. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း – ပါဝါ (74)

မြစပဲရိုးJuly 22, 20151min1256

ဒီ တစ်ခါ အလှည့်ကျလာသူ ကတော့ ကြီးမြတ်သော မဟာ။
“မဟာ မြန်မာ” ပါ။
မှတ်မိကြဦးမယ် ထင်ပါရဲ့။
အရေးအသားကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်စရိုက် ရှိပုံ ရတဲ့ ကလေး တစ်ယောက် ရွာထဲ က ပျောက်သွားတာ နှမြောဖို့ ကောင်းလိုက်တာ။
အဝင်ခက်လဲ တစ်ချက်ကလေး မှ ပြန်လှည့် မကြည့်နိုင်တော့အောင် အလုပ်တွေ ပိ နေခဲ့တယ် ထင်ပါရဲ့။
“တွေ့ဆုံ ကြုံ ကွဲ” ဓမ္မတာ လေးဘဲ ထားရတော့ မယ်လား။
“ခြင်္သေ့ ဆိုတာ”  ဆိုတဲ့ ဘာလိုလို ပို့စ်လေး ကို Oct 31, 2013 တင်ပြီး ပျောက်သွားတာ  နှစ်နှစ် နီးပါး ရှိတော့မယ်။

သူ့ ပထမဆုံး ခြေလှမ်း လေး က “ရှာပုံတော်မင်းသားကြီး” တဲ့။
Aug 10, 2013 က ရေးတင်ခဲ့တာ။ သူ့ကြည့်ရတာ ရွာထဲ အဝင် စာကျေ ပုံ ရတယ်။
ပို့စ်တင်တော့ Category  ကို ” Arts & Humanities” လို့ ရွေးပေးထားတယ်။
သူ ပျောက်သွားခဲ့တာ အောက်တိုဘာ မို့ ၃ လ ဆို တဲ့ အချိန်လေး ဘဲ ရွာထဲ မှာ နေသွား ခဲ့တာ။
ဒါပေမဲ့ ပို့စ်ပေါင်း ၁၆ ပုဒ် တင်သွား ခဲ့ တယ်။
မှတ်ချက်ပေါင်း ၂၅ဝ ကျော်ပေးသွား ခဲ့ တယ်။

သူ့ ရှာပုံတော်မင်းသားကြီး က အဖေ့စာအုပ်ကြီး ထဲ မဟော်သဓာဇာတ်ခင်း ပြီး ရှာနေတော့တာ။
အခုမှ ဖတ်မိတယ်။ ဘယ်လို ကျော်သွား ခဲ့လဲ မသိ။
အရေးကောင်း အတွေး ကောင်း ကြံကြံစည်စည် သူမို့ ဒီလို စဉ်းစားတတ်တယ်။
အတော် ဉာဏ်ပြေးတာ ကလား။
ရီ ရင်း ဖတ်ရင်း မျက်နှာကြော အတော်လျှော့ သွားပါတယ်။ (ကျေးဇူးပါ)
ဖတ် ကြည့်ကြပါ။

အဦးအဖျား မှတ်ချက်ပေးသူ ချစ်သော ဒုံ လဲ ရွာထဲ ပေါ်မလာ။
. မေ့ပင် စိုက်နေကျ်ားသူ တွေ အတော်များ တယ်။ မောင်အံ လဲ လိုရင် အသံလေး တစ်ချက် ပေးပြီး တစ်မေ့ကြီး ပျောက်ရော။
ချစ်မမ နဲ့ ဆက်ဆက် တော့ ကျန်နေသေးလို့ တော်သေး။

ဒါတင် ဘယ်က ဦးမှာလဲ။
“အကျွန်ုပ်နှင့် ထီးချက်စောင့် နတ်သမီး ပုစ္ဆာ (၄) ချက်” ဆိုတာမှာလဲ ကလိချက် တွေ နဲ့။
အဲဒီ ပို့စ်မှာမှ ဒီ ကလေး က သိခဲ့တာ။
. ကြည့်ရတာ ငယ်တုန်း က မဟော်သဓာရူး လေးများလား မသိ။

တိုက်တိုက်ဆိုင်ဆိုင် ပြောရရင်လေ။
လုံမလေး နဲ့ ကိုရွှေမောင်မောင်အံ တို့ ဇာတ်လမ်း လေး ကို သိခဲ့ သူ တစ်ယောက်ပေဘဲ။
ရွာထဲ လူ နာမည်တွေ နဲ့ လှောင်နိုင်သူ ၊ သူ့ စာလေးတွေ နဲ့ ရွာထဲ မှာ လူ တွေ စီစီကားကား နဲ့ ပျော်အောင် လုပ်နိုင်တဲ့ ဂျီးနီးရပ်စ်လေး များ ထဲ က တစ်ယောက်ပေါ့။
“ရှာပုံတော် မင်းသားကြီး နှင့် လုံမလေး မွန်မွန် ၏ ပဟေဠိ” ကို ဖတ်ကြည့်ပါ။
လွမ်းစရာလေး တွေ အများသား။
ကဗျာပြခန်းလေးလဲ အပါအဝင်ပေါ့။

ဘာဘဲဖြစ်ဖြစ် – မဟာမြန်မာရေ – ရွာထဲ ပြန်ကြွ လာဖို့ စိတ်ကူးလေးများ နဲနဲ လေး ပြန်မပေါ်လာဘူးလား။
ဖဘ ထဲ မှာများ ရှိနေခဲ့ ရင်လဲ ဂုတ်ဆွဲပြီး ပြန်ခေါ်ပေးကြပါဦး။

လာမဲ့  ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

(ရွာထဲ ဝင်ရ တာ အဝိုင်း က ပိုပိုပြီး လည် လာ နေသလိုဘဲ။)

6 comments

  • ဇီဇီခင်ဇော်

    July 22, 2015 at 7:09 pm

    ကဗျာပြခန်း အဖွဲ့ဝင် တစ်ယောက်ဖြစ်ခဲ့ပါတယ် အရီးရေ။
    တော်လည်းတော်
    ပေါင်းလို့သင်းလို့ ကောင်းတဲ့ သူတစ်ယောက်ပါ။
    ဒါပေမဲ့ နိုင်ငံရေး ခံယူချက်ခြင်း မတူဘူးး
    အဲဒါကို ဖယ်ပြီး ပြောရရင် ကျနော် ချစ်ခင်တဲ့ သူ တစ်ယောက်ပါ။

  • မြစပဲရိုး

    July 22, 2015 at 9:39 pm

    Well ….
    . ပြောရရင် နိုင်ငံရေးအမြင်မတူ တာ ပြသနာ မဖြစ်သင့်ဘူး ထင်ရဲ့။
    အကြောင်းအရာတစ်ခု အပေါ်မှာ ရည်ရွယ်ချက်ခြင်း တူနေသမျှ ပေါင်း လို့ ရနိုင်ပါတယ်။
    ဆိုရရင် – မြန်မာပြည်ထဲ ကလေးလေး တွေ % အများအပြား ဆင်းရဲ နေတာကို မမြင်ရက်ဘူး။
    ဒီအတွက် ကူညီပေးချင်တယ်။
    ဘယ်လိုနည်း နဲ့ ကူ မယ် ဆိုတာကတော့ လွဲ နိုင်သပေါ့။
    ဒီတော့ တူရင် ပေါင်းလုပ်၊ မတူ ရင်လဲ ညှိနိုင်ညှိ၊ မညှိနိုင်လဲ ခွဲ လုပ်။
    ခွဲလုပ်နေတာ ကလဲ ပြိုင်နေတာ မဟုတ်ဘူးလေ။
    ရည်မှန်းချက် ရောက်ဖို့ ကြိုးစားတာမို့ ဘယ်သူဘဲ လုပ်နိုင် လုပ်နိုင် ဝမ်းသာသင့်တာမဟုတ်လား။

    ဒီလိုမှ မဟုတ်ဘဲ တစ်ယောက် က ကလေး တွေ အတွက် ဘဏ္ဍာတိုးဖို့ ကြိုးစားနေချိန်၊ နောက်တစ်ယောက် က ဘဏ္ဍာခိုးဖို့ ရည်မှန်းချက်ကြီးနေတာ မျိုး ကတော့ ပေါင်း လို့ မဖြစ်တာ အသေအချာဘဲ။
    ဒါတောင် မရှောင်နိုင်လို့ ပေါင်းသင်းနေရ သူ တွေ ဆို အဲဒီ အကြောင်း ရှောင်ပြီး တစ်ခြား တူရာ အကြောင်း ရှာ ရတာလေ။

    . လောကကြီး ထဲ ၂၄/ရ နိုင်ငံရေး ခေါင်းထဲ ထည့် ပြီး နေရမယ်မှ မဟုတ်တာ။
    အသက်ရှင်တုန်း ရေစက်ဆုံ ကြတုန်း
    အကောင်းမြင် အတွေးတွေ နဲ့
    သူများ ဘက်ကလဲ ကြည့်တတ်တဲ့ စိတ်ကလေးတွေ နဲ့
    လူလူချင်း ညှာတာ ကိုယ်ချင်းစာစိတ်တွေ နဲ့
    နေနိုင်မှ လူ့ဘဝ နေပျော်ပါတယ်။ :-)))

  • (ရွာထဲ ဝင်ရ တာ အဝိုင်း က ပိုပိုပြီး လည် လာ နေသလိုဘဲ။)

    ကျနော်ရောက်နေတဲ့နေရာက ဖေစ်ဘုတ်ကို ဖုန်းနဲ့ဘဲဝင်လို့ရတယ်

    ရွာထဲကို ဖုန်းနဲ့ဝင်ပြီးပိုစ်တင်ရင် တိုက်ရိုက် ဝင်လို့ရတယ်
    ဒါပေမယ့် ဓါတ်ပုံတင်မရ

    ကွန်ပြူတာနဲဝင်မယ်ဆိုရင် ဝက်ဆိုက်တစ်ခုထဲကို အရင်ဝင်
    အဲဒီကနေ နောက်တစ်ဆင့်ဝင်ပြီး ဝင်မှရတယ်။

    အဝိုင်းမလည်ဘူး ကွန်ကောင်းတယ် ရပ်သွားရင်တော့ တိကနဲ့ဘဲ

    ဒီမှာ ကျနော် မြန်မာသီချင်းအဟောင်းတွေ ဒေါင်းလုပ်ဆွဲနေတာ
    အပုဒ်ရေတော်တော်များများ ရနေပြီ
    မြန်မာသံစဉ် ရေဒီယိုသီချင်း မူရင်းတွေဘဲ စုနေတာ အပုဒ်ရေတော်တော်များများရနေပြီ
    သီချင်းတစ်ပုဒ်ကို ခဏလေးဘဲဒေါင်းရတယ်
    မြန်မာသီချင်းဆိုတာအရှည်ကြီးတွေလေ
    ကျနော်ဘက်က တင်ပေးရင်လဲ ခဏဘဲ

  • Mike

    July 27, 2015 at 11:13 am

    .ရွာထဲမရောက်တာကြာတဲ့အပြင် ဖေ့ဘုတ်ကပါစွန့်ခွါသွားခဲ့သူ

    • ဦးကြောင်ကြီး

      July 30, 2015 at 12:12 pm

      ဒေါ်စုကို အောက်တန်းက ျက ျပုတ်ခပ်စော ်ဂါးသူ နေမ ျိုးဝီဒပဲ့မို့ ဝေးလေကောင်းလေသာ…

Leave a Reply