( လမ်းခွဲလေးမှာ မင်းနဲ့ငါ )

     တကယ်တော့ ဒီဇာတ်မှာ

ဒါရိုက်တာက ကံဇာတ်ဆရာ

ချန်လှပ်ခံရတာကငါ

မကြံတတ်တာကမင်း

လွမ်းခြင်းတွေကိုငါ့ဆီပုံ

မယုံရသူကို မင်းက ခစား

အမှားကိုတဲ့အမှန်ထင်

ပြန်ပြင်ဖို့ မင်းမတွေး

ဝေးတော့မှ လက်ကမ်း

ဆက်ကျွမ်းဦးမယ့်ငါ့နှလုံးသား

အရှုံးသမားမို့   ပြုံးထားဖု့ိဝေလာဝေး

သေကာမှဖြင့် အေး ၊

9 comments

  • မြစပဲရိုး

    July 21, 2015 at 11:03 pm

    . ကြည့်ရတာ သုံးပွင့်ဆိုင်ဘဲ။
    . သေကာမှဖြင့် အေး ဆိုတာ ဘယ် အပွင့် ကို ပြောတာတုန်း။ 😉 lol:-)))

  • ဇီဇီခင်ဇော်

    July 22, 2015 at 8:14 am

    ကဗျာတွေ ဖတ်ဖြစ်တယ်လို့။
    ရင်တွင်းဖြစ်တွေမှာ မနောက်ချင်တော့လို့ ဝင်မမန့်ဖြစ်တာလို့။

  • တောင်ပေါ်သား

    July 22, 2015 at 11:38 am

    အရီး ၊ ကိုပေါက် ၊ ကေဇီ
    ကောမန့်လေးတွေအတွက် ကျေးကျေး

  • Kaung Kin Pyar

    July 22, 2015 at 2:10 pm

    ကံကို ယုံပြီး ဆူးပုံမနင်းနဲ့လေ..
    အဲ့ဒါရိုက်တာကို ဇာတ်ပြောင်းခိုင်းလိုက်…
    :k:

    • တောင်ပေါ်သား

      July 22, 2015 at 2:22 pm

      တော်ပြီ
      စိတ်ကြိုက်မင်းသမီးနဲ့ နောက်တစ်ကားကို ကိုယ်ကိုယ်တိုင် ဒါရိုက်တာလုပ် ရိုက်တော့မယ် ၊

      ဇာတ်လမ်း ဇာတ်ညွှန်း မင်းသား အားလုံး ကိုယ်တိုင်ပဲ ၊ ဟဲ ဟဲ အဲဒါဆို ဘယ်လိုနေမလဲ ? 🙂

  • Mike

    July 22, 2015 at 3:20 pm

    .အရှုံးသမားမို့ ပြုံးထားဖု့ိဝေလာဝေး ..သေကာမှဖြင့် အေး
    .ဒါကတော့ ပေါက်ကွဲသံစဉ်ခေါ်တယ်…ပြတ်သားတဲ့သဘောပေါ့

    • တောင်ပေါ်သား

      July 22, 2015 at 3:26 pm

      အဲဒီလိုမှ ဒီဇာတ်က ပြတ်မှာ 🙂

  • Swal Taw Ywet

    July 27, 2015 at 1:08 am

    အဟေ့။
    ရန်သူငါးပါးထဲမှာ
    မပါပါ နောက်ထပ်တိုးမှာ
    သူခိုးဓါးပြထက် ဆိုးတဲ့သူဆိုတာာာာာာ။
    ညများကို ပိုင်စိုးးးတယ်
    အကြွေးရှင် သူကလေးရယ်။
    မိုက်သဗျို့။
    With respect,
    Swal Taw Ywet.

Leave a Reply