မုန့်ပျားသလက် သီးဆစ်

သည်လိုပေါ့ သည်လိုနဲ့ စိတ်ကူးကပေါက်လာတယ်။ အစားအသောက်တစ်ခုလုပ်စာဖို့။

စိတ်ကူးတာပေါက်တာ ပင်ပန်းတယ်လေ။ ဒီလကုန် (၃၁)ရက် သောကြာနေ့က လပြည့်နေ့

(၁)ရက်နေ့ စနေနေ့ (၂)ရက်နေ့က တနင်္ဂနွေနေ့။ ရုံးကတော့ စနေနေ့မပိတ်ဘူး။

နေ့တစ်ဝက်လောက်တောင် ပိတ်ပေးဖို့ပြောတာ ဘောစိက မရဘူးချည်း ပြောတာ။

အဲ့သည် စနေနေ့ကို ကိုယ့်ဖာသာပိတ်ပြီး သုံးရက်အော့ဖ်လိုက်မယ်ပေါ့။ အဲ့သည်တော့

တစ်ရက်လောက် အပင်ပန်းခံပြီး မုန့်လုပ်စားမယ်။

 

မုန့်လုပ်စားဖို့ စဉ်းစားပြန်တော့ မုန့်ပျားသလက် ဘိန်းမုန့်  ကီးမားပေါ့။ ဒါပေမယ့်

ဒီတစ်ခေါက်တော့ မုန့်ပျားသလက်လုပ်စားဖို့ အာသီသဖြစ်နေတယ်။ မေးကြပြန်တယ်။

မုန့်ပျားသလက်နဲ့ ဘိန်းမုန့် ဘာကွာသလဲတဲ့။ ကျွန်တော့်အထင် မုန့်ပျားသလက်က

ဘိန်းစေ့မပါဘူး။ မြေအိုးလေးနဲ့လုပ်တယ်။ မုန့်ဖြူ ဖြူ ပေါ်မှာ ပျားသလက်လို့ အပေါက်လေးတွေ

ပါတယ်။ ကြက်သွန်မြိတ် ၊ နံနံပင် သုံးတယ်။ စတော်ပဲပြုတ်ပါမယ်။ ဆီနည်းတယ်။

နှမ်းထောင်းကောင်းရမယ်။ မြေအိုးပေါ်က ကလော်လိုက်တဲ့အခါ မုန့်ဖင်က အနည်းငယ်

တူးတူးလေးဖြစ်နေမယ်။ ဘိန်းမုန့်လို ပြန့်မနေဘဲ ခွက်ခွက်လေးဖြစ်နေတယ်။

မြေအိုးက တူးနံ့သင်းသင်းနဲ့ဖြစ်နေရမယ်။ အဲ့ဒါ မုန့်ပျားသလက်ပဲ။ အချို ့ နေရာတွေမှာ

ထန်းလျက်နဲ့ လုပ်တဲ့ အနီလည်းရတတ်တယ်။

 

ဘိန်းမုန့်ကတော့ သံအိုးပြန့်ပြန့်ပေါ်မှာ လုပ်တယ်။ အပေါ်မီး အောက်မီးပေးရတယ်။

ဘိန်းမုန့်အိုးကတော့ လက်ကိုင်နဲ့ပေါ့။ အဖြူ  နဲ့ အနီရှိတယ်။ အနီမှာ မြေပဲ ၊ အုန်းသီး နဲ့

ဘိန်းစေ့သုံးတယ်။ အချို့ တွေက ထောပတ်သုံးတယ်။ ထောပတ်ဘိန်းမုန့်ပေါ့။

မုန့်ပျားသလက်ထက် ဆီများတယ်။ ကျွန်တော်ကတော့ နှစ်ခုလုံး ကြိုက်ပေမယ့်

မုန့်ပျားသလက်ကို ပိုအာသီသရှိနေတယ်။

 

အခုတော့ ရန်ကုန်က မုန့်ပျားသလက်တွေက မစစ်တော့ဘူး။ မုန့်ပျားသလက်ကို

နောက်ဆုံး စားခဲ့တာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မန်တလေးကျုံးနားက အသည်ဆီမှာပဲ။

မန္တလေးမှာတော့ အခုထိရသေးမယ်ထင်ပါတယ်။ ရန်ကုန်မှာတော့ ၄ရလမ်းက ရွှေရည်မှာ

တော့ ထမင်းသွားစား မုန့်ပျားသလက်အိုးတွေ တွေ့ခဲံမိတယ်စားတော့မစားဖူးဘူး။

 

လှည်းတန်းမှာတော့တွေ့နေရတယ်။ မုန့်ပျားသလက်မကျ ဘိန်းမုန့်မကျ ကျွတ်ကျွတ်တွေ။

ဆီကများများနဲ့ စားချင်စိတ်မရှိဘူးလေ။ ခုလကုန်ပိတ်ရက်မုန့်ပျားသလက်လုပ်စားမယ်။

မြေအိုးမဟုတ်ပေမယ့် အနီးစပ်ဆုံး မုန့်ပျားသလက်ပေါ့။ နှမ်းထောင်းကောင်းကောင်းရယ်။

မုန့်ပျားသလက် အဆိုစီရေးရှင်းလေး ဖွင့်မလားလို့တောင် တွေးမိနေသေးတယ်။ 🙂

 

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

11 comments

  • ဦးကျောက်ခဲ

    July 21, 2015 at 3:22 pm

    ဒီမှာတော့ မုန့်ပျားသလက်နဲ့ အတော်ကလေးဆင်တာရတယ်…
    ဟောင်ကောင် မုန့်ပျားသလက်ပေါ့ဗျာ … Ham နဲ့ ပုဇွန်ခြောက်လေးတွေပါတယ်…
    အရသာကတော့ မဆိုးဘူး… နှမ်းထောင်းလေးနဲ့ စားကြည့်တာ ကွက်တိ… :k:

    • အောင် မိုးသူ

      July 21, 2015 at 3:42 pm

      သူ့အရသာနဲ့သူတော့ ကောင်းမှာနော် ပုစွန်ခြောက်တွေနဲ့တော့ ကြိုက်ဘူး အလွတ်ဆိုရင်တောင် နှမ်းထောင်းနဲ့စား ကောင်းမှာ။

  • ဇီဇီခင်ဇော်

    July 21, 2015 at 3:45 pm

    လာဘီ။
    လာဘီ။
    မတူတာက ဘိန်းမုန့်က သတ်သတ်။
    မလေး မုန့် တစ်မျိုးတော့ ရှိတယ်။ ဘိန်းမုန့်နဲ့ တော်တော်ဆင်တာ။

    မုန့်ပျားသလက် (ခေါ်) မုန့်ပြစ်စလက်မှာ လည်း အဖြူ နဲ့ အနီ ရှိတာပဲ။
    အနီ ကတော့ ထန်းလျက်နဲ့ အချိုအရသာ။
    အဖြူကတော့ မိုးသူပြောသလို နံနံ၊ ဆားနှမ်းလှော်ထောင်း၊ ပဲပြုတ် တို့နဲ့ စားရတာ။
    မန်းလေးမှာတော့ မုန့်လုပ်ကတဲ့က ထည့်လုပ်တာရှိတယ်။
    ဒီတိုင်း အဖြူကို ပြီးမှ တွဲစားရတာ ရှိတယ်။

    အဲ။ ခပ်ဆင်ဆင်က မုန့်ရေပါး ခေါ် လမ်းသရဲမုန့်
    သူက ဆီပါတယ်။ ဒယ်ဝိုင်းပြား အကြီးကြီးမှာ ဆီနဲ့ ကပ်ပြီး ပါဝင်ပစ္စည်းကတော့ မုန့်ပြစ်စလက် အဖြူနဲ့ တူတူပဲ။ခရမ်းချဉ်သီး ပါတာ ပိုတယ်။ ကြက်ဥ ကြိုက်ရင်လည်း ထည့်လို့ရတယ်။

    ရန်ကုန်မှာတော့ အဲဒီ မုန့်ရေပါးကို အစာ အများများကြီးနဲ့ သွတ်ပြီး ပြန်ခေါက်ထားတာကို ခေါက်မုန့်တဲ့ တော်။
    ကီးမားလို့ လည်း ခေါ်သေးးး

    မန်းလေးမှာ က ခေါက်မုန့်နဲ့ ကီးမားက မတူတဲ့ တခြားဟာတွေ။

    • အောင် မိုးသူ

      July 21, 2015 at 4:01 pm

      ခေါက်မုန့်က မြန်မာအခေါ်လေ။ ခေါက်မုန့်က အရွက်တွေ တစ်ခုချင်းစီထည့်တယ်။ ကီးမားကျ အားလုံးပီး ထည့်တာ။ မန်းတလေး ပြင်ဦးလွင်က မုန့်လင်မယားတောင် ခရမ်းချဉ်သီး ဂေါ်ဖီ ငရုတ်သီးစိမ်းလေးနဲ့ ရှိတယ်နော်။

  • မြစပဲရိုး

    July 21, 2015 at 11:14 pm

    မုန့်ပျားသလက် က ဘိန်းမုန့်လောက် မထူ ဘဲ အဝိုင်းသေးသေး ပါးပါး နှစ်မျိုး လုံး ဆန်မှုန့် နဲ့ ချည်း လုပ်တာဘဲ မဟုတ်လား။
    အရီး သိ တဲ့ နောက်တစ်မျိုး က အလယ်က ခပ်ဖောင်းဖောင်း ပျော့ပျော့မှာ ဘေးက အကြွပ်။ အဲဒါက ဆီ နဲ့ ကြော်တာ မုန့်ဆီကြော်လားမသိ။

    • ဇီဇီခင်ဇော်

      July 22, 2015 at 8:11 am

      မုန့်ဆီကြော်က ကောက်ညှင်းမှုန့်နဲ့လုပ်တာ။
      ~~~

      စကားစပ်မိလို့ မေးအူးမယ် မိုးသူရေ။
      မကြီးကို ဆန်မှုန့်နဲ့ လုပ်တဲ့ မြန်မာမုန့်စာရင်းလေး တစ်ချက်လောက် အားရင် ပြုစုပေးပါ။
      မုန့်ပေါင်း
      မုန့်စိမ်းပေါင်း
      မုန့်ပျားစလက်
      မုန့်ရေပါး
      ဘိန်းမုန့်



      ..
      ???

  • တောင်ပေါ်သား

    July 22, 2015 at 4:08 pm

    ကျုပ်က ကြိုက်တယ် ၊ မလုပ်တတ်တော့ ခက်သဗျာ

  • Mike

    July 22, 2015 at 4:09 pm

    .ကိုယ်လည်းမုန့်ပြစ်သလက်ကြိုက်တယ်..မုန့်က ျွဲသဲဆိုတွေ့တောင်မတွေ့တော့ဘူးနော

  • အောင် မိုးသူ

    July 22, 2015 at 4:13 pm

    တစ်ရက်က ဖေ့ဘွတ်က ရွာပေ့ချ်မှာတင်သေးတယ် မုန့်ကျွဲသဲက ရောင်းတဲ့သူရှိပါသေးတယ်။

  • CharTooLan

    July 28, 2015 at 10:23 am

    ရမည်းသင်းမှာ မုန်ပျားသလက်နဲ့ တို့ဟူကြော်ကို တစ်နှစ်ကို၃ကြိမ်လောက် ကောင်းကောင်းစားခဲ့ဖူးတယ်
    မုန့်ပျားသလက်ကမနက်ခင်းစားရင် အပေါ်ယံမှာပဲဆီလေးသုတ်စား မှုတ်ရင် ခရမ်းချဉ်သီး ငရုတ်သီး နံနံပင်စတာတွေဖျာ်ထားတဲ့ ချဉ်စပ်ရေနဲ့ ရှုးရှဲ ရှုးရှဲ အသံမည်အောင်စားကြပဲ
    ကျုပ်တော့ ပဲဆီလေးသုတ်စားရတာပိုကြိုက ်ပြောရင်းတောင်စားဂျင်လာဘီ
    ညည်းလုပ်စားရင် နဲနဲကျွေးဘာာာာာာာာာာာာာာ 😀

Leave a Reply