နားဦးတည့်ရာ သုံးဆယ့်ခြောက် – မွန်းအောင် ( ငြိမ်းချမ်းရေး တိုက်ပွဲ)

မြစပဲရိုးJuly 22, 20151min2497

. အခု ရွေးကောက်ပွဲဝင် မဲ့ လူ တွေ ကို လှောင်သလို ပြောနေတဲ့ စာ တွေ မြင်နေရတယ်။

. ရှေကလဲ မသွားနိုင်၊ နောက်ကလဲ မလိုက်တတ်၊ ဇော်ကန့်လန့် တွေ များ နေလို့ ဒီ အာဏာရှင်တွေ ဒီလောက် မြဲ နေတာပါ။
. အာဏာရှင် ဆိုတာ အာဏာ နဲ့ ကိုယ်ကျိုးရှာနေသူ နဲ့သူတို့ ကို ကာကွယ်ပေးနေသူ တွေ တစ်ချို့ ကို ဆိုလိုပါတယ်။
. အာဏာရှင် ဆိုတာ နဲ့ စစ်တပ် နဲ့ စစ်သား ကို မမြင်ကြပါနဲ့။
. တကယ်တော့ သူတို့ က ရန်သူမဟုတ်ပါဘူး။
. အာဏာရှင်များ ရဲ့ အရိပ်ကျ နေတဲ့ ပြည်သူထဲ က လူ တွေပါဘဲ။

. မတရားမှုပြု၊ လူတွေပေါ် အညွန့်ခူးစား နေတဲ့ လူ မဟုတ် သူတိုင်း
. အနာဂါတ် မြန်မာပြည် အတွက် ငြိမ်းချမ်း စွာ ပြောင်းနိုင် မဲ့ အပြောင်းအလဲ  ကို လိုလားကြပါ။
. အာဏာ ကို ခုထိုး လုပ် ကိုယ်ကျိုးရှာပြီး  တိုင်းပြည် နဲ့ လူထု ကို ဆင်းရဲတွင်း ထဲ ချထား သူများ ကို လက်မခံ ကြောင်း ပြသပေး ကြပါ။
. ပြည်သူ အားလုံး အတွက် တရားမျှတ ကို ရယူ မဲ့ အမှန်တရား တစ်ခု အတွက် အာဏာရှင်များ ကို တိုက်ဖို့ ညီညွတ်မှု စည်းလုံးမှု အမှန်တရားသစ္စာ ကို သိမှု များ နဲ့ တိုက်ပွဲဝင်ပေးကြပါ။

မွန်းအောင် – ငြိမ်းချမ်းရေး တိုက်ပွဲ

* အေးငြိမ့်ငြိမ့် စိမ့်ရေစီးတဲ့ မြကန်
* တိုးတိုးလေးဖွဲ့ဆို တေးချင်းတစ်ပုဒ် ကို
* မှေးစက်မဲ့ ဆိတ်ငြိမ်ညတို့ ရှိစေ
* နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်းရှေ့ကို ချီတက်ခဲ့ပြီ

* ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
* ကိုယ့်ဖက်က အလှည့် ကို ရောက်မှ မနွဲ့သာ
* စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်
* အခါတိုင်ပြီ လက်မလွတ် နဲ့
* မကြေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ

* မိုးမခပင်တွေ တို့ သက်သေတည်
* စိမ်းယဉ်သော အေးမြကန်သာမြေ
* ရိုးမတောင်ခြေ နေရောင် မခတဲ့ တောင်တွေ
* ငြိမ်းချမ်းစေ

* စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ်
* ခင်းထားတဲ့ လမ်းဟာ တို့ရဲ့သစ္စာ
* ငြိမ်းချမ်းရေး အတွက် တိုက်ပွဲရှိရမယ်
* နီတဲ့ သွေး ရဲရင့်လို့ ရန်သူ မင်း ရှေ့ကို ချီတက်ခဲ့ပြီ

* မိုးမခပင်တွေ တို့ သက်သေတည်
* စိမ်းယဉ်သော အေးမြကန်သာမြေ
* ရိုးမတောင်ခြေ နေရောင် မခတဲ့ တောင်တွေ
* ငြိမ်းချမ်းစေ

7 comments

  • မြစပဲရိုး

    July 22, 2015 at 4:00 pm

    * ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
    * ကိုယ့်ဖက်က အလှည့် ကို ရောက်မှ မနွဲ့သာ
    * စိုက်ခဲ့သမျှ တို့ရိတ်သိမ်းရတော့မယ်
    * အခါတိုင်ပြီ လက်မလွတ် နဲ့
    * မကြေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ

    https://www.youtube.com/watch?v=TcMGWmOL8xY&list=PLD17026CE36B61D55&index=6

  • ဇီဇီခင်ဇော်

    July 22, 2015 at 4:04 pm

    ခု လှောင်တဲ့ သူတွေ အသုံးကျရင် ဒီ အထိတောင် စစ်ကျွန်သက်မရှည်ဘူးးး
    ခု စု ကို ဝန်းရံသူတွေ လောက် သတ္တိမရှိပဲ ဘုပြောနေတာလောက်တော့ ထည့်မစဉ်းစားတော့ပါဘူးးး
    :chit:

  • တောင်ပေါ်သား

    July 22, 2015 at 4:45 pm

    ကမာရွတ်ကဝင်မယ့်သူက ရန်ကုန်တက္ကသိုလ်ပါချုပ် ဒေါက်တာအောင်သူ လို့ကြားတယ် ၊ သေတော့မသေချာသေးဘူး ၊

    ဒါနဲ့ ကြုံလို့ပြောရဦးမယ် အရီးရေ ၊
    ရပ်ကွက်ထဲက မဲစာရင်းမှာ ကျနော့်နာမည်က ၂ နေရာပါနေတယ် ၊
    ကွာရှင်းထားတဲ့ ဟိုမိန်းမ ခဏငှားနေသွားတဲ့တိုက်ခန်းမှာ သူ့နာမည်ကော ကျနော်ကော တဲ့ ၊
    ဒီမိန်းမက လက်ရှိ ဒူဘိုင်းမှာ ၊ တိုက်ခန်းမှာက နောက်အိမ်ငှား ၊ သူတို့ကျ မပါ တဲ့ ၊
    အမေပြောလို့သိတာ ၊ ကျနော်က မဲ ၂ ခါပေးရမှာလားဟင် ?

  • Courage

    July 22, 2015 at 9:57 pm

    ၈/၈၂ အင်းလျားဆိုတာ ကျွန်တော် ဂစ်တာတီးတိုင် အမြဲဆိုနေကျသီချင်းပေါ့။

  • ကျနော်က မွန်းအောင်ရဲ့သီချင်းထဲမှာ နိုင်မင်းရေးတဲ့
    ငြိမ်သက်ခြင်းဆိုတဲ့သီချင်းက ရင်မှာအငြိဆုံးဘဲ

  • Swal Taw Ywet

    July 27, 2015 at 1:47 am

    ကမျိုးရေ
    ရွေးကောက်ပွဲဥပဒေနဲ့ညိသဗျ။
    မနေတဲ့အိမ်က စာရင်းကို ပယ်ဖျက်လုပ်လိုက်ပါ။ တော်ကြာ သူများမဲဖြစ်သွားပါအုံးမယ်။
    လုပ်စရာရှိသာလေးတွေ တာဝန်ကျေကြမှ ခင်ဗျ။
    With respect,
    Swal Taw Ywet.

Leave a Reply