ပေးကမ်းစွန့်ကြဲ အလွဲများးး

ဇီဇီAugust 13, 20151min31045

ဒီမှာက အလကား ရသလို တောင်းတာမျိုးမရှိဘူးဗျ။

တစ်ချို့ က သီချင်း ဆိုပြတယ်။

တစ်ချို့က တစ်ရှူးလေးလိုက်ရောင်းတယ်။

တစ်ချို့ကတော့ လက်ကမ်းစာစောင် ဝေပေးတဲ့ အလုပ်နဲ့ အခကြေးငွေယူတယ် စသည်ဖြင့်ပေါ့။

ခါတလေတော့ ချယ်ရတီ အတွက် ကျောင်းသားကျောင်းသူလေးတွေ စုဘူးလိုလေးတွေ ကိုင်ပြီး အလှူလိုက်ခံပါတယ်။

ပိုက်ဆံထည့်တဲ့ အချိန် ကိုယ့် ကို သူတို့ စတစ်ကာလေးတွေ ကပ်ပေးလိုက်တာပါပဲ။

တစ်ချို့ကကျလည်း ရေခဲမုန့်တွေ လိုက်ရောင်းပါတယ်။

တစ်ချို့ကကျ ကျောင်းက စာရွက်နဲ့ တွဲပြီး အိတ်လေးတွေ လာပေးတယ်။ ကိုယ့် အိမ်က အသုံးမဝင်တာကို ထည့်ပြီး အိမ်ရှေ့မှာ ထားပေးထားရတာပါပဲ။

အဲဒီ ရက်ကျရင် လာယူသွားတယ်။

…………………..

ဆိုတော့ တောင်းရမ်းချင်ချင်၊ အလှူပဲ ခံချင်ချင် ဒီတိုင်း ပရမ်းပတာ အကြောင်းပြချက် မယ်မယ်ရရ မရှိပဲတော့ လိုက်တောင်းတာ မမြင်ဖူးသလို၊

ဇွတ် အလှူခံတာမျိုးလည်း မမြင်ဖူးပါဘူးး…

.

.

.

 

ကေဇီ ရုံးကို အသွား ဆင်း တဲ့ ဘူတာမှာ …

ဘီးတပ် ကုလားထိုင်နဲ့ အဖိုးကြီး တစ်ယောက် က အမြဲ ဘော်လပင် လေးတွေ ထိုး၊ တစ်ရှူးလေးတွေ တင်ပြီး ရောင်းပါတယ်။

ဘီးတပ် ကလားထိုင်ရှေ့မှာ ဗန်းလေးလိုမျိုး တင်ပြီးတော့ တော့ ရောင်းတာပါ။

ဘယ်လောက်မှတော့ မရှိပါဘူးးး

ဘော်လပင် တစ်ချောင်း ၂ ဒေါ်လှ။

တစ်ရှူး ၅ ထုတ် ၁ ဒေါ်လှ စသည်ဖြင့်ပေါ့။

အမြဲလိုလို အားပေးဝယ်ယူတဲ့သူတွေ မြင်နေရတာပါ။ ကိုယ်က ရုံးအသွား အမြဲ ပြာနေတာဆိုတော့ ဖြတ်သွား ဖြတ်လာပဲ မြင်ဖြစ်တာပေါ့။

တစ်ရက်တော့ ကိုယ်ကလည်း စောတာနဲ့ လျှာလျှာရှည်ရှည် သူ့ ဆီ သွားပြီး ဘောလပင်လေးတွေ ကြည့်ပြီး ဝယ်မယ်ပေါ့။ ဒါမဲ့ ကြည့်ရင်းလည်း သနားလာတာနဲ့ ၂ ဒေါ်လှ တန်လေးထုတ်ပေးပြီး ပြန်လှည့်ထွက်မယ် ပြင်ပါတယ်။

အဲဒီမှာ သူက တရုတ်လို ရှောင်ကျဲ့ ရှောင်ကျဲ့ နဲ့ လှမ်းခေါ်တယ်။

ဘောလပင် ကြိုက်ရာ ယူ ခိုင်းပါတယ်။ ပါးစပ်ကလည်း တရုတ်လို ပြော …  ကိုယ် က သိပ်နားမလည်။  🙄

အဲဒါကို ကေဇီက မယူတော့ဘူး ဆိုတဲ့ အကြောင်းး၊ (အမှန်တော့ ကိုယ့် အတွက် လည်း မလိုဘူးလေ)

ဆက်ရောင်းပါ လို့ လက်ဟန်ခြေဟန်တွေရော ကြားညှပ် ပြောတာပေါ့လေ။

အဲဒီမှာ ဗျာ၊ အဖိုးကြီး မျက်နှာရော မျက်လုံးရော နီလာပြီး ဒေါသဖြစ်လာပုံပေါက်လာပါတယ်။

ပါးစပ်ကလည်း ဝူးဝါးဝူးဝါးနဲ့ အော်တော့ (ကိုယ်ကတော့ အဲလိုပဲ ကြားတာပဲ) ကိုယ်မလည်း လူတွေ ဝိုင်းလာမှာ ဆိုးတာနဲ့ ဘောလပင် အနီလေး ကောက်ယူပြီး ထွက်လာခဲ့ရတယ်။

😳

😳

စိတ်ထဲမတော့ ခုလုလု……!!!!

~~~~~~~~~~~~

.

.

.

အဲဒီ အဖြစ်က နှစ်ချီပါပြီ။

.

.

.

.

.

.

ဟို တလော က …

မင်းသားကြီးရယ် ကေဇီရယ် အစည်းအဝေးက အပြန် လမ်းမှာ ထမင်း ဝင်စားတယ်။ ထုံးစံ အတိုင်း မိန်းမပီသတဲ့ ကေဇီက တစ်ရှူးမပါ။

ဆိုတော့…  စားသောက်ဆိုင်မှာ တစ်ရှူးလှည့်ရောင်းတဲ့ အဖွားကြီး တစ်ယောက် ကို မြင်လို့ ခေါ်ပါတယ်။

အနားရောက်မှ သိလိုက်တာက ဆွံ့အ နားမကြားး၊ မျက်စိတော့ လျှင်ပါတယ်။ စားပွဲဝိုင်းတိုင်း ရောက်ပြီး မေးလေ့ရှိတာမို့ပါ။

အဲဒါနဲ့ တစ်ရှူးဝယ်မယ် ဆိုတော့ လူ ၂ ယောက် လို တာ တစ်ထုတ်ပဲလေ။ ၄ ထုတ် ၁ ဒေါ်လှတဲ့။

ဖြစ်ချင်တော့ အနုတ် မပါတာနဲ့ ၂ ဒေါ်လှတန်လေးပေးပြီး တစ်ရှူး တစ်ထုတ်ပဲ ယူလိုက်ပါတယ်။

ကေဇီက ဖုံးရော ဝေါလက်ရော ဘောင်းဘီဖင်အိတ်ထဲထည့်ပြီး လက်က အလွတ်ပဲ နေတတ်တာမို့ ဟိုဟာသယ်၊ ဒီဟာသယ် မလုပ်ချင် မလုပ်တတ်။

အဲဒါကြောင့် လောလောဆယ်လိုတဲ့ တစ်ရှူး တစ်ထုတ်ပဲ ယူပြီး ၂ ဒေါ်လှ ပြန်မအမ်းနဲ့ဆိုတဲ့ သဘောနဲ့ သွားခိုင်းလိုက်ပါတယ်။

အဲဒီမှာ ဘွားတော်က မျက်နှာပုတ်ကြီးနဲ့ ကျန်တဲ့ တစ်ရှူး ရ ထုတ်ကို လက်ထဲ အတင်းထိုးပေးး

ကိုယ်ကလည်း သယ်ရမှာ ကြောက်တဲ့ အမှုနဲ့ အတင်းငြင်းး၊

😳

😳

အဲဒီမှာ မင်းသားကြီးရယ်…  ယူလိုက်ဖို့ ပြောရင်း ဘွားတော်ကိုလည်း ကျေးဇူးတင်ကြောင်း ခေါင်းတွေ တညိမ့်ညိမ့်နဲ့ လုပ်ပြတော့မှ ဟိုက ထွက်သွားတယ်။

ကိုယ့်မတော့ တစ်ရှူး ၈ ထုတ်နဲ့။

😯

 

လမ်းကျမှ ပြောတာက….

မင်းသားကြီး တစ်ခါက ကြုံဖူးသတဲ့။ ဆရာ တပည့်တွေ အဲလို တူတာပါဆို။ :mrgreenn:

အဲဒီကတည်းက အလကားမပေးရဲတော့တာပဲတဲ့။

သူတို့ကို သူတောင်းစားလို ဆက်ဆံတာ အလကားပေးတာ မကြိုက်ဘူး ဆိုပဲ။

သူ တုန်းကဆို သူ့ကို အဲလိုပဲ တစ်ရှူးရောင်းတဲ့ အဘိုးကြီး က အော်လို့တဲ့။ ကားပေါ်ရောက်မှ ရီပြီး ပြောတာ။

“I’m not beggar. I’m selling tissue packets, you know!!!” တဲ့။

သူက လေသံ ကျပေါက်နဲ့ အော်ပြလို့ ရီရသေးတယ်။

😛

 

အဲဒီကျမှ ပြန်တွေးမိတာပါ။

ကိုယ်က သနားလို့ ဒီတိုင်းပေးတဲ့ ပိုက်ဆံက သူတို့ကို စော်ကားရာကျတယ် ဆိုတာ။

:((

45 comments

  • manawphyulay

    August 13, 2015 at 10:11 am

    အလှူခံတွေ များချက်ကတော့ ဒီလ အိမ်စရိတ်တောင် မကျန် အားလုံးပြောင်ချက်ပါပဲ။

    • ဇီဇီခင်ဇော်

      August 13, 2015 at 10:30 am

      ဘာပဲပြောပြော သာဓု ခေါ်ပါတယ် မနောရယ်။
      🙂

  • ဂျက်စပဲရိုး

    August 13, 2015 at 10:15 am

    တလောက ထူးထူးဆန်းဆန်း
    အဖြူမ လေး ဗျ။
    သူက နားမကြားရတာ၊ အဲဒါကို စာရွက်လေးတွေ ဝေပြီးတော့ သော့ချိတ် လေးတွေ လိုက်ရောင်းတယ်။
    အရုပ် သော့ချိတ်လေးတွေ ခလုပ်နှိပ်ရင် မီးလင်းတာမျိုး
    ဈေးတော့ ကြီးသား တစ်ခု တစ်ဆယ် တောင်။

    • ဇီဇီခင်ဇော်

      August 13, 2015 at 10:29 am

      ခရစ်စမတ်ဆို ကလစ်လေးတွေလည်း ရောင်းတယ်။
      မီးလင်းတဲ့ဟာလေးတွေ ၁ဝ ပဲ။
      ကျောင်းသူတွေ ရောင်းတာ။
      ဘယ် အတွက်ဆိုတဲ့ စာရွက်တွေ ပါတယ်။
      🙂

  • ဂျက်စပဲရိုး

    August 13, 2015 at 10:20 am

    ဒါနဲ့ စကားမစပ်
    အခု ရေဘေးသင့် ဒေသ တွေမှာလဲ ပြန်လည်ထူထောင်ရေး ကျရင် ဒီတိုင်းကြီး ပေးပစ်မယ့် အစား
    ဒေသခံတွေကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ နေ့စား သဘောမျိုး လုပ်သား သဘောမျိုး ပြန်ခန့်ပြီး လုပ်ခိုင်းရင် ကောင်းမယ်ထင့်။

    • ဇီဇီခင်ဇော်

      August 13, 2015 at 10:26 am

      ဟုတ်တယ်။
      အစိုးရက ကာလီမယ်တော်လို လက် ၁ဝ ချောင်းရှိတာတောင် ပြန်လည်ထူထောင်ရေးက မလောက်ဘူးးး
      ဆိုတော့ သူ့လူနဲ့သူ လုပ်အားကို ပိုက်ဆံနဲ့ ဖြတ်ပြီး ခိုင်းရင် ပိုကောင်းတာပေါ့။ လှူရတဲ့သူတွေ အတွက်လည်း စဉ်းစားပေးရအူးမယ်လေ။

      သက်ကြီးရွယ်အိုချည်း ကျန်တဲ့ မိသားစု ဆိုရင်တော့ တစ်မျိုးပေါ့။
      စိမ်းလိုက်ပြီ။

      • Mike

        August 13, 2015 at 3:20 pm

        .က ျုပ်လည်းတစ်သဘောတည်းပဲ ကိုဂျက်ရေ…ကလေးလိုမြို့မျိုးမှာ ကြုံးထုတ်တူးထုတ်ရမဲ့ .သဲနှုံးတွေနဲတာမဟုတ်..ဘယ်အစိုးရဝန်ထမ်းမှလာမလုပ်ဘူး…ကူညီကယ်ဆယ်သူတွေလည်းပါ……..တာပေးပြီးပြန်ကြမှာ..ဘယ်သူမှဝိုင်းလုပ်ပေးချိန်မရ..သူတို့ကိုပဲ .အလှူငွေနဲ့နေပစားခထိုက်ထိုက်တန်တန်ပေးပြီးခိုင်းသင့်တယ်…သူတို့အနေနဲ့ကိုယ့်မြိုကကိုယ့်ရွာလ…ည်းသန့်ရှင်း..ဝင်ငွေလည်းရ…ဝင်း..ဝင်း ပဲ

  • ဦးကျောက်ခဲ

    August 13, 2015 at 10:26 am

    အဲဒါတစ်ခုတော့ စလုံးကို ချီးကျူးတယ်…
    ဟောင်ကောင်မှာလည်း အသားလွတ် တောင်းစားသူတွေအများသား…
    Middle-east မှာဆို ဟိုတယ်မှာတည်းပြီး ထွက်တောင်းသတဲ့…
    Bangkok ကတော့အဆိုးဆုံးပဲ…
    လူတွေတင် ဂိုဏ်းဖွဲ့ပြီးတောင်းတာမဟုတ် ခွေးတောင် တောင်းခိုင်းတာ…
    အဖြူကောင်တွေလည်းဘာထူးလဲ…
    ဂီတာအိတ်ကိုရှေ့ချ သီချင်းဆိုပြီး တောင်းတာပဲ… လူကြည့်တော့အကောင်းကြီး…
    စကားမစပ် City Hall MRT ၊ Peninsula ဘက် အပေါက်မှာ…
    မြန်မာသီချင်းကို ဟာမိုနီကာနဲ့ ဖျော်ဖြေတဲ့ အဘိုးကြီးရော ရှိသေးလားဟမ်… :k:

    • ဇီဇီခင်ဇော်

      August 13, 2015 at 10:28 am

      ရောက်စကတော့ ၂ ခါလား တွေ့သေးးး
      မြနန္ဒာကို အကျ တီး နေလို့ ထူးဆန်းနေတာ။
      ခုတော့ မမြင်မိ။

      ခါတလေ အော့ချာတ်ဘက် မှာတော့ တရုတ် အဖိုးကြီးရှိတယ်။
      နားထောင်လို့ကို ကောင်းတယ်။

      အလကားမရချင်အောင် စိတ်အခြေခံကို ဘယ်က စ သွင်းရမယ် မသိ။

      🙂

      • kai

        August 13, 2015 at 1:04 pm

        အဟမ်း…
        ဘာသာရေး… ဘာသာရေး…
        အတွေးအခေါ်တို့၏ မူလဘူတ.. အမြုတေသည်… ဘာသာရေး..။

        အဟမ်း…အဟမ်း…။
        တယ်..
        ဒီခောျင်း..။ :k:

        • ဇီဇီခင်ဇော်

          August 13, 2015 at 1:21 pm

          ကုသိုလ် ရပါတယ် တဂျီးရဲ့။
          :k:

        • kai

          August 13, 2015 at 1:37 pm

          အဲဒီကုသိုလ်/ငရဲ..ကို.. ပေးပိုင်ခွင့်..
          .. နတ်ပြည်တက်/ ငရဲဆင်းလက်မှတ်မှောင်ခိုထုတ်နိုင်ခွင့်…
          .. အဝါဂိုဏ်းသားတွေလက်ထဲဘယ်လိုရောက်နေတယ်.. .. တွေးရင်း…
          အဲဒီဩကာသ… ဆိုတာကြီးကို.. အံ့ဩလို့ကိုမကုန်…
          ထူးပေသည့်ဆန်းရာ..။ :k:

        • ဇီဇီခင်ဇော်

          August 13, 2015 at 1:48 pm

          ဘာပဲပြောပြော ကောင်းတာ လုပ်ဖို့တော့ လိုတယ်မလားး???
          ဘယ်သူ့စကားကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ
          ကိုးကွယ်သည်ပြစ်စေ မကိုးကွယ်သည်ဖြစ်စေ
          ကိုယ်က ကောင်းမွန်တယ်လို့ ယုံကြည်တဲ့ လမ်းကို လိုက်ဖို့ လိုတယ်မလားးး???
          :mrgreenn:

        • ဟေသီ

          August 14, 2015 at 10:24 am

          ဘာသာရေးနဲ့တော့ မဆိုင်ပါဘူး။ ဘာလို့ဆို ဘုရားဟောသွားတဲ့ တရားထဲ အလကား တောင်းပါလို့ တစ်ခုမှ ပါမှ မပါတာ။ အလှူရှင်ဘက်က တွေးရမယ့် အတွေးမှာသာ သူဘာသာဖြစ်ဖြစ် လှူဖို့ပြောတာ။ ဒါတောင် အဲ့ အလှူက ပါရမီမြောက်အောင် လှူတဲ့အချိန်ကို ပြောတာနော်။ အလှူခံဘက်က ဒီအတိုင်း အလှူခံပါလို့ တစ်လုံးမှ မပါဘူးရယ်။ ရဟန်း စားရသော ဆွမ်းတစ်နပ်ဆိုတာ အလကား ကားမှ မဟုတ်တာ။ ဒီဘုဉ်းပေးလိုက်တဲ့ ဆွမ်းအတွက် ဘယ်လို ပြန်လုပ်ပေးရမယ် ဆိုတာ ပါတယ်။ ရေပေါ်ဆီ အတွေးအခေါ်ကိုတော့ ကျွန်မအနေနဲ့ ဘာသာရေးလို့ မခေါ်ဘူးလို့ ထင်တာပဲ။ သေချာတာကတော့ ဘုရားဟောတဲ့ တရားမှာ အလကား ယူဖို့ ဆိုတာ တစ်လုံးမှ မတွေ့သလို ဘုရားက အောင်မြင်ဖို့ ကံ၊ ဉာဏ်၊ ဝီရိယ ကိုသာ တွင်တွင်ပြောခဲ့ပါတယ် ရှင်….

        • ဇီဇီခင်ဇော်

          August 14, 2015 at 10:32 am

          အာ့ပေါဒါ။
          တဂျီးက ဘုရားဟောနဲ့ တစ်ချို့ ဘုန်းကြီးတွေ အဟောနဲ့ ရော အထင်လွဲနေတာ။

          ဂယ်က တချို့ ဘုန်းကြီးတွေ အဟောမတတ် အနေမတတ်တာနဲ့ ဘာသာရေးကြီးကို သိမ်းကြုံးပြေါလို့ မရဘူးလို့။

          ပြေါပါ့လိုက်ပါ ရှေ့နေလေးရယ်။

          သူက တစ်ရွာလုံးနဲ့ တစ်ယောက်ရယ်။

    • ဂျက်စပဲရိုး

      August 13, 2015 at 10:33 am

      အဲ့လို ဆိုပြီး တီးပြီး တောင်းတာကျတော့
      သူ့ တတ်တဲ့ ပညာ နဲ့ သူ အသက်မွေးဝမ်းကျောင်း လုပ်နေတာမျိုးလားလို့။
      တချို့တွေဆို ဂစ်တာ ကော့ဒ် တွေ သီချင်းတွေ ပြတဲ့ဟာက အိုင်ပတ် နဲ့ ရယ် း)

      • ဇီဇီခင်ဇော်

        August 13, 2015 at 12:18 pm

        အင်းပေါ့။ သတိထားမိလားတော့မသိ။
        ဒီဇင်ဘာဆို ဆန်းမာစက်လမ်းပေါ်မှာ ဖိလစ်ပီနိုတွေ ဆိုတဲ့ တီးဝိုင်းရှိတယ်။
        လမ်းဘေးဝိုင်း၊ ပိုက်ဆံတောင်းတဲ့ ဝိုင်းပါပဲ။
        ရှင်းရှင်းပြောရရင်။
        ဒါပေမဲ့ သူတို့ရဲ့ အားထုတ်မှု၊ ကြိုးစားမှုကို မြင်ရတယ်။
        ကြည့်တဲ့သူတွေပါ ဝင်က လို့ ရတယ်လေ။

        နောက်ပြီး ရွှေရောင် ရုပ်ထုလို နေတဲ့ လူကြီးရောပဲ။

        ဘာပဲ တောင်းတောင်း အဲဒီအ တွက် ပြန်ပေးရတယ် ဆိုတဲ့ သဘောတရားလေး ရှိတယ်လေ။ သိသင့်တယ်လေ။

        တို့ဆီကတော့ ကုသိုလ်ရပါတယ်လေ နဲ့ ဖြေပြီး ပေးခဲ့ရတာ အခါခါ။

  • ဦးကျောက်ခဲ

    August 13, 2015 at 3:01 pm

    အဟတ်စ် … အရိုးထဲထိအောင်စွဲနေတာက …
    အိုမင်းမစွမ်းလည်းမဟုတ် … ဒုက္ခိတလည်းမဟုတ်ပဲတောင်းရင် မပေးချင်…
    ဖျော်ဖြေရေးနဲ့တောင်းတာတော့ လက်ခံပါတယ်…
    တကယ်အတီးအမှုတ်ကောင်းရင် ပိုက်ဆံထည့်ပြီး ထိုင်တောင်အားပေးလိုက်သေး…
    .
    အမှတ်တရ… ဟော်လန်မှာ ဘစ တစ်ယောက် လမ်းဘေးမှာ လက်လုပ်အရုပ် (Recycle) လေးတွေကို ဈေးကြီးကြီးနဲ့ ရောင်းတယ်ဗျ ။ အဲသည့်အရပ် ရုံးခွဲက… လုပ်ဖော်ကိုင်ဘက် မဒီလေးက မငြူမစူ ဈေးမဆစ်ပဲ အားပေးလို့ “နင့်ဟာက တန်လည်းမတန် ၊ ရောင်းတဲ့သူကလည်း ဆေးသမား” လို့ အထွန့်တက်မိတာ ၊ ဆြာကျောက်စ်ကို အင်္ဂါဂြိုလ်က ဂြိုလ်သားလိုကြည့်ပြီး “သူလည်း ဘယ်လိုလုပ်ပြီး ဆေးသမားဖြစ်ချင်မှာလဲ…။ သူ့ဘဝနဲ့သူ ခုလိုဖြစ်တာ ၊ သူဝင်ငွေရအောင် ဒီလိုမှမကူညီရင် ရာဇဝတ်မှုကြူးလွန်မှာ… ” တဲ့…
    အင်း… သူပြောတာလည်း ဟုတ်တုတ်တုတ်…

  • Alinsett @ Maung Thura

    August 13, 2015 at 3:34 pm

    ဟိုတနေ့က…. မီးရထားလမ်းနဲ့ ကားလမ်းအဆုံမှာ ကားတွေကြား လိုက်တောင်းနေသူတစ်ယောက်
    အသက် လေးဆယ်လောက်…
    ဂျိုင်းထောက်ကြီးကို (အမှန်တော့ ခြေထောက်က ထူးပြိး မသန်တဲ့ပုံ မပေါက်) ကားပြီး ရပ်နေလို့…
    ကျနော် ကားထွက်မရ.. … သူက ညာဘက်မှာ.. ကျနော့်ဘယ်ဘက်မှာက..လမ်းခလည်တုံးတွေ…
    ဒါကြောင့်…. လိုတာထက် ပို ကားနေတဲ့ သူ့ ချိုင်းထောက် ကို နည်းနည်း စိပေးဖို့ လှမ်းပြောမိတာ….

    ”ဘာလို့ ဖယ်ပေးရမှာလဲကွ… မင်းဘာသာ လွတ်အောင် မောင်းပါလား”တဲ့…
    တိန်တိန်…
    သူ့စကားအရဆို… သူ့ချိုင်းထောက်ကြီးကိုပဲ တက်ကြိတ် မောင်းရမလား…
    လမ်းခလည် တုံးကိုပဲ…တိုက် မောင်းရမလား..ပေါ့…
    ပြုံးပြပြီး… သူ ဟိုဘက် ရွှေ့ သွားတောင်းချိန်ထိ…. စိတ်ရှည်ရှည် ထား စောင့်ခဲ့ရတာပေါ့…
    ငါကွ…

    • ဇီဇီခင်ဇော်

      August 13, 2015 at 3:45 pm

      မသန်မစွမ်း/ ဒုက္ခိတ/ ဟန်းဒီးကက်/ အက်(ဘ) နော်မယ် (ဒါပေမဲ့ ဒီဘက်မှာ အဲလိုတွေမခေါ်ရဘူးးး) ဆိုရင် သူတို့ လုံးဝ မစွမ်းဆောင်နိုင်တဲ့ အပိုင်းတွေမှာ အကူအညီပေးသင့်ပေမဲ့
      ကျန်တာ သာမာန်လူသားတစ်ယောက်လိုပဲ သဘောထား ဆက်ဆံပေးသင့်ပါတယ်။
      နှိမ်ဖို့လည်းမလို၊ ပြောင်လှောင်ဖို့ မလိုသလို၊ မတရား ညှာတာ ဂရုစိုက်ဖို့လည်း မလိုဘူးလို့ထင်တာပဲ။

      ပုံ/ အသည်းနှလုံးမရှိ၍ ဒရမ်မာ မကြိုက်သောသူ

      • Wow

        August 14, 2015 at 10:08 am

        ယက်ဆက်တဲ့ အသီးမရှိသူမဂျီးးးးးးး :byee:

        ဟိ… နာတြောက်တင် မြို ့မေတ္တာခံယူချင်သလားမှတ်တယ်…. လူမိုက်က ကျနော် အဖေါ်က ခင်ဇော် :mrgreen:

        • ဇီဇီခင်ဇော်

          August 14, 2015 at 10:13 am

          ဖဘမှာ ကတည်းက နိကို ထောက်ခံချင်တာ။
          ဟိဟိ။
          ဒီလိုပါ ဟိုလိုပါ။
          နာ က နာ့ အလွဲတွေကို ပြေါပြတာပါ။
          ယူသော်ရ၏ပေါ့။ :mrgreenn:

          မယ်ဝါး စတေးတပ်လေး ပါ တင်လိုက်မယ်နော်။
          သူ စ တာပါ ခင်ညာ။ :mrgreenn:

          Credit to Wow
          ရေဘေးအတွက် လမ်းမတွေမှာ အလှူခံတဲ့ အဖွဲ့တွေ ဒီအတိုင်းအလှူခံမဲ့အစား အလုပ်လုပ်ပြီး အလှူခံပါလားလို့…
          ကားဖုန်သုတ်ပေးတာတို့ သတင်းစာတိုက်ကို သဒင်းစာ အလှူခံပြီး လိုက်ရောင်းတာတို့… အမှိုက်လှည်း၊ လမ်းကြောရှင်းးးးး စသဖြင့်ပေါ့…..
          အနော်တို့လဲ အလုပ်လုပ်ရှာစားနေရတာပဲလေ…. လွယ်လွယ်ရတယ်လို့ စိတ်ထဲစွဲသွားမကောင်းဘူး….

  • aye.kk

    August 13, 2015 at 6:13 pm

    အလွဲတွေကြာလာတော့လည်း
    လွဲလွဲလေးပဲကေါင်းနေကြတဲ့သူတွေကို
    မြောင်းထဲသာပစ်ချချင်မိပါတော့တယ်။။။။

    • ဇီဇီခင်ဇော်

      August 15, 2015 at 12:25 pm

      တီအေးးး ရေ လွဲသမှ
      မြန်မာပြည်မှာ လူလာဖြစ်ရတာကို လွဲနေတယ် ထင်ချင်စရာ။

  • Ma Ma

    August 13, 2015 at 8:03 pm

    (ကိုယ်က သနားလို့ ဒီတိုင်းပေးတဲ့ ပိုက်ဆံက သူတို့ကို စော်ကားရာကျတယ် ဆိုတာ။)
    လူဆိုတာ မာနမဟုတ်တဲ့ မာန်ရှိဖို့လိုတယ်။
    အဲဒီလိုစိတ်မျိုးထားနိုင်ရင် လူ့အောက်မကျဘူးပေ့ါ။

    ခုတော့လည်း တီဗွီအစီအစဉ်မှာ ကယ်ဆယ်ရေးတွေသွားပြီး မေးတဲ့ အင်တာဗျူးမှာ လိုတယ် လိုတယ် ဆိုတာတွေချည်းပဲ။

    အထက်ပိုင်းက ဆည်ကျိုးလို့ ရေကြီးရေလျှံတယ်ဆိုတာ ဖြစ်နေကျမဟုတ်ပဲ လူတွေ ဒုက္ခရောက်ကြရတာမို့ ကူညီကြရတာ လက်ခံပါတယ်။

    အချို့မြို့ရွာတွေကတော့ နှစ်တိုင်း ရေကြီးရေလျှံနေကျတွေကလည်း ရေဘေးလို့ပြောပြီး အကူအညီစောင့်နေကြတာကျတော့ စိတ်ပျက်စရာ။ 🙁

  • Ma Ma

    August 13, 2015 at 8:08 pm

    (ကိုယ်က သနားလို့ ဒီတိုင်းပေးတဲ့ ပိုက်ဆံက သူတို့ကို စော်ကားရာကျတယ် ဆိုတာ။)
    လူဆိုတာ မာနမဟုတ်တဲ့ မာန်ရှိဖို့လိုတယ်။
    အဲဒီလိုစိတ်မျိုးထားနိုင်ရင် လူ့အောက်မကျဘူးပေ့ါ။

    ခုတော့လည်း တီဗွီအစီအစဉ်မှာ ကယ်ဆယ်ရေးတွေသွားပြီး မေးတဲ့ အင်တာဗျူးမှာ လိုတယ် လိုတယ် ဆိုတာတွေချည်းပဲ။

    အထက်ပိုင်းက ဆည်ကျိုးလို့ ရေကြီးရေလျှံတယ်ဆိုတာ ဖြစ်နေကျမဟုတ်ပဲ လူတွေ ဒုက္ခရောက်ကြရတာမို့ ကူညီကြရတာ လက်ခံပါတယ်။

    အချို့မြို့ရွာတွေကတော့ နှစ်တိုင်း ရေကြီးရေလျှံနေကျတွေကလည်း ရေဘေးလို့ပြောပြီး အကူအညီမျှော်နေကြတာကျတော့ စိတ်ပျက်စရာ။ 🙁

    • ဇီဇီခင်ဇော်

      August 14, 2015 at 8:32 am

      ကိုယ့်ဆီက အားထုတ်မှုမပါပဲ လိုချင်နေတာ မှားနေတယ်လို့ ဘယ်သူ ပြေါပေးပါ့မလဲ မသိ။
      ကျနော်တို့ လူမျိုးက အားကြီး သနားတတ်တယ်။
      အားကြီး သဒါလွန်တယ်။
      အားကြီး ယုံကြည်လွယ်တယ်။။
      အားကြီး ကိုးကွယ်ချင်တယ်။

      အဲဒါက ကြာရင် လူစွမ်းလူစ ကျကျသွားတတ်လို့။
      :a:

  • padonmar

    August 13, 2015 at 10:37 pm

    အဲဒီအကြောင်း အရှင်ဆေကိန္ဒရဲ့ ဘဝဖြောင့်ကြောင်းမှာ ကြားပြီးကတည်းက ပြန်ရေးပြချင်တာ စိတ်နောက်ကိုယ်မပါ။
    အတိုချုပ်ကတော့ ဆင်းရဲတဲ့သူတွေကို အလကားမပေးပါနဲ့တဲ့။
    ပိုက်ဆံ ကြဲတာ ကုန်းကောက်တဲ့ဘဝတွေရောက်အောင် မလုပ်ပါနဲ့။ အလုပ်တွေပေးပါတဲ့။

    • ဇီဇီခင်ဇော်

      August 14, 2015 at 8:34 am

      အဲလာကို ဘုန်းကြီးဟောတာတော့ တင့်တယ်တယ် တီဒုံ။
      ဟီးဟီးးး
      ကျနော်တို့လို သာမာန်လူကပြေါတော့ မသနားတတ်ရာ မငဲ့တတ်တာ၊ ဆရာလုပ်ရာ ကျတယ်။

      😥

  • အောင် မိုးသူ

    August 14, 2015 at 10:04 am

    ချင်ကြာပူမှာတုန်းက အဖွားကြီးတွေကို အမြဲအားပေးတယ် တစ်ရှူ းကိုပြောတာ။ တစ်ခုခု တူရိယာတီးပြီးတောင်းရင်လည်း အကြွေထည့်ပေးတာပါပဲ။ နောက်တစ်ခုမှတ်မိသေးတယ် city hall MRT ရယ် Jurong East မှာရယ် ဂီတာတီးပြီးတောင်းတဲ့ တရုတ်ချောချောလေးတစ်ယောက်ကို ဟိဟိ။ တောင်းတာ တောင်းတာနော်…….. အိုင်ပက် အိုင်ဖုန်းနဲ့ ဟိဟိ။

    • ဇီဇီခင်ဇော်

      August 14, 2015 at 10:08 am

      ခိခိ။
      အာ့ကျ ကိုဂျက် ပြေါသလို တတ်တဲ့ပညာနဲ့ အသက်မွေးဝမ်းကြောင်းတာဖြစ်သွားပြီ။
      :mrgreenn:

  • Mg Yit Htoke

    August 15, 2015 at 12:20 pm

    ့ မြန်ကျန့် မှာလဲ အရဂါး မရပါဘူး တခါလှူရင် အာဘွားပေးလို့ ရတယ်ဆိုလားးးးးးးး
    (ဒါလေးကူတင်ထားတယ် ခည လာခွင့်တောင်းတာ) 😛

    • ဇီဇီခင်ဇော်

      August 15, 2015 at 12:23 pm

      အဲလာ နောက်တယ် ဆိုလားပဲ တော့။
      ပြန်ရှင်းထားတာ တွေ့တာပဲ။

      အခု မန်းလေးမှာ ပန်းချီဆရာတွေ လုပ်သလိုမျိုး အလှူခံတာကို သဘောကျတယ်။
      🙂

  • naywoon ni

    August 16, 2015 at 8:58 pm

    မြန်​မာပြည်​က အသံချဲ့စက်​နဲ့ အလှူခံ​ဒွေ စီကာရ်​ပူရ်​ ပို့
    အဲ့ဒိက ​ဇေးသယ်​​ဒွေ မြန်​မာပြည်​ပို့ လဲလို့ရရင်​​ကောင်​းမား 🙂

    • ဇီဇီခင်ဇော်

      August 17, 2015 at 9:09 am

      လဲလိုက်ရမားးး
      အလှုခံကို ကော်မရှင်စား ပြီး လော် နဲ့ အော်နေတဲ့သူတွေနဲ့။

      :a:

      • naywoon ni

        August 17, 2015 at 1:31 pm

        ​ကော်​မီချဉ်​ဆား ဟွတ်​​တော့ဝူး ကန်​ထရွှိက်​ အလှူခန်​ ဖစ်​တွားဘီ ခ်​ခ်​ 🙂

        • ဇီဇီခင်ဇော်

          August 17, 2015 at 1:36 pm

          ငင်။
          ပိုက်ဆံ ရှာရလွယ်လိုက်လေဂျင်းးးးးးး

          :mrgreenn:

  • ဦးကြောင်ကြီး

    August 17, 2015 at 2:41 am

    လူတေ ျာက် ဖ ျစ်ဖူးတယ်…။ လဖက်ရည်စိုင်မှာ အဖိုးဂ ျီးတြောက် ပင်နီတိုက်ပုံးနဲ့ သောက်နေတော ့ သူက သနားလို့ လဖက်ရည်ဖိုး ရှင်းလိုက်တယ်။ အဖိုးဂ ျီးကိုလည်း ရှင်းပီးဂေ ျာင်းပြောတယ်။ ဟိုကတော ့သူ့ကို ပါတီဝံမို့ ကြည်ညိုပီး ပေးဒယ်အမှတ်နဲ့ ခေါင်းတငြိမ့်ငြိမ်… အမှန်ဂ အဲလိုဟုတ်ဝူး… သောက်ခွီး။

  • ဇီဇီခင်ဇော်

    August 17, 2015 at 9:09 am

    ကော်မန့်ကို အနှောင့်မလွတ် အသွားမလွတ် ။
    ကြောင်ကြောင်တော့။

    :k:

  • ခင်ဇော်

    June 6, 2016 at 6:46 am

    Credit to PK Forum
    ———-
    Myanmar is in danger of being aid independent.

    Salai Maung John argues that the way international NGOs work with local groups, and especially the model of competition, may contribute to aid dependency in Myanmar.
    _______________

    In my experience, most of the international NGOs undermine and treat local groups as competitor, but not as partners.

    They treat Myanmar NGOs not as equal partners but as sub-sub-sub grants partners. They recruit the best staff from the local organisations.

    The international NGOs are to be blame for Myanmar being in danger of aid independency.

    Cambodia appears to be aid independent not because of local organisations but the foreign, international NGOs.

    The international NGOs come to Myanmar not primarily to help the Burmese. They come here for their own survival.

    To a great extent, there is no an equal collaboration and authentic coordination between guest organisations and local ones.

    The international NGOs should keep in mind that the primary agents of development are always the locals. The international organisations must be the channels, partners and facilitators in development through their resources.

    In the long run, the locals are authentic change-makers for their own communities.

    There must be equal partnership between local and international NGOs in terms of planning, executing and implementing projects. The funding agencies should also be aware of that point.

    In short, competition model is in development is not encouraged because it causes aid independency and it does not bring real change at the grassroots level.

    Collaboration or coordination model is desirable, relevant for bottom-up and sustainable change.

  • kai

    June 6, 2016 at 9:46 am

    အော်.. အင်း… အဟမ်း…။
    သူ့ကိုပြောလိုက်စမ်းပါကွာ…
    အဝါဂိုဏ်းသား၅သိန်းကျော်ကြီးကို.. စား၊ဝတ်၊နေရေး.. တနှစ်ဒေါ်လာ.. ၃ဘီလီယံကျော်… လှူဒါန်းထောက်ပံ့နေရတဲ့.. ကျွန်သဘောက်တို့ရဲ့နိုင်ငံတော်….လို့..။ :k:

    • ခင်ဇော်

      June 6, 2016 at 9:58 am

      ရုံးက ဆိုက် အင်ဂျင်နီယာလေးက အကြွေးတင်နေသတဲ့။
      ဘဂျီး ဘုန်းကြီးက ကားပူစာလို့ ဝယ်ပေးရတယ် ဆိုလား ဘာလားး

      ဘာက စပြောရမှန်းကို မသိတော့ပါဘူးခညာ။

      :k:

  • Wow

    June 6, 2016 at 12:19 pm

    ခုခေတ်ခေးတွေကတော့ ခပ်ပြတ်ပြတ် သူတောင်းစားလုပ်တောင်းတယ် :mrgreen:

    • ခင်ဇော်

      June 6, 2016 at 12:42 pm

      ကတောက်။
      အဲဒီမှာ လွဲနေတာပဲ။

      နာတို့လည်း ဒဒေါင်းဇားလုပ်ပြီး ကိုရီးရားမင်းသား ရလိုရငြား တောင်းစားရအောင်။

      :mrgreenn:

      • Wow

        June 6, 2016 at 2:16 pm

        နာတို့ကမှ ကိုယ့်အားကိုယ်ကိုး အင်ဗက်စ်မန့်ရှိသေးတယ် တညလုံး…………………….. ဖဲရိုက်မှာလေ :mrgreen:

Leave a Reply