၂၀၁၅ ဇူလိုင် ၁၉

ムラカミJuly 19, 20156min61710

နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။

နောက်ထပ် အာဇာနည် နေ့ တနေ့..။

မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။

 

ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့

နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။

 

သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။

တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး

ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။

ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။

 

 

တကယ်တော့ သည်နှစ်က ထူးခြားနေတာ..။

လူတွေ အနည်းငယ် ငြိမ်နေပါတယ် ဆိုကာမှ ထူးထူးရယ်မှ ခြားခြား

သတင်းစာတွေက အာဇာနည်ခေါင်းဆောင်ကြီး မိသားစုတွေ တွေ့ဆုံမေးမြန်း ထည့်ရတာနဲ့..

ဗိုလ်ချုပ် ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ရေးရတာနဲ့ …။


 

ထားပါတော့လေ..။ ကိုယ့်အကြောင်းကိုယ်ပဲ ပြောပါတော့မယ်

၂၀၁၅ ဇူလိုင် ၁၉ အထိမ်းအမှတ်အနေနဲ့ ဗိုလ်ချုပ် poster tutorial လုပ်ပြီး ဂုဏ်ပြုလိုက်ပါတယ်။

 

Displacement_F2
General Aung San

နှစ်သက်သလို ကူးယူ သုံးစွဲနိုင်ပါသည်။

 

 

ပုံမှာ သုံးထားတဲ့ စာသားတွေက တော့ ဗိုလ်ချုပ် ရဲ့ မိန့်ခွန်းဟောင်းတွေပါ

ပုံမှာတော့ ဖတ်လို့ရမှာ မဟုတ်ပါဘူး။ သည်မိန့်ခွန်းတွေကိုတော့ အောက်မှာ စာသားအနေနဲ့ ချရေးထားပါတယ်။


 

 

“Comrades, I just want to say briefly, we are go­ ing to the battle field now, we all have to face trouble, starving and difficulties. Show your courageous blood as Burmese. Obey the order of your Commanders. The commanders must have fairness and comradeship. As I promise I am going to march along with you. Knock the enemy of Burma down. Seek and destroy your nearest enemy, that’s all”

27th March 1945

From the speech of Marching to Battle at the Revolutionary Garden


Democracy is the only ideology which is suit­ able for the Independence. The ideology encourages Peace. Therefore we should aim that ideology. So, I want to explain about that ideology.
By our sight, the leadership of the country must be group leadership rather than personal leadership. The leadership must be under the administration of group desire but not under the personal desire.

August 1945,

at the 4th National Leaders’ Meeting speech


I want to talk to you a little about myself. Cur­ rently, I am a popular person in public but I am not God, wizard and magician, I am just a human. I am not also an angel and I am able to do like a human. I am so young. I take the whole country’s responsibility in the front. I don’t think myself I have perfect ability to take this responsibility. And everybody knows I have a quick temper. This is my origin. When I am busy or interrupted, I am used to being short-tempered. I will try to amend this as possible as I can. But all of you need to be patient. If I will also be patient, try to recruit more strength of people than today show and you will encourage what we do for you, we can do more on the independence which we want and we can do more on people’s welfare and it will be more effective. Therefore, I want to leave a message to people, please stand patiently.

1946, September
From the White Paper Project Demonstration Speech


We are revolutionary. All of you know about it. But we don’t like the revolution without intention as a blind. What is revolution? By my sight, revolution means not only violent fighting but also changing the old system to the new system. So, revolution is con­ tinuous. Sometimes the distinct changing of quantity to quality promptly means revolution. Unrest, violence and fighting are the last way that we have anyway to choose. The first fighting anyway is meaningless. There is no one who doesn’t want to get what he wants peace­ fully. If not, that person is a fool. Moreover, every in­ telligent person wants to try what he wants peacefully otherwises tries the other way.

18th December 1946
From the Mawlamyine Thanphyuzayap Speech


In politics, a leader has especially more a wide range of view than a follower. The leader is not in be­ wildered manner who believe in this man and that man, this is not the ability of leader. The leader must dare to say and explain what they believe to people. He must dare to sacrifice his life if needed. If a person is undecided and cannot choose the right way to go clearly, that person is not a leader. A person without self-confidence never trusts other people. As for me, I believe myself. History will decide what is right and what is wrong.

27th February 1947
The Ceremony Speech for Rangoon Municipal officers and Honorable People


 

 

စာသားတွေကိုတော့ အောက်ပါ site က နေကူးယူဖော်ပြပါတယ်။

http://www.thefuturemyanmar.com/en/excerpts-general-aung-sans-speech

 

မူရင်း ဓါတ်ပုံကတော့ သည်ကပါ

http://versatilepot.blogspot.com/p/blog-page_1787.html

 

PS Photoshop Tutorial ကတော့ youtube မှာ ရှိပါတယ်။

(Scale အရ ကိန်းဂဏန်းများသည် tutorial ထဲကအတိုင်းမဟုတ်ဘဲ တပုံနှင့် တပုံလည်း တူညီလိမ့်မည်မဟုတ်ပါ)

 

တော်သေးပြီ။

10 comments

  • မြစပဲရိုး

    July 19, 2015 at 1:03 pm

    . ပြောရက်လိုက်တာကွယ်။
    . ပြီးခဲ့တဲ့ အပါတ်ထဲ က တင်ထားခဲ့တာပါ။
    {{
    Aungsan.com ရဲ့ “၁၉ ဇူလိုင် အထူးနေ့ ” အတွက် မြန်မာလို Version လေး ကိုလဲ မိုဘိုင်း ပေါ်မှာ ဖြစ်စေ၊ ကွန်ပျူတာပေါ်မှာ ဖြစ်စေ အားပေးကြပါဦး။
    . ကျေးဇူး အထူးတင်ပါတယ်။
    http://myanmargazette.net/216920
    }}
    သူများတွေ မွှန်း နေတာ က အခု မှ လို့ မပြောပါဘူး။
    ငယ်ကထဲ က လေးစားကြည်ညိုခဲ့ ရတဲ့ ယောကျာံးတစ်ယောက် ရဲ့ စကား တွေ ကို ရင်ထဲ မှာ တင် မက လက် နဲ့ ပါ အမြဲ ချ ရေးပေး နေသူပါ။
    http://aungsan.com/
    အဲဒီ မှာ နှစ်တိုင်း ဒီ အချိန် ပန်းစည်း တစ်စီး တွေ့လိမ့် မယ်။
    အဲဒီ နေရာ မှာ သူ့ သမိုင်း စကား Page တွေ နေ့တိုင်း အချိန်တိုင်း မပြတ် ရှင်နေလိမ့် မယ်။

    ဒီ နေ့ တစ်နေ့ ထဲ မဟုတ်၊ ဖေဖဝါရီ လ ထဲ တစ်နေ့ မှ မဟုတ်။ နေ့တိုင်း ရှင်သန် ပြီး ရှိ နေမဲ့ သူ။

    ရွာထဲ မှာ ဒီ နှစ် မတင်လိုက်တာက FB ထဲ မှာ၊ ဂျာနယ် တွေထဲ မှာ ဒီ နှစ် ဒီ မိန့်ခွန်း တွေ အပြည့် ရှိနေမှာ သိလို့ ပါ။

    အမှတ်တရ ပုံလေး အတွက် ကျေးဇူး။
    တစ်နေရာ မှာ သုံး ပါ့မယ်။ ဒီ လ ကုန် သည် အထိ။ :-)))

    • kai

      July 19, 2015 at 2:02 pm

      http://aungsan.com/
      မှာ အရောင်စုံပန်းတွေတွေ့ပါရဲ့..။

      ဂီဂီပုံလေးသဘောကျကြောင်း…
      လွန်ခဲ့တဲ့.. ရနှစ်လောက်က.. ဒေါ်စုမွေးနေ့အမှတ်တရအဖြစ်.. Freedom စာလုံးနဲ့.. ဒေါ်စုပုံကိုလုပ်..
      တီရှပ်ရိုက်ရံပုံငွေရှာဖူးကြောင်း…။

  • မြစပဲရိုး

    July 19, 2015 at 1:08 pm

    “ ကိုယ့်ကိုယ်ကိုမယုံတဲ့သူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။
    ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။
    ကျွန်တော့အဖို့ ကျွန်တော့ကို ကျွန်တော်ယုံတယ်။
    ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။
    ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။
    ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

    ဗိုလ်ချုပ်အောင်ဆန်း
    “၁၉၄ရ ခု၊ ဖေဖဝါရီလ ၂၈ရက်၊ မြို့မိမြို့ဖ များမှဂုဏ်ပြုသည့် ဧည့်ခံပွဲ၌ ပြောကြားခဲ့သော မိန့်ခွန်းမှ”

    “လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကြီးကို ကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်း သေးသိမ်တဲ့ လူမျိုးရေး တရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွါးအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။

    ဗိုလ်ချုပ်အောင်ဆန်း
    ၁၉၄၅ခု၊ ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေး မိန့်ခွန်းမှ”

    {{ လှိုင်းထန်လေထဲ မျှောတဲ့ အခါ အထီးကျန်လာတိုင်း အတွေးထဲမှာ အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ
    ဘဝ ဒါဏ်ချက်များ အိမ်မက်မှာ မျက်ရည်တွေ စို့ရတဲ့ အခါ အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ
    ဒုက္ခတွေ ထည်လဲ တွေ့တဲ့အခါ တစ်ခြားသူမရှိဘူး ကျွန်တော့ အတွေးမှာ အမြဲမြင်ယောင် တမ်းတ မိတယ် အဖေ }}

    https://www.youtube.com/watch?v=bWAWAr01dfk

  • မြစပဲရိုး

    July 19, 2015 at 1:27 pm

    လူ တွေ တစ်ချို့ အကြောင်း ကိုလဲ ဒီ မှာ တွေ့နိုင်ပါ လိမ့်မယ်။
    မလုပ် နဲ့ ဆို ဒွန့် တက်ပြီး လုပ်ပြ မယ်။
    . ကြိုက်သလို လုပ် လဲ ဆိုရော လုပ်ဖို့ စိတ်မဝင်စား တော့ဘူး။
    သူတို့ လို ချင်တာ ဆူဖို့ ပူဖို့ အစိုးရ ကို ကလန်တိုက်ဖို့။
    တကဲ့ စိတ်စေတနာ မှ မပါတာ ကိုး။
    ဒါမျိုး တွေ ကို သိ တဲ့ အစိုး ရ က ကိုင်တတ် ရင် အကွက်ကောင်းပေါ့။
    ဒီအချိုး မျိုး နဲ့ ၈၈ မှာ နိုင်ငံ မှောက် သွားခဲ့တာဘဲ။

    ဒီလို စိတ်ဓာတ်ပေါင်းစုံ ၊ လူတန်းစားမျိုးစုံ ကို ပြင်ရမှာ သိပ်တော့ တာဝန်က သေးတာ မဟုတ်ဘူး။
    အတော်လေးကို မြင် နိုင် မှ ရမှာ။

    . ဒေါ်အောင်ဆန်းစုကြည် ကို တော့ သူ့ ခြေလှမ်း တွေ ကြည့်ပြီး အခုထိ ယုံကြည် နေဆဲပါဘဲ။

    • @QUIL@

      July 19, 2015 at 11:38 pm

      ရုရှ ဟာသ တပုဒ် ကို မြန်မာမှုပြုထားတာ ရင်နာနာနဲ့ ရီမောဖူးတဲ့ ဟာသတခု သည်နေရာမှာ သွားသတိရတယ်
      ကြားဖူးပီးသားနေမှာပါ

      ဂိုးလ်ဒင်းဂိတ်မှာ ကန် ၂ယောက်လမ်းလျောက်လာသတဲ့..
      ရှေ့မှာ လာတဲ့ အင်္ဂလိပ် ကိုတွေ့တော့ ၁ဝဒေါ်လှကြေး လောင်းကြတယ်
      တယောက်က ခုန်ချမယ် နောက် တယောက်က ခုန်မချဘူး – စကားသပ်သပ်နဲ့ ကျပ်ပေးကြေး ဆိုပြီး
      ဆိုတော့ ခုန်ချမယ် ပြောတဲ့ လူက အင်္ဂလိပ်ကို ပြေးကျပ်ပေးတယ်…

      ခညာ့တို့ တိုင်းပြည်က ပါလီမန်ကြီးကို ပိတ်ပီး -ာတန်း ဖွင့်လိုက်ပြီ – ဆိုပြီးတော့ …

      အင်္ဂလိပ်ခညာ ရှက်လွန်းလို့ ခုန်ချပြီး သတ်သေသွားသတဲ့ … ၁ဝဒေါ်လှ နိုင်သတည်း ပေ့ါ…

      ရှုံးတဲ့ ကန် က မကျေနပ်လို့ နောက်တခါ ထပ်လောင်းဖို့ ကြံတုန်း ဖရန်ဆစ် တယောက် ဖြတ်လာတာတွေ့သတဲ့
      သည်တခါ ဒေါ်လှ ၁၀ဝ ကြေး

      ခုန်ချစေရမယ် ဆိုတဲ့ လူ ပြေးကျပ်ပေးတဲ့ စကားက

      ခညားတို့ တိုင်းပြည်မယ် ရှိသမျှ -ာတန်းတွေ ပိတ်ပြီး အစိုးရက ကြပ်ကြပ်မတ်မတ် အရေးယူမယ် ဆိုတာပါပဲ
      ဖရန်စစ် ခညာ စိတ်ထိခိယက်လွန်းလို့ ခုန်ချသတ်သေပြန်ပါသတဲ့

      နောက်တခါတော့ ရွှေ ကို တွေ့သတဲ့…
      ရှုံးမဲ မဲနေတဲ့ ကန်က သည်တခါတော့ ဂလောက် ဂွကျတဲ့ လူမျိုး ဟိုအကောင်တော့ နိုင်အောင်ပြောနိုင်မယ် မထင်
      ဆိုပြီး ဒေါ်လှ ၁၀၀ဝ ကြေး လောင်းသတဲ့….။

      အကြောသိပြီးဖြစ်တဲ့ နိုင်နေကျ ကန်က ရွှေ ကို ပြုံး စစ နဲ့ တခွန်းပဲ ပြောခဲ့တယ်..
      အဲ့ဒါကတော့….

      ဟေ့လူ ဒီမှာ ရေဆင်းမကူးရဘူး လို့ စည်းကမ်းထုတ်ထားတယ် သိသလား … တဲ့…


      ဘာ….

      ဗွမ်း။။။

      အဲ့လို…

      • kai

        July 20, 2015 at 3:37 am

        မြန်မာတွေစည်းကမ်းဖောက်လို့
        ထီးနန်းပျောက် ဖြစ်ပြီ၊
        မှီးငြမ်းထောက်အသစ်မှီသည်
        ညစ်ပလီလူမျိုး
        မိပစ်လို့ ဖရှောင်သွေတယ်
        ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။
        ဗမာချင်းတော့ ကြွားကြချင်
        ဓားပြပင် သူခိုး
        ကုလားမြင် သူ့အမေရိုးတော့မလိုပ
        ခုမြေရှိုး ပုန်းရှောင်
        မိုက်မနော် ပြုမဟေးတို့က
        သူ့ပထွေးတော့ ခွေးသို့ မဟောင်၊
        ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
        ဆာသင်တောင် ဒူးချလို့
        ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ
        တွေးမိတိုင်း အရိုးနာသည်
        အမျိုးပါ ဆဲချင်တော့လေး။ ။

        အချုပ်တန်းဆရာဖေ

      • kai

        July 20, 2015 at 3:39 am

        အဲဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊ လွတ်လပ်ရေး ရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်သမ်းထားပါ။ လွတ်လပ်ရေးကို လိုချင်ရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။
        အဲဒီလို လုပ်ပြီးတဲ့နောက် ရှေ ့ကိုလွတ်လပ်ရေး အရသာကို ခံစား စံစားချင်ကြတယ်ဆိုရင်၊ အလုပ်လုပ်ကြဖို့၊ စည်းကမ်း ရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ စောက်ကျင့်တွေကို ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော်ကနေ့ပြောခဲ့ချင်တယ်။

        *ဗိုလ်ချုပ်အောင်ဆန်း*

  • ဇီဇီခင်ဇော်

    July 19, 2015 at 4:31 pm

    လေးစားပါတယ် သမိန်ဂီ

  • Ma Ma

    July 19, 2015 at 7:55 pm

    ဒီလို အသံတွေကြားရ မြင်ရတာ ဝမ်းသာစရာပဲ။
    ဒီစာဖတ်ရတာ ဒီပုံတွေ့ရတာလည်း ဝမ်းသာစရာပဲ။ 🙂

  • Mike

    July 20, 2015 at 2:00 pm

    .ဗိုလ်ချုပ်အင်္ဂလိပ်လိုမိန့်ခွန်းက ရိုးရိုးလေးနဲ့ထိရောက်တယ်..သူ့အင်္ဂလိပ်စာကိုသဘောကျသဗျာ
    .အလေးပြုသွားပါတယ်မစ္စတာမောင်ဂီ

Leave a Reply