. မြ ရဲ့ သင်ပုန်း ၂၅-၀၇-၂၀၁၅

မြစပဲရိုးJuly 27, 20152min21114

. မြတစ်ယောက် ဂျူ း ရဲ့ ဝတ္ထုတို လေးတစ်ပုဒ် ကို သတိရနေသည်။
.ခေါင်းစဉ် ကိုတော့ မမှတ်မိ။
ဝတ္ထု အကြောင်းမှာ ယောကျာင်္း ကို အင်မတန်ချစ်သော မိန်းမတစ်ယောက် အကြောင်း ဖြစ်သည်။
သူ၏ ယောကျာင်္းသည် အင်မတန်စည်းစနစ်ကြီး သူ ဖြစ်သည်။
အသန့်အပြန့် ကြိုက်သည်။
ဟိုတစ်နေ့ က ဇီကလေး ကို ပြောမိသော ဂျူလီယာရောဘတ် ဇာတ်ကားထဲ မှ ဇီဇာကြောင်သောယောကျာင်္း ကဲ့သို့ ပင်ဖြစ်မည်။
သို့သော် ဂျူ း ရဲ့ မင်းသမီးကတော့ ထို ယောကျာင်္း ၏ ကွန်ထရိုး အောက်မှာ ပျော်နေသော သူဖြစ်၏။
. မြန်မာမိန်းမ မို့လဲ ဖြစ်မည်။ (လူမျိုးရေးခွဲခြား ခြင်း မဟုတ်၊ မြ အမေ တို့ ကို မြင်နိုင်သည်) 😉
တစ်နေ့ မှာ ထိုသူ ရက်ရှည် ခရီး ထွက် ရသည်။
နဲနဲ ကြာသည်။ လပိုင်းလား၊ နှစ်ပိုင်းလား မမှတ်မိတော့။
တစ်ယောတ်တည်း နေရသည့် အစဦး ရက်များ တွင် သူသည် ရူးမတတ် ဖြစ် နေခဲ့သည်။
ဘာကို မှ မလုပ်တတ်၊ မကိုင်တတ် ဘဲ ယောင်ချာချာ ဖြစ်သည် အထိ ပင်။
သို့သော် သူ ဘာကိုမှ မတတ်နိုင်။
ဒီအတိုင်း နေရပေတော့သည်။
ထိုသို့ နေရင်း နေရင်း စည်းကမ်းတကျ နေရ ခြင်းထက် နေချင်သလို ကိုယ့်သဘော နှင့်ကိုယ် နေရသည် ကို အရသာ တွေ့လာသည်။
တစ်ယောက်တည်း လွတ်လပ်မှု ကိုပျော်မွေ့လာခဲ့သည်။
ထိုအချိန် တွင် တစ်ချိန်က မရှိလျှင်မဖြစ်ဟု အားကိုးတကြီး ထားခဲ့ ဘူးသူ ပြန်လာတော့မယ်။
တစ်စုံတစ်ခု လက်လွတ်ရတော့ မည်ကို ထိုမိန်းမ စိုးရိမ်နေလေတော့ သည်။
ဤတွင် ဇာတ်လမ်းပြီး သည် ထင်၏။

ထို အကြောင်းသည် မြ နှင့်ဘာဆိုင်သနည်း။
ဘာမှမဆိုင်ပါ။
ရွာ ရွှေ့နေတုန်း ရွာထဲ ဝင်မရချိန် မြလဲ ယောင်ချာချာ ဖြစ်နေ၍ တွေးမိခြင်းဖြစ်၏။

ဟိုးအရင်က မြ သည် ကွန်ပျူတာ ရှေ့ တစ်ချိန်လုံး ရှိနေသည်။
ရှိသမျှ မြန်မာသတင်း ၊ ကမ္ဘာသတင်း မွှေသည်။
. ဖေ့စ်ဘုတ် လဲ ပါသည်။ မြန်မာဂဇက် အပါအဝင် မြန်မာ သတင်း ဝက်ဆိုက် မျိုးစုံပါသည်၊
သတင်းတင် ဘဲလား ဆိုတော့။ မဟုတ်။
သတင်းများ အောက်က မှတ်ချက်များ ကို လျှောက်ဖတ်သည်။
.  မြန်မာဂဇက် ထဲ မှာတော့ ကိုယ်တိုင် မှတ်ချက် တွေပေးသည်။
ပို့စ်ရေးသည်။
အချိန်သည် ကုန်မှန်းမသိ ကုန်လေသည်။

ပြီးခဲ့သည့် အပါတ်ထဲ က စ၍ ဖေ့စ်ဘုတ် ထဲ က Page တွေ  အများစု ကို အလွန့်အလွန် စိတ်ပျက်လာပြီး မမြင်အောင် လွှဲ နေတော့သည်။
. မြန်မာ သတင်း ဝက်ဆိုက် တစ်ချို့ ကိုသာ ရွေးဖတ်တော့ သည်။
အချိန်အတော်လေး ပိုလာတော့ ရွာထဲ ပိုပြီး အချိန်ယူတော့ သည်။

ထိုအခါတွင်မှ အချိန်သည် တိုက်ဆိုင်စွာ အချိန်ကိုက် ရွာတံခါးပေါက် ပိတ်လေ၏။
လိပ်ပြာတောင်ပံ US မှ ခတ်လေသော မြ တွင် ချောင်ပိတ်လေပြီ။
စိတ်ကိုတင်းပြီး  ဖေ့စ်ဘုတ် ဆီ ပြန်မသွားအောင် ထိန်းထားသည်။
အကောင်းဆုံး နည်းမှာကား ကွန်ပျူတာကို မသုံးဘဲ နေခြင်းပေတည်း။
ဤမှာတွင် လွတ်လပ်မှု တစ်ခု ကို မြ တွေ့လာတော့သည်။

မနက်တွင် လိုတာထက်ပိုပြီး စောထစရာ မလိုတော့။
ညစာ ကို ဝရုန်းသုံးကား ဖြစ်သလို ချက်စရာ မလိုတော့။
မပြီးမနေ ဖတ်ရ မည့် စာအုပ် ကို အားစိုက်ပြီး အချိန် ပို ဖတ်နိုင်ဖို့ အခွင့် ဖြစ်လာသည်။

. မြ စဉ်းစားနေသည်။
နောင်တွင်လည်း ရွာထဲ ပို့စ်ဝင်တင်သည်မှ လွဲ၍ ကျန်အချိန် များတွင် ကွန်ပျူတာကို တတ်နိုင်သ၍ မသုံးဖြစ်အောင် နေရပေတော့မည်။
ကမ္ဘာ့သတင်း ကိုတော့ ကျောက်သင်ပုန်းပေါ်မှ ဖတ်နိုင်သည်။
. မြန်မာသတင်း များ ကိုတော့  ကျောက်သင်ပုန်းပေါ်မှာ ဖတ်မရ သည်မို့ အချိန် အတွက် ဟန်ကျ လေပြီ။

ရွာထဲ ရောက်မှသာ ဆက်ဆက် ၏ တစ်ပါတ်စာ သတင်းများ နှင့် မျှထားသော နာမည်ကျော် မှတ်ချက် တစ်ချို့ ကို စုပြီး ဖတ်တော့မည် ဟု တွေးနေသည်။

သူကြီး မင်း ရွာရွှေ့ပွဲကြီး အမြန်ဆုံး အောင်မြင်ပါစေ သတည်း။
မဟုတ်ပါ က မြ တစ်ယောက် ထို ဖေ့စ်ဘုတ် နှင့် နှစ်ပါး ပြန်၍သွားနိုင်ကိန်းရှိနေ၏။
အမှန်တော့ မြ သည် မိမိကိုယ်တိုင် စိတ်မခိုင်ကြည် ၍ မဆိုင်သည် ကို တစ်ခြားတွင်လက်ညိုးထိုး အပြစ်ပုံဖို့ ကြိုးစားနေသူ ဖြစ်နေသည် ကို မသိဟန်ဆောင်နေခြင်းသာဖြစ်ပေသည်တကား။

. လောလောဆယ်မှာတော့ ရွာ ထဲ ပြန်ဝင်ရန် ကွန်ပျူတာ သုံးရမည်။
ထိုအရာ အတွက် အချိန်ပြန်ပေး ရ မည်ကို လက် တွန့် နေမိ သည် ကတော့ အမှန်တရား တစ်ခု ဖြစ်နေ၏။ :-))))

N1-2507
ဝမ်းနည်းပါသည်တဲ့။ ရွာရွှေ့နေသည် တဲ့။ တံခါး မဖွင့် နိုင်သေး တဲ့။
N2-2507
FB ထဲ မနေနိုင်လို့ ဝင်ကြည့် ဒီလို လေးထောင့်တုံး တွေ ကို ဖတ်နိုင်သည်။
N3-2507
ကိုယ့် ဖတ်စရာ စာကို မဖတ်ဘဲ အိုဘားမား နဲ့ သွား တွေ့ပြန်၏။

N4-2507

N5-2507
မစ္စတာ ပရဲစီးဒန့် တင်မက ထူးဆန်းသော လမ်းပေါ်က ဇီးကွက် လေး ကို ပါ ဆက်ကြည့်သည်။
N6-2507
မပြီးသေး မြကြိုက်သော ဇာတ်လမ်းများ မှ ဝတ်စုံများ ကို တီထွင်ပုံ အကြောင်း ပါ အဆစ် ကြည့်သည်။
Note
ဒါတွေ က လောလောဆယ် မလိုသေး။ ဘေးဖယ်ထား၏။

 

14 comments

  • မြစပဲရိုး

    July 27, 2015 at 4:52 am

    ပို့စ်များတွင် မှတ်ချက်များ မပေးနိုင်ခဲ့ပါ က ခွင့်လွှတ်ပေးကြပါတော့။
    အမြင်မတဲ့ တာ ရှိပါ က သင်ပုန်း ကိုသာ ဟစ်တိုင် လုပ်ပါတော့မည်။
    မည်သူ နှင့် မျှ တိုက်ရိုက် စကားမများတော့ပါ။
    . မြ ရဲ့ ပို့စ် မှ မှတ်ချက်များ ကိုလဲ ပြန် မဆွေးနွေးနိုင်ပါက ခွင့်လွှတ်ပေးကြပါ။
    မှတ်ချက်မပေးဘဲ ဖတ်ရုံဖတ်သွားလဲ ရပါသည်။ :-)))

  • ဇီဇီခင်ဇော်

    July 27, 2015 at 5:52 am

    Lily ပန်းး ပုံ နဲ့ က ကိုမျိုးဆက် ပို့စ် ထင်တယ်

    ကျနော့် အကို တစ်ယောက်ရဲ့ ကဗျာလေးး လာပေးးတာ
    ——–

    လီလီပန်းကို ခွေးဟောင်တယ်
    လီလီပန်းဟာ အိန္ဒြေရရ
    လီလီပန်းဟာ သူ့အဓိပ္ပါယ်သူသိတယ်
    လီလီပန်းဟာ သံခင်းတမန်ခင်းမျှသာ မဟုတ်ဘူး။
    လီလီပန်း ကိုခွေးဟောင်တယ်
    လီလီပန်းကလေ
    သူက လီလီပန်းလေးဆိုတော့
    ခွေးဟောင်တာလည်း မသိဘူး။
    ခွေးကတော့ ဟောင်မြဲဟောင်တယ်
    ခွေးဆိုတော့ ခွေးအလုပ် လုပ်တယ်
    ရန်လိုတယ်
    လီလီပန်းကလေးကတော့
    စကားတစ်ခွန်းပြောရှာတယ်
    အာဃာတနဲ့ ဘာအလုပ်မှ လုပ်မရဘူးတဲ့ ။ ။
    ခက်သီ
    ၂၆ -၇-၂၀၁၅

  • @QUIL@

    July 27, 2015 at 8:12 am

    ရွာကြီး လေးရက်လောက် ပျက်သွားသည်…
    ကျုပ် အင်မတန် အကုသိုလ်ကင်းလေ၏
    အဘယ့်ကြောင့်ဆိုသော်…. မဟာအဝီဇိ မှ ငရဲမီးကိုပင် လောင်စာ လုပ်အံ့ကြွေးကျော်ထားသော အိုင်ခူး ဆိုသူနှင့်သော်လည်းကောင်း….
    ဂေါတမ ဗုဒ္ဓပင် အမျိုးသမီးအဖြစ်မပွင့်ရလေခြင်း ဆိုပြီး ရင်ဘတ်စည်တီးသဖွယ် ပြောတတ်သော ဗေလုဝဗလနှင့် အားနွဲ့လေသူ ….လေတိုက်ရင်လဲမတတ် မဟာအိပ်ထိယဝါဒီ အရီးဆိုသော အာဖွားဂျီးနှင့် သော်လည်းကောင်း… ရန်ဖြစ်စရာမကျန်လျင် မှန်ထောင်ပြီး ဆဲဆိုတတ်လတ္တံ့သော ရန်ပွဲစား သယဲဂေါင်းဝါဒီ ခင်ဇော် ကိုသော်လည်းကောင်း…
    အဆဲအဆို အင်မတန်ထူပြီး နှုတ်ကြမ်းလျှာကြမ်းရှိသလောက်…လူမိုက်အားပေး လူဇိုး အားမြှောက်လုပ်တတ်သော မွတဲပြာကြီးအားလည်းကောင်း မမြင်ရမတွေ့ရသဖြင့် အတော်စိတ်ချမ်းသာရပါအိ…။

    • ဇီဇီခင်ဇော်

      July 27, 2015 at 8:27 am

      ဘီယာတိုက်မယ်ယေ!!!

      :mrgreenn:

    • မြစပဲရိုး

      July 27, 2015 at 11:02 pm

      မောင်ဂီ – မှတ်ထားပေါ့ကွယ်။ :-)))

  • Mike

    July 27, 2015 at 11:48 am

    .ထင်တယ်..ထင်တယ်..
    .ရွာဂိတ်ပေါက်ကြီးပြန်ဖွင့်အောင်မျှော်ကြသူထဲတွင် မြစာကလေးကိုမည်သူမျှမှီအံ့မထင် :mrgreenn:

    • မြစပဲရိုး

      July 27, 2015 at 11:03 pm

      မိုက် ဝုတ်ပါ့။ ဖတ်ရမဲ့ စာအုပ် ကလေး စိတ်တို နေချေပြီ။ :-))

  • kai

    July 27, 2015 at 2:59 pm

    အဲဒီ “မြကြိုက်သောဇတ်လမ်းများ”ထဲက.. စတီဗင်ဟော့ကင်းအဖြစ်သရုပ်ဆောင်သူကောင်းချက်လေးတွေးနေမိသဗျ..။
    အဲဒီကားကို.. သမီးပိပိလေးက..ကြိုက်တယ်ဆိုပြီး.. သေသေချာချာထိုင်ကြည့်ခဲ့တာ…

    .. အဲဒီစတီဗင်ဟော့ကင်းကို.. တမြန်နေ့က.. တီဗီသတင်းထဲမြင်တော့..
    ဘယ်လိုလုပ်…အသက်အရမ်းကြီးသွားတာလဲတဲ့…။
    အံ့ဩတကြီးနဲ့မေးလေရဲ့..။

    မေးတာကြီးကို.. ပြန်အံ့ဩ…။ :k:

    • ဇီဇီခင်ဇော်

      July 27, 2015 at 3:26 pm

      The Theory of Everything

      ကျော်ဖြင့် အဲဒီ ကား ကြည့်ပြီး အိပ်ပျော်သွားလို့။
      ဟီးဟီးး

      :mrgreenn:

    • မြစပဲရိုး

      July 27, 2015 at 11:01 pm

      ပိပိလေး က အတော်ထက်မဲ့ ပုံရှိမယ် သူကြီး ရေ။ Scientist ဖြစ်မလားဘဲ။ :-))
      ဇီဇီ က ဒါကြောင့် အင်ဒုံနီယာ ဖြစ်တာ။ သူကြီး တောင် သမီး ကြည့်လို့ အတင်းကြည့်နေရပုံဘဲ။ 😉

  • ကိုလတ်ကြီးရေ

    ဖေစ်ဘုတ်ကတော့ လိုင်းစုံပါတယ်
    ပညာရှိစွာ ငြင်းခုန်ကြသော အဖွဲ့တွေ
    နင်ဘဲငဆ ဆဲဆိုကြသောအဖွဲ့တွေ
    ရှိသလို
    နိုင်ငံရေးမပါ စိတ်ဝင်စားတာကိုဘဲလုပ်ကြတဲ့အဖွဲ့ေလေးတွေလဲရှိတယ်၊
    ကျနော်ကတော့
    ဓါတ်ပုံအဖွဲ့ထဲပါတယ်
    မြန်မာသံစဉ်သီချင်းဟောင်းစုဆောင်းတဲ့အဖွဲ့ထဲပါတယ်
    ကျနော်လုပ်ထားတဲ့စာမျက်နှာ
    ကိုပေါက်လက်ဆောင်အတွေးပါးပါလေးမှာ ဖတ်စရာသက်သက်
    ကိုပေါက်လက်ဆောင်မြန်မာပြည်ကအလှတရားမှာ ဓါတ်ပုံသက်သက်
    လှပသောအလင်းပုံရိပ်များမှာ ကျနော်လဲ့ ဓါါတ်ပုံတင် သူူများလဲဝင်ပြီးတင်လို့ရတာကတစ်ဖွဲ့
    မြန်မာသံလေးတွေနားထောင်ကြရအောင်မှာ တစ်ဖွဲ့
    ကိုယ်ပိုင်စာမျက်နှာမှာတစ်ဖွဲ့နဲ့ဆိုတော့ ပျင်းချိန်တောင်မရှိနိုင်အောင်ပါဘဲ။
    ရွာထဲကတော့ အရင်လောက်မဝင်ဖြစ်တော့။
    ပို်စ်တင်။.
    ကော်မင်းပေးသူ သုံးလေးယောက်ကိုပြန်ဖြေ
    သူများရေးတာ လိုက်ဖတ် ကော်မင်းပေးချင်ရင်ပေး။
    ပြီးရင်ပြန်ထွက်.
    ဒီလောက်ပါဘဲ။
    အင်တာနက် အပျော်သုံးတာက ဆေးလိပ်သောက်သလိုပါဘဲ၊
    ရှိရင်သောက်။
    မရှိရင်မသောက်နဲ့
    အဲလိုသဘောထားနိုင်ရင်တော့ စိတ်ချမ်းသာမှာပါဘဲ။

    တတိယမြောက်တစ်သိန်းပြည်တယ့် ဆိုတဲ့ နာမယ်လိုချင်တော့
    ရွာထဲမှာ ကိုယ်စာကို သူများဖတ်မှဖတ်ရဲ့လား
    ကိုယ်တင်တဲ့ဓါတ်ပုံတွေသူများကြည့်မှကြည့်ရဲလားတောင် မတွေးအားဘဲ
    ပိုစ်တွေ တင်နေမိတာ ရှက်တော့ ရှက်စရာကောင်းတယ်လို့တော့ ထင်မိပါတယ်.။
    ဒါပေမယ့် ……………………………………..

    • မြစပဲရိုး

      July 27, 2015 at 10:53 pm

      FB က ကိုယ့်အသိ မဟုတ် တဲ့ သူတွေ ရဲ့ ကြွားလုံး တွေ ပိုပိုများ လာတာ ခံစားလို့ မရဘဲ စိတ်ပျက်လွန်း လာတာ လဲ ပါ၊ အရေမရ အဖတ်မရ ပြောနေတာ တွေ လဲ မဖတ်ချင် တာလဲပါ။ ဒါတွေကြောင့်။

  • Alinsett @ Maung Thura

    July 30, 2015 at 3:37 am

    ဆက်ဆက်ရဲ့ တစ်ပါတ်စာသတင်းများ –
    အဲဒါတော့ မဖြစ်နိုင်တော့ဘူးထင်ရဲ့။
    .လောလောဆယ် အခြေအနေအရ သတင်းမီဒီယာအလုပ်တွေ ရပ်ထားလိုက်ရတယ်။
    ဆိုတော့ သတင်းမီဒီယာအလုပ် ဆက်လုပ်ဖြစ်ရင်တောင် သတင်းစာအတွက် သတင်းဒိုင်ယာရီလောက်ပဲ
    ပြန်လုပ်နိုင်တော့မှာဖြစ်ပြီး တစ်ပါတ်တစ်ခါ စုစည်းပေးနေတဲ့ အောင်ဇေမီဒီယာအတွက်(အလင်းခြုံတဲ့သတင်းဇုံ)သတင်းတွေ ထပ် မလုပ်ဖြစ်တော့ဘူးလို့. . . ထင်
    ဆိုတော့. . .
    ဆိုတော့. . .
    အဲ့လို သတင်း စုစည်း ကောက်နှုတ်တင်ပြမှုမျိုးက ရွာထဲ
    ရှိတော့ ရှိသင့်တယ် ထင့်
    ဆိုတော့ လုပ်နိုင်တဲ့တခြားတယောက်ယောက်က လုပ်ပေးရင် ကောင်းလိမ့်မယ်ထင့်. . .

    • မြစပဲရိုး

      July 30, 2015 at 4:01 am

      ဒါဆိုရင်တော့ News Media ဆိုပြီး နာမည်ကြီး ဘဲ အလကား ထိပ်စည်းတပ်ထား တဲ့ အမည်ခံ Website ကြီး ဖြစ်နေတော့မှာဘဲ။

Leave a Reply