မြန်မာ အရေး ဆွေးနွေးကြတော့မည်

BayoteMarch 24, 20101min540

မြို.တော်ခန်းမရှေ.မှ ရဲအရာရှိများ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းမှ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရသလို ဖြစ်နေသော မြန်မာနိုင်ငံရွေးကောက်ပွဲ ဥပဒေ အားဆွေးနွေး အဖြေရှာရန်အတွက် အရေးကြီးနိုင်ငံများအား ကြာသာပတေးနေ့ တွင် အစည်းအဝေး ခေါ်ယူရန် ဖိတ်ခေါ်လိုက်ပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရ Martin Nesirky ပြောပြချက်အရ မြန်မာအိမ်နီးချင်းများနှင့် နောက်ထပ် အစည်းအဝေးခေါ်ရန် အချိန်ကျရောက်ပြီလို့ မစ္စတာ ဘန်ကီမွန်း မှ ယုံကြည်နေကြောင်း သိရပါတယ်။

ယင်းအစည်းအဝေးတွင် နိုင်ငံပေါင်း ၁၅နိုင်ငံရှိပြီး မြန်မာအိမ်နီးချင်းနိုင်ငံများ၊ မြန်မာအရေးစိတ်ဝင်စားသော အာရှနှင့် ဥရောပနိုင်ငံများ၊ ကုလသမဂ္ဂ အမြဲတမ်းနိုင်ငံများဖြစ်သော အမေရိကန်၊ ရုရှ၊ တရုတ်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံ တို့ပါဝင်ပါတယ်။