. တော်တီလာ နှင့် သူ၏ …

မြစပဲရိုးJuly 23, 20152min1034

ဒီတစ်ခါတော့ ပိုပြီး လွယ် တဲ့ စားစရာ တစ်မျိုး ကို ရှု “စား” နိုင်ဖို့ ပြပါမယ်။
.တော်တီလာ (Tortilla) လို့ ခေါ်တဲ့ ဂျုံပြားလေး ပေါ်မှာ အစာ တွေ ထည့်ပြီး လိပ်ထား တာပါ။
Wrap လို့လဲ ခေါ်ကြပါတယ်။
အခု လုပ်ထားတာ က မက္ကဆီကန် ပုံစံ ပါ။
. မြန်မာပြည် မှာတော့ Tortilla Wrap အတွက် Ingredients တွေ ရနိုင်မလားတော့ မသိဘူး။
ရှိရင်လဲ ရှိနေမှာပါ။

လိုတဲ့ ပစ္စည်းတွေက
– ကြက် ရင်ပုံအကြီး  နှစ်ခု  (လေးထောင့်၊ အရှည် ကြိုက်သလို လှီးထား)
– Tortilla အမှုန့်ထုတ်
– ပန်း ငရုတ် အနီ အပွ တစ်တောင့် (လေးထောင့်၊ အရှည် ကြိုက်သလို လှီးထား)
– ကြက်သွန်နီ အလတ် တစ်လုံး / တစ်ဥ (လေးထောင့်၊ အရှည် ကြိုက်သလို လှီးထား)
– သံလွင်ဆီ (သို့) ပဲဆီ တစ်ဇွန်း
– Tortilla Wrap ၄ ချပ်

မချက် ခင်မှာ ကြက်သားကို Tortilla အမှုန့် နဲ့ နယ်ပြီး တစ်နာရီလောက် ထားပါ။

မှတ်ချက် –
(Tortilla Wrap မရှိရင် ချာပါတီ အရွက် ကို လဲ သုံးနိုင်တယ်။ အရသာ ဆင်တယ်။)
(Tortilla အမှုန့် မရှိ ရင် မဆလာထည့်ကြည့်ပေါ့) :-)))

 

Tortilla အမှုန့်ထုတ်
အိုးထဲ ဆီထည့် ပြီး ဆီပူ လာရင် ကြက်သားထည့်။ ညိုလာရင် ကြက်သွန် နဲ့ ပန်းငရုတ် ထည့်။ မွှေ ပြီး စိတ်ကြိုက် အနေ ရရင် အအေးခံပါ။
Various 002
ဒယ်ပြားကို အပူတိုက်ပြီး ပူလာရင် ဂျုံပြား ကို တစ်ဘက် မိနစ်ဝက် လောက် ကင်ပါ။
Various 003
ဂျုံရွက် ပေါ်ကို Mayonnaise သုတ်ပါ။ ဆလပ်ရွက် ထည့်ပါ။ ကြက်သားဟင်း ထည့်ပါ။
Various 005
လိပ်ပြီး Tortilla Chips အကြော် နဲ့ တွဲစား နိုင်ပါပြီ။ (Tortilla Chips က ready made ဝယ်ထားတာပါ)

4 comments

  • ဇီဇီခင်ဇော်

    July 27, 2015 at 9:36 am

    ဒါမိုး ဆို ချာပါတီလို အိုးကင်းကပ်ပြီး အာလူးချက်နဲ့ပဲ လုပ်စားချင်။

    :mrgreenn:

  • Mike

    July 27, 2015 at 11:48 am

    .ပုံတွေလည်းမြင်ရဘု :mrgreenn:

  • မြစပဲရိုး

    July 29, 2015 at 10:02 pm

    ဇီကလေး နဲ့ မိုက်။
    ပုံပြန်ဖြည့်ပြီး။
    အရီးလဲ ကုလားချာပါတီ ကို ဘဲ ပိုကြိုက်တယ်။ :-)))

  • Alinsett @ Maung Thura

    July 30, 2015 at 5:13 am

    အဲ့ဒါ စားရဖို့ ကိုယ့်ဘာသာလုပ်မယ်ဆိုရင်
    တစ်ရက်စာ လုပ်အားခနဲ့တောင် စားရမယ် မထင်
    ဝယ်စားမယ်ဆိုရင်လည်း ထူးမခြားနားးး
    ဗမာပြည်အတွက် သဌေးစာ

    :kwi:

Leave a Reply