အတိတ်ကို အနာဂတ်က စား

ပစ္စုပ္ပန်ရထားပေါ်မှာ အဖော်မပါသူ ငါ ၊

တစ်နေ့တစ်မျိုးတွေ့ အချိုးအကွေ့တွေမှာ

ဆိုးပေ့ဆိုတဲ့ ဝေဒနာတွေဟာ

မကျေညာပဲ ဝင်လို့သာလာခဲ့

အသာနွဲ့နေလို့မရ  ဘဝ ၊

လှပခြင်းဆိုတာ ဘယ်လိုပါလဲ မသဲကွဲသူအတွက်

ထွက်လာတဲ့အဖြေဟာ သုည

ထုံအအ ငါ့ခမျာ  ကံဇာတ်ဆရာကို လာဘ်မထိုးတတ်တော့လည်း

သောက်ကျိုးနည်းရတာ အဆန်းမဟုတ်

စန်းဆုတ်တဲ့ နှလုံးသားမှာ  အမုန်းများစွာက နေရာယူ

သေချာသူက ဘယ်ဆီမသိ  ပြန်ကြည့်မိတော့ အထီးကျန်

နည်းမမှန်အချစ်တွေက အပြစ်တွေကွ တဲ့

ပစ်လေသမျှ အချစ်မြား  နစ်သွားမပါတဲ့ ဖောင်တိန်လို

နောင်အကြိမ်ကြိမ်ငိုချင်းချ  လိုရင်းရယ်ကမရောက်လေတော့

သောက်ပေဦး နောက်တစ်ပက် မှောက်လျက်သာလဲပါစေ

အသည်းညှာကြွေသည်ဘဝ ဤမျှနှင့်သာကျေနပ်လေ ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..