င်္်Forward Mail တစ်ခုပါ

cobraAugust 24, 20101min1016

မနေ့ညက အဆောင်ရှေ့ က ခုံမှာ အေးအေးလူလူ နဲ့ စာ ဖတ်နေတုန်း……ဘေးနား ကို ကလေး တစ်ယောက် ရောက်လာတယ်…။ လူကောင်ကသေးတော့ ကလေးလေးလို ဖြစ်နေတာ ပါ….။ အသက်ကတော့  ၁၃ နှစ် ရှိပြီတဲ့…။ ကျနော့ ညီလေး အရွယ်ပေါ့…။ ကျနော့်ညီလေး က ၈ တန်းတက်နေရပြီ…။ ဒီ က လေးက ဘေး နား က  ရွှေညီကို လက်ဖက်ရည်ဆိုင်က စာပွဲထိုးကလေးပါ….။

” အကိုကြီး …ဘာလုပ်နေတာလဲ ”

မေးတော့ ကျနော် က…စာဖတ်နေတာညီလေး….ဆို ပြီး ပြန်ပြော ဖြစ်ပါတယ်…။ ဒီ ကလေး ကို ကျနော် ချစ်ပါတယ်…။ ဘာလို့လဲ ဆိုတော့ ကျနော့ ညီ လေး အရွယ်လဲ ဖြစ်…ပြီးတော့ စကား ကလဲ တတ်ပြီး…သွက်သွက်လက်လက် လို့ပါ….ပြီးတော့ တစ်ခြား စာပွဲ ထိုး ကလေးတွေ လို မိုက်မိုက် ရိုင်း ရိုင်း ဆဲဆဲ ဆိုဆို လဲ မရှိ ဆိုတော့ .ကျနော် သူ့ ကို ချစ် ပါတယ်…..။ ပြီးတော့ ကျနော် ညီလေး လိုပဲ  အသား ကလဲ မဲတူး လေး ဆိုတော့ သူ့ကို မြင်တိုင်း ညီလေး ကို သတိရမိပါတယ်။

ကျနော် က သူနဲ့ စကား ပြော မိတိုင်း ….သူ့ရဲ့ မိသား စု အကြောင်း ကို မေးလေ့ရှိပါတယ်..။ အဖေ အမေ ရှိပြီး မောင်နှ မ ၅ယောက် ထဲ မှာ သူ က တတိယ်မြောက် ကလေး ပါတဲ့…။  ဆိုင် မှာ လုပ် တဲ့ လစဉ် လုပ်အား ခ ကို  အမေ က လာ ယူ လေ့ ရှိတယ် ဆိုတာနဲ့ …..တစ်လ ဘယ်လောက်ရလဲ မေးတော့ ၁၅၀၀ဝ ခွဲ တဲ့..။ တန် မတန် တော့ ကျနော်လဲ မပြောတတ် ပါဘူး…..။ ဒါ ပေမဲ့ ဆိုင် ရှင် က သဘော ကောင်းတယ်…. ကလေးတွေ ကို ….မဆူ မဆဲ မရိုက် ဘူး…။ (တစ်ခါတစ်လေတော့ရျိမှာ ပေါ့လေ) …။ တစ်နေ့ ထမင်း ၃ နပ် ကျွေး ပြီး နေစရာ လဲ ပေးထား တဲ့ သဘော ကောင်းတဲ့  ဆိုင်ရှင် ဆီ မှာ အလုပ်လုပ်   လုပ်ရတာ ကံကောင်း ပါတယ် လို့ ကျနော် ပြော မိတယ် ..။

သူ က ကျနော်ဖတ်နေတဲ့ စာ အုပ်ကို ကြည့်ရင်း ……ဘာတွေ ဖတ်နေတာ လဲ အကို လို့ မေး ပါတယ်…။

ကျနော် က …” ဖတ်ကြည့်လေ …ညီလေး ”’  လို့ ပြန်ပြောတယ်…။

အဲဒီ မှာ ကျနော် ခံစားရတာပဲ….။သူ ကပြောတယ် …. ကျနော် စာ မဖတ်တတ်ဘူး တဲ့ .။ ကျနာ် က အံဩတကြီး နဲ့…. ” ညီလေး က ဘယ် နှတန်း ထိနေခဲ့ ဖူးတာလဲ “”” လို့မေးတော့…..သူ က တစ်တန်း မှ မနေ ခဲ့ရဘူး တဲ့ဗျာ…။

ကျနော် မယုံ နိုင်သေးဘူး….”’ ဒါဆို   ကကြီး ခခွေး ရော တတ်လား ”’ ဆိုတော့ အဲလောက်တောင် သူမသိဘူး တဲ့…

ကျနော်…ဘယ်လို ဖြစ်သွားတယ် မသိဘူး….။ ဝမ်းနည်းတာရော  သနား တာ ရော… အံဩတာရော….ခံစား ရတာ တွေ တော် တော် စုံ သွားတယ်။

သူ့နေရာ မှာ ကျနော်သာ ဆိုရင် ….ဒါမှ မဟုတ် ညီလေး သာ ဆိုရင် …ဆို ပြီး တွေးမိတော့ အတော် ထိန့် လန့်သွားတယ်….။ ကျနော် တို့တွေ အတော် ကံကောင်းပါလား ဆို ပြီးလဲ တွေးမိတယ်..။

”’  ညီ လေးရယ် …မင်းစာ မသင် ချင်ဘူးလား”’ လို့ အလန့် ကန်းဆိုး မသိ ကျနော် မေးမိသေးတယ်..။ ကျနော် သူ ပါးစပ် က ….မသင်ချင်ဘူး ဆိုတဲ့ စကား မျိုး ကို မျှော်လင်း မိတာ အမှန် ပါ…. စာသင် ချင်ရက် နဲ့ မသင်ခဲ့ရတဲ့ ကလေး တစ်ယောက်ရဲ့ ခံစား မှု မျိုး ကို သူ ့ မှာ မခံစား စေချင်လို့…ဒါပေမဲ့ …သူ က ….. သင် ချင်တာ ပေါ့ အကိုရာ….တဲ့…။ ကျနော် သူ့ ကို ဘာ ပြန် ပြောရမလဲ မသိတော့ဘူး….။  ကြိုးစား ပါ ညီလေးရာ ……တနေ့တော့….ဆိုတဲ့ မျှော်လင့်ချက် ပေး တဲ့ စကား လုံးမျိုး ပြောရအောင်လဲ…ဒီကလေး ကောင်းအောင် ကျနော် ဘာ လုပ် ပေးနိုင်မှာလဲ….။ ဒီလို ကလေးတွေ  မြန် မာ နိုင် ငံမှာ အများ ကြီး ရှိ ကြ မယ် ဆိုတာ  ပြောစရာ လို မယ် မထင် ပါဘူး…။

ဒီလို ကလေး မျိုး တွေ ကို ကျနော် တို့တွေ မှာ ပေးနိုင်တာ တစ်ခု တော့ရှိပါတယ်..။ အဲဒါ ဘာလဲ ဆိုတော့…. ငွေကုန် ကြေးကျ ပေး နေ စရာ လဲ မလို .. တဲ့ ရင်ထဲ က ဖြူ စင်တဲ့ မေတ္တာ တွေ ပါ….။ သူ တို့ရဲ့ ပူလောင်တဲ့ ဘဝ လေး ကို   ဘာ မှ အကူ အညီ မပေး နိုင်ရင်တောင်  ….တွေ့ ဆုံ ရတဲ့ ခဏလေး တွေ အတွင်း မှာ တော့ မေတ္တာ  ဆိုတဲ့ အေးမြမှု လေး ကို အခမဲ့ ပေး နိုင် ကြ ရင် တကယ် ကောင်းမှာ ပါ…..။

လမ်းဘေး မှာ တွေ့တဲ့  …သူတောင်းစား တွေ ….ပြီးတော့ သံဃာ အမည် ခံပြီး  (မတောင်းစားရုံ တမည်) အလှူ ခံနေတဲ့ သူတွေ..( ကျနော်လဲ ဗုဒ္ဓဘာသာ ဝင် တစ်ယောက်ပါ…ဒါပေမဲ့..ဒီ ဘက် တွေ မှာ တွေ့နေရတဲ့ ..လက်ဖက်ရည် ဆိုင် တွေ တစ် ဆိုင် ဝင် တစ်ဆိုင် ထွက် အလှုခံ နေတဲ့ ကိုရင်တွေ တွေ့ရင် တော့ စိတ် ပျက်တာ အမှန် ပဲ….) ဒီလို လူတွေ တွေ့ရင်   …..ဟို အရင် တုန်း ကတော့ ကျနော် မေတ္တာ မထား နိုင်ဘူး….ဘာလို့ အားအာ ယား ယား ကလေး တွေ မွေး နေသေးလဲ ..ကိုယ် ့ ဝမ်း ကိုယ် မှ မနိုင် ဘဲ ကလေး မွေး သေးတယ် ဆို ပြီး အပြစ်တင် ပါတယ်….ပြီးတော့  သန် သန်မာမာ တွေ တွေ တောင်းစား နေရင် လဲ အလုပ်လုပ် နိုင်ရက် သား နဲ့   တောင်းစား နေတယ်…မရှက်လဲ မရှက်ကြ ဘူး ဆို ပြီး….. ဝေဖန် တတ်သေးတယ်…။နောက်တော့ ကျနော ်စဉ်းစား မိတယ်….. သူတို့တွေ လဲ ကလေး မွေး ချင် လွန်း လို့ မွေးကြ တာ မဟုတ် ဘူး….အခြေ အနေ တစ် ခု ကို မလွန် ဆန် နိုင်ခဲ့ လို့ ဖြစ်မှာ ဆို ပြီး ဖြေ တွေးမိတယ်….ပြီးတော့ ဘယ် မိခင် က မှကိုယ့် ကလေး ကို မချစ်ပဲ မနေ ကြ ဘူး လ…။ သူ တို့လဲ သူ တို့ တ်နိုင်တဲ့ နည်း နဲ့ ကလေး ကို ရှာဖွေ ကျွေး မွေး နေကြ တာပဲ ဆို တဲ့ ကိုယ် ချင်းစာ စိတ် လေး မွေး မိတယ်..။

၅ဝ ….၁၀၀.. ..၂၀ဝ ဆိုတဲ့ ငွေ ဟာ ..ကျနော် တို့ အတွက်  ဘာမှ တန် ဖိုးကြီး လှ တဲ့ ပမာ ဏ မဟုတ်တော့ ပါဘူး…ဒါ ပေမဲ့ သူ တို့ အတွက်တော့ … ဒီပမာ ဏဟာ….အသက်ရှင် သန် ဖို့  လို အပ်နေတဲ့  ပမာဏ ဖြစ်ကောင်း ဖြစ် သွား နိုင်ပါတယ်….။

မော်ကွန်းတွေ ကျောက်စာတွေ ကမ္မည်း တွေ ထိုး ပေးမှ လှူ ဒါန်းချင်တဲ့ သူတွေ တွေ့ဖူး ပါတယ်…တကယ် လိုအပ်နေတဲ့  လမ်းဘေး က ကလေး မအေ အတွက် တော့ … ပိုက်ဆံ ၅ဝ ပေးရမှာ နှ မြော နေတဲ့ သူ ပေါ့ ……။

ဘာပဲ ဖြစ် ဖြစ်ပါ…လှူ လိုက်ရတဲ့ အချိန်မှာ ပေးလိုက်ရတဲ့ တန် ဖိုး နဲ့ ညီ အောင် ကျနော် တို့တွေ စိတ် ကောင်း ထား ဖို့တော့ လို ပါတယ် …..နား ညီ းလို့ လှူ လိုက်တာ ထက် တကယ့်  ရင်ထဲ က သနား ကြင်နာတဲ့ ဂရု ဏာ စိတ်…..ချစ်ခင်တဲ့ မေတ္တာ စ်ိတ်လေးနဲ့  ပေးကမ်း လိုက်ရင် တကယ် ကောင်း ပါတယ်…….

သိပ် မပြောတတ်တော့လို့ ဒီ မှာ ပဲ အဆုံးသတ် လိုက်တော့ မယ် ဗျာ….ကိုယ်စိတ် အေးချမ်းအောင်…..ကြီးကြီး ကျယ် ကျယ် ပြောရရင် ကမ္ဘာ ကြီး အေးချမ်းအောင် ..စိတ်ကောင်းလေး တွေ ထား ပြီး မေတ္တာစိတ် တွေ မွေး နိုင် ဖို့ ကြိုး စား ကြ ပါစို့ခင်ဗျာ….။

6 comments

  • Pyaung Gye

    August 24, 2010 at 12:37 pm

    အခုလို စိတ်ဓာတ်မျိုး လူတိုင်းမှာရှိရင် သိပ်ကောင်းပေါ့ဗျာ

  • ViCkY

    August 24, 2010 at 5:50 pm

    ဟုတ်တယ်… မြို့ကြီးလေ တောင်းစားတဲ့လူပေါလေ လိုဘဲ… သောက်ပျင်းတွေကကြီးလိုက်ကြတာ…. ကြာလာတော့လူတိုင်းကိုစေတနာမရှိချင်တော့ဘူး…

  • bigcat

    August 25, 2010 at 12:02 am

    စိတ်မကောင်းပါ။

  • PEACEMAKER

    August 25, 2010 at 1:28 am

    အဲလိုကလေးမျိုးကို ပိုက်ဆံပေးတာဟာ သနားရာ၊ကူညီရာမရောက်ပဲ သူတို့ရဲ့ကိုယ်ကိုကိုယ်အားကိုးချင်စိတ်ကို ရိုက်ချိုးဖျက်ဆီးတာ၊ အချောင်လိုချင်စိတ်ဖြစ်လာအောင်တွန်းပို့ပေးတာလို့ပဲ မြင်ပါတယ်။ တစ်ကယ်သနားရင် ငွေပေးမဲ့အစား စားစရာတစ်ခုခု ဝတ်စရာတစ်ခုခုပေးလိုက်ပါ။ ကျွန်တော်ကတော့ ငွေလုံးဝမပေးဘူး။ စားစရာဝယ်ပေးလိုက်တယ်။ တစ်ချို ့သိပ်ဝမ်းသာသွားတယ်။ တစ်ချို ့မကြည်ဘူး။ မကြည်တာက ငွေလိုချင်နေတာကိုး။ ကိုယ်က ကူညီလိုက်တာဆိုတော့ သူတို့ဘယ်လို တုန့်ပြန်ပြန် ကိစ္စမရှိပါဘူး။

  • etone

    August 27, 2010 at 8:50 am

    သင်္ကန်းရုံပြီးတောင်းနေတာတွေအများကြီးပါ သာသနာကို ညိုးနွမ်းစေပါတယ် ။ အလှူတမ်းရက်ရောတဲ့မြန်မာလူမျိုးတွေရဲ့ ကြောင့် အခွင့်ရေးသမားတွေ ဒီနည်းသုံးတာလေ ။ ပျော့ကွက်ကိုသိလို့ပေါ့ ။ ကလေးငှားပြီး တောင်းစားတဲ့လူတွေလည်းရှိတယ် ။ အနေစားချောင်ပြီးပင်ပင်ပန်းပန်းမလုပ်ရရင်ပြီးတာပေါ့ ..။ တကယ်တမ်းရှက်စရာဘယ်လောက်ကောင်းလိုက်သလဲနော် လက်တွေခြေတွေအစုံပါရက်နဲ့ သူတို့မို့လို့ ….. ။

  • thihayarzar

    August 28, 2010 at 4:06 am

    တကယ်ကောင်းပါတယ် … အာလုံးကိုလည်း သိစေချင်ပါတယ် … လ္ဘက်ရည်ဆိုင်မှာရွာတွေကလာပြီးလုပ်လုပ်တဲ့ ကလေးတွေများတယ် … မိဘတွေကလည်း တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ ကိုယ့်သားသမီးတွေကိုချစ်ပေမယ့်လည်း ဒီလိုတွေခိုင်းကြတာပါပဲ …. ၁၅၀၀ဝ ဆိုတဲ့ ရှိတဲ့လူတွေအတွက်တော့ မုန့်ဖိုးလောက်ပဲရှိပါတယ် … မရှိတဲ့သူတွေ များသောအားဖြင့် တောင်သူလယ်သမား ရွာတွေဘက်ကလူတွေ အတွက်ကတော့ အသက်ဆက်ဖို့အတွက် ၁၅၀၀ဝ ဆိုတာ များတာပေါ့ …မြန်မာလူမျိုးချင်း ကူညီရိုင်းပင်းကြပါလို့ပြောချင်ပါတယ်

Leave a Reply