ကျနော် နဲ့ မောင်ဝမ်း

YE YINT HLAINGJuly 17, 20151min36224

တရက်သောညနေတွင် ဖုန်းအဆက်အသွယ်ရသဖြင့် မတွေ့ရသည်မှာကြာပြီဖြစ်သော ညီ တစ်ဦးကဲ့သို့ချစ်ခင်ရသည့်မောင်ဝမ်း ရှိရာသို့ထွက်လာခဲ့သည်။ မောင်ဝမ်းရှိရာ အဆောင်သို့ ရောက်ချိန်တွင် မောင်ဝမ်းမှာ အဆောင်ရှေ့တွင် ကျနော့် အားအသင့်စောင့်ကြိုနေလေသည်။

လာ အကို လဘက်ရည်ဆိုင် သွားရအောင်

လဘက်ရည်ဆိုင်သို့ရောက်သော် မောင်ဝမ်းက ပေါ့စိမ့် ရိုးရိုးနှစ်ခွက်ဟု မှာပြီးမှ ကျွန်တော့အား

အကို့ ရှယ်သောက်မလား ရှယ်တခွက်ပြောင်းမှာလိုက်မယ်

လိုပါဘူးငါ့ညီရာ လဘက်ရည်သောက်တိုင်း အကိုကတော့ ရှယ်တွေ ရိုးရိုးတွေအာရုံ မရှိပါဘူးကွာ ရိုးရိုးပဲထားလိုက်ပါ။ဘယ်လိုလည်း ညီကော အဆင်ပြေလား?

လစာတော့ တိုးလာပါတယ် အရင်လိုတော့ အဆင်မပြေဘူးအကို အဖေက ပင်စင်ယူသွားပြီး ကျ နော့အောက်က အငယ် နှစ်ယောက်က အတန်းတွေ တက်လာတယ် ။ စားစရိတ် ပုံမှန်ဆိုပေမဲ့ ကျောင်းစရိတ်တက်လာတာပေါ့ဗျာ။

လစာတိုးသွားပြီဆိုတော့ အခု ဘယ်လောက် ရလဲ?

၁၅၀၀၀၀/- ရတယ် ။ တလ ၄ – ၅ သောင်းတော့ ကျနော်ပုံမှန် လွှဲပေးပါတယ် ။ ဒါပေမဲ့ အကို သိတယ်မလား ။
ဒီငွေလောက်နဲ့ အဖေ့ပင်စင်လောက်နဲ့ က ဒီခေတ်ထဲမှာ မလွယ်ဘူးလေဗျာ

အင်း ဒါတောင် ညီက ဆေးလိပ် မသောက် ကွမ်းမစား အရက်မသောက်တတ်လို့ကွ ။ အဲဒါတွေ တွဲကြည့် တပြားမှတောင် ပို့နိုင်မှာ မဟုတ်ဘူး။ စိတ်ညစ်လို့ဆိုပြီးအရက်တော့ သွားမစမိစေနဲ့ညီ ဘဝ ပျက်ဖို့ ဖြတ်လမ်းကနေရောက်သွားမယ်။

ဟုတ်ကဲ့ အကို အဲဒါတွေ ကျနော် ကြိုက်လည်း မကြိုက်ပါဘူး။ ပြီးတော့ အဆောင်လခ စားစရိတ် လိုင်းကားခ ဖုန်းဘေ အပြင် သွားတိုက်ဆေး ဆပ်ပြာ ဖိနပ် အဆုးံ အသက်သာဆုးံ နဲ့ အနည်းဆုးံကုန်ကျစရိတ် ဖြစ်အောင် စဉ်းစားနေရတော့ အဲဒီဘက်တွေကို စိတ်ကူးတောင် မရောက်ပါဘူးအကိုရာ… ဖုန်းဘေက တရက် ၅၀ဝ လောက်ကုန်တယ်။ ဖုန်းပြောရုံဆိုရင် အဲဒီလောက် မကုန်ဘူး ကျနော်အင်တာနက်တော့ နေ့တိုင်းခဏတဖြုတ်သုးံ ဖြစ်တယ်။ လကုန်လို့စုတွက်ကြည့်မိတော့လည်း ၁၅၀၀ဝ – ၂၀၀၀ဝ ကုန်တာဆိုတော့ တွက်မိတဲ့ အခါ ကျတော့ လည်း တွက်မိသလိုပေါ့အကိုရာ…

အေးကွ အဲဒီဘေတွေ က အကိုတို့ မင်းတို့ အတွက်တော့ ခေတ်နောက်မကျန်ခဲ့ဘို့ နဲ့အတွေး အမြင် ကျယ်ပြန့်ဖို့ အတွက် ငွေနဲ့ထပ်ပြီး ဝယ်နေရတာတွေပဲကွ။ လူ့ပတ်ဝန်းကျင်မှာ သူများသိတာ နားလည်တာကို သိနိုင် မြင်နိုင်အောင် ငွေနဲ့ဝယ်နေရတာပါပဲကွာ ဒါတောင် အခွန်ကကောက်သေးတယ်။ အစိုးရ အနေနဲ့ အင်တာနက် အလကားသုးံခွင့်ပေးရင် ဘယ်လောက် ကောင်းမလဲကွာ…

တနေ့တော့ ဖြစ်လာမှာပါ အရင်က လူတိုင်းဖုန်းမကိုင် နိုင်ဘူး အင်တာနက်လိုင်းတွေ က လိပ်ထက်နှေးတယ်။
အခုလူတိုင်းဖုန်းကိုင်ပြီး အင်တာနက်ပါ သုးံနိုင်ပြီ။ ဒါပေမဲ့ တခုတော့ ရှိတယ်အကို fb မှာ များသောအားဖြင့်တွေ့နေရတာ တခါတရံ ဘာတွေရေးကြပြောကြမှန်းကိုမသိဘူး ။ နှစ်ပေါင်းများစွာ ခံစားလာခဲ့ကြတာခြင်း အတူတူ ခုချိန်မှာ အပြန်အလှန်ဆဲဆိုရန်ဖြစ်နေ ကြတယ်ဗျာ။ ကျနော် ငယ်ငယ်က ကြားဖူးတဲ့ သာသနာမောင်းရှေ့ကဆော် ဒေါင်းတွေကအော်ဆို တာ ၈၈ လို ရွှေဝါရောင် လို ဆော်တာမျိုးလို့ မြင် ခဲ့တာ။ အခု မောင်းတွေက ဒေါင်းတွေ ကိုဆော်နေတယ်ဗျာ။

အေးကွ အဲဒါတွေက ဖုန်းတွေ အင်တာနက်တွေ ခုလိုဝုန်းကနဲ ဒိုင်းကနဲ ပွင့်သွားတာနဲ့လည်းဆိုင်တယ်။ လူမှုကွန်ယက်ပေါ့ကွာ။ အဲ အဲဒါကဘာနဲ့တူလဲဆိုတော့ တသက်လုးံ အမှောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ငှက်တွေ ရုတ် တရက် ဝုန်းကနဲ ပွင့်သွားတဲ့ နံရံက အပေါက် ကို မြင်တော့အလုအယက် အပြင်ကိုထွက်ပြီး ကိုယ်မြင်ရာ ကိုယ်သန်ရာ ပြောဆိုနေကြသလိုမျိုးတွေရယ် အဲဒီအပေါ်မှာ အခွင့်ကောင်းယူတတ်သူတချို့ ရဲ့ ကိုယ်ကျိုးကြည့် အသုးံချသွားတာတွေကြောင့်ပေါ့ကွာ။ စောစောက ပြောသလို အင်တာနက်ဖရီး သုးံ ခွင့်ရပြီး တောကော မြို့ပါမကျန် ဖုန်းတွေ အင်တာနက်တွေ သုးံ ခွင့်ရကြည့် နောင် ၃ နှစ်လောက်ကြာရင် အကုန်လုးံ ရင့်ကုန်ပြီး ဒါမျိုး အလှည့်ခံရ မှာမဟုတ်ဘူး။

အကို့ တရက် ၃၆၀ဝ တောင်မပေးချင်လို့ စက်ရုံပိတ်ပြီးပြန်မဲ့အိုက်တင် ခံနေတာ ကို ၄၀၀ဝ ပေးဖို့ဆန္ဒပြတာ ကရောဖြစ်နိုင်ပါ့မလား?

ဖြစ်နိုင် မဖြစ်နိုင်တာ ခဏဘေးဖယ်ထား ညီ တယောက်တည်း ဒီလောက် ချွေတာပြီးနေတာတောင် တစ်ရက် ၃၅၀ဝ လောက်ကုန်တယ်ဆို ၃၆၀ဝ ဆိုတာ တယောက်စာပဲရှိတယ်။

ချမ်းသာတဲ့သူတွေ ကြတော့လည်း ရက်ရက်စက်စက်ချမ်းသာကြတယ်ဗျာ ကျွန်တော်တို့အတွက်ကြတော့လည်း မုန့်ဟင်းခါးစားခါနီး အကြော်ထည့်စားဖို့ စဉ်းစားနေရသေးတယ်ဗျာ

အကို တို့ မင်းတို့က တော်သေးတယ် မတောက်တခေါက် ပညာလေးသင်ခဲ့လို့ ညီ မြစ်ဆိပ်မှာ မြစ်ကျောက်ထမ်းတဲ့ သူတွေ မြင်ဘူးတယ်မလား နေပူပူ မိုးရွာရွာ ဖိနပ်တောင်မပါဘူး ကျောက်တောင်းတွေ ပခုးံ ပြဲ အောင် ကလေး လူကြီးတွေ ထမ်းနေသယ်နေကြတာ စားတော့လည်း ပင်ပန်းတာနဲ့ မညီမျှတဲ့ အဟာရနဲ့ ။ သူတို့ အလုပ်လုပ်တဲ့နေရာနားမှာ အလုပ်သမားတယောက် က မြေ ဖြူနဲ့ စာရေးထားသေးတယ်။
ငါ့မှာ အတောင် တစုံသာ ရှိမယ်ဆိုရင်တောင် ငါ မိသားစုဆိုတဲ့ နံရံကို ကျော်ပြီး မပျံနိုင်ဘူး တဲ့။
အဲဒီ စာကိုဖတ်လိုက် သူတို့ထမ်းနေတာကို ကြည့်လိုက် နဲ့ အဆင်မပြေတဲ့ ဘဝတူအချင်းချင်း ကို ကြည့်ပြီး အကို တော်တော်လေး စိတ် မကောင်းဖြစ်ခဲ့သေးတယ်။

အကို အမေစု က သမ္မတ မဖြစ် နိုင်တော့ဘူးမလား။ တခြားသူတွေထဲက ဘယ်သူဖြစ်မလဲ မသိဘူးနော်။

အမေစု သမ္မတ မဖြစ်နိုင်တော့ ဘူးဆိုရင်တောင် အမေစု လက်ခံနိုင်လောက်တဲ့သူ သမ္မတ ဖြစ်မှာပါကွာ ဘာလို့လည်းဆိုတော့ အမေစုက လူထုခေါင်းဆောင် အမေစုလက်ခံနိုင်တဲ့သူဆိုတော့ လူထုလက်ခံပြီး လူထုကောင်းကျိုးအမေစုလို လိုလားတဲ့သူဖြစ်မှာပါကွာ ဘယ် သူ ဘယ်ဝါ ဆိုတာကတော့ ဘုရားပဲ ခုချိန်မှာသိနိုင်မယ်။

ဒါနဲ့ အကို့ ကို ကျွန်တော် မေးဖို့ မေ့သွားတယ် အကိုကော အဆင်ပြေလား

မပြေပါဘူးကွာ အကိုလည်း မင်းလိုပါပဲ fb စကားနဲ့ ပြောရရင် ဒို့တွေက ဘွတူတွေပါ။ ဒီလိုနဲ့ အသက်ကြီး နောက်တော့လည်းသေသွားမှာပါကွာ။

ကျေးဇူးပါ
ရဲရင့်လှိူင်

24 comments

  • YE YINT HLAING

    July 17, 2015 at 5:45 am

    ခေါင်းစဉ်ရေးဖို့ မေ့သွားတယ် သူကြီး
    ခေါင်းစဉ်က
    “ကျနော် နဲ့ မောင်ဝမ်း”
    လက်ကလည်း တအားလွယ် စွတ်ကနဲ နှိပ်မိသွားတယ်

  • Ma Ma

    July 17, 2015 at 6:42 am

    ခုရက်ထဲ အင်တာနက်လိုင်းဆိုးလွန်းလို့ ကိုယ့်ပိုစ့်တောင် ရေးရင်းတန်းလန်းနဲ့ ရပ်ထားရတာ၊
    လိုင်းရလို့ စာတွေအရင်ဖတ်တုန်း မောင်ဝမ်းနဲ့ တွေ့တာပဲ။

    (ငါ့မှာ အတောင် တစုံသာ ရှိမယ်ဆိုရင်တောင် ငါ မိသားစုဆိုတဲ့ နံရံကို ကျော်ပြီး မပျံနိုင်ဘူး တဲ့။)
    စကားလုံးလေးတွေ ကောင်းလိုက်တာ။
    ရဲရင့်လှိုင်ရဲ့ လက်ရာလေး ပြန်ဖတ်ရလို့ ဝမ်းသာပါတယ်။ 🙂

    • YE YINT HLAING

      July 17, 2015 at 11:54 am

      မနက်အစောကြီးရွာထဲ မောင်ဝမ်းနဲ့ အတူလျှောက်ပြီး အိပ်ရေးမဝသလိုရှိတာနဲ့ ပြန်အိပ်လိုက်တာ ခုမှနိုးတော့တယ် ဟီး…

      • YE YINT HLAING

        July 17, 2015 at 12:00 pm

        လက်ရှိဆိုလို့ ဟိုစာသားလေးကိုသွားသတိရတယ်…
        အရှေ့က နေထွက်တယ်ကွယ် သန်းခေါင်ယံ လကွယ်ထက်ဆိုး ဆို တဲ့ စာသားလေး

  • ဇီဇီခင်ဇော်

    July 17, 2015 at 8:14 am

    ကြီးမေ ဘယ်သူ. တင်တင်
    လက် ရှိ အပြောင်ကြီး ထက်တော. သာမှာပဲ.

    • aye.kk

      July 17, 2015 at 10:55 am

      ဇီဇီပြောတဲ့အတိုင်း၊မှန်လိုက်တာလို့ပဲ
      ထပ်ပြာပြချင်မိပါတော့တယ် ရဲရင့်လှိုင်ရေ။။

      • YE YINT HLAING

        July 17, 2015 at 12:12 pm

        ကျနော် လည်းအတူတူပါပဲ အန်တီအေးရေ…

  • ဦးကြောင်ကြီး

    July 17, 2015 at 11:44 am

    ရွာမှာ ဖိန့်ဖိန့်တုံအောင် ကြောက်ရတဲ့ ဓနရှင် ခိုနီဒုံဂ ျီးဆိုဒါ ရှိတယ်….။ နင်မသိလေလား… ။ တခါ ငါက ဗုမသိ ဗမတိနဲ့ အယင်းယှဉ် အယင်ယှဉ်းရမည် ပေါမိဒါ တသပ်လုန်း မုန်းသွားဘာလှေရော.. ဖြစ်ပုံပြောပါဒယ်…။

    • YE YINT HLAING

      July 17, 2015 at 12:26 pm

      တသက်လုးံတော့ မဟုတ်လောက်ပါဘူးဦးကြောင်
      ယာယီလေး ရှိမှာပါ။ အသေအချာတော့ သိဝူး…

    • မြစပဲရိုး

      July 17, 2015 at 10:46 pm

      နီ က ရော အတော်လေး သည်းခံဖို့ ကောင်း တာကိုး ဟဲ့ ကြောင် အပြုတ် ရဲ့။

      • Ma Ma

        July 18, 2015 at 7:03 am

        ဟုတ်ပ့ါ မြရယ်။
        အမှန်က အယင်းယှဉ် အယင်ယှဉ်း လုပ်ရမှာ မဟုတ်ဘူး။

        .အားလုံးကောင်းဖို့အတွက်
        .စစွာဦး
        .အရင်ဆုံး
        .ပထမဦးဆုံး
        .ရှေ့ဦးစစွာ လုပ်ရမှာက…….
        .ကြောင်ကောင်လုံးကင် ဘီယာနဲ့မျီးရမာာာာာာာာာာ :k:

  • Mike

    July 17, 2015 at 11:57 am

    .မောင်ဝမ်း ဆိုလို့ကျုပ်သိဖူးတဲ့ ရေနံချောင်းကမောင်ဝမ်းမှတ်လို့ :))
    .လစာလေး ၁၅၀၀၀ဝ ရတဲ့လူက ဖုန်းဘေ(အင်တာနက်ဖိုး) တစ်လ ၁၅၀၀ဝ – ၂၀၀၀ဝ .ဖိုးသုံးတယ်ဆိုတာတော့ မနိတ်လှဘူးထင်မိတယ် ကိုရဲရင့်လှိုင်ရေ 🙄

    • YE YINT HLAING

      July 17, 2015 at 12:38 pm

      ရေနံချောင်းမှာ မောင်ဝမ်းဆိုတဲ့ နာမည်နဲ့( ၃)ယောက် ရှိတယ်။ ပထမ တယောက် က ဦးမိုက်ပြောတဲ့ မောင်ဝမ်း ဖြစ်လိမ့်မယ်။ ကျန်(၂)ယောက်က အသက် ၂၅ ဝန်းကျင်တွေပါ။

      • Mike

        July 18, 2015 at 11:19 am

        .ကျုပ်သိခဲ့တဲ့မောင်ဝမ်းက ၈၈ တုန်းကနိုင်ငံရေးသမား…ခုတော့ အင်္ဂလိပ်စာပို့ချနေလေရဲ့
        .ခုနေတာက အမေရိကမှာပါ..ဟိုတလောကရေနံချောင်းမှာအင်္ဂစာသင်တန်းပေးဖို့လုပ်တုန်း
        .လဝက ကအတင်းပြန်ခိုင်းလိုက်တဲ့တစ်ယောက်ပေါ့

        • YE YINT HLAING

          July 18, 2015 at 11:48 am

          ဟုတ်တယ် ဦးမိုက်
          FB မှာ မောင်မောင်ဝမ်း
          ဆိုတဲ့ နာမည်နဲ့ ရေးတဲ့ ရေနံချောင်းက ဦးမောင်ဝမ်း။
          ဦးမိုက်ပြောတဲ့ ဦးမောင်ဝမ်း ဖြစ်လိမ့်မယ်ဆိုတာ ဆရာမောင်ဝမ်းကိုပြောတာပါ။

        • YE YINT HLAING

          July 18, 2015 at 11:59 am

          ကျွန်တော် ကလည်း ရေနံချောင်းသား ဖြစ်နေလို့လားမသိဘူး မောင်ဝမ်း တို့ တူးမောင် တို့ဆိုတဲ့ နာမည်လေးတွေ သဘောတွေ့ မိတယ်ဗျ ။ စာရေးဖို့ နာမည် ရွေးတော့လည်း ဒီနာမည်လေးကိုသိပ်မစဉ်းစားမိပဲလျောလျောရှုရှု ချရေးဖြစ်သွားတယ်။

  • ကိုမိုက်ရေ

    အခုခေတ်မှာ ဖုန်း နဲ့ အင်တာနက်ကြည့်လို့ရ ဖေစ်ဘုတ်ဝင်လို့ရ ဝီချက်ဝင်လို့ရ
    ဗွီဒီယိုကော ရ နေတော့ ကျနော်တို့ အိတ်ထဲက မစားရက် မသုံးရက်ပိုက်ဆံလေးတွေ အဝိုင်းလည်တဲ့နောက်ကို ပါသွားပါတယ်

    • YE YINT HLAING

      July 18, 2015 at 10:03 am

      လေထဲရောက်သွားတဲ့ပိုက်ဆံလေးတွေ တာဝါတိုင် တတိုင်နဲ့တတိုင် ကူးသွားတာပေါ့နော် ဦးပေါက်။

  • မြစပဲရိုး

    July 17, 2015 at 10:45 pm

    . နောက်မျိုးဆက် တွေ အတွက် တော့ အရီးတို့ ရနိုင်သမျှ ကြိုးစားချင်ပါသေးတယ်။
    . ဖြစ်သည်၊ မဖြစ်သည် က တော့ ကိုယ်တစ်ယောက်ထဲ စိတ်မှ မဟုတ်တာ မဟုတ်လား မောင်ရဲ ရေ။
    မတတ်နိုင်တဲ့ အဆုံး တော့ ကံ ကို ပုံလိုက်ကြတာပေါ့။
    . လောလောဆယ်တော့ တစ်ကိုယ်စာသာ ဘက်စုံက ကောင်းဖို့ ရနိုင်သမျှ ကြိုးစားနေကြဖို့လိုတယ်။
    ဒါမှ လိုချိန် ဝိုင်းအားဖြည့် ရအောင်။

    • YE YINT HLAING

      July 18, 2015 at 10:17 am

      ကြုံသမျှ ဆုံရဦးမှာပေါ့ အရီးရေ…

    • YE YINT HLAING

      July 19, 2015 at 9:26 am

      ဒီလိုပြောလိုက်ပေါ့ ဘာညာ ကွိကွ …ကွိကွ

  • Alinsett @ Maung Thura

    July 19, 2015 at 4:03 am

    အမေစု လက်ခံနိုင်လောက်တဲ့သူ သမဒ ဖြစ်မယ် ထင်သလားးးး
    ထင်သလားးးး
    ထင်သလားးးး

    • YE YINT HLAING

      July 19, 2015 at 9:30 am

      မထင်ဘူးလားးးးး
      မထင်ဘူးလားးးးး
      မထင်ဘူးလားးးးး

Leave a Reply