် အတိတ်ကြောင်း များမှ တစ်ဆင့် ရောဂါဟောင်း ပေါင်းစုံ ပြန်ထသွားလျှင် ခက်မည်။

ဟို ကြောင် မြှောက် ပေးသည် မှာ မိုင်ပေါင်း သုံးထောင့်လေးရာ့ငါးဆယ့်ကိုး အကွာ မှ ဖြစ်သည်။
သူ မြှောက်တိုင်း လိုက် က ၍ မဖြစ် ချေ။
လက်တစ်ကမ်း အကွာမှ ဓား ကို မြ ပိုကြောက်ရမည်။

ဤတွင် မြ ၏ နှလုံးသား မြို့ဟောင်း တူးဖော်ရေး ပရော့ဂျက် သည် ဒဂုံစီးတီး စီမံကိန်း ပရော့ဂျက် ကဲ့သို့ ဖျက်သိမ်း လိုက်ရပေတော့သည် တကား။

 

DSCF1458
တစ်ခါတစ်ခါ ဝိုးတစ်ဝါး အမြင် က ပို၍ တင့်တယ်ပေ၏။

14 comments

  • @QUIL@

    July 15, 2015 at 6:20 am

    thermal effect ထည့်ပြီး ရုပ်ဖျက်ထားတယ်လား..
    ဟီဟိ…

    သဂျီးရေ့ …….

    မတို့ နဲ့ လှုပ်လိုက်ရမားးးးးးးးး

    😛

    • kai

      July 15, 2015 at 7:10 am

      Invert လုပ်တာနဲ့တင်တော်တော်ပေါ်နေပြီ…။ :k:

      • မြစပဲရိုး

        July 16, 2015 at 3:22 am

        ဒီမယ် ကိုယ်တော်နှစ်ပါး
        ပုံရင်း မြင်ဖို့ ဂလောက်လွယ်တယ် တဲ့လားကွယ်။
        တစ်လွဲ တွေ မြင်ပြီး ကိုယ် သုံးတဲ့ Software တွေ ရဲ့ နာမည် ကို မပျက်စေနဲ့ ကွဲ့။
        Ha Ha Ha …. lol:-))))

  • Mike

    July 15, 2015 at 9:50 am

    .အော်..မြ…မြ…မြ …တူးစရာမရှိတာကို တူးမယ်ကြံရသေး ..ဟေးဟေး :k:

    • ဇီဇီခင်ဇော်

      July 15, 2015 at 11:18 am

      မိုက်မိုက် ကော်မန့်ဖတ်ပြီး ရီလိုက်ရတာ။

      :mrgreen:

      • မြစပဲရိုး

        July 16, 2015 at 3:30 am

        တောက်စ် .. မိုက် မိုက် မိုက်
        . မြ ကို ဂလောက် အထင် စမော တယ်လား။
        အဲ့ လူဆိုးမလေး ကလဲ ဘူ့ဘက် က နေနေ တာတုန်း။ တောက်စ်။ (ခွက်ဒစ် – ဂ)
        :-)))

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    July 15, 2015 at 2:28 pm

    အန်တီမြကို.. ဆံပင်ဆံထုံးကြီးနဲ့ ရှေးခေတ်အန်တီကြီး ပုံစံလို့ ထင်ထားတော့..
    ပုံအရဆိုရင် ဆံပင်နဲ့ အကျီ ကီးကိုက်တော့ အတွေးလွဲသွားပြန်ရောဗျာ..။ ။ :k:
    ကျွန်တော်တောင် ဘေးက ယာကူဇာဓါးမ ကိုကြောက်လို့..
    ဘိုးတော်ယောင်ယောင်၊ နိုင်ငံရေးစိတ်ဝင်းစားသယောင်ယောင်နဲ့
    ဖီလင်တွေပစ်ပြီး ယောင်စိန်လုပ်နေဒါပဲ ကြည့်ပါတော့ဗျာ.. 😳

  • တောင်ပေါ်သား

    July 15, 2015 at 3:15 pm

    အရီးက အပြင်မှာ ပိုမိုက်တယ် ၊ 🙂

  • Swal Taw Ywet

    July 16, 2015 at 3:28 am

    တနေ့ညက
    တရာ့တကြိမ်မြောက် ချစ်ခွင့်ပန်ခြင်း ဂျပန်ကားလိုက်ရှာတာ
    Princess and Photographer ဘဲကြည့်လိုက်ရသယ်။
    Youtube ပေါ်က Documentary လေးတွေ ဘဲ ပြန်ကြည့်နေဖြစ်တုံးမို့
    အရီးရဲ့ နောက်ကြောင်းပြန် မတင်ပါနဲ့အုံးခင်ဗျ။
    အားကျသွားမစိုးလို့။
    တူမတော် ရဲ့ ဒေါ်လေးကလည်း မကြိုက်ဘူးပြောထားးးးးးလို့ ့ ့ ့ ့ ့ ့ ့ ့လို့။
    With respect,
    Swal Taw Ywet.

  • မြစပဲရိုး

    July 16, 2015 at 3:39 am

    လုံမ လေး
    . ရေးချင်တာသာရေး။ စိတ်ထဲ ဖု နေရင် ထု သာပစ်။ ကြိတ် ခံစား မနေနှင့်။

    ကိုရင်လေး
    ယာကူဇာမယ်လေး က ရွာ ကို သိလို့လား။
    သိလဲ ပေါက်ကရ စာရေးခြင်း သည် စိတ်ကို ရွှင်လန်း အားဖြစ်စေ၏ လို့ ပြောပြီး ရေးပါကွာ။
    အဲဒီ က အတွေ့အကြုံ လေး တွေ၊ ဒါ့ပုံလေး တွေ ပေါ့။

    ကိုမျိုး
    ဟိ ဟိ။ အမြှောက်ကြိုက် မြ တစ်ယောက် ပီတိ ဖြစ်စွာ အစိမ်းရောင်ချယ် ပြီဗျာ။

    ကိုစွယ်တော် ရေ့
    ကွပ်ပြစ်လေး ကို သတိတရ ပြန်လာတာ ဝမ်းသာလှပါဘီ။
    အဲဒီကား အတွက် Youtube ထဲ က Link တွေ ပေးထား တယ်။ အချိန်ရရင် မြေလှန် ပေတော့။
    ကိုစွယ်တော် ဘူသူ့ ကို ဘယ်နှစ်ကြိမ် ချစ်ခွင့်ပန်ထားခဲ့ဖူးလဲ။
    စပ်စုကြည့်တာ။ :-))))

  • Ma Ma

    July 16, 2015 at 9:17 am

    မြရဲ့ မတူးဖော်လိုက်ရတဲ့ မြို့ဟောင်းကြီးမှာ ဘေးနားက ဓားသမားရဲ့ ဇာတ်ကွက်တွေချည်း ထင်ပါရဲ့။ 😉

    ဒီလောက်သဘောကောင်းတဲ့ မတ်တော်မောင်ကို ဓားလို့ ပြောတာ နည်းနည်းတော့ လွန်တယ်ထင်တယ်။ :kwi:

  • ဦးကြောင်ကြီး

    July 16, 2015 at 9:24 am

    ..မြသင်ပုန်း
    ..ကြွအစဉ်ပြုံး
    ..ငါ့လင်မမုန်း
    ..ညတွင်၃။

  • ဦးကျောက်ခဲ

    July 16, 2015 at 12:27 pm

    ဖယား… ဖယား… အဟောင်းတော့ မတူးနဲ့အရီး…
    ကိုယ်တူးတဲ့တွင်းထဲ ကိုယ့်ကိုကန်ချပြီး မြကို ရာဇဝင်ထဲထားခဲ့မှ… ခွိ :k:

Leave a Reply