. မြ ရဲ့ သင်ပုန်း ၂၁-၀၇-၂၀၁၅

မြစပဲရိုးJuly 21, 20151min22723

. မြတစ်ယောက် ဒီ ရက် အင်မတန် စိတ်လှုပ်ရှားနေသည်။
အင်မတန် စိတ်ပျက်နေသည် ဟု ပြောထားသော Face စာအုပ်ကြီး ကို အခွင့်ရတိုင်း ဖွင့်နေ၏။
အစုတ်ပနုတ် အရေမရ အဖတ်မရ ကြွားလုံးစုံ ဖွင့် ပြထားသည် များ ကို ကျော်ခွကာ သိလိုသည့် အကြောင်းကို ရှာရသည်။

အားရစရာကောင်းလှပါဘိခြင်း။

အရင်က ပိတ်ထားခံရတော့ အသံများ ပွင့်လေပြီ။
အရင်က ချုပ်ထားခံရသော နှလုံးသားများ ခုံလေပြီ။
အရင်က တားထားခံရသော လက်များ တွဲလေပြီ။
အလင်းရောင် ပြပြလေး မြင်ရပြီထင်၏။

ဟိုးတုန်းက  ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့ပါက ပညာတတ် လူတော်များ မရှိနိုင်ဟု ထင်နေသော သူကြီးမင်း နှင့် ကြောင်ကြောင် တို့ စိတ်အေးသွားပြီ ထင်၏။
ဘာသံမှ မထွက်လာသေး။
တစ်ခါတစ်ရံ ဆိတ်ဆိတ်နေခြင်း သည် ပညာရှိ သဘောဆောင် သည် ကို မြ တစ်ယောက် သတိမပြုမိ။
သူတို့ လိုချင် မြှောက်စားချင်သော လူများ မပါ ပါက အသံထွက်လာဦး မည် ဟု မြ မှန်းထားသည်။
. မြသည် လည်း သူတို့ လို ပင် လေပညာရှိ ဖြစ်ကြောင်း သူတို့ သိပုံမရ။

ထားတော့၊

တစ်ဖက်က ဒီလို လူကောင်း ပညာတတ်များ ထွက်လာချိန် နောက်တစ်ဖက် ဘာများလုပ်နေသလဲ ဟူသော စပ်စုချင်စိတ် ကို တားမရ။
တစ်ဖက်သတ် ချည်းဘဲ ကောင်း မနေစေချင်ပါ။
မျှတ ၍ ကြည့်ကောင်းမည့် ပွဲ ဖြစ်စေရန် ထိုဖက်ကိုလဲ ပညာတတ် လူတော်ကြီး များ ထွက်လာစေလိုသည်။

သို့သော် ထိုထိုသော မဟာခေါင်းဆောင်ကြီး များ သည် ဤကဲ့သို့သော ပညာတတ်ကြီး များ ကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ယုံကြည်နိုင်ပါမည်လော။
သူတို့ ဘက်က ရပ်၍ ပွဲဝင်ရမည့် ပညာတတ်ကြီးများ သည် လဲ အတော်ပင် စဉ်းစားရပေမည်။
ငယ်စဉ်က သင်ဖူးသော ကျေးညီနောင်ဇာတ် တွင် သူတို့ပါ ဝင်ကပြ ရဲ ပါက အတော်ပင် သတ္တိကောင်းသည်ဟု ဆိုရမည်။
မျက်နှာလဲ အတော်ပြောင်နိုင်ရပေဦးမည်။

လက်ရှိလွှတ်တော်ထဲ တရားဈာန်ဝင်တတ်ကြသော အဘများ သည်လည်း ထွက်ရတော့မလို ဆက်နေရဦးမလို ဖြစ်တော့မည်။
တရားမျှအောင် တစ်ယောက်လောက်တော့ ရှိနိုင်ပါသေး၏။
. မြ သဘော ရွေးရမည် ဆိုလျှင်
“ရီသောသူသည် အသက်ရှည်၏” ဟူသော ဆောင်ပုဒ် အရ ပြည်သူများ ကို မကြာခဏ ဟာဒယရွှင်ဆေးတိုက်ကျွေး သော ဂန့်ဂေါနယ်မှ အဘ အမတ်မင်း ကိုတော့ ကျန်နေစေချင်ပါသေးသည်။

ထားတော့၊ သူတို့ ဟာသူတို့ ဘယ်လိုဇာတ် ကက။

တစ်ဖက်က စိတ်လှုပ်ရှား နေချိန်တွင် နောက်တစ်ဖက် က စိတ်ပူ နေမိသည်။
အာဏာလွတ်မသွားစေရေး အတွက် အမှောင်တိုက်ထဲ ရောက်နေသူ တို့ တွင် စဉ်းစားဆင်ခြင်မှု အားနည်းသည်မှာ အသေအချာ ပင် ဖြစ်သည်။
အလင်းရောင် ပြပြ မြင်ရ ချိန်တွင် အယုတ်မာဆုံး အကောက်ကျစ်ဆုံး ထွက်ပေါက် ကို  နောက်ဆုံး သုံးသွားနိုင်သည်။
သက်ဆိုင်သူများ ကို အလေးအညွတ်ပြု တောင်းပန် လိုပါသည်။
. ဒေါ်အောင်ဆန်းစုကြည် ၏ လုံခြုံရေး  နှင့် ကျန်းမာရေး ကို အထူး(အထူး) ဂရုပြုပေးကြပါ။

. လောလောဆယ် တွင်
. မြ တစ်ယောက် စူပါဝိုးမန်း ဖြစ်နေလျှင် ကောင်းမည် ဟု စိတ်ကူးယဉ် နေလေ၏။

Various 011 - Squirrels 50pc
သူတို့ မကြောက်တော့ဘူး။ အင်အားကောင်းပြီး ရဲ လာပြီ။ :-)))

23 comments

    • မြစပဲရိုး

      July 21, 2015 at 11:05 pm

      သူရို့ က ပလန် ဇက် ထိ ရှိတာ ကော ကိုပေါက်ကြီး ရယ်။

  • ပလန်းက ခေါင်းကနေစ လိုက်တာဘဲ နောက်ဆုံးအဆင့်ကတော့ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုလားဘဲ

    ပြေးဘို့ကြံနေသလား

    သိမ်းဘို့ကြံနေသလား တစ်ခု ခု တော့ တစ်ခုခုဘဲ

    • မြစပဲရိုး

      July 21, 2015 at 11:42 pm

      ဒါကြောင့် ပြောတာ။ စိုးရိမ်တယ်။

  • ဇီဇီခင်ဇော်

    July 22, 2015 at 6:23 am

    နောက်တမျိုးး ပြောဖို့ ကြံနေလားးမသိ 🙄
    အားးရချက်ကယ်..!!
    ချိန်ခွင်လျှာ ဂျီးး စောင်းးးနေတာပဲ…
    :mrgreenn:

  • မင်း ခန့် ကျော်

    July 22, 2015 at 9:09 am

    ဒေါက်တာခင်လတ် ကောပါဘူးရားးးး :mrgreen:

    တနှစ်လောက် နိုင်ငံရေးအထာနှပ်လောက်ပါရဲ့

    ပညာတတ်တွေပဲကိုးးး။

    စိတ်ပိုင်းဆိုင်ရာ ကတော့ ယုံကြည်ရတယ် လို့ပဲ မြင်ပါတယ်။

    ရှေ့ဆက်ပြီး Aung Kyu မျိုး နှစ်ဆယ်

    Kai မျိုး အစိတ်တော့ လိုအပ်တာအမှန် ။

    • မြစပဲရိုး

      July 22, 2015 at 12:49 pm

      ကိုယ့်စိတ်နဲ့ နှိုင်း မရိုင်း တဲ့ ကိုမင်း ရဲ့။
      ရယူလိုမှု တွေ နဲ့ နိုင်ငံတော် ကို တည်ဆောက် နေတဲ့ လူ တွေ ကြား မှာ ပျက်ခဲ့ ရ တဲ့ ဘဝ တွေ အတွက် စာနာတတ် လွန်းလို့ ဒီ စကား တွေ ပြောနေတာပါ။
      အများကြီး တော့ မပေးဆပ် နိုင်သေးပါဘူး။
      တကယ် ပေးဆပ်နိုင်တဲ့ တစ်နေ့ လူ မသိ တဲ့ ကွက်လပ် အတွက် ဘဲ ကျွန်မ ရှိနေပါလိမ့်မယ်။

      ဒါထက်
      {{{ ရှေ့ဆက်ပြီး Aung Kyu မျိုး နှစ်ဆယ် ၊ Kai မျိုး အစိတ်တော့ လိုအပ်တာအမှန် ။ }}}
      သူတို့ ကို အစိတ်သား နဲ့ လဲ မယ်ရှင်။
      လဲ မလား?
      lol:-))))

  • Mike

    July 22, 2015 at 11:06 am

    Martin Swe added 4 new photos.

    NLD အလံအောက်မှ ဝင်ပြိုင်မည့် ပုဂ္ဂိုလ်များပါ။ အရမ်းအားရမိပါတယ်။

    1)Dr ဒေါ်ဇင်မာအောင်
    2)Dr ဦးသိန်းလွင် ( NNER )
    3)Dr ဒေါ်ညိုညိုသင်း
    4)Dr ဦးအောင်သူ (ရန်ကုန်တက္ကသိုလ် ပါချုပ် )
    5)Dr ဦးသန်းဝင်း (မန္တလေးဆေးတက္ကသိုလ် ပါချုပ် ငြိမ်း )
    6)Dr ဦးမင်းမြင့် ( ပါမောက္ခ၊ ဌာနမှူ း (ငြိမ်း) *အတွင်းဝန် ဦးအုန်းမောင်၏ သား )
    7)Dr ဦးဝင်းမြင့် ( မန္တလေးတော်ဝင်ဆေးရုံပိုင်ရှင် )
    8)Dr ဒေါ်ခင်စိုးစိုးကြည်(မအူပင်ဆေးရုံအုပ်ကြီးငြိမ်း)
    9) ဦးဝင်းချို ( တက်ကြွလှုပ်ရှားသူ )
    10) ဒေါ်သက်သက်ခိုင်( ရွှေနန်းတော်ရွှေဆိုင်ပိုင်ရှင်)
    11) ဒေါ်ဆူဇန်နာလှလှစိုး
    12) Blogger နေဘုန်းလတ်
    13) ဦးကိုကိုကြီး
    14) မမီးမီး
    15) ကိုအောင်သူ
    16) မဖြူ ဖြူသင်း
    17) ဦးသိမ်းဆွေ
    18) ဦးမြအေး

    .တကယ်တိုင်းပြည်ပေါ်၊ ပြည်သူတွေအပေါ်စေတနာအမှန်ထားတဲ့ ကိုယ်ကျိုးစွန့်သူတွေ .ဦဆောင်လာရင်..စစ်အစိုးရရှေ့မှာအစွမ်းအစ .မပြခဲ့ရတဲ့ ၊ပြခွင့်မရှိခဲ့တဲ့ .တတ်သိပညာရှင်ရွက်ပုန်းသီတွေအများကြီးထွက်လာအုံးမယ်..က ျုပ်တို့ကေ ျာင်းတော်ကြီးက .အငြိမ်းစားဆရာကြီးတစ်ဦးလည်းပြိုင်မယ်တဲ့ :))

  • မြစပဲရိုး

    July 22, 2015 at 12:57 pm

    ဇီ ကလေးရော၊ ကိုမင်းရော၊ မိုက် ရော၊ မောင်အောင်ရော ကျေးဇူးပါ။

    တစ်ဖက် ကို အလုပ်ထွက်ပြီး ဝင်လာ ရဲ မဲ့ ပညာတတ် ကြီး များ ကို မျှော်နေပါတယ်။
    အဲဒီထဲ ဝင် ရင် ဘယ်သူ တွေ ကို ကာကွယ်ဖို့ လဲ၊ ဘယ်သူ တွေ အကျိုး အတွက် လဲ ဆိုတာလေး ကိုတော့ ပညာရှိ သတိ ဖြစ်ခဲ ဖြစ်မစိုးလို့ …..
    ကိုယ့်လိပ်ပြာ ကိုယ်လုံ ရင် ပြီးရော မတွေးနဲ့။
    Confirmation Bias ဆိုတဲ့ စကား က အပျော်ထွက်လာတာ မဟုတ်ဘူး။
    ခရိုနီကြီး များ တောင် Black List ဝင်သွားမစိုးလို့ ဝင် ရဲ ပါ့မလား။
    . ကြည့်ကြသေးတာပါ့။

  • kai

    July 22, 2015 at 3:31 pm

    အဟမ်း..
    နိုင်ငံရေးသမားနဲ့..ပညာတတ်ဆိုတာက… တူတယ်တော့မဟုတ်…။
    ပလုပ်တုပ်..။
    ပိုဆိုးကုန်မှဖြင့်…။

    အရင်းအမြစ်ကိုစရှင်းဖို့လိုတယ်ထင်ပါကြောင်း..။
    ဆိုတော့..
    ထုံးစံအတိုင်း…ပြောရရင်..။
    အတွေးအခေါ်တို့၏… အမြုတေသည်… … ..။
    ဒန်တန်တန့်..။

    • ဇီဇီခင်ဇော်

      July 22, 2015 at 3:34 pm

      ဘာသာရေး
      ဘာသာရေးးး
      လက် ၁ဝ ချောင်း ၃ ခါ။

      အာ့ ပါ ဆက်ပြောပါဆို။

      :mrgreenn:

    • မြစပဲရိုး

      July 22, 2015 at 3:52 pm

      အဲဒီတော့ နိုင်ငံဂျား က နိုင်ငံရေး ဆရာကြီး များ ကို Import လုပ် ရမှာလား။
      အဲဒါမှ သံဃာစင် မှောက်မှာ။
      ဒီမှာ သူကြီး ရဲ့ ကျွန်မ အမြဲပြောတယ်။
      အခု လို နေတာ စနစ်ကောင်း လေး အခြေမြဲ သွားဖို့ လူကောင်း တွေ လို နေတဲ့ အချိန်ပါ။
      ရိုးရိုးလေး မြင်ကြည့်ပါ။
      စေတနာ ကောင်း တဲ့ လူကောင်း တွေ နဲ့ စနိုင် ဖို့ လိုတာ။
      နိုင်ငံရေးဆရာကြီး ဆိုပြီး ကိုယ့် အကျိုးဘဲ ရှာ မဲ့ tသူ တွေ တစ်ပုံကြီး မြင်ထားပြီး သားပါ။
      . ပြည်တွင်း က လူ တွေ ကို ဒီ လောက် အတင်မသေး စေလိုပါ သူကြီး ရေ။

  • မြစပဲရိုး

    July 22, 2015 at 10:28 pm

    သူကြီး ပြောတာ မှန်မှာပါ။
    နှစ်ပေါင်းများစွာ နိုင်ငံရေးငြိမ်သက်ပြီး ဖြစ်တဲ့ နိုင်ငံ တွေမှာ ဆိုရင်ပေါ့။
    . မြန်မာပြည်မှာတော့ နိုင်ငံရေး ဆိုတာလုပ်ဖို့ အတွက် နိုင်ငံရေးသိပ္ပင်္ဆင်း ဆိုရင်တော့ တစည ထဲ က လူတွေ ကိုသာ ထိပ်တင်ပေတော့။
    အများစု က ရှေးတုန်းက ဗဟိုနိုင်ငံရေးတက္ကသိုလ်ကျောင်းဆင်းကြီး များ ဘဲ။
    ဒီကြား ထဲ လိုရင် အရင်က နိုင်ငံရေးသိပ္ပံဆရာကြီး များ ကို စုဦးမလား။
    ရှိပါစေတော့။
    ဆား နဲ့ဘဲ စားတော့မယ်။ 😉
    အင်း ပြောသာပြောရတယ်။ အခု ၆ဝတန်း ဆရာ/ဆရာမ ကြီး တွေထဲ ဖောင်ကြီး သင်တန်း မတက်ဖူးသူ ရှိမယ်မထင်။
    အားလုံး အဲဒီ ကို သွား ခဲ့ရမှာ အသေအချာ။ lol:-)))

    အခု ဒေါ်အောင်ဆန်းစုကြည် ကို ပံ့ပိုးကြမဲ့ ဆရာကြီး တွေထဲ နိုင်ငံရေးပညာ မကြွယ်ဝ ဘူး လို့ ပြောနိုင်ပါတယ်။
    . လောလောဆယ်တော့ မြန်မာပြည်နိုင်ငံရေးလောကထဲ အနောက်တိုင်းသား ပရိုအစစ် တက္ကသိုလ်က နိုင်ငံရေသမားကြီး ဆရာ များ ကိုယ်တိုင်လာကူလဲ ဥုံဖွမန်းသလို ကောင်းမသွားပါဘူး။
    ဘာလို့လဲ ဆိုတော့ မြန်မာပြည် က ပြည်သူ တွေမှာ ဒီမိုကရေစီ အတွက် ရှိရမဲ့ စိတ်ဓာတ် အားနည်း နေသေးလို့ပါ။
    ဒါကို အရင်ရ အောင် စည်းရုံးပညာပေးနိုင်တဲ့ သူများ အရင် ဆုံး အရေးတကြီး လိုတာပါ။
    . နောက်မှ တစ်ဆင့်ချင်း တက်တက်ပြီး စနစ်ကောင်း ရ ချိန် သူ့လူ နဲ့ သူ နေရာ မှန်သွားမှာပါ။

    တကယ်တော့ နိုင်ငံရေးသမား ကောင်း ဖြစ်ဖို့ ဘွဲ့ကြီး ဂုဏ်ရှိရမယ် ဆိုတာ ဖြစ်သင့်/ မဖြစ်သင့် တော့ မပြောတတ်ပါဘူး။
    ဒါပေမဲ့ နိုင်ငံရေးသမားကောင်း ဖြစ်ဖို့ (အကြမ်းဖျင်း)
    – ဗဟုသုတ စုံ ကို ရှာမှီး နိုင်သော အရည်အချင်း
    – problem analyzing and solving လုပ်နိုင်တဲ့ ဉာဏ်ရည် ဉာဏ်သွေး
    – ကိုယ့်အဖွဲ့ နဲ့ သူများအဖွဲ့ (သို့) နိုင်ငံသားများ၊ ကိုယ့်နိုင်ငံ နဲ့ တစ်ခြားနိုင်ငံများ အကြား ပေါင်းကူး ပေးနိုင်တဲ့ ဆက်ဆံနိုင်စွမ်း ပါဝါ
    စသဖြင့် ဒါတွေ နဲ့ ပြည့်စုံ ရမယ်။

    ဒီမှာ ဉာဏ်ရည်ကောင်း IQ မြင့် သင့်တယ် ဆိုတာ ပေါ်လွင်ခဲ့တာမို့ ပညာတတ်/ပညာရှင် တွေ မှာ အများစု မှာ IQ ကောင်း ရှိတဲ့ သဘောဆောင်ပါတယ်။
    ဒါက တစ်ဆင့် တက်ရင်တော့ EQ ကောင်းဖို့ပေါ့။

    . လောလောဆယ် ဒီလို လုပ်ရင်အချိန်မရွေး ဒုက္ခရောက်နိုင်မယ် ဆိုတာ သိရက် နဲ့ လိုတာ ကို ဝင်ပြီး ပံ့ပိုးပေးသူများ မှာ တန်းမှီ တဲ့ EQ ရှိနေမယ်လို့ လဲ ကျွန်မ ယုံကြည်ပါတယ်။
    အားလုံး အကောင်း ရတနာ တွေချည်း စု နေတာမျိုး တော့ ဟုတ်ချင်မှ ဟုတ်မယ်။
    ဒါပေမဲ့ တိုင်းပြည် နဲ့ လူထု ကို သစ္စာထားမဲ့ လူ တွေ အများစု ဖြစ်နေမယ်လို့ မှန်းပါတယ်။

    ဒီလို ကိုယ်မလုပ်နိုင်တာ/ မလုပ်ရဲ တာ ကို သူများ တွေ လုပ်နေတာ ကို အကောင်းမြင်စိတ် နဲ့ အမှား ထောက်ပြ အမှန်ကိုလမ်းပြ ဝေဖန်တတ်ရင် ကြားသူက လက်ခံနိုင်ပါတယ်။
    ဒါလဲ တစ်ဖက်က နိုင်ငံရေး လုပ် နေတာဘဲ မဟုတ်လား။
    သို့ပေမဲ့
    ငါပြောတာ မလုပ်လို့၊ ငါ နဲ့ အမြင်မတူ လို့၊ ငါ လမ်းစဉ် ကို သွေဖီလို့၊ ငါ့ကို ဖယ်ထားလို့ စတဲ့ ငါ ငါ ငါ တွေ နဲ့ ထောက်ပြ နေရင်တော့ ဒါဟာ အပြုသဘောမဟုတ်ဘူး။
    အဖျက်သဘောဆောင်တယ်။

    ဒီအချိန်မှာ အားလုံး က အမှောင်ထဲ မှာဘဲ စမ်းတဝါးဝါးရှိနေတုန်း။
    ဘယ်လို ဘယ်ပုံ က မှန်တယ် လဲ ဘယ်သူ ဘယ်ဝါ ဘယ် နိုင်ငံရေးဂုရုကြီး က မှ မှန်အောင် ပြောနိုင်မှာမဟုတ်။
    တစ်ဖက်က ညစ်လုံးများစွာနဲ့ ကောက်ကျစ်ဖို့ ခြေထိုးဖို့ လုပ်နေတာ ကို သိနေချိန်မှာ ကိုယ့်အချင်းချင်း စည်းလုံး မှု က အရေးအကြီးဆုံးဘဲ။
    အရေးအကြီးဆုံးက ဒီလူ တွေ လက်ထဲ က အာဏာ ကို ရကို ရမှ ဖြစ်မယ်။
    အဲဒါမှ စနစ်ကောင်း ကို အခြေခိုင်အောင်တည်ဆောက်နိုင်မှာ။
    ဒီတော့ အခုချိန်မှာ ပြည်သူ တွေ မျက်စိ ကျမဲ့ လူ တွေ များနိုင်သမျှ များ ဖို့ဘဲ လိုတယ်။
    ဒါကို မကောင်းမြင်ဝေဖန်ချက် တွေပြောလို့ ကတော့ တစ်ဖက် အကြိုက်ပေါ့။

    . နိုင်ငံကောင်းသွားတာ ကို ဂရုမစိုက် ငါတို့ နာမည် ရ ဖို့သာလို့ တွေးသူများ နေရင်တော့ လဲ ကြိုက်သလို ပြပြပါ၊ လုပ်ကြပါလေ။

    မှတ်ချက် – အနာဂါတ် နိုင်ငံရေးသမား တွေ အတွက် တော့ စိတ်မပူပါနဲ့ သူကြီးမင်း။
    အခုတောင် ကျွန်မ မိတ်ဆွေ တွေထဲ သူတို့ သားသမီး တွေ ကို အနောက်တိုင်းက တက္ကသိုလ် တွေမှာ နိုင်ငံရေးဘာသာ နဲ့ ဘွဲ့ ယူ ဖို့ ပို့ ထားကြပြီ။
    . နောက်တစ်ခါ ၂၀၁ဝ ရွေးကောက်ပွဲ ကျ ရင် တွေ့မှာပါ။
    အခုလဲ တစ်ချို့ က နိုင်ငံရေးပညာ တွေ သင်ပေးနေတဲ့ ဆရာမ တွေ လဲ ပါသားပါဘဲ။
    နယ်ပယ် မတူ သူတွေ စု ပြီး ရည်မှန်းချက် တူဖို့သာ လိုရင်းပါ။

    • မြစပဲရိုး

      July 22, 2015 at 10:38 pm

      အခုတောင် တွေးမိနေတာ
      . ရွေးကောက်ပွဲ ဝင်ချင်ရင် (သို့) သမ္မတ လုပ်ချင်ရင် knowledge, skill, courage, communication and leadership qualities တွေ အတွက် စာမေးပွဲ စစ်သင့်တယ်။
      လူတွေရဲ့ ခံစားချက် တွေ ကို ဘယ်လောက်နားလည်နိုင်လဲ ဘယ်လောက် ဆက်သွယ်နိုင်လဲ ဘယ်လို ဖြေရှင်း နိုင်လဲ ဆိုတာ တွေ ကို လဲ စစ်သင့်တယ်။
      :-))))

    • kai

      July 23, 2015 at 2:13 am

      ဒေါ်စုကိုယုံပါတယ်…။ ထိုက်သင့်ရာကို.. ဆွဲယူလေ့ကျင့်သွားမယ်လို့..။
      ထေရာဝါဒကိုတော့.. တယ်မယုံ…။ အတင်းဝင်ဖိအားပေး..အညွှန့်ချိုးမယ်လို့..။
      ဆိုတော့…
      အဲဒီ၂ဖက်အားပြိုင်မှုမှာ.. ဘယ်ဖက်က အသာရသလဲ..။ အဲဒါ..တိုင်းပြည်အနာဂတ်ပဲ…လို့..။

      အဟမ်း..
      ကျုပ်သာအကြံပေးရမယ်ဆိုရင်တော့…
      အဟောင်းတွေ.. မျိုးရိုးအစဉ်သမားတွေနဲ့စာရင်.. အသစ်.. လူငယ်… အမျိုးသမီး… တောင်ပေါ်တိုင်းရင်းသား….
      .. နိုင်ငံရေးသမားလေးတွေ..မွေးစေလို.. လို့….။

      • Ma Ma

        July 29, 2015 at 9:58 am

        ဒေါ်စုကို ယုံသလို ထေရဝါဒကိုလည်း ယုံသင့်တယ်။
        ဒေါ်စုယုံကြည်လိုက်နာတဲ့ ထေရဝါဒရဲ့ အဆုံးအမက စစ်မှန်လို့။
        ဒေါ်စုလက်ထက်မှာ ထွန်းကားပြန့်ပွားမယ့် ထေရဝါဒက စစ်မှန်မယ်လို့ ယုံကြည်တယ်။ 🙂

        • kai

          July 29, 2015 at 2:22 pm

          ထေရာဝါဒမှာ.. ဗုဒ္ဓဘာသာကို …တမင်ကိုထည့်မထားဘူးနော…
          မိန်းမ(ထေရီ)တွေမပါလို့..ထေရအစား.. ထေရာလို့လည်း တမင်..ရေးထားတယ်..။
          သချင်္ာမတတ်..သိပ္ပံနားမလည်သူတွေရဲ့စကားကနေ.. ထွက်တဲ့.. ဝါဒကိုတော့..
          စစ်မှန်ဦး… ကောင်းမယ်လို့တော့.. တယ်… မထင်..။

          ဒေါ်စုက.. ကုလားပြည်မယ်…ကြီးပျင်းလာသမို့.. ထေရာဝါဒထဲ.. ဟိန္ဒူဘယ်လောက်သက်ရောက်နေသလည်းသိ(နိုင်)ချေရှိတဲ့အပြင်…
          သူ့အမျိုးသားကလည်း.. မဟာယာနဗုဒ္ဓဘာသာကို.. သေသေချာချာလေ့လာထားသူမို့..
          ဒေါ်စုသိတာတွေဟာ.. (တကယ်လုပ်နိုင်ခဲ့ရင်) တိုင်းပြည်ရဲ့.. သာသနာအတွက်တော်တော်ကောင်းမှန်မယ်လို့ထင်ခဲ့မိတယ်..။

          ဒါပေမယ့်.. ဒေါ်စုက.. သူ့အဖေလောက်လူထုကို.. အမုန်းခံ တွန်းတိုက်မပြောတာကို.. သိပ်အားမရ..။
          သူအာဏာရတဲ့အထိကနေစောင့်ကြည့်ရမှာပါပဲ..။ ၂၀၁၅အလွန်တွေက.. တော်တော်ပွဲကြမ်းမယ်ထင်တယ်..။
          ဒီကျိန်စာ… မယ်ကျော်နိုင်ပါ့.. :k:

        • kai

          July 29, 2015 at 4:16 pm

          https://www.youtube.com/watch?v=VGxnuNZ07OI

          Published on Jul 28, 2015

          လက်နဲ ့ထိပြီး ရေစင်သောက်ရုံနဲ ့ ရောဂါပျောက်ကင်းနိုင်တယ်ဆိုတဲ့ နတ်မောက်မြို့က သီလရှင်ဆရာလေးဒေါ်သုန္ဒာရဲ့ ရန်ကုန်မြို့မှာ ၁၁ရက်ကြာ ဆေးဝါးကုသပေးတဲ့ အစီစဉ်ကို လာရောက်ကုသသူပေါင်း ၁၅၀၀ဝနီးပါးထိရှိခဲ့ပါတယ်။ဦးအာကာ သတင်းပေးပို ့ထားပါတယ်။ DVB TV – 28.07.2015

    • မြစပဲရိုး

      July 22, 2015 at 11:23 pm

      စစ်ရေး ရဝူး။ ကာကွယ်ရေးမှ။ lol:-)))

      • မြစပဲရိုး

        July 22, 2015 at 11:26 pm

        ဒီလို “စစ်” မှာ ကြောက်လို့ ထင့်။ lol:-)))

  • Swal Taw Ywet

    July 27, 2015 at 1:36 am

    ချိုတူးဇော် ပို့ စ်ကို ရှယ်ထားသူတယောက်နဲ့တော့ မန့်တိုက်ပွဲ ဆင်ဖြစ်လိုက်လေရဲ့။
    ပြန်ပြောနိုင်မှုမရှိကြပါ။
    ရွာသား အနိုင်ပါ့။
    သတိတော့ ပိုထားရမယ်။
    FB တပ်ရင်းတွေ ကြောင့် ဒီမို account တွေ Report ထိခံရသာ ပို စိတ် ပို ကြမ်းလာနေပါကြောင်း။။
    With respect,
    Swal Taw Ywet.

Leave a Reply