. အခု ရွေးကောက်ပွဲဝင် မဲ့ လူ တွေ ကို လှောင်သလို ပြောနေတဲ့ စာ တွေ မြင်နေရတယ်။

. ရှေကလဲ မသွားနိုင်၊ နောက်ကလဲ မလိုက်တတ်၊ ဇော်ကန့်လန့် တွေ များ နေလို့ ဒီ အာဏာရှင်တွေ ဒီလောက် မြဲ နေတာပါ။
. အာဏာရှင် ဆိုတာ အာဏာ နဲ့ ကိုယ်ကျိုးရှာနေသူ နဲ့သူတို့ ကို ကာကွယ်ပေးနေသူ တွေ တစ်ချို့ ကို ဆိုလိုပါတယ်။
. အာဏာရှင် ဆိုတာ နဲ့ စစ်တပ် နဲ့ စစ်သား ကို မမြင်ကြပါနဲ့။
. တကယ်တော့ သူတို့ က ရန်သူမဟုတ်ပါဘူး။
. အာဏာရှင်များ ရဲ့ အရိပ်ကျ နေတဲ့ ပြည်သူထဲ က လူ တွေပါဘဲ။

. မတရားမှုပြု၊ လူတွေပေါ် အညွန့်ခူးစား နေတဲ့ လူ မဟုတ် သူတိုင်း
. အနာဂါတ် မြန်မာပြည် အတွက် ငြိမ်းချမ်း စွာ ပြောင်းနိုင် မဲ့ အပြောင်းအလဲ  ကို လိုလားကြပါ။
. အာဏာ ကို ခုထိုး လုပ် ကိုယ်ကျိုးရှာပြီး  တိုင်းပြည် နဲ့ လူထု ကို ဆင်းရဲတွင်း ထဲ ချထား သူများ ကို လက်မခံ ကြောင်း ပြသပေး ကြပါ။
. ပြည်သူ အားလုံး အတွက် တရားမျှတ ကို ရယူ မဲ့ အမှန်တရား တစ်ခု အတွက် အာဏာရှင်များ ကို တိုက်ဖို့ ညီညွတ်မှု စည်းလုံးမှု အမှန်တရားသစ္စာ ကို သိမှု များ နဲ့ တိုက်ပွဲဝင်ပေးကြပါ။

မွန်းအောင် – ငြိမ်းချမ်းရေး တိုက်ပွဲ

* အေးငြိမ့်ငြိမ့် စိမ့်ရေစီးတဲ့ မြကန်
* တိုးတိုးလေးဖွဲ့ဆို တေးချင်းတစ်ပုဒ် ကို
* မှေးစက်မဲ့ ဆိတ်ငြိမ်ညတို့ ရှိစေ
* နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်းရှေ့ကို ချီတက်ခဲ့ပြီ

* ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
* ကိုယ့်ဖက်က အလှည့် ကို ရောက်မှ မနွဲ့သာ
* စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်
* အခါတိုင်ပြီ လက်မလွတ် နဲ့
* မကြေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ

* မိုးမခပင်တွေ တို့ သက်သေတည်
* စိမ်းယဉ်သော အေးမြကန်သာမြေ
* ရိုးမတောင်ခြေ နေရောင် မခတဲ့ တောင်တွေ
* ငြိမ်းချမ်းစေ

* စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ်
* ခင်းထားတဲ့ လမ်းဟာ တို့ရဲ့သစ္စာ
* ငြိမ်းချမ်းရေး အတွက် တိုက်ပွဲရှိရမယ်
* နီတဲ့ သွေး ရဲရင့်လို့ ရန်သူ မင်း ရှေ့ကို ချီတက်ခဲ့ပြီ

* မိုးမခပင်တွေ တို့ သက်သေတည်
* စိမ်းယဉ်သော အေးမြကန်သာမြေ
* ရိုးမတောင်ခြေ နေရောင် မခတဲ့ တောင်တွေ
* ငြိမ်းချမ်းစေ

About မြစပဲရိုး

Khin Latt has written 240 post in this Website..