. မြတစ်ယောက် ဒီ ရက် အင်မတန် စိတ်လှုပ်ရှားနေသည်။
အင်မတန် စိတ်ပျက်နေသည် ဟု ပြောထားသော Face စာအုပ်ကြီး ကို အခွင့်ရတိုင်း ဖွင့်နေ၏။
အစုတ်ပနုတ် အရေမရ အဖတ်မရ ကြွားလုံးစုံ ဖွင့် ပြထားသည် များ ကို ကျော်ခွကာ သိလိုသည့် အကြောင်းကို ရှာရသည်။

အားရစရာကောင်းလှပါဘိခြင်း။

အရင်က ပိတ်ထားခံရတော့ အသံများ ပွင့်လေပြီ။
အရင်က ချုပ်ထားခံရသော နှလုံးသားများ ခုံလေပြီ။
အရင်က တားထားခံရသော လက်များ တွဲလေပြီ။
အလင်းရောင် ပြပြလေး မြင်ရပြီထင်၏။

ဟိုးတုန်းက  ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ပါက ပညာတတ် လူတော်များ မရှိနိုင်ဟု ထင်နေသော သူကြီးမင်း နှင့် ကြောင်ကြောင် တို့ စိတ်အေးသွားပြီ ထင်၏။
ဘာသံမှ မထွက်လာသေး။
တစ်ခါတစ်ရံ ဆိတ်ဆိတ်နေခြင်း သည် ပညာရှိ သဘောဆောင် သည် ကို မြ တစ်ယောက် သတိမပြုမိ။
သူတို့ လိုချင် မြှောက်စားချင်သော လူများ မပါ ပါက အသံထွက်လာဦး မည် ဟု မြ မှန်းထားသည်။
. မြသည် လည်း သူတို့ လို ပင် လေပညာရှိ ဖြစ်ကြောင်း သူတို့ သိပုံမရ။

ထားတော့၊

တစ်ဖက်က ဒီလို လူကောင်း ပညာတတ်များ ထွက်လာချိန် နောက်တစ်ဖက် ဘာများလုပ်နေသလဲ ဟူသော စပ်စုချင်စိတ် ကို တားမရ။
တစ်ဖက်သတ် ချည်းဘဲ ကောင်း မနေစေချင်ပါ။
မျှတ ၍ ကြည့်ကောင်းမည့် ပွဲ ဖြစ်စေရန် ထိုဖက်ကိုလဲ ပညာတတ် လူတော်ကြီး များ ထွက်လာစေလိုသည်။

သို့သော် ထိုထိုသော မဟာခေါင်းဆောင်ကြီး များ သည် ဤကဲ့သို့သော ပညာတတ်ကြီး များ ကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ယုံကြည်နိုင်ပါမည်လော။
သူတို့ ဘက်က ရပ်၍ ပွဲဝင်ရမည့် ပညာတတ်ကြီးများ သည် လဲ အတော်ပင် စဉ်းစားရပေမည်။
ငယ်စဉ်က သင်ဖူးသော ကျေးညီနောင်ဇာတ် တွင် သူတို့ပါ ဝင်ကပြ ရဲ ပါက အတော်ပင် သတ္တိကောင်းသည်ဟု ဆိုရမည်။
မျက်နှာလဲ အတော်ပြောင်နိုင်ရပေဦးမည်။

လက်ရှိလွှတ်တော်ထဲ တရားဈာန်ဝင်တတ်ကြသော အဘများ သည်လည်း ထွက်ရတော့မလို ဆက်နေရဦးမလို ဖြစ်တော့မည်။
တရားမျှအောင် တစ်ယောက်လောက်တော့ ရှိနိုင်ပါသေး၏။
. မြ သဘော ရွေးရမည် ဆိုလျှင်
“ရီသောသူသည် အသက်ရှည်၏” ဟူသော ဆောင်ပုဒ် အရ ပြည်သူများ ကို မကြာခဏ ဟာဒယရွှင်ဆေးတိုက်ကျွေး သော ဂန့်ဂေါနယ်မှ အဘ အမတ်မင်း ကိုတော့ ကျန်နေစေချင်ပါသေးသည်။

ထားတော့၊ သူတို့ ဟာသူတို့ ဘယ်လိုဇာတ် ကက။

တစ်ဖက်က စိတ်လှုပ်ရှား နေချိန်တွင် နောက်တစ်ဖက် က စိတ်ပူ နေမိသည်။
အာဏာလွတ်မသွားစေရေး အတွက် အမှောင်တိုက်ထဲ ရောက်နေသူ တို့ တွင် စဉ်းစားဆင်ခြင်မှု အားနည်းသည်မှာ အသေအချာ ပင် ဖြစ်သည်။
အလင်းရောင် ပြပြ မြင်ရ ချိန်တွင် အယုတ်မာဆုံး အကောက်ကျစ်ဆုံး ထွက်ပေါက် ကို  နောက်ဆုံး သုံးသွားနိုင်သည်။
သက်ဆိုင်သူများ ကို အလေးအညွတ်ပြု တောင်းပန် လိုပါသည်။
. ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး  နှင့် ကျန်းမာရေး ကို အထူး(အထူး) ဂရုပြုပေးကြပါ။

. လောလောဆယ် တွင်
. မြ တစ်ယောက် စူပါဝိုးမန်း ဖြစ်နေလျှင် ကောင်းမည် ဟု စိတ်ကူးယဉ် နေလေ၏။

Various 011 - Squirrels 50pc

သူတို့ မကြောက်တော့ဘူး။ အင်အားကောင်းပြီး ရဲ လာပြီ။ :-)))

About မြစပဲရိုး

Khin Latt has written 240 post in this Website..