## ရွှေကျင်မြို့မှ မီးမျှောပွဲ ##

ေမာင္ရိုးOctober 22, 20151min5678

ရွှေကျင်ဆိုတဲ.မြို.လေးကမြို.နယ်အဆင်.ဆိုပေမဲ.စစ်တောင်းမြစ်ရဲ.အရှေ.ဘက်ကမ်းမှာရှိတဲ.မြီု.ငယ်လေးပါဒီမြို.လေးရဲ. ချစ်စရာစရိုက်၊နေရာဒေသအနေအထား ၊လူမှုဝန်းကျင်နဲ. ပျော်ပွဲရွှင်ပွဲများ
ပြီးတော့ မီးမျှောပွဲအကြောင်းလေး…..
ဒါတွေကိုအေးအေးဆေးဆေးအချက်အလက်တွေပြန်စုပြီးမှရေးမယ်စိတ်ကူးခဲ.ပေမဲ. ရွှေကျင်မြို.ဝန်းကျင်ဓတ်ပုံတွေတွေ.တော. ထပ်မံအားဖြည်.တဲ.အနေနဲ.ရေးလိုက်ရတာပါ ။

1
ကျွန်တော်ကျင်လည်ခဲ.တဲ. လွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကိုဘဲ ပြန်တူးဆွပါ့.မယ်။ ဓတ်ပုံတွေနဲ. ယှဉ်ကြည်.ရင် ခေတ်အနေအထား့ ကွာခြားသွားတာကိုတွေ.ရမှာပါ။ တချိန်ကတော.ရွှေကျင်မီးမျှောပွဲဆိုတာအလွန်စည် ကားသိုက်မြိုက်စွာကျင်းပခဲ.ကြတာပေါ.။အမှတ်မမှားဘူးဆိုရင် နှစ်စဉ်သီတင်းကျွတ်လပြည်.နေ.နဲ.လပြည်.ကျော် (၁)ရက်နေ.ကပွဲတော်ရက်ပါ။

2
ဒါပေမဲ.ပွဲတော်ရက်မတိုင်းခင် (၁၀)ရက်ကြိုလောက်ကတည်းက ဇတ်ပွဲတွေ ၊ စတိတ်ရှိုး ပွဲတွေ ၊ အနယ်နယ်အရပ်ရပ်ကလာရောင်းကြတဲ. (၁၂)ပွဲဈေးသည်တွေနဲ.လက်ဝှေ.ပွဲတွေ ကျင်းပကြရင်းစည်ကားနေပါပြီ။

3
ဪ …ဒါနဲ. မီးမျှောပွဲဆိုတာ ရွှေကျင်မြို.ရဲ.ဘုရားကြီးကိုပူဇော်ပွဲလုပ်ရင်း ရှင်ဥပဂုတ္တအရှင်မြတ်ကို အလှဆင်မွန်းမံထား တဲ.ဖေါင်တော်ပေါ်မှာတင်ပြီး ရွှေကျင်ချောင်းရဲ.အလယ်မှာ ပူဇော်ထားတာပါ ။

5

ပွဲတော်ရက်မှာ ကမ်းစပ်ကဖြစ်စေ ၊ ရေလယ် ကိုလှေနဲ.သွားပြီးဖြစ်စေ ၊ မီးကြာခွက်လေးတွေကို ရေထဲမှာမျှောကြတာပေါ. ။ ချောင်းရေပြင်တလျောက်မှာ ဆီမီးခွက်ရောင်စုံတွေနဲ. အရှင်မြတ်ရဲ. မီးရောင်စုံထွန်းညှိပူဇော်ထားတဲ.ဖေါင်တော်ကြီးက အလွန်ဘဲ လှပ ကြည်ညို ဖွယ်မြင်ကွင်းလေးတွေပေါ့ ။ ဒါကိုအကြောင်းပြုပြီး မီးမျှောပွဲရယ်လို.ခေါ်ခဲ.ကြတာပါ

4

……။ ရွှေကျင်မီးမျှောပွဲအကြောင်းပြောရင် ရွေကျင်မြို.ရဲ.ဒေသခံတွေအကြောင်းလဲမပါမဖြစ် ပြောရလိမ်.မယ်ဗျို. …။ ရွှေကျင်မြို.ဆိုတဲ.အတိုင်း ရွှေ ထွက်ပါတယ် ။
တချိန်က ရွှေကျင်ချောင်းထဲမှာ မည်သူမဆိုလွတ်လပ်စွာ ရွှေကျင်ယူလို. ရခဲ.ပါတယ် ။ ခုတော. သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရောက်သွားပါပြီ .။ ဟိုတချိန်က ရွှေကျင်ဝန်းကျင်က ဒေသသားတွေထဲက ၇၀% လောက်က ရွှေကျင်တတ်ကြပါတယ် ။ လက်လုပ်လက်စား ရွှေကျင်တဲ.သူတွေက မနက် စောစောထ ..မိသားစုလိုက် ချောင်းထဲဆင်းပြီး ရေထဲမှာရွှေကျင်ကြတယ် ။
အသက် (၇)နှစ်သားလောက်ဆိုရင် အင်ဝိုင်း ( ရွှေကျင်ရာမှာသုံးတဲ.ခမောက်လို ကတော.ချွန်ဗန်း) ကိုကောင်းကောင်းကိုင်တတ်နေပါပြီ။ တနေကုန်ကျင်လို.ရသမျှ ရွှေမှုန်လေးတွေကို ညနေမှာဖြစ်ဖြစ် ၊ နောက်နေ.မနက်မှာဖြစ်ဖြစ် ရွှေဝယ်တဲ.သူတွေဆီသွားပြီး ရောင်းကြရပါတယ် ။ ဒါဟာ သူတို.ရဲ. စားဝတ်နေရေး စီးပွားရေးတခုပါ ။ ပြီးတော. ရွှေကျင်မြို.ရဲ.အထင်ကရ လုပ်ငန်း တစ်ခုကတော. ရှောက်သီးဆေးပြား ထုတ်လုပ်တာပါ ….ရှောက်သီးခြံတွေပတ်လည်ဝိုင်းနေတဲ.ရွှေကျင်ြ့မို.မှာ ရှောက် သီးဆေးပြားလုပ်တဲ. လုပ်ငန်းတွေကလည်း အများကြီးဘဲပေါ.ဗျာ ။ ဒေသခံ လက်လုပ်လက်စားတွေကတော.ရှောက်ခြံ တွေထဲမှာဖြစြ်ဖစ် ၊ ဒါမှမဟုတ် ရှောက်သီးဆေးပြားလုပ်ငန်းထဲမှာဖြစ်ဖြစ် နေ.စားဝင်လုပ်ကြရပါတယ် ။
အထူးသဖြင်. ခြံလုပ်ငန်းတွေ လုပ်ကြတာပေါ. ….။ ရှောက်ပန်းသီး(ကျွဲကောသီး) ၊ ဒူးရင်းသီး နဲ. ကြက်မောက်သီးတွေလဲ ရာသီ အလိုက်ထွက်ပါတယ် ။ ဒါကတော. တချိန်ကရွှေကျင်မြို.ရဲ.လုပ်ငန်းကိုင်ငန်းအကြောင်း အနည်းငယ်ပါ ….။ လူမှုရေးအကြောင်းပြောရရင်တော. ရွှေကျင်မြို.ခံတွေက သဘောကောင်းပြီး ဖေါ်ရွေကြပါတယ် ။ ရွှေကျင်မှာ ဟိုတုန်း က တည်းခိုခန်းတွေမရှိပါဘူး ….( အခုတော့ ရှိနေပါပြီ)
ဒါကြောင်. မီးမျှောပွဲလာတဲ. ရပ်ဝေးကဧည်.သည်တွေကို မြို.ခံလူတွေက သူတို.ရဲ. အိမ်တွေမှာ တည်းခိုစေပါတယ် ။ သူတို.စားသလိုများ စားတတ်ရင်ထမင်းတောင်ကျွေးသေးသဗျ ။ ဘာလက်ဆောင် အခွင်.အရေးတွေမှ မမျှော်ကိုးပါဘူး ..စေတနာသက်သက်နဲ.ပါ ။ သူတို.မှာရှိတဲ.စောင်တွေ ၊ ခြင်ထောင်တွေကိုပါထုတ် ပေးပြီး အိပ်စေပါတယ် ။ ပွဲတော်ရက်မှာ ညနက်သန်းကောင် ပြန်လာတဲ.အထိတံခါးဖွင်.ထားပြီး စောင်.နေတာပါ ။
(ခုတော.မသိဘူးနော် …ဒါလွန်ခဲ.တဲ.အနှစ်နှစ်ဆယ်ကျော်အထက်ကစိတ်ဓတ်တွေ ) တချိန်က ရွှေကျင်မြို.ရဲ.အရှ.ဘက်မှာရှိတဲ. အရှေ.ရိုးမတောင်တန်းကြီးတခွင်မှာ KNU ဗိုလ်ချုပ်ရွှေဆိုင်းရဲ.တပ်မဟာ (၃)က လှုပ်ရှားနေခဲ.ပေမဲ. ဒီလိုပွဲတော်မှာတော.ဘယ်လိုမှ အနှောက်အယှက်မပေးပါဘူး ။ သူ.တပ်သားတွေတောင် မီးမျှောပွဲကိုလာနွဲကြပုံရပါတယ်။ ဒီဘက်အစိုးရကလည်း အဲဒီအချိန်မှာ ဧည်.စာရင်းစစ်တာတို. ဘာဘာညာညာ စစ်တာ တို.မလုပ်ပါဘူး ။ နားလည်မှုနဲ.မသိဟန်ဆောင်နေကြပါတယ်။ ဒါကြောင်. မိးမျှောပွဲတော်ချိန်မှာ အမူးသမားအနည်းငယ် လောက်သာရန်ဖြစ်တာကလွဲရင် အားလုံးအေးအေးချမ်းချမ်းပါ ။
ကဲ ကဲ ဒေသန္တရနဲ. လူမှုဝန်းကျင်ကတော.နဲနဲ ပါးပါး အမြည်းအဖြစ်ပြောပြီးပါပြီ ….
ပွဲတော်အကြောင်းလေးစကြပါစို. …..ဒီလို ဒီလိုပါ …။ လွန်ခဲ.တဲ.နှစ်(၂၀)ကျော်အထက်က ရွှေကျင်မြို.ရဲ.မီးမျှောပွဲကိုသွားမယ်ဆိုရင် အရင်ဆုံး ညောင်လေးပင်မြို.ကိုရောက် အောင်လာကြရပါတယ် ။ ညောင်းလေးပင်ကတဆင်. ပြွန်တန်ဆာ – မဒေါက် ရထားကိုစီးပြီး စစ်တောင်းမြစ်ရဲ.အနောက် ဘက်ကမ်းမှာရှိတဲ. မဒေါက်မြို.ကိုသွားရပါမယ် ။မဒေါက် ကနေစက်လှေနဲ.စစ်တောင်းမြစ်ကိုဖြတ်ပြီး အရှေ.ဘက်ကမ်း မှာရှိတဲ.ရွှေကျင်မြစ်ဆိပ်ကိုသွားရပါတယ် ။။ဒီကတဆင်. ရွှေကျင်မြို.ထဲကို နှစ်မိုင်ကျော်ခန်. မြင်းလှည်းစီးပြီးဝင်ကြရတာပါ ဒါက အရင်ကလမ်းကြောင်းဆိုပါတော. ။ အဲဒီတုန်းက ကားလမ်းအဆင်.မရောက်သေးပါဘူး ….တာရိုးလို.ခေါ်တဲ. ကျောက်ခင်းလမ်းမျှသာရှိသေးတာပါ ။ဒါကြောင်.ညောင်လေးပင်ကနေ မဒေါက်ကို ရထားတမျိုးထဲသာ အားကိုးပြီးသွားရ တာပေါ. …။(အခုတော့ တံတာကြီးပြီးလို့ကားတိုက်ရိုက်မောင်းလို့ရပါပြီ )
အဲ အဲ ရထားဆိုလို. …ဟိုတုန်းကရထားက အခုခေတ်လို ရထားမဟုတ်ဘူးနော် ဒုတိယကမ္ဘာစစ်ကျန် ကျောက်မီးသွေးသုံး ရေနွေးငွေ.အင်ဂျင်နဲ.မောင်းရတဲ. ပြတိုက်ထဲကရထားကြီးပါ …။ ရှူးရှဲ ရှူးရှဲ နဲ.ဒေါသတကြီးမောင်းတဲ.ရထားကြီးကို လမ်းဘေးရွာတွေကလိုက်မယ်ဆိုရင်လက်ပြပြီးတားလို.ရတယ်ဗျ၊ သဘောကောင်းတဲ.ရထားကြီးကလည်း လူစုစုတွေ.ရင်ရပ်ပေးတာဘဲ ။အဲဒီနားက ပုဇွန်မြောင်းရွာဆိုရင် ငါးချဉ်လုပ်တာ အလွန်ကောင်းတယ် ။ ဒီဒေသမှာ မိုင်(၃၀) အတွင်း သူ.ငါးချဉ်က အကောင်းဆုံးဘဲ ။ အဲ ..လက်ပြပြီးတားဆီးလို. ရတဲ.ရထားကတော. မြန်မာပြည်မှာ ဒီတစ်စီးဘဲရှိမယ်ထင်တယ် …။

ဒီလိုနဲ.ပွဲတော်ချိန်မှာရထားကိုတိုးစီးပြီး မဒေါက်မြို.ကိုသွားရပါတယ် ၊ ရထားဘယ်လောက်ကြပ်သလဲဆိုရင် မတ်တပ်ရပ် တာခြေတဘက်က ကြမ်းပြင်ကိုမထိဘူး ။ မဒေါက်ရောက်တော.ရထားပေါ်ကအမြန်ဆင်း …လှေဆိပ်မှာတွေ.တဲ.စက် လှေပေါ်နေရာလုတက် …ပြီးတော. ရေစီးအင်မတန်သန်တဲ. စစ်တောင်းမြစ်ကိုကူးကြရပါတယ် …။ ရွှေကျင်ဘက်ကမ်းလည်းရောက်ရော မြင်းလှည်းတွေကလာကြိုနေကြပါတယ် ၊ ဒီလိုနဲ. မြင်းလှည်းငှားပြီး မြို.ထဲကိုဝင်ကြ ရတာပေါ. ။ ရွှေကျင်မြို.ထဲကိုဝင်တဲ.လမ်းမကြီးနံမည်က “မကျည်းတန်း ” လမ်းတဲ. ။အဲဒီ မကျည်းတန်းလမ်းအတိုင်း ဆက်သွားရင် ရွှေကျင်မြို.ရဲ. မြို.ဒေါင်.စေတီဘုရားကြီးကိုတွေ.ရမှာပါ .။ပွဲတော်ကျင်းပတဲ. ရွှေကျင်ချောင်းက မြို.ကိုပတ်ပြီးစီးဆင်းနေလေတော. ဘုရားကုန်းတော်ကမြို.အစွန်ဖြစ်နေတာပေါ. ။ ဘုရားကုန်းတော်ပေါ် ကကျောက်လှေခါးအတိုင်းဆင်းရင် ချောင်းရဲ.သဲသောင်ပြင်ကိုရောက်ပါမယ် ။ ဒီနေရာမှာရွှေကျင်ချောင်းက မြစ်နဲ.ပေါင်း ဆုံခါနီးဖြစ်တဲ.အတွက် ချောင်းရေပြင်ဧရိယာ ကတော်တော်ကျယ်ပါတယ် ။မသိရင်မြစ်လို.တောင်မှထင်တတ်ကြသေးသဗျ ။
ပွဲတော်လာတဲ.သူတွေကတော. တချို.ကဘုန်းကြီးကျောင်းတည်းကြတယ် …
တချို.ကတော. ကျွန်တော်ပြောသလို မြို.ခံအိမ်တွေမှာတည်းကြတာပေါ. ။
ပွဲတော်ရက်မှာ မြို.ထဲကိုမြင်းလှည်းတွေနဲ.ဝင်လာကြပြီဆိုရင် မကျည်းတန်းလမ်း တလျောက်အိမ်တွေကထွက်ခေါ်ကြတယ်” တည်းစရာရပြီလား ၊ ဒီမှာလည်းတည်းလို.ရတယ် ” ဘာညာ စသည်ဖြင်. ပေါ.ဗျာ ….သူတို.က ရပ်ဝေးကဧည်.သည်ကိုခန်.မှန်းမိတယ် …
ချိုးစရာရေကအစခတ်ပေးထားတာ …..။ မြင်းလှည်းပေါ်ကဘုရားဖူးတွေကိုများ ထွက်ခေါ်ကြတာ တကယ်.ဆွေမျိုးတွေ ၊မိတ်ဟောင်းတွေကျနေတာဘဲ …..။
ဒီလိုနဲ. တည်းစရာရပြီးရင် ရွှေကျင်မြို.ထဲ လျောက်ပတ်ပေတော. …။ (၁၀)ရက်ကြိုလောက်ကတဲက နံမည်ကြီးဇတ်တွေ ( ဟိုတုန်းက) ဖြစ်တဲ. နန်းဝင်း ၊ မိုးဝင်း ၊ မန္တလေးသိန်းဇော် ၊ ချမ်းသာ ၊ ဘီအီးဒီ အောင်သိုက် ၊ ဦးမောင်မောင် ဆပ်က ….အစရှိတဲ.ပွဲတွေသူ.ရုံနဲ.သူအပြည်. ….

6
နာမည်ကြီးအဆိုတော်တွေလာဆိုကြတဲ. စတိတ်ရှိုးတွေကလည်းသူ.နေရာနဲ.သူ ….ပြီးတော. လမ်းထောင်.တွေမှာ ရပ်ကွက်ကတင်ဆက်ကပြတဲ.ယိမ်းအဖွဲ.တွေ …တေးသရုပ်ဖေါ်အဖွဲ.တွေ …..မကျည်းတန်းလမ်းတလျောက်မှာတော. အနယ်နယ်အရပ်ရပ်က ဈေးသည်တွေအပြည်. ….လမ်းသွယ်တွေနဲ. လှေဆိပ်ဆင်းတဲ.နေရာတွေမှာလည်း စားသောက် ဆိုင်တွေအပြည်. ….ဘာစားမလဲ …ကြိုက်တာစား ၊ ကျသလောက်ရှင်း …စုံမှစုံဗျာ ….
အဲ အဲ အရက်ပုန်း တိတ်တိတ်ခိုးရောင်းတဲ. အအေးဆိုင်လေးတွေလည်း မပါမဖြစ်ပေါ.ဗျာ …..။ ဒီနေရာမှာအထူး မပါမဖြစ်ပွဲကတော. လက်ဝှေ.ပွဲပါ ။ ပထမတန်းအလံ ၊ ဒုတိယတန်းအလံ နဲ. အလွတ်တန်းစိန်ခေါ်ပွဲတွေ ဒီတော. လက်ဝှေ.ရုံကသုံးလေးရုံလောက်ရှိတယ် ။ ဒီဒေသမှာက လက်ဝှေ.သမားအလွန်ပေါတာဆိုတော…။ ဟိုတုန်းက နာမည်ကြီးလက်ဝှေ.သမားကြီးသမိန်ဗရမ်းဆိုရင်ညောင်လေးပင်မှာတပည်.များစွာမွေးခဲ.သေးတာပေါ. ။ ဒီလိုပွဲမှာသမိန်ဗရမ်းကိုအကြောင်းပြုပြီး ရောက်လာကြတဲ.အနယ်နယ် အရပ်ရပ်ကလက်ဝှေ.သမားတွေနဲ.အတူ ဒေသခံ ဝါသနာရှင်လက်ဝှေ.သမားတွေနဲ.ဆိုတော.ပြိုင်ပွဲရုံတွေက သုံးလေးရုံလောက်ကကိုရှိရပါမယ် ။ လက်ဝှေ.ဝိုင်းကဆိုင်း သံတွေကအသံမစဲ ပေါ.ဗျာ …..။
နောက်တခုကရေထဲမှာပြိုင်တဲ.လှေပြိုင်ပွဲပါ …အုပ်စုလိုက်ရှိသလို တဦးချင်းလည်းပြိုင်ကြပါတယ် . ..။ ပြီးတော. ရှားရှား ပါးပါး တွေ.ရတဲ. တက်ခုတ်ယိမ်း အက ။လှေလှော်တဲ.တက်တွေနဲ.လှေပေါ်မှာထိုင်ပြီး ယိမ်းကကြရတာပါ ။ ကရင်ရိုးရာ ဝါးညှပ်အကမှာ မကတတ်ရင် ဝါးလုံးညှပ်မိသလိုဘဲ တက်ခုတ်ယိမ်းအကမှာလည်း တိုင်ပင်မကိုက်ရင် ခေါင်းကို ရိုက်မိတတ်ပါတယ် ။ ဘာကြောင်.လည်းဆိုတော. ကကွက်တစ်ခုမှာ စည်းချက်အလိုက် ရှေ.ကထိုင်တဲ.သူကလှော်တက် ကိုကန်.လန်.ကိုင်ပြီးခေါင်းပေါ်မြှောက်လိုက်ရပါမယ် …အဲဒိမှာ နောက်ကထိုင်တဲ.သူကလက်ထဲကိုင်ထားတဲ.လှော်တက် နဲ.ရိုက်လိုက်ရပါမယ် ။ ဒီကကွက်မှာ တိုင်ပင် မကိုက်ရင် ရှေ.ကလူခေါင်းကလှော်တက်စာမိမှာဘဲ ..။ လှော်တက်ယိမ်းပြိုင်ပွဲတွေမှာဆိုရင် အသက်(၆၀)ကျော်အဘွားကြီးတွေသီးသန်.ပြိုင်ကြတဲ.တက်ခုတ်ယိမ်းပြိုင်ပွဲကလည်း တမျိုးထူးတာပေါ. ။ ဒီဘွားဘွားတွေက တချိန်က လုံမပျိုလေးတွေလေ ……ဒါတွေကျွမ်းပြီးသား …လှော်တက်တစ် ခုနဲ. တစ်စု ရိုက်လိုက်တာများ “ဖြောင်း”ကနဲနေတာဘဲ ….။ မီးေမျှောတဲ.ရက်မှာကြုံရမဲ. ညနေစောင်းကနေ ညအထိ မြင်ကွင်းလေးကိုပြောဦးမယ် …..။
ညနေဘက် သုံးနာရီကျော်ကျော်လောက်ဆိုရင်ဘဲ ရွှေကျင်ချောင်းထဲမျာလှေတွေပြည်.နေပြီ ..။ ရေလယ်မှာရှိတဲ. ရှင်ဦးပဂုတ်ဖေါင်တော်ကိုသွားဖူးကြရင်းချောင်းထဲမှာလှေစီးကြတာပါ ။

7

လှေကတော.အရွယ်မျိုးစုံငှားလို.ရပါတယ် ။ ကိုယ်တိုင်လှော်တတ်ရင်လှော် …၊ ဒါမှမဟုတ် လှေလှော်တဲ.သူပါငှားလို.ရတယ်…စက်လှေအသေးလေးတွေငှားစီးရင် လည်းရပါတယ် ။ လှေစိးရင်းလည်းစကြ နောက်ကြ ပျော်စရာပေါ.ဗျာ …။ တချို.က လှေလှော်တဲ.သူခေါ်မလာဘဲ ကိုယ်တိုင်လှော်ကြည်.တဲ.သူတွေလည်းရှိကြပါရဲ. ။ လှေကရှေ.ကိုမသွားဘဲ တလည်လည်ဖြစ်နေကြသလို ၊ တချို.က ဝါးလုံးနဲ. လှေကိုထိုးဖို.ကြိုးစားတဲ.သူတွေလည်းရှိကြတယ် ။ မကျွမ်းကျင်တဲ.သူတွေဆို ထိုးဝါးက လှေကိုကလန်.ပြီး လူကရေထဲ ပစ်ကျရော ….ရီကြမောကြ ၊ ကြည်နူးကြ ၊ ပျော်ကြ ….လှေတွေပေါ်က အပျိုချောတွေကလည်း အရောင်အသွေးစုံစုံ ….ကြည်.လို.မငြီး ….အန်တီကြီးတွေတွေ.ရင်လည်း ယောက္ခမခေါ်ပြီးစကြ နောက်ကြ …
ဒီလိုနဲ. ….ညနေစောင်း (၅)နာရီလောက်လည်းရောက်ရော …ရေပေါ်မှာစတုဒီသာဘူဖေး စကြွေးပါတော.တယ် …။ ရွှေကျင်မြို.ရဲ.လုပ်ငန်းရှင်များက သူ.အဖွဲ.နဲ.သူ စက်လှေကြီးတွေနဲ.ထမင်းထုပ်ရာပေါင်းများစွာကိုတင်ပြီး ရေထဲကလှေတွေ ကိုလိုက်ဝေကြတာပါ ။ ထမင်းထုပ်ဝေတဲ.လှေကြီးတွေက ချောင်းထဲမှာစုံဆန်မောင်းရင်းထမင်းထုပ်ဝေကြသလို …ကမ်းစပ် မှာဆိုက်ကပ်ပြီးတော.လည်းကုန်းပေါ်ကလူတွေကိုဝေကြပါတယ် ။

8
အထူးသဖြင်. ရှောက်သီးဆေးပြားလုပ်ငန်းရှင်တွေ ၊ ရွှေ လုပ်ငန်းရှင်တွေကကျွေးကြတာပေါ. …။ ထမင်းကို မနဲမများအနေတော်ဖက်နဲ.ထုပ်ပြီး အထဲမှာငါးကြော် ၊ ကြက်ကြော် ၊ ငပိထောင်း ၊ အချဉ်ထောင်း ၊ အချဉ်သုပ် တွေကိုထည်.ပြီးထုပ်ထားတဲ.ထမင်းပါ ။ ကြွေးတဲ.အလှုရှင်မတူသလို အရသာ လည်းမတူကြဘူး …
အထူးသဖြင်.ထမင်းမြိန်စေတဲ. ငပိထောင်းနဲ.၊ အချဉ်ထောင်းတွေက တဦးနဲ.တဦး လက်ရာမတူ ကြဘူးလေ ….
ချောင်းထဲမှာလှေစီးရင်း စေတနာရှင်အပျိုချောလေးတွေဝေတဲ.ထမင်းကိုစားရတာ အတွေ.အကြုံတမျိုး ထူးသလို ၊ ဘယ်တော.မှလည်း မမေ.နိုင်တော.ပါဘူး ….။ တနေကုန်လည်ထားကြတာဆိုတော. ညနေစောင်းမှာ ဗိုက်ဆာကြပြီလေ …စေတနာရှင် မမလေးများနဲ.ထမင်းထုပ်တွေယူရင်း …စကြ နောက်ကြ ဇတ်လမ်းလေးတွေ ဖန်တီးကြ ….ဒီလို …..
ဒီလို နဲ. …..။ မှောင်ရီပျိုးလို. မီးထွန်းချိန်လည်းရောက်ရော …ချောင်းထဲမှာမီးကြာခွက်တွေမျှောကြတာပေါ. ။
တချို.က ချောင်းကမ်းပါး တလျောက် မျှောကြတယ် ၊

9
တချို.က ချောင်းအလယ်ကိုလှေနဲ.သွားပြီး ရေလယ်ကနေမျှောကြတယ် ..။ချောင်းရေပြင် တစ်ခုလုံး မီးကြာခွက်ရောင်စုံတွေနဲ. ပနံသင်.လို. …တချို.ကလည်း မီးမျှောရင်းနဲ.ဇတ်လမ်းလေးတွေရသွားတတ် ကြတယ် …အနယ်နယ် အရပ်ရပ်က လူအစုံဆိုတော. နဖူးစာရွာလည်ပြီးဆုံကြတာပေါ.လေ ……..။
နောက်ဆုံးရက်မှာတော. ရှင်ဥပဂုတ္တဖေါင်တော်ကို ချောင်းအတိုင်းမျှောချရင်း မီးမျှောပွဲတော်ပြီးဆုံးခဲ.ပါတော.တယ် ။

10

နောက်နေ.မနက် ……ပြန်ခါနီးတော. တည်းခိုအိမ်ကမိသားစုတွေနဲ.အလွမ်းသယ်ကြ ….လိပ်စာတွေအပြန် အလှန်ပေး ….နောက်လဲလာလည်ပါ …ကြုံရင်ဝင်ခဲ. ….ဘာညာတွေပြောရင်း မီးမျှောပွဲကအပြန် ရင်ထဲမှာတော. ဟာတာတာ ……ဪ ….နောက်နှစ်လည်းလာဦးမယ်….ဒီလိုတွေးရင်း …………..။

လေးစားလျှက် မောင်ဆာမိ
** ဓတ်ပုံများကို ကိုဖိုးတုတ်မှ မေတ္တာဖြင့် ကူညီပါသည် ***

8 comments

  • surmi

    October 22, 2015 at 7:19 pm

    တကယ်တော့ ဒီပို့စ်လေးက အရင်ကတင်ပြီးသားပါ ။
    အခု ဓတ်ပုံလေးတွေရလာတာကလည်းတကြောင်းး ၊
    မကြာမှီလပြည့်နေ့မှာပွဲတော်ရဲ့အစီကားဆုံးအချိန်ကို
    ရောက်ရှိတော့မှာတကြောင်း ……
    အကြောင်းကြောင်း လေးတွေကြောင့် ပြန်လည်ဖေါ်ပြရခြင်းဖြစ်ပါကြောင်းးးး
    🙂 :mrgreenn:

  • ဇီဇီခင်ဇော်

    October 23, 2015 at 8:07 am

    သွားလည်ချင်သား ယောက်ခမရယ်။
    ရ တန်း ၈ တန်းလောက်တုန်းက စာပြိုင်ဘက်က ရွှေကျင်ဇာတိရယ်။
    သူတို့မြို့ ပျော်စရာ ကောင်းပုံကို နားထောင်ဖူးပါရဲ့။

    ရိုးရာ ပွဲတော်စစ်စစ်ကို အန်ဒရယ်မရှိ လှည့်ဖျားမှုတွေ မပါပဲ ကြာရှည် တည်တံ့စေချင်တယ်။

    🙂

  • ဦးကြောင်ကြီး

    October 26, 2015 at 5:31 am

    ရွှေက ျင်မြို့ လေခ ျဉ်ပ ျို့ ငွေမြင်ညှို့ ခြေလ ျင်သို့

  • Mike

    October 27, 2015 at 10:34 am

    .စုံနေအောင်ကိုသရုပ်ဖေါ်ထားတော့ကိုယ်တိုင်ရောက်သွားသလိုစီးမြောခံစားရပါတယ်ကိုရင်ဆာမိ
    .ရှဲရှဲနီ :))

  • ကြည်ဆောင်း

    October 27, 2015 at 11:18 am

    အရင်ကရွှေကျင်မီးမျှောပွဲ အကြောင်း ကိုဆာမိရေးတာ ဖတ်ဖူးတယ် ထင်တယ်
    ရေးထားတာဖတ်ပြီး ကိုယ် ကိုယ်တိုင်ဘဲ ပွဲတော်ထဲ ရောက်နေသလိုခံစားရတယ်
    တစ်ခွန်းထဲပြော နိုင်တာက ‘ လွမ်းစရာ’

  • Shar Thet Man

    October 9, 2018 at 3:48 pm

    ဖတ်လို့ကောင်းပါတယ်..တစ်ခေါက်တော့ရောက်ဖူးချင်ပါတယ်

  • aye.kk

    October 10, 2018 at 5:11 pm

    ရောက်ဖူးချင်တယ်။

Leave a Reply