ချီလီ နှင့် သူ၏ …

မြစပဲရိုးJuly 21, 20152min1306

ဒီတစ်ခါတော့ သများ လဲ ဟင်းချက် ပြဗျစီ။
တို့ မြန်မာများ ရဲ့ အကြိုက်တော့ ဟုတ်မယ် မထင်။
မူရင်း က ဘယ်က မှန်းမသိ ပေမဲ့ တောင်အမေရိက နိုင်ငံ တွေ ဘက်က ဆင်းသက်လာမယ် ထင်တာဘဲ။
Chili con carne (သို့) Chili လို့ ခေါ်ကြတယ်။ chili with meat ပေါ့။
အသားစင်းကော (အများအားဖြင့် အမဲသား) ထဲ  ပဲကတီ္တပါ  နဲ့ ခရမ်းချင်သီး ၊ ငရုတ်သီး နိုင်ချင်းထည့်ပြီး ချက်တာပါ။
ရိုးရိုးလေး နဲ့ အဆီတွေ မပါလို့ ကျန်းမာရေး နဲ့ ညီ မယ် လို့ ပြောလို့ ရမယ်။
ထမင်းဖြူ (သို့) နံပြား လို နဲ့ တွဲစားနိုင်တယ်။

ရှု ပြီး စား တော် မူကြပါ။

DSCF1542
အမဲသား စင်းကော ၅၀ဝ ဂရမ် နဲ့ ကြက်သွန်နီ သုံး လုံး လှီး ပြီး ရောပါတယ်။
DSCF1550
အမဲသား နဲနဲ ညိုရောင်သမ်း လာရင် ခရမ်းချဉ်သီး ထဲ့ပါတယ်။
DSCF1552
Red Kidney လို့ ခေါ်တဲ့ ပဲကတီ္တပါ ထည့်ပါတယ်။
DSCF1545
ဒီ Tin ဗူး တွေကို အလွယ် သုံးပါတယ်။
DSCF1557
ဂျုံ မှုန့် ထမင်းစားဇွန်း ၂ ဇွန်း နဲ့ ခရမ်းချဉ်သီး တစ်ဇွန်း ထည့် ပြီး မွှေထားတာပါ။ ပြီး ရင် အိုးထဲ ထည့် ပြီး မွှေပေးပါ။
DSCF1558
အမွှေးအကြိုင် ကြိုက်သလို ထည့်ပါ။ ငရုတ်သီး နံချင်း သုံးပေမဲ့ ကလေး က မစားနိုင်လို့ အမှုန့်လေး နဲနဲ ဘဲ ထည့်ပါတယ်။ တကယ်ဆို အတောင့်လိုက် ထည့်ကြပါတယ်။
DSCF1563
ရှု ပြီး “စား” တော် မူကြပါကုန် လော့။ မဝကြမှာ စိုး လို့ ထမင်း ကို နှစ်လုံး ပုံထားပေးတယ်။ :-)))

6 comments

  • ဇီဇီခင်ဇော်

    July 21, 2015 at 1:02 pm

    http://myanmargazette.net/201203
    ဒါ တွေက သများရဲ့ ရိုက်လာတဲ့ ငရုတ်ပင်တွေ လာပြတာ။
    ချီလီလို့ မြင်လိုက်လို့။

    ဟင်းချက်နည်းထက် အလှဆင်တတ်တဲ့ မြကို ပိုချစ်သွားပြီ။
    အမဲသားကို မစားသာမစားဖြစ်တာ ကြိုက်တယ်ရယ်။
    အလှဆင်ထားတာ တကယ်စားချင်စရာဗျာ၊

    :sar:

  • အောင် မိုးသူ

    July 21, 2015 at 1:04 pm

    စားချင်စရာလေးပဲ အဲ့မှာတော့ အဲ့လို ဘူးတွေ ဘာတွေ ဝယ်ရတာ အဆင်ပြေပေမယ့် ဒီမှာတော့ ဈေးအနည်းငယ် ကြီးနေသလိုရှိတော့ သိပ်ဝယ်မသုံးနီုင်သေးဘူး.။

  • ဦးကျောက်ခဲ

    July 21, 2015 at 1:41 pm

    အမဲသားလည်းကြိုက်တယ်… အစပ်လည်းကြိုက်တယ်…
    အဲသည့်လို စိုစိုလေးဆို နံပြားနဲ့လိုက်မယ်ထင်ရဲ့… ရှလွတ်စ်… :k:

  • တောင်ပေါ်သား

    July 21, 2015 at 2:27 pm

    အဲသလောက်နဲ့ ဝဘူးဗျ

  • မြစပဲရိုး

    July 21, 2015 at 11:41 pm

    အားလုံးဘဲ ကျေးဇူးပါ။ :း))

    ဇီကလေး – ရွာထဲ ဒီလောက် စူပါ ထရူပါ တွေ များတာ။ အတုမြင် အတတ်သင်ပေါ့။

    . မောင်အောင် ဒီမှာ ပဲတစ်ဗူး ကို ၂၅ပြား၊ ခရမ်းချဉ်သီး တစ်ဗူး ၂၅ပြား၊ အမဲသား က ၂ကျပ် ဆိုပါစို့။
    တစ်နာရီ လုပ်ခ က ရ ကျပ်။ တွက်သာကြည့်တော့။

    . ကျောက်စ် – သများ က ဘားမီးစ် သွေး စစ်လေ တော့ အဲ ဒီ ဘပ်လဘိုင် ဟင်းကြီး ကို စားမရ။
    အဲဟာ ချက်ရင် မသိမသာ တစ်ခြား အကြွင်းအကျန် ရှာ စားရ တယ်။ ကလေး ကတော့ ကြိုက်မှကြိုက် ဘဲ။

    ကိုမျိုး – ဒီလောက် အစားပုပ် သလား။ နောက်တစ်ခါ ဘန်းကြီး နဲ့ ပြင်မေးမယ်။ :-))

  • Mike

    July 22, 2015 at 10:09 am

    .အမဲသားစင်းကောလည်းဖြစ်..ချင်စပ်လေးပါဆိုတော့ ကြိုက်မှကြိုက်ပါ..ရှလွတ်စ်… :k:

Leave a Reply