. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း – ပါဝါ (31)

မြစပဲရိုးJuly 18, 20151min1365

ဒီတစ်ခါ တော့ ဒီ နံပါတ် တစ်ဝိုက် မှာ တကဲ့ ဇော်တွေချည်း ဘဲ။
အဲဒီ ဇော် တွေ ကြားထဲ က နေ လက်ထဲ ပါလာတဲ့ နံပါတ် က အရင်က “ပိတောက်မိုး” လို့ သိခဲ့ကြတဲ့  ကဗျာချစ်သူ တွေ ထဲ က တစ်ယောက်ပါ။
အခုတော့ “ကာရံ” လို့ အမည်ပြောင်းထားတယ်။
သူက ရွာထဲ မှာ သိပ်တော့   ဖြစ်တဲ့ သူ မဟုတ်ပေမဲ့ သူ့ ကဗျာလေး တွေ ကို မကြာမကြာ လာလာပြီး တော့ ချ ပေးပါတယ်။

ကာရံ ရွာထဲ ကို စပြီး ခြေချခဲ့တာ Oct 3, 2012 “ချစ်သူ” ဆိုတဲ့ ကဗျာလေး နဲ့ ပါ။
သူလဲ  စ အဝင်မှာ Category ရွေးရမှန်းမသိလို့ “Copy/Paste ”   နဲ့ ငြိခဲ့တာ တွေ့ရတယ်။
မှန်းကြည့်ရတာတော့ အလင်းဆက် ရဲ့ သူငယ်ချင်း ထင်ရဲ့။
. မောင်ပေ နဲ့ cobra လဲ မှတ်ချက်ပေး အားဖြည့် ထားတယ်။
cobra  တစ်ယောက် ဒီအချိန်မှာ အလုပ်များနေမှာလား၊ အဲဒီမှာ ရှိသေးလား ကိုလဲ သိချင်နေမိသေး။

ကဗျာပေါင်း ၁၈၂ ပုဒ် ကို တင်ပေးခဲ့တယ်။

ဒုတိယ တစ်ပုဒ် “သံယောဇဉ် နှောင်ကြိုး”  မှာတော့ စာလုံးပေါင်း တွေ အတွက် စေတနာ သတိပေးချက် တွေ ရှိခဲ့တာ တွေ့ရတယ်။
အဲဒီ ဝေဖန်ပေးမှုလေး တွေ ကို စိတ်ပျက် မသွားဘဲ တလေးတစား လက်ခံ ပေးခဲ့ တဲ့ စိတ်ဓာတ် လေး က ချစ်ဖို့ကောင်း လိုက်တာ လို့ တွေးမိနေတယ်။
ဒီ အပုဒ် မှာလဲ “Copy/Paste ” ထဲ က မထွက်နိုင်သေးဘူး။

တတိယ “အမိန့်” ဆို တဲ့ ခေါင်းစဉ်လေး နဲ့ ကဗျာ မှာတော့ “Poetry ”  Category  ကို ရွေးနိုင်ခဲ့ပြီ။
အဲဒီထဲမှာ ကိုသုဝေ ရဲ့ မှတ်ချက် ကို ဖတ်ပြီး ရီ လိုက်ရတာ။
{{
Thu Wai says:
အမ် ဘာပြောရမှန်းတောင် မသိတော့ ဘူး
ကဗျာ ဆိုရင် လဲ tag လေး တော့ထည့်ပေးပါလား အခုတော့ အမိန့်ဆိုလို
ဘာအမိန့်တွေများ ထပ်ထုတ်လိုက်ပြီလဲ ဆိုပြီး ၁ မိနစ်လေးကျပ် ပေးရတဲ့ ကွန်အစုတ်လေးစီးပြီးလာခဲ့တာ
}}
လွန်ခဲ့တဲ့ ၃နှစ်လောက် က လဲ “၁ မိနစ်လေးကျပ်” အခု လဲ “၁ မိနစ်လေးကျပ်” ဘဲ ထင်ရဲ့။
ဈေးမတက် တာ ကို ဘဲ ကျေးဇူးတင်သင့်လား။
ဈေး မကျ တာ ကို ဘဲ အပြစ်ပြောသင့်လား။
မသိတော့။

ဘာဘဲ ဖြစ်ဖြစ် ကာရံ က တော့ သူ ရဲ့ ချစ်သော ကဗျာ လေး တွေ နဲ့ ရွာထဲ မှာ ပြီးခဲ့တဲ့ လ အထိ တော့ တွေ့နေဆဲဘဲ။
သူ့ရဲ့ နောက်ဆုံး တင်ထား တဲ့ ကဗျာ “ခရေပန်း” ထဲ မှာ သူကြီးမင်း က “ခရေ အနံ့မျိုးနဲ့.. အဆီထုတ်ရောင်းရင်.. စီးပွားဖြစ်နိုင်တယ်..ထင်..။” ဆိုပြီး ပြောလိုက်လို့
ကဗျာရေးဖို့ ထက် ခရေတွေ ကို များ ပြေးကောက်ပြီး စု နေလေရော့သလား ကာရံ ရေ။
. ပြန်လာပါဦး။

လာမဲ့  ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

5 comments

  • စာလုံးပေါင်း သတ်ပုံ ကို လျှာရှည်တဲ့ အထဲ ကျနော်လဲ ပါမယ်ထင်ပါရဲ့။

    ကိုလတ်ကြီးရေ

    ကျနော်လဲ စာ စာ ရေး စက ဘယ်အပိုင်းထဲ ဘယ်လို့ ထည့်ရမယ်ဆိုတာ မသိခဲ့တာအမှန်ပါဘဲ။

    စာရေးပြီး တင်လိုက် အဲလိုဆိုပြိးသွားမယ်ထင်ခဲ့တာကိုး။

    ကျနော်ထပ်အကူအညီတောင်းပါအုံးမယ်။

    ကျနော် ရဲ့ ပိုစ်မှတ်တမ်းမှာ draft တွေအများကြီးဘဲ

    ရှင်းနိုင်သူများ ရှင်းပေးပါအုံး။

    အဲဒါတွေက ပိုစ်ရေးနေရင်း တင်မလို့ စီစဉ်နေရင်း ကော်နက်ရှင်ပြတ်သွားတဲ့ အခါ ဖြစ် သွားတာပါ။

    ပြင်နိုင်သူများ က ပြင်ပေးစေလို့ပါတယ်။

  • Alinsett @ Maung Thura

    July 18, 2015 at 10:00 pm

    အခု အဲ့ဟာဂျီးက စလုံးနဲ့ ရန်ကုန် အိမ်ဦးနဲ့ ကြမ်းပြင် ဖြစ်နေလေရဲ့။
    ကျနော့် သူငယ်ချင်း အရင်း ဂေါက်ဂေါက်ပါပဲ။
    :k:

  • ဇီဇီခင်ဇော်

    July 19, 2015 at 4:37 pm

    စာသားလေးတွေ အတွေးလေးတွေ နူးညံ့တဲ့ ကဗျာပိုင်ရှင်ပါ

  • Ma Ma

    July 19, 2015 at 7:48 pm

    စာလုံးပေါင်းသတ်ပုံဆိုရင်တော့ ကိုယ့်ပယောဂမကင်းဘူးထင်လို့ ပြေးပြီ။ :k:

  • Mike

    July 20, 2015 at 1:41 pm

    .မော်ဒါန်ကဗျာတွေကိုတော့သိပ်မခံစားတတ်ဘူး…ကာရံ ရဲ့ကဗျာကတော့ရိုးရိုးစင်းစင်းလေးတွေမို့
    .အားပေးခဲ့ပါတယ်..

Leave a Reply