. မြ ရဲ့ သင်ပုန်း ၁၈-၀၇-၂၀၁၅

မြစပဲရိုးJuly 18, 20151min1264

. မြ တွင် မောင် ပေါင်းများစွာရှိသည်။
အရင်းတွေလဲ ပါသည်။ ဝမ်းကွဲ တွေလဲ ရှိသည်။
သူတို့ ထဲ မှ တစ်ယောက် ရဲ့ ဇာတ်လမ်း ဖြစ်သည်။

စပြီ။

သူ၏ ဖခင်က ရာထူးရှိသော်လည်း ဘေးပေါက်မရှိ ဝန်ထမ်း မို့ မိသားစု တွင် နဲနဲ ရုန်းရသည်။
ထိုအချက် က ပင် သူ့ ဘဝ ရည်မှန်းချက် ကို  တော်တော်လေး ကြီးသွားစေခဲ့ သည်။
သူများတကာ လို ကျူရှင် မယူနိုင်သည့် ဘဝ တွင် ကိုယ်ထူကိုယ်ထ လေ့လာရသည်။
သူများတွေ ထက် နှစ်ဆ ထား ကြိုးစားရသည်။
ပညာရေး မှာ ထူးချွန်ခဲ့ သူမို့ အလုပ်ရ တော့ လွယ်ခဲ့သည်။
သူ အလုပ်ရချိန် မိဘ ကို အသက်ရှူ ချောင်စေသည်။

ထိုအချိန် တွင် သူ မြတ်နိုးမိ သော မိန်းမ တစ်ယောက် ကို တွေ့သည်။
သူချစ်သော မိန်းမ ကို ချစ်ခွင့်ပန် ချင်သည်။
ထိုမိန်းမ ကို လက်ထပ်ပေါင်းသင်း ပြီး တူနှစ်ကိုယ် တိုင်းပြည် ထူထောင်လို သည်။
အလုပ်ရှိပြီ မို့ ထမင်းတော့ မငတ်။

သို့ သော် သူ့ ရည်မှန်းချက်ထဲ မိဘ ကို ဆက်ပြီး ထောက်ပံ့ လိုသေးသည်။
ချစ်သောသူ ကိုလဲ လက်မလွှတ်နိုင်။
တစ်သက် တွင် တစ်ယောက် ဟုသာ ထင်မိ၍ ဖြစ်သည်။

မိဘ နဲ့ ကိုယ်ပိုင် မိသား စု ပြိုင်ပြီး ထောက်ပံ့နိုင်ဖို့ ဝင်ငွေ က အဲဒီလောက် မကောင်းသေး။
ဘဝ ကို ထမင်းစား နေနိုင်ရုံ နဲ့ မတင်းတိမ်ချင်။
သူ့ ပညာ ကို ပိုမြင့် အောင် လုပ်ချင်သေးသည်။ ထိုမှ ဝင်ငွေ ပို ရမည်။
ခက်လေပြီ။

. နောက်ဆုံး တော့ ဂိန်းတစ်ခု ကို စွန့်စား၍ ကစား တော့မည် သူ ဆုံးဖြတ်လိုက်သည်။

အဲဒီနောက်မှာ ထိုမိန်းမ ကို ချစ်ခွင့်ပန်ခဲ့ သည်။
သူ့ အိမ်မက် ကို ပြောပြသည်။
ဘဝ တစ်ခု ဖြစ်ဖို့ နှစ် အတော်ကြာ စောင့်ရမည် မို့ ချက်ခြင်း လက်မထပ်နိုင်တာလဲ ပြောပြသည်။
မိသားစုဘဝ တစ်ခု အတွက်အဆင်သင့် ဖြစ်ချိန်မှာ လက်ထပ်ခွင့် ပြန်လာ တောင်းမည် လို့ ပြောသည်။
အခုချိန်မှာ သူ့ ခံစားချက် ကို သိစေရုံသာ ဖြစ်ပြီး သူ လက်ထပ်ခွင့် မတောင်းနိုင်သေးသည့် အချိန်ထဲ ထိုမိန်းမ မှာ ချစ်ရမည့်သူ၊ လက်ထပ်နိုင်မည့်သူ ရခဲ့ရင်လဲ သူပြောထားတာ မေ့လိုက်ပါ လို့ ပြောသည်။
သူကတော့ ဒီ မိန်းမ ကလွဲ၍ တစ်ခြား မည်သည့် မိန်းမ ကို မှ ချစ်တော့မည် မဟုတ်၊ လက်ထပ်မည် မဟုတ် ဟု ပြောသည်။

သူ့အိမ်မက် ကိုပြောပြပြီး အဆုံးတွင် ထိုမိန်းမ သည် လှောင်သလို မထိတရိ ပြုံး  နေခဲ့သည်။
ထို အဓိပ္ပါယ် ကို သူ သိချင်လှသည်။

နောက် တော့ ထိုမိန်းမ ကို သူခွဲ ခဲ့သည်။
ဆန်ကျူရီ တစ်စု ရဲ့ အပုံ ၂ဝ ထက်ပို၍ ကြာ ခဲ့သည်။
သူ့ ဘဝ အနာဂါတ် သည် ထိုမိန်းမ လက်ထဲ တွင် ဂျိုကာဖဲ တစ်ချပ် ဖြစ်နေခဲ့လေ၏။

Pork
ကြက်၊ တာကီ နှင့် ဘဲ three-bird roast ဖြစ်သည်။ စိတ်ရှည်ရှည် ထား၍ အချိန် စောင့် ပြီး ကင် ရ ၏။

4 comments

  • ဇီဇီခင်ဇော်

    July 18, 2015 at 6:14 pm

    ကျော် သာဆို ချစ်ရင် စောင့် မိမယ်ထင်။

    ဘိုင်သဝေးးး
    ဟိုနေ့ကမှတင် ကြက်ကောင်လုံးကို အရိုးထုတ် အစားသွတ် ကြိုးနဲ့ချည်ပြီး ကင်နည်း ဗီဒီယို ကြည့်ထားတာ။
    အဲဒါ အရီး လားးး
    ခိခိခိ

    :mrgreenn:

  • ကျနော်လူပျိုဘဝတုံးက တတွဲတွဲနေခဲ့တဲ့
    အကိုကြီးတစ်ယောက်ရှိတယ်
    သူချစ်တဲ့မိန်းကလေးက
    (သူ့ကိုလဲချစ်တယ်လို့ယူဆနိုင်ပါတယ်)
    နိုင်ငံခြားကို ပြောင်းသွားတယ်။
    1972-73 လောက်က နိုင်ငံခြားနဲ့ မြန်မာပြည်က
    အဆက်အသွယ် မလွယ်တဲ့ အချိန်ပေါ့။

    သူကလဲ သင့်တော်သူတွေ့ လဲ မယူ
    အိမ်ကပေးစားလဲမယူ
    သူ့ချစ်သူကတော့ အဝေးမှာ ဘာသတငိးမှ မကြားရ

    ဘာသာမတူ လူမျိုးမတူ တာကလဲ သူတို့ ကို ပိုဝေးစေတယ်ထင်ပါတယ်
    အခုတော့ အဲ့ အကိုကြီး လူ့လောက ကိုစွန့်ခွာသွားတာ ခြောက်နှစ်လောက်ရှိပြီ

    လွမ်းဘို့ကောင်း

  • မြစပဲရိုး

    July 18, 2015 at 9:57 pm

    လူဆိုးမလေး – ဂလောက်တောင် အချက်အပြုတ် တော်လွန်း ရင် အရီး ဟုတ်ပါတော့ မလားကွယ်။

    ကိုပေါက်ကြီး – ရိုစီတာ မှ မနှင်းဆီသို့ လား ဇော်ဝင်းရှိန်သီချင်းရှိသေး။ ကိုပေါက်ကြီး ရဲ့ အစ်ကိုကြီး က အစွဲအလမ်း ကြီး သားဘဲ။ ဟိုတစ်ယောက် ကတော့ သိနိုင်ခဲ့မယ် မထင်ဘူး။

  • အခုရှိရင်တော့ နှစ်ယောက်လုံး အသက်ခြောက်ဆယ်ကျော်ပေါ့

    ကျနော်တောင် ခြောက်ဆယ်နား ရောက်တော့မယ်လေ

Leave a Reply