တစ်နေ့ပြီးတစ်နေ့ (၁၆) Day by Day (16)

Ma MaJuly 29, 20153min26722

ကိုယ့်အတတ်နဲ့ ကိုယ်စူး ဆိုတဲ့ မြန်မာစကားပုံလိုပဲ ….

ကာတွန်းကပေးတဲ့ တွန်းအားတွေ ဆွဲအားတွေကို…

အပလိုင်းလုပ်ရာမှာအင်မတန်တော်တဲ့ သွေးသောက်ညီအမကြောင့်….

မပြေးသော် ကန်ရာရှိရပေဦးမည်။ 😆

 

အခုရေးမယ့် အပိုင်း (၁၆)ကတော့ ဩဂုတ်လ ၁၁ ရက်နေ့က ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။

 

CAM04049

အပြာရောင်ဈေးကွက်ပင်လယ်ထဲမှာ ကူးခတ်နိုင်ဖို့အတွက် ကိုယ့်ရောင်းကုန်ရဲ့အရည်အသွေး၊ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေဟာ အခြားသူတွေနဲ့မတူပဲ ထူးခြားကောင်းမွန်ဖို့ လိုတယ်ပေ့ါ။

 

တနည်းအားဖြင့်ပြောရရင် ကိုယ်ရဲ့အားသာချက်နဲ့ ဈေးကွက်ကို ရယူခြင်းပေ့ါ။ :re:

———————————————————————————–

CAM04050

ဖတ်ခဲ့ဖူးတဲ့ မန်နေဂျာကောင်းဆိုလား၊ ခေါင်းဆောင်ကောင်းဆိုလား စာအုပ်မှာတော့……

မန်နေဂျာဆိုတာ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို လုပ်ငန်းအဆင်ပြေအောင် ပံ့ပိုးပေးနေရတဲ့ အလုပ်သမားတဲ့။   :k:

 

စီမံခန့်ခွဲသူဆိုတာ ကိုယ်တိုင်ဝင်လုပ်ဖို့မလိုပဲ လုပ်ငန်းအောင်မြင်ရေးအတွက် တွန်းအာပေးတဲ့သူပေ့ါ။ 🙂

————————————————————————————–

CAM04051

တွတ်ပီကာတွန်းတစ်ပုဒ် (ကြာပါပြီ) မှာ …………….

ဗိုက်ကလေးက မေ့ကျန်ပစ္စည်း ပိုင်ရှင်ကိုပြန်ပေးတဲ့ရိုးဂုဏ်သတင်းလေးတစ်ပုဒ်ဖတ်ပြီး……

 

အာနိုးလှမိုး ပစ္စည်းလာငှားတဲ့အခါမှာ ပစ္စည်းတစ်ခု (ဘာပစ္စည်းမှန်း မမှတ်မိတော့ဘူး) ကို မသိသလိုနဲ့ ထည့်ပေးလိုက်တယ်။

 

အာနိုးလှမိုးကိုယ်တိုင်က တခြားပစ္စည်းပါလာတာ်ဆိုပြီး ပြန်လာပေးမလားလို့ စောင့်နေပေမယ့်

ပြန်လာမပေးတဲ့အပြင် ပါသွားတဲ့အကြောင်းပြောပြီး တောင်းတော့လည်း မပါဘူးလို့ ငြင်းသတဲ့။

 

အဲဒီအခါ မြိုင်ရာဇာတွတ်ပီရဲ့ မှတ်သားလောက်စရာစကားလုံးကတော့…………….

အာနိုးလှမိုးကိုမှ သွားစမ်းကြည့်မိတာ မင်းအပြစ်ပဲတဲ့လေ။ :e:

 

ရနိုင်တဲ့ကောင်းကျိုးကို မျှော်ကိုးပြီး ယုံကြည်မှုပေးလိုက်တဲ့အတွက်

ဖြစ်ပေါ်လာမယ့် ဆိုးကျိုးကိုလည်း ကြိုတွက်ထားသင့်တယ်။

 

ရေများရေနိုင် မီးများမီးနိုင်ဆိုသလို ကောင်းကျိုးနဲ့ဆိုးကျိုးမှာ ဘယ်ဟာပိုများနိုင်သလဲပေါ်မူတည်ပြီး

ယုံကြည်မှုနဲ့ ထိန်းချပ်မှုု ဘယ်နည်းလမ်းကို အသုံးပြုရမယ်ဆိုတာတော့ တွက်ချက်ရမယ်လို့ တွေးမိတယ်။

—————————————————————————-

CAM04052

လုပ်သင့်တာကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး စီမံခန့်ခွဲနိုင်တာ ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းပဲ။

ခေါင်းဆောင်ကောင်းရင် နောက်လိုက်လည်းကောင်းလာတယ်။

အဲလိုခေါင်းဆောင်ကောင်းရဲ့ဦးဆောင်မှုနောက်မှာ အောင်မြင်မှုတွေ စီတန်းပြီးလိုက်လာလိမ့်မယ်။

————————————————————————–

CAM04053

ခုခေတ်မှာ ဉာဏ်ရည်အပြင် စိတ်ဓာတ်စွမ်းရည်ကိုပါ အရေးထားလာကြပြီဖြစ်ပါတယ်။

အမှန်တကယ်လည်း အရေးကြီးပြီး လိုအပ်ပါတယ်။

 

မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ အဆုံးအမမှာတော့ …

စိတ်ကောင်းရှိဖို့ ပထမ တဲ့။

စိတ်ထားကောင်းမှ အလုပ်ကောင်းမယ် မဟုတ်လား။ 🙂

————————————————————————

 

CAM04054

ကိုယ့်အတွက်တော့ စီမံခန့်ခွဲမှုအကြောင်းရေးရတာ မျက်မမြင်ပုဏ္ဏားဆင်စမ်း သလိုပဲ။

 

ကိုယ်ခံယူထားတဲ့ဘက်က ပြောရရင်….

ရလဒ်အခြေခံစီမံခန့်ခွဲမှုမှာ အလုံးစုံပြည့်စုံနိုင်ဖို့ မလွယ်တဲ့အခါ

=အရည်အတွက်လား၊

=အရည်အချင်းလား၊

=ရလဒ်အဆင့်အတန်းလား ဆိုပြီး ……..

ဦးစားပေးအဆင့်အတန်းတွေ ခွဲရမယ်။

—————————————————————————-

CAM04055

ကျောင်းမတက်ချင်တဲ့သားကို အဖေဖြစ်သူက ဆုံးမတဲ့အကြောင်း ဖတ်ဖူးတဲ့အထဲက နားလည်သလောက် ပြောပြချင်ပါတယ်။

တစ်နှစ်သားရှိတဲ့သစ်ပင်ဟာ ထင်း၊ မီးသွေးအဖြစ်ပဲ အသုံးဝင်တယ်။

နှစ်ပေါင်းများစွာကြာမြင့်တဲ့ ကျွန်းတို့လို သစ်မျိုးတွေကတော့ အဖိုးတန်စာရင်းဝင်သစ်တွေ ဖြစ်သွားတယ်။

 

လူတွေမှာလည်း ပညာတတ်ရင် တတ်သလောက် စွမ်းဆောင်ရည်တွေမြင့်ပြီး ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံကို အကျိုးများစေနိုင်ပါတယ်။

————————————————————————-

 

CAM04056

အခုလို နည်းပညာခေတ်ကြီးမှာ ယှဉ်ပြိုင်မှုတွေများပြားလှတဲ့အတွက် ကိုယ့်ဘက်က အစစအရာရာ ထူးခြားကောင်းမွန်နေဖို့ အရေးကြီးပေတာပေ့ါ။

 

ဒီလိုထူးခြားကောင်းမွန်ဖို့ဆိုတာလည်း လူ့စွမ်းအားအရင်းအမြစ်တွေ မြင့်တက်နေဖို့က ပဓာနကျသပေ့ါ။

———————————————————————-

CAM04057

 

CAM04058

သဘောတူခြင်းမို့ စုစည်းလိုက်ပါတယ်။

 

ဒီတပတ်အတွက် ကာတွန်းတွေထဲမှာ ဒီနှစ်ခုုကို အင်မတန်သဘောကျမိတယ်။

များသောအားဖြင့် ငါလူကြီးပဲဆိုပြီး လက်အောက်ငယ်သားတွေရဲ့စကားကို အလေးမထားတာ၊ Sad but true (ခွက်ဒစ်တူ မောင်ဂီ) တွေကို နားမထောင်နိုင်/ချင်/တတ် တာတွေ ဖြစ်လေ့ရှိပါတယ်။

 

ခုခေတ်မှာ Team work ဆိုပြီး အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ဟာ အောင်မြင်ဖို့အတွက် အင်မတန်ကောင်းမွန်တဲ့ နည်းလမ်းကောင်းတစ်ခုလို့ မြင်မိတယ်။

 

အထက်အောက် အပြန်အလှန် လေးစားလိုက်နာခြင်းဖြင့် လုပ်ငန်းကို ပိုမိုအောင်မြင်စေနိုင်ပါတယ်။

(ပြောရင်းနဲ့ မဆလ ခေတ်က နိုင်ငံရေးသိပ္ပံအသံပေါက်သွားသလိုပဲ။) :p:

 

အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်ရင် အမှန်တကယ် ကောင်းကျိုးပေးနိုင်တဲ့ နည်းစနစ်တွေပါပဲ။

 

အောင်မြင်ပျော်ရွှင်သောဘဝများ ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ချွေရင်းးးးး

 

နောက်ထပ်ကျန်သေးတဲ့ ကာတွန်းတွေကို မကြာမီလာမည် မျှော်…. လို့ မပြောဘူးနော်။

:kwi:

 

22 comments

  • ဇီဇီခင်ဇော်

    July 29, 2015 at 12:50 pm

    ဒီ လ ကတော့ စီမံခန့်ခွဲ လ ပေါ့လေ။
    ဟိဟိ။
    သများ ပွါးစရာ မပါလို့ ဖတ်သွားတယ်။
    :k:

    • Ma Ma

      July 30, 2015 at 7:47 am

      တချို့ကာတွန်းတွေက သိပ်ချဲ့တွေးလို့မရတာတွေရှိတယ်။

      တခါတလေကျရင် ကိုယ်ရေးလိုက်တာတွေက နငယ်ကို အမြီးတပ်သလိုများ ဖြစ်သွားလား၊
      ဦးထုပ်တလွဲ၊ ခေါင်းတလွဲတွေများ ဖြစ်သွားလားလို့ တွေးမိပြီး…..

      ကိုယ်တွေးချင်သလိုု တွေးနိုင်အောင် ကာတွန်းပုံတွေချည်းပဲတင်လိုက်ရင် ကောင်းမလားလို့။ 🙄

  • မြစပဲရိုး

    July 29, 2015 at 9:21 pm

    သင်းကျူးကြီးပါ ချစ်မမ။
    ဇီ ပြောသလိုဘဲ ဝင်နှောက်ဖို့ အကြောင်းသိပ်ရှာလို့ မရ။
    ဒါပေသည့် ၁ရ မှာ လူစွမ်းအားအရင်းအမြစ် မှာ အရေအတွက်ထက် ပိုပြီး အရေးကြီးတာ အရည်အချင်းပါ ဆိုတာ။
    အာ့ ဆိုရင် သူကြီးမင်း ရဲ့ “ကလေးတွေ များများမွေးကြဟေ့” လို့ အော်အော်ပြ နေတာ ဂျောက်တွန်းနေတာပေါ့နော်။ 🙄 😉

    ချစ်မမ
    သများ မောင်မောင်အံ ကို ကျော်ခါနီး နော်။
    ဟင်းချက်ထားတာတွေ ရိုက်ပြ။
    လမ်းမှာ ကားကြပ်တာတွေ ရိုက်၊ လမ်းဘေး မှာ မြင်သမျှ ရိုက် သတင်းလုပ်ပြ။
    ရှေ့ ညန်ညန်သွားပါ လို့။ လို့။ လို့။ :-))))

    • Ma Ma

      July 30, 2015 at 8:28 am

      ညန်ညန်သွားဖို့ လုပ်ကွက်လေးတွေ တွေ့ထားတယ်။ 😉

  • kai

    July 30, 2015 at 3:09 am

    တွေ့ဖူးတဲ့သူဌေးတချို့ကတော့.. အောက်ခြေသိမ်းအလုပ်တွေ ကြုံရင်ကြုံသလို..ဝင်ဝင်လုပ်တယ်…။
    ဆိုတဲ့သဘောက..
    ဆရာအော်ပီကျယ်ပုံနဲ့..စာနဲ့သိပ်မလိုက်..။
    ဘယ်နှာ.. “အလုပ်တွေကိုယ်တိုင်ဝင်လုပ်နေရင်စီမံခန့်ခွဲသူမဟုတ်”ဆိုတဲ့.. စာသားလှလှလေးကို..သူဌေးတံမြက်စည်းလှဲတဲ့ပုံကြီးနဲ့.. တွဲထား..တွဲထား…။

    သို့…အရီးလတ်../
    တကယ်တော့.. ကလေးတွေများများမွေးရင်.. တော်တဲ့အရည်အချင်းပြည့်တဲ့သူတွေ များများပိုထွက်လာနိုင်ချေရှိမယ့်သဘောပါ…။
    လူဦးရေနည်းမှတော့.. အစစအရာရာ.. အရှုံး..။
    နောင်တချိန်မှာ.. မြန်မာပြည်ရဲ့ကျဆုံးခြင်းဟာ.. လူဦးရေနည်းတာကြောင့်ဖြစ်လာလိမ့်မယ်..။
    သိ/တတ်တဲ့ခေါင်းဆောင်တွေဟာ.. ဗမာတွေအိမ်ထောင်ပြုကြဖို့..
    ကလေးများများမွေးကြဖို့.. ထိပ်တန်းဦးစားပေးတိုက်တွန်းသင့်တယ်..။
    ဗမာမိန်းမတွေဟာလည်း.. အလုပ်မလုပ်/အချောင်ခိုစားတဲ့လူတန်းစားကြီးလျှော့သွားအောင်.. လူဖြစ်ပြီး.. အိမ်ထောင့်တာဝန်လောက်တော့ထမ်းတတ်အောင်..အချောင်ခို ယောက်ျားတွေကို.. စည်းရုံးဆွဲဆောင်သင့်တယ်..။
    ====
    တခုတော့ရှိသပေါ့လေ…
    မွေးလာတဲ့ကလေးတွေကို.. အမဲသားမစားခိုင်းရင်တော့.. ဦးနှောက်ဉာဏ်မမှီတာလေးတွေဖြစ်သွားပြီး.. တသက်လုံးဖြည့်လို့မမှီနိုင်တော့..။
    ကလေးဦးနှောက်ဖွံ့ထွားမှုက.. ဆယ်ကျော်သက်ဆို.. ရပ်သွားမှာကိုး…။
    အဲဒီလိုကလေးတွေတော့ မလိုဖူးပေါ့…။

    • မြစပဲရိုး

      July 30, 2015 at 3:17 am

      ကျွန်မ တော့ ငယ်တုန်းမှာ တုန်းက အမဲသားမစားခဲ့ပါဘူး။ (အပြင်ရောက်မှ စားတာ)
      ဉာဏ်ဒီလောက်ကောင်း တာဘဲ ဟာကို။ မဆိုင်ပါဘူး။ ဟိ ဟိ။
      lol:-))))

      • kai

        July 30, 2015 at 4:07 am


        Food For Thought: Meat-Based Diet Made Us Smarter : NPR
        http://www.npr.org/…/food-for-thought-meat-based-diet-made-us-smarter
        NPR
        Aug 2, 2010 – Om Nom Nom: As we began to shy away from eating primarily fruit, leaves and nuts and began eating meat, our brains grew. We developed the …
        =
        Meat, Cooked Foods Needed for Early Human Brain
        http://www.livescience.com/24875-meat-human-brain.html
        Nov 19, 2012 – This supports the theory that meat fueled human brain evolution because … proteins, fats and vitamins B12 needed for brain growth and maintenance. …. protein sources for red meat is associated with a lower mortality risk.”.
        =
        5 Brain Nutrients Found Only in Meat, Fish and Eggs (NOT …
        authoritynutrition.com/5-brain-nutrients-in-meat-fish-eggs/
        These 5 brain nutrients are only found in animal foods. … the most abundant Omega-3 fatty acid in the brain and it is criticial for normal brain development (29).
        =
        Meat eating behind evolutionary success of humankind, global
        http://www.sciencedaily.com/releases/2012/…/120420105539.ht...
        Science Daily
        Apr 20, 2012 – When early humans started to eat meat and eventually hunt, their new, … If you enter brain development and diet composition into the equation, the time …. The results reveal a high consumption of both red meat and fish.

        • Ma Ma

          July 30, 2015 at 8:35 am

          အိမ်မှာတော့ ငယ်ငယ်ကတည်းက သူ့ဖာသာအမဲသားကို အနံ့မခံနိုင်လို့ မစားတဲ့အမက ဉာဏ်ကြီးရှင်ဖြစ်နေတယ်။

          အမဲသားတစ်ခုတည်းတော့ မဟုတ်တန်ရာပါဘူး သဂျီးရယ်။

          လမ်းဘေးမှာ ပစ်သွားတဲ့ကလေးတွေအကြောင်းကြားရတိုင်း ကလေးများများမွေးဖို့တိုက်တွန်းတဲ့ သဂျီးကို သတိရတယ်။ :a:

        • kai

          July 30, 2015 at 4:08 pm

          သူ့ဖာသူ..အသားတကာ့အသားတွေထဲ..လူနဲ့စားဖို့အဆင်အပြေဆုံးဖြစ်နေတဲ့အသားကို..
          နွားမေတ္တာစာထုတ်သူကထုတ.်.ဥပဒေပြုသူကပြုနဲ့.. အခုလိုမေးခွန်းထုတ်စရာဖြစ်သွားတာကိုက.. လူမျိုးအတွက်အရှုံးတခုရင်ဝယ်ပိုက်ရတာပါ..။ မြန်မာတွေရဲ့..မသိစိတ်/သိစိတ်ထဲ.. အမဲသားဆိုတာကြီးကို.. စားဖွယ်ရာအသားတခုလို့မမြင်.. တခုခုခိုအောင်းသွားတာကိုက.. စိတ်ဓာတ်ရေးရာအရ.. ကျဆုံးမှုတခုပေါ့…။
          ဦးနှောက်ဖွံ့ဖြိုးမှုဆိုတာကို.. သာမန်မြင်သာအောင်လွယ်လွယ်ပြောရရင်.. ပရိုဂရမ်တခုRun တာမှာ..
          CPU Intel Core i3 နဲ့.. i7 ပြိုင်သလိုပါပဲ..။
          အဟာရအပြည့်စားထားတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံက..ကလေးတွေရဲ့ ဦးနှောက်က.. i7 ဆို.. မြန်မာကလေးတွေဦးနှောက်က.. i3
          ခန္တာကြံ့ခိုင်မှုမှာလည်း.. သဘော.. အတူတူပါပဲ..။

          ဆိုတော့…
          တချိန်ကျ.. အဲဒီစကားကြီးတခွန်းကြောင့်.. တိုင်းပြည်ဘယ်လောက်ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသလဲ.. စာတမ်းတစောင်ထွက်နိုင်ဖို့.. မျှော်လင့်ပါတယ်..။

          ဆိုတော့…
          ကလေးတွေမွေးပြီး.. မကျွေးနိုင်လို့ပစ်..။ အဟာရမပြည့်လို့.. အသက်တွေတို..ရောဂါတွေထူ.. ဒါက.. တပိုင်း..
          တိုင်းပြည်အတွက်အလုပ်သမားကောင်းတွေ.. မိခင်ကောင်းတွေ…များဖို့.. လူဦးရေတိုးဖို့..များများမွေးဖို့တိုက်တွန်း.. လက်တွေလုပ်ဆောင်ခိုင်းရမှာကတပိုင်း…
          Case-by-case! :k:

  • Alinsett @ Maung Thura

    July 30, 2015 at 3:55 am

    ”ကိုယ့်”ရဲ့ ”ဝန်”ဆောင်မှုဟာ ”ကိုယ်ဝန်ဆောင်မှု”လို ( လေးပင်တုန်ချိမနေဖို့)မဖြစ်ဖို့လိုတယ်

    ပလို့ဂျိ
    :k:

    • Ma Ma

      July 30, 2015 at 8:46 am

      စာလုံးပေါင်းမှားလို့ပြောတာလားဆိုပြီး ပြန်စစ်ကြည့်ရသေးတယ်။
      ကိုယ့်ရဲ့ ဝန်ဆောင်မှုဟာ ကိုယ်ဝန် ဆောင်မှု လို ဆိုုတဲ့ မောင်သူရရဲ့ စကားလုံးတွေအပေါ် ပိုင်နိုင်ကျွမ်းကျင်တာကို သဘောကျသွားတယ်။
      🙂

  • မြန်မာပြည်မှာ
    မှန်တာလုပ် မှန်တာပြောရင ်အဖယ်ခံရတဲ့အတွက်
    မှန်ကန်ရင် ကွဲ တတ်တယ် ဆိုတဲ့ ဟာသတောင်ပေါ်လာခဲ့ပါတယ်။
    လူကြီး အလို ကိုအ လိုက်သိပြီး
    ခေါင်းငြိတ်တတ်တဲ့လူတွေဘဲရှေ့ရောက်
    အလိုက်သင့်ပြောတတ်တဲ့သူတွေရှေ့ရောက်သွားတော့
    မှန်ကန်စွာပြောဆို စီစဉ်လုပ်ဆောင်တတ်တဲ့ခေါင်းဆောင်တွေပျောက်ကုန်ပါတယ်။
    ဒါကြောင့်လဲမြန်မာပြည် က အခုလို အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရတာအမှန်ပါဘဲ

    • Ma Ma

      July 30, 2015 at 9:02 am

      ပဏ္ဍိတာရာမဆရာတော်ကြီးက ဒေါ်စုကို ဆုံးမစကားပြောတာ…
      ဘယ်လောက်ထက်တဲ့ဓားပဲဖြစ်ဖြစ် ဒဲ့ (တည့်တည့်) ခုတ်ရင် ပြတ်ခဲတယ်။
      တခါတလေ ရွေပြီး ခုတ်ရတယ် တဲ့။

  • ထိန်းချုပ်မှုထက် ယုံကြည်မှုကို အခြေခံပြီး စီမံခန့်ခွဲပါ

    ဒီတစ်ပတ်အတွက် အကြိုက်ဆုံးပါပဲ.. စည်းကမ်းဆိုတာ ချမှတ်ရမယ် ဆိုပေမယ့် ထိန်းချုပ်မှုတွေ များလာတဲ့အခါ motivation ကျလာတယ်.. ကိုယ်တွေ့.. ကိုယ်တွေ့…

    • Ma Ma

      July 31, 2015 at 7:50 am

      သူ့နေရာနဲ့သူ သင့်တင့်လျှောက်ပတ်စွာ စီမံနိုင်ဖို့ အရေးကြီးတယ်ဆိုတဲ့သဘောပေ့ါ။
      ယုံကြည်ပေးသင့်သူကို ယုံကြည်ပေးဖို့လိုတာလည်း အမှန်ပါပဲ။ 🙂

  • ဦးကြောင်ကြီး

    July 30, 2015 at 11:18 am

    အဲယားမားမား လေမားမား
    ရွှေငွေသားနား ဆွေငါးပါး
    ခြေရှည်ဝါးလား မြေစားဖား
    တွေဝေနားကြား ဇေကားယား..

  • Mike

    July 30, 2015 at 2:20 pm

    .ရလဒ်အခြေခံစီမံခန့်ခွဲမှု
    .အဲ့ဒါတော်တော်အရေးကြီးသဗျ…
    .တချို့ အစည်းဝေးတွေခဏခဏခေါ်…လမ်းညွှန်မှုတွေစကားလုံးအကြီးကြီးတွေနဲ့…စာထဲကအတိုင်းပြော
    .ရလာဒ်ကောင်းတော့သိသာထင်ရှားအောင်ဘယ်တော့မှမရ…အဲ့တာဟန်ပြစီမန်ခန့်ခွဲမှုပဲ
    .ရလဒ်အခြေခံစီမံခန့်ခွဲမှုက အဲ့တာနဲ့ဆန့်ကျင်ဖက်

    • Ma Ma

      July 31, 2015 at 7:53 am

      ဒါကတော့ ဘရာသာမိုက်တို့အပိုင်းမို့ လက်တွေ့ကရတဲ့ အသိရှိတာ။
      🙂

  • မြစပဲရိုး

    July 30, 2015 at 9:19 pm

    ချစ်မာမား (ကြောင်ကြီး လေမိသွားလို့)
    သများ မောင်မောင်အံဇာလေး ကို ကျော်လာခဲ့လေပြီ။
    မမ နဲ့ လက်တကမ်း အကွာ မှ ၉ရ လောက် ဆို အရှိန် လျှော့၍ လိုက်မည်။
    အတူတူ ပန်းဝင် ရန် ရည်ရွယ်၏။ :-)))))

    • Ma Ma

      July 31, 2015 at 8:02 am

      အစ်မဒုံပိုစ့်မှာ မလတ်ပေးတဲ့ အောက်စဖို့ဆရာတော်တရားကို တော်တော်လေးသဘောကျတယ်။
      သေသေချာချာ အထပ်ထပ်နာဖို့ ကိုယ့်ဝေါလ်ပေါ်မှာ ပြန်ရှဲထားတယ်။
      (ဘယ်လိုဆေ့ဖ်ရမလဲ မသိလို့)

      အဲဒီဆရာတော်ရဲ့ အသံကိုကြားရတာနဲ့တင် တရားကို သိလည်းသိ၊ ကျင့်လည်းကျင့်ထားတယ်ဆိုတာ ယုံကြည်တယ်။

      မလတ်ရဲ့ ခြေလှမ်းဦးတွေထဲမှာ ကြောင်ကြီးအလှည့်ရောက်စေချင်ထှာ…………

  • YE YINT HLAING

    August 1, 2015 at 4:37 pm

    မန့်ထားတာလေး ကမတက်ပဲ ပျောက်သွားတယ်။ ၁၂ / ၁၃ ပုံလေး တွေ အကြောင်းပါ ။ အငြင်းအခုန်လေးတွေရှိ ခဲ့တယ် ။

    • Ma Ma

      August 1, 2015 at 8:09 pm

      ငြင်းခုံသံကို ကြားချင်ပါတယ်။
      တစ်ယောက်တစ်မျိုး အသံတွေကြားရတော့ ရှု့ထောင့်စုံသွားတာပေ့ါ။
      ပုံတွေချည်းတင်ပြီး ကိုယ်ကြိုက်သလိုတွေးကြတာကို မန့်ပေးကြရင် ကောင်းမယ်လို့ တခါတလေ တွေးမိတယ်။

Leave a Reply