ဖွဲ့စည်းပုံ ၉

ムラカミJuly 16, 20155min79515

 

ခုရက်ပိုင်း အရေးများနေတဲ့ Photoshop တွေအကြောင်းပဲ မသွားဘဲ …

ဘယ်ကင်မရာနဲ့ မဆို ဘာ Software မှလည်း တတ်ကျွမ်းဖို့မလိုဘဲ.. ဓာတ်ပုံရိုက်ဖို့အတွက် အသုံးတည့်မည့် အကြောင်းအရာတချို့

ပြန်လည်တူးဆွမိပါတယ်။ အိမ်စာလုပ်ရင်း မှတ်မှတ်ထင်ထင်ရှိတာတချို့ ဖောက်သည်ချပါရစေ။


 

 

ဂုရု ကြီး တပါးဖြစ်တဲ့ Steve McCurry ရဲ့ Composition Tips ၉ခု ကို နားလည်သလို ပြန်ဆိုရေးသားလိုက်ပါတယ်။

သူ့အကြောင်းကို သိချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။

နားလည်သလို ပြန်ရေးတာနဲ့ ပတ်သတ်ပြီး လင်းရရင်တော့ … ကျနော် လေ့လာခဲ့ဖူးတာက

ဗီဒီယိုဖိုင် ဖြစ်ပြီး .. သူကိုယ်တိုင်တင်တာမဟုတ်ဘဲ ..သူ့ခွင့်ပြုချက်ယူပြီး ချန်နယ်တခုက တင်ထားတာပါ။

(သူ sample ပြတဲ့ ပုံတွေက Copyright မို့) သူ့ ပုံတွေ ယူမသုံးဘဲ … လက်တကမ်း မှာရှိတဲ့ သူ့ tips နဲ့ ညီညွတ်သော

ကိုယ့်ပုံတွေနဲ့ပဲ ရေးတင်လိုက်ပါတယ်။

 

#1 Rule of Thirds
place points of interest on intersections

1 RoT

နာမည်အကျော်ကြားဆုံးသော photography rule ဖြစ်ပါတယ်။

အလျားလိုက် ဒေါင်လိုက် ၃ပိုင်းစီပိုင်းတဲ့ လိုင်းတွေ ဆွဲပြီး လိုင်းတွေ တခုနဲ့ တခု ဖြတ်တဲ့ နေရာ (နေရာတခုခု) မှာ

Frame ရဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ အရာကို နေရာချထားပြီး ဘောင်ခတ်ဖို့ပါပဲ။

 

1 Total

 

 

လိုင်းတွေဖြတ်သန်းရာ ပွိုင့်တွေ သက်သက်သာမကဘဲ လိုင်းတွေ အလိုက်လည်း နေရာချထားနိုင်ပါတယ်။

 

1 Total2

 


 

 

#2 Leading Lines

use natural lines to lead the eye into the picture

2 Total2

 

သဘာဝ အရဖြစ်တည်နေတဲ့ လိုင်းတွေဟာ ပုံရိပ်ဆီကို ကြည့်ရှုသူကို ဆွဲခေါ်နိုင်ပါတယ်။

သည်လိုင်းတွေဟာ ပုံစံမကျတဲ့အခါ ပုံကို ထပ်ခြမ်းခြမ်းတာ ဖြတ်တောက်တာ တွေ ဖြစ်တတ်ပါတယ်။

စနစ်တကျ အသုံးပြုတတ်ရင်တော့ အလွန်ထက်မြက်တဲ့ လက်နှက် ဖြစ်ပါတယ်။

 


 

 

#3 Diagonals

diagonal lines create great movement

3 Total

ကန့်လန့်ဖြတ်လိုင်းတွေကလည်း လှုပ်ရှားမှု ဦးစားပေးတဲ့ ပုံရိပ်ကို ဖန်တီးသဗျ…

 


 

 

#4 Framing

use natural frames like windows and doors

 

4 Total

 

သဘာဝ ဘောင်တွေ ပြတင်းပေါက် တံခါး တိုင်လုံးနဲ့ အနားသတ် မျဉ်းတွေကို ဘောင်အဖြစ် အသုံးပြုဖို့ တိုက်တွန်းတာပါ။


 

#5 Figure to Ground

find a contrast between subject and background

 

5 Total

ပြချင်တဲ့ Subject နဲ့ နောက်ခံ Background ကိုခွဲထုတ်တဲ့နည်းးပါ။

ကျနော်တို့ လုပ်လေ့ရှိပါတယ်။ အဖြူ ကို ပေါ်လွင်စေဖို့ အမည်းကို နောက်ခံထားတာမျိုးပါ….။

sample ပြတဲ့ ပုံတွေမှာ ပေါ်လွင်စေဖို့ invert effect ကို သုံးပြီး ပြထားပါတယ်


 

#6 Fill the Frame

Get Close to the subjects

 

6 Total

ကျနော်တို့ ဖြစ်လေ့ရှိတဲ့ အမှားတခုကို ထောက်ပြပေးတဲ့ နည်းစနစ်တခုဖြစ်ပါတယ်။

Macro ရိုက်နေသူတွေအတွက်တောင် တခါတလေမှာ အသေးစိတ် ကို ဖော်ပြဖို့ မေ့လျော့သွားတတ်တာမျိုး ဖြစ်တတ်လို့ပါ..။

ဘယ်လို တခါတလေမျိုးလည်း ဆိုတော့ travel photography မျိုးတွေမှာ ဖြစ်တတ်တာပါ…။

နေရာ ဒေသ နဲ့ subject တခုလုံးကို ဖော်ပြချင်စိတ်များပြီး subject ရဲ့ တကယ့်ကို unique ဖြစ်တဲ့ နေရာကို အသေးစိတ် မှတ်တမ်းတင်ဖို့

မေ့လျှော့တတ်လို့ပါပဲ။ .. ဒါ့ကြောင့်မို့… zoom in & zoom out

 


 

#7 Center dominant eye

place the dominant eye in the center of the photo

 

7 Total

 

 

ဒါကတော့ လူပုံရိုက်ရင် သုံးတဲ့ နည်းစနစ်တခုပါ။

ပုံရဲ့ ဖွဲ့စည်းမှုအရ ပိုမို အဓိကကျတဲ့ (လွှမ်းမိုးမှုရှိတဲ့) မျက်လုံး ကို ပုံရဲ့ အလယ်ခေါင်တည့်တည့်မှာ ထားတာဖြစ်ပါတယ်။

(အလျားလိုက်ဖြစ်စေ ဒေါင်လိုက်ဖြစ်စေ)

သည်တော့ ရလဒ်အနေနဲ့ လူပုံက တဖက်ကို ကပ်သွားပါလိမ့်မယ်။ စိတ်မပူပါနဲ့

လူပုံ အလယ်တည့်တည့် ကျအောင် ရိုက်ရမယ် ဆိုတဲ့ အတွေးကို ဖျောက်ထားပါ။

အလယ်တည့်တည့် ကျအောင်ရိုက်တာ လိုင်စင်ဓာတ်ပုံပဲ ရှိပါတယ်။

 

 


 

 

#8 Patterns & Repetition

patterns are aesthetically pleasing

but the best is when the pattern is interrupted

 

8 Total

Patterns တွေ Texture တွေ အကြောင်းအလွယ် ပြောရရင် ပုံစံတူ ထပ်တလဲလဲ ဖြစ်နေတဲ့ အဆင်များ အကွက်များ လို့ပဲ ဖြေရမှာပါ။

အုတ်စီထားတဲ့ နံရံ ၊ ဖျာကွက်များ ၊ တူညီဝတ်စုံ နဲ့ အခြားအရာများ စသည်ပေါ့ဗျာ..

ဒါတွေက မျက်စိပသာဒ ဖြစ်စေပါတယ်…

ပိုပြီးတော့ ထူးထူးခြားခြား ဖောက်ထွက် နိုင်တာကတော့ အနှီ Patterns တွေကို တစုံတရာက နှောက်ယှက်တဲ့အခါမှာဖြစ်ပါတယ်။

စာနဲ့ ရေးရင် ခဲရခက်ဆစ် ဖြစ်နေတယ်… ဥပမာ ပြောဆို

မြက်ခင်းစိမ်းထဲကို ပန်းအနီတပွင့်လောက် ပစ်ချပြီး ရိုက်ပေါ့…။ (Rule of Third ကို လိုက်နာနိုင်လျင်ပိုကောင်း)


 

#9 Symmetry

symmetry is pleasing to the eye

9 Total

 

ခေါက်ရိုးညီမှုဟာ သဘောကျစရာကောင်းတဲ့ အချက်တခုဖြစ်ပါတယ်။

ဒါက ပုံမှန်ရိုက်နေကျအတိုင်း ဘာမဆို အလည်ခေါင် တည့်တည့်ထားပြီး ကလစ် ဖြုတ်ချဖို့ ဆိုလိုတာမဟုတ်ပါဘူး..။

လိုင်စင်ပုံလည်း ခေါက်ရိုးညီတယ် လိုု့ ကပ်ပြောရင် ပြောနိုင်ပါတယ်။

ဒါပေမယ့် ကျနော်တို့ ပုံတိုင်းကို လိုင်စင်ပုံ ရိုက်တဲ့နည်းနဲ့ ရိုက်လို့ မရဘူး(မဖြစ်ဘူး)လေ။

သည်တော့ တချို့သော အခြေအနေ အချိန်အခါမျိုးမှာပဲ သဘာဝပေးတဲ့ ခေါက်ရိုးညီပုံတွေကို ရိုက်ယူလို့ရတတ်တာမျိုးပါ။

ရေရဲ့ အလင်းပြန်မှု ကို ဖမ်းယူထားတဲ့ ပုံ၂ပုံ ဥပမာပေးခဲ့တာ သည်သဘောပါ။

ဥပမာ မှန်ထဲက ပုံရိပ်။

Pre-wedding ဆြာတွေ လုပ်လေ့ရှိပါတယ်။ တကယ့် ပုံရိပ်စစ်ကို Focus ဝါးထားပြီး

မှန်ထဲက ပုံရိပ်ယောင်ကို မှ Focus ဖြတ်ပြီး ရိုက်တတ်တာမျိုးပေါ့..။

( ကာယကံရှင်ကတော့ သူ့ကိုယ်သူ မှန်ကြည့်နေကျမို့ မထူးဆန်းပေမယ့် မှန်ထဲပေါ်တဲ့ ပုံရိပ်ဟာ laterally inverted ဖြစ်သမို့ ကာယကံရှင်ကို သိနေပြီးသား

အဆိုပါပုံကို ကြည့်တဲ့ လူတွေအတွက်တော့ eye catch ဖြစ်နေမှာမလွဲပါ- စကားချပ်။)


 

 

About

အထက်ပါ Tips 9 ခုအကြောင်း ရေးအပြီးမှာ ဒါကို ညွှန်းဆိုခဲ့တဲ့

Steve McCurry အကြောင်း အနည်းငယ် တူးဆွချင်ပါတယ်။

National Geographic မှာ ၁၉၈ဝကျော်က သူရိုက်ခဲ့တဲ့ အာဖဂန်မိန်းမပျို ဆိုတဲ့ ကာဗာဓာတ်ပုံဟာ သူ့ရဲ့ အထင်ရှားဆုံး မှတ်တိုင်ဖြစ်ပါတယ်။

ယနေ့ထက်ထိလည်း နောက်တိုး အောင်မြင်မှုပေါင်းများစွာနဲ့ ဆက်လက်ချီတက်နေသူကြီးပါ

မဂ္ဂဇင်း ကာဗာကိုတော့ ဝီကီကနေ ကူးတင်လိုက်ပါတယ်။

 

Afghan_girl_National_Geographic_cover_June_1985

သူ့အကြောင်း အသေးစိတ်ကိုတော့ သည်မှာ သွားဖတ်ကြည့်နိုင်ပါရဲ့။

https://en.wikipedia.org/wiki/Steve_McCurry

 

 

အောက်ဆုံးက ဗီဒီယိုဖိုင်ကတော့ မူရင်း 9 Photo Comp: Tips ပါ။

အာရှတလွှားက ပုံတွေ အတော်များများ နဲ့ ဥပမာပေးပြီး တင်ဆက်ထားတာတွေ့ပါတယ်။

ကြံဖန် ဂုဏ်ယူရရင်ဖြင့် Lines တွေရဲ့ ဥပမာမှာ အင်းလေးဒေသက ပုံတပုံကို သုံးထားတာ မြင်ရပါတယ်။

 

Steve McCurry က နောက်ဆုံး ပြောခဲ့တာကတော့ Composition ဆိုတာ အရေးကြီးပါတယ်။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေဆိုတာ ဖောက်ဖျက်ဖို့ ထားတာပါ။

(နားလည် သဘောပေါက်ပြီးမှ ချိုးဖောက်တာကို ဆိုလိုပါသည်။)

ကိုယ်ပိုင်ဟန် ကိုယ်ပိုင်လမ်းကြောင်းနဲ့ ပျော်ပျော်ကြီး ဓာတ်ပုံရိုက်နိုင်ဖို့ပါပဲ။


 

 

 

သည် Tips တွေက သူ့နေရာနဲ့ သူ အသုံးဝင်တယ် ဆိုပေမယ့် တကယ်တမ်း နှဖူးတွေ့ ဒူးတွေ့ ရိုက်တဲ့အခါမှာ

Theory တွေ မေ့ကုန်သလို ဘာကို ဘယ်လို ရိုက်မလဲ ဆိုတဲ့ ဝိရောဓိတွေ တွေ့ကြတတ်တာ မဆန်းပါဘူး။

သည်အတွက် ကျနော် ကျော်ဖြတ်ခဲ့ဖူးတာကတော့ လက်တွေ့ ထွက်ရိုက်ဖြစ်တဲ့အခါ

Scene တခုကို Frame ချတော့မယ့်အခါ ဘယ် rule နဲ့ ရိုက်လိုက်မယ် ဆိုပြီး တွေးပြီးရိုက်တာမျိုး မလုပ်ခဲ့ပါဘူး ။

အပြင်ထွက် sightseeing ရိုက်တဲ့အခါ Composition တခုချင်းခုခုကို လက်ကိုင်ထားလိုက်ပြီး သည်တနေ့တော့ သည် composition အတိုင်းရိုက်မယ်

ဆိုပြီး တောက်လျောက် ရွေးချယ်ထားတဲ့ ချဉ်းကပ်မှု တမျိုးတည်းနဲ့ ရိုက်ပါတယ်။ ကိုယ်ရိုက်တဲ့ scene ပေါ်မူတည်လို့ ကိုယ် ရွေးထားတဲ့ ချဉ်းကပ်မှုက

မလိုက်ဖက်သမို့ ပစ်လိုက်ရတာတွေလည်း တပုံတပင်။ (အဲသည်မှာ ဘယ် အနေအထားဆို ဘယ်လိုချဉ်းကပ်လို့မရဘူးလဲ နည်းနည်း သိလာခဲ့။)

နေရာအနေအထားအရ ရှေ့တိုး ရိုက် မရ နောက်ဆုတ် ရိုက်မရ ဖြစ်တဲ့အခါမျိုးတွေလည်း ကိုယ်ရွေးထားတဲ့ ချဉ်းကပ်မှုအရ ဘယ်လို ဘယ်လောက် ပိုကျယ်ကျယ်ရိုက်ပြီး

ပုံတွေပြင်တဲ့အခါ ဘယ်လို ပြင်မယ် ဘယ်နားဖြတ်မယ် ဆိုတဲ့ post production တင်ကြို အာရုံပြုမှု လည်း အထိုက်အသင့် ရလာပါတယ်။

Composition တွေကို တခုချင်းစီ အတော်လေး ရိုက်လာပြီးတဲ့နောက်တော့… တစုံတခုကို ဘောင်ခတ်မယ် ဆိုရင် ဘယ်ချဉ်းကပ်ပုံမျိုးက သင့်တော် လိုက်ဖက်မလဲဆိုတာ

အတိုင်းအတာတခုထိ ကြိုတွေးမိလာ ခန့်မှန်းလာနိုင်ပါတယ်။ သံချောင်းကို သံလိုက်နဲ့ ပွတ်ပြီး induction လုပ်ယူသလို ထုံကူးယူတဲ့နည်း ပဲဆိုဆို တကယ်တော့ များများရိုက်ဖို့

ရိုက်ရင်း နှစ်သက်ပျော်ရွှင်ဖို့ပဲ အရေးကြီးတာပါ

 

 

ရိုက်ချင်တာကို ရိုက်ချင်သလို ရိုက်ချင်သလောက် အားပါးတရ ရိုက်နိုင်နှက်နိုင် တင်နိုင်ကြပါစေသတည်း။

တော်သေးပြီ။


 

 

 

15 comments

  • ဇီဇီခင်ဇော်

    July 16, 2015 at 9:55 am

    ဒါမျိုးတွေ ဗိသုကာ ဘာသာရပ်မှာလည်း သင်ရတယ်ဟ။
    ဗိသုကာ တဲ့အထဲကနေကျောင်းပြီးတော့ ဓာတ်ပုံရိုက်ရင်း Pro fotographer ဖြစ်သွားတာ
    နာ့ သူငယ်ချင်းထဲ ၂ ယောက်ရှိတယ်။
    နာက မြို့ပြ ယူမိတော့ ပုံဆွဲနိုင်ဖို့လောက် အကြမ်းဖျင်း သင်ခဲ့ရဖူးတယ်။
    နောက်မကြာပါဘူးး မေ့ကုန်ရော။
    ဖတ်ပြီးတော့ ပြန်မှတ်သွားတယ်။

  • weiwei

    July 16, 2015 at 10:31 am

    လူတိုင်​း ဖုန်​းကိုင်​ပြီး ဓာတ်​ပုံရိုက်​နိုင်​တဲ့​ခေတ်​မို့လို့ လူတိုင်​းသိထားသင်​့တဲ့ အ​ကြောင်​းအရာ​တွေပါ။

    • @QUIL@

      July 16, 2015 at 10:42 am

      ဆဲလ်ဖီ ဆြာမလေးတွေက ပိုဂျွတ်တယ်ဗျ…
      ကျုပ်က အဲ့ဘာသာရပ်တော့ ဘယ်လိုသင်သင် မတတ်ဘူးရယ်…
      အားးဟိ

  • ဂျက်စပဲရိုး

    July 16, 2015 at 11:27 am

    ခုဆို ဖုန်းတော်တော်များများ ကင်မရာ တော်တော်များများ မှာ grid ကွက် တွေ ပြလို့ ရနေပြီ ဆိုတော့ အဲ့ဒီ rule of thirds ကို လိုက်လုပ်ဖို့ ဆိုတာ သိပ် မခက်ခဲတော့ဘူး ထင်တာပဲ။
    ဒါပေမယ့် ကျန်တဲ့ ဟာတွေက တော့ မြင်တတ် မှ ဖြစ်မှာ..
    ခုထိ leading lines, diagonals အဲ့ဒါတွေကို သေသေ့ချာချာ မမြင်သေးဘူး။ သူများ ပြမှသာ အော် ဒါက ဒီလို ပါလား ဆိုပြီး….

    ဆဲလ်ဖီ ဆြာမလေးတွေကတော့ မပြောနဲ့တော့
    အသိ ညီမလေး တစ်ယောက် ရှိတယ် သူက ဘော်ဒီ ထွားထွား နဲ့
    ဒါပေသိ ဆဲလ်ဖီ ရိုက်လိုက်ရင်တော့ လှလို့ ပလို့
    နေတတ်တာတွေရော ဖိုတိုအက်ဒစ်တာ တွေ ကောင်းတာရော ကြောင့်တွေ ပါမပေါ့။

    • @QUIL@

      July 16, 2015 at 11:56 am

      ဆဲလဖီမှာလည်း ဥပဒေသတွေ ရှိသဗျ…။
      ဒင်းတို့လေးတွေက ဖုန်းမှာ သုံးထားတဲ့ မှန်ဘီလူးတို့ အပါချာတို့
      နားမလည်ပေမယ့် … ဘေးဘယ်ညာ ကို ဘယ်လောက်ဒီဂရီ စောင်းပြီး အပေါ်ဘက် ဘယ်လောက်ဒီဂရီမြှင့်ရိုက်ရင်
      ၀-တယ် မထင်ရဘူးတို့ … ကိုယ်လုံးသေးပြီး မျက်နှာသွယ်တယ်တို့ အတတ်သိတာရယ်…

      အလကားရတဲ့ စကင်းတုန်း ရီတာ့ချ် ကိုင်တဲ့ အပ္ပလီတွေကလည်း စွမ်းလာလိုက်တာများ
      ပေါ့ထရိတ် ကိုင်တဲ့ ပလက်ဂင်ဝယ်ထားမိရင် ထိုင်သာငိုတော့ပဲ…

      အော်… ဆပ်ပြာခွက်.. ဆပ်ပြာခွက်…

      (ဆပ်ပြာခွက် နှင့် အလားသဏ္ဍာန်တူသော စမတ်ဖုန်း)

  • Mike

    July 16, 2015 at 11:31 am

    .ဒါလေးတော့ က ျုပ်တော်တော်သဘောက ျသဗျာ..သိမ်းသွားတယ် :))

  • kai

    July 16, 2015 at 11:48 am

    အင်း…လှသဗျ…။
    မျက်လုံး ကို ပုံရဲ့ အလယ်ခေါင်တည့်တည့်မှာ ဆိုတာဖတ်ပြီး.. အပေါ်ကပုံကြည့်လိုက်တာ… မျက်လုံးမဟုတ်တဲ့.. အလုံးနဲ့တန်းတိုး…
    ကင်မရာကြီးမစောင်းပဲ.. လူကစောင်းလိုက်ပြီး.. ဆံပင်ကတွဲလောင်းကျတည့်နေရင်… ပိုလှမလားလို့…ထင်..။ :k:

    • @QUIL@

      July 16, 2015 at 11:59 am

      ရွှေအကြောင်း ဖေယာင်းသက်သေ လူအကြောင်း ဘာသက်သေဆိုလား

      ၉မျိုး တင်ထားတာ သဂျီးကတော့ နံပါတ် ခွင် တမျိုးပဲ ကျင့်မှာ သေချာပါတယ်လေ..
      ငိငိ

  • Wow

    July 16, 2015 at 3:16 pm

    ဖွဲ့စည်းပုံဆိုတော့ ဖွဲ့စည်းပုံများလားလို့ :mrgreen:

    • မြစပဲရိုး

      July 16, 2015 at 6:38 pm

      အရီး လဲ အဲ ဂလိုဘဲ ထင်လို့။
      ၅ နဲ့ စ ကျန်ခဲ့တယ်လို့ ပြောတော့ မို့ ဆဲ ဆဲ။ lol:-)))))

  • မွသဲ ( 17082011 )

    July 16, 2015 at 4:11 pm

    သေချာတာကတော့ ဒီဘာသာရပ်ကငါနဲ့အဝေးရီးမှာ။ ဘယ်လိုဖတ်ဖတ်နားကိုမလည်ဘူး။ နားလည်ဇေချင်ရင် ကင်မလာတလုံးလောက်ဝယ်ပေးဟယ်

  • weiwei

    July 20, 2015 at 1:15 pm

    နောက်ထပ် ၂ မျိုး ထည့်ပေးချင်လို့ …
    အပေါ်စီးကနေ မြင်ရတဲ့ view နဲ့ အောက်ကနေ ပြန်ပင့်ကြည့်ရတဲ့ view တွေကလဲ တစ်ခါတစ်လေ စွဲဆောင်မှုရှိတတ်တယ် ..
    bird eyes view and warm eye view လို့ ခေါ်တယ် ..
    ဦးနိုဆိုရင်တော့ bird eye views တွေရိုက်ဖို့ အတော်အဆင်ပြေမှာ ..

    • @QUIL@

      July 20, 2015 at 3:06 pm

      အဲ့ဒါတွေက point of view တွေဗျ…
      Composition နဲ့ တိုက်ရိုက်မဆိုင်ဘူး
      တခုတော့ ရှိသပေါ့လေ… လိုချင်တဲ့ composition ကိုရဖို့အတွက်
      ကိုယ်နေရာယူရတဲ့ PoV က bird လို ဖြစ်ချင်ဖြစ် worm လို ဖြစ်ချင်ဖြစ်ပေါ့..

      bird ကို ပွင့်ချပ် ဝို်င်းရှိတဲ့ ပန်းတွေ အတွက် ကျနော် macro မှာ မကြာခန သုံးတယ်ဗျ..
      (ပန်းထိမ်ငိုလိုပန်းမျိုးတော့ သုံးလို့မရ)
      အရွက် ၊ ပင်စည် နဲ့ အောက်ခံ မြေကို BG အနေနဲ့ သုံးချင်တဲ့အခါမျိုး..

      အဲ
      worm ကိုတော့ လူရိုက်မှ သုံးလေ့ရှိတာ..။
      (ပြောရရင် သူများအတင်းဖြစ်တော့မယ်)
      အရုပ်ပု ခြေဆံလက်ဆံတို မျက်နှာပြည့်တဲ့ စိုင်လေးတွေအတွက် ဆိုပါတော့…
      (သည်က စိုင်အများစုကလည်း အရပ်မရှည်ပါဘူးလေ…)
      အားဟိ

  • Shar Thet Man

    November 19, 2018 at 2:30 pm

    ပုံလဲမပေါ်

Leave a Reply