. မြ ရဲ့ သင်ပုန်း ၂၃-၀၇-၂၀၁၅

မြစပဲရိုးJuly 26, 20151min1125

* မြ တစ်ယောက် ဥစ္စာခြောက်နေသည်။
* ရွာထဲ ရတနာများ ဥ ဥ ထားသည် မှာ ပြည့်လုပြီ။
* ဤအချိန်တွင် ရွာထဲ ဝင်လို့ မရတော့။
* ခက်ပြီ။
* သို့လင့်ကစား ရွာပြင်ရောက်ချိန်မှ မြ သတိထား မိလာတာ တစ်ခု ရှိသည်။
* ရွာထဲ တွင် ထို ရတနာများ ထက် ပို၍ တန်ဖိုးကြီးသည့်အရာများ  ရှိနေသည် ကို ဖြစ်၏။

* တကယ်တော့ မြ သည် အနာဂါတ် ကို စိတ်ကူးယဉ်တတ်သူ တစ်ဦး ဖြစ်သလို အတိတ်ကိုလဲ လွမ်းတတ်သည်။
* ဟိုး အရင်က အကြောင်းတွေ ကို ပြန်ကြည့်ပြီး ပြုံးတတ်သည်။
* ထိုအကြောင်းများ သည် အရင်ကတော့ စိတ်တို စရာဖြစ်သည်။
* ထိုစိတ်တို စရာ အကြောင်းများဆိုမှတော့ သိပ်ပြီး ကြည်နူးဖွယ်တော့ မဟုတ်ခဲ့တာ သိလိမ့်မည်။
* အရင်က မြသည် ဇွတ်တရွတ်နိုင်သည်။
* ခေါင်းနဲနဲ မာသည်။
* အရာရာ ကို “နိုး” နှင့် စသည်။
* မြ ရဲ့ Team မှာ လုပ်သော ကလေးများ မကြာခဏ ဆူခံရသည်။
* မြ နှင့် မကြာမကြာ စကား စစ်ထိုး ကြ ရသည်။

* ဒါတင် မက သေး။
* လုပ်ငန်း ၏ Customer တစ်ချို့ နှင့်လဲ ဘုဘောက်ကျ တတ်သေးသည်။
* ဇွတ်တင်း၍ ပြောရသည်မှာ သူတို့ လုပ်ငန်း ကို ပိုကောင်းဖို့ ရာအတွက် ဖြစ်သည်။
* အကြောင်းမဲ့တော့ မဟုတ်။
* မည်သို့ပင် ပြင်းပြင်းထန်ထန် စကားများပြီး အငြင်းပွါးရစေကာမူ မလုပ်ချင်၍ ထားခဲ့လို့ မရ။
* တာဝန်ကို ပြီး ရုံမက အောင်မြင်အောင်ပါ လုပ်ရသည်။ မြအား နှုတ်သီးကောင်း လျှာပါး ဟုပြောခြင်း ကိုလဲ နားပိတ်ထားရသည်။
* နောက်တော့လဲ ကွဲချိန်တန်ချိန် ခွဲခဲ့ရ တာ လောကဓမ္မတာပင်တည်း။

* ယခုချိန် ထို အတိတ် များ ကို ပြန်တွေးမိသည်။
* သာမာန် အဆင်ပြေသည့် ဖြစ်ရပ်များ ထက် တွန်းတွန်းတိုက်တိုက် ဖြစ်ခဲ့ရသည် များ က ပို၍ သတိရစရာ ဖြစ်နေကခဲ့သည်။
* အိမ်ပြန်တုန်းက နေရာဟောင်း ကို သွားလည်တုန်း ကိုယ့်နေရာ ကို ဆက်ယူထားသည့် ညီမ တစ်ယောက် က ပြောတာလေး က အမှတ်တမဲ့ ပေမဲ့ အမှတ်ရစရာ ပိုဖြစ်ခဲ့သည်။
* အရင်က ထိပ်တိုက်တွေ့ခဲ့ဘူးသည့် Customer တစ်ယောက် က အမြဲတမ်း သတိတရ မေးနေသည် ဆို၏။
* အရင်က သူက လဲ အော်၊ ကိုယ်ကလဲ မခံ ကြားမှာ မျက်နှာငယ်လေး တွေ နဲ့ ဖြစ်နေခဲ့သည် မှာ ထို ညီမလေး များဖြစ်သည်။
* ပြန်လာ လျှင် အခွင့်ရပါက တွေ့ချင်သည် ဟု ပြောသည်။
* သို့သော် ကိုယ့် မှာ အချိန်မရ။
* နောက်တစ်ခါ ရွာပြန်ရင် မှတ်မှတ်ရရ သွားတွေ့မည် စိတ်ကူးမိသည်။
* သေချာသည်။
* အဲဒီအချိန် သူရော ကိုယ်ပါ ဟက်ဟက်ပက်ပက် ရီ နေကြမည်။
* အတိတ်က ခါးသီး စရာ အကြောင်းများသည် ချိုမြိန် နေလိမ့်မည်။

* ယခုလည်း ချစ်သော ရွာလေး ပျက်ပြီလား။
* ရွာပျက်လျှင် တော့ မြ အိမ်မက် များ ပျက်ပေတော့ မည်။
* မြ ၏ အိမ်မက် ထဲတွင် မြ တို့၏ ရွှေပြည်ကြီး သည် စနစ်ကောင်း တစ်ခု အစပြု လည်ပတ် နေသော တိုးတက်သည့် နေပျော်သော အရပ် ဖြစ်နေလိမ့် မည်။
* မြတို့ ချစ်သော ဤရွာလေးသည်လည်း မြန်မာဂဇက်ဟူသော လူကြိုက်များသည့် နာမည်ကျော် အင်တာနက် သတင်း Website ဂျာနယ် ကြီး ဖြစ်နေလိမ့်မည်။
* ထိုသတင်းဌာနကြီး တွင် အမှန်တရားကို ရှာဖွေဖော်ထုတ်ပေးသော ဖြောင့်မတ်သည့် ရဲရဲတောက် ဒီမိုကရေစီဘက်တော်သားများ ရာချီ၍ ရှိနေလိမ့်မည်။

* တစ်နေ့တွင် ထို ရွာ၏ ငွေရတုပွဲ ကို ကျင်းပ ပေလိမ့်မည်။
* ထိုပွဲ သို့ အဖွဲ့သူ/သား အဟောင်း၊ အသစ်များ အားလုံး ကို ဖိတ်ကြားပေလိမ့်မည်။
* အတိတ်တုန်းက ရွှေပြည်ကြီးပြင်ပ တွင် ရောက်နေသူများ သည်လဲ ထို လက်ရှိ အခြေအနေတွင် ပြည်တော်ပြန် ၍ အောင်မြင်သူများ ဖြစ်နေပေလိမ့်မည်။
* ရွှေပြည်ကြီး ထဲ မှ ရွာသူ/သားများ သည်လည်း ပို၍ တိုးတက်သော လုပ်ငန်းရှင်ကြီးများ၊ ထိပ်တန်း အရာရှိကြီး များ ဖြစ်နေပေလိမ့်မည်။

* ထို ရွှေရတု ပွဲ ကို မြသည်လည်း ပါဝင် ဆင်နွှဲ ပေလိမ့်မည်။
* မြ သည် ရေပက်မဝင် စကားပြောနေသည့် စည်ကားလှသော လူ အုပ်ကြီး ထဲ တွင် လက်ဆွဲ နှုတ်ဆက်နေချင်သော လူ တစ်ဦး ကို ရှာပေလိမ့်မည်။
* မြ နှင့် ထိုသူသည် ရွာမပျက်မှီ အခြေအတင်စကားများ ငြင်းခုန် ခြင်း မဆုံးနိုင်၍  မမေ့ နိုင်ဘဲ စွဲ နေသူ ဖြစ်ပေသည်။
* ထို တစ်ယောက်အား တွေ့လျှင် မြ သည် ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်မည်။
* ပြီးလျှင် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်၍ ရီ ကြမည်။
* ထိုအချိန်တွင် ထိုသူ့ထံ မှ မြအား “မိန်းမသားပေကိုး” လို့ ပြောတာ ကြားချင်ပါသေးသည်။

* မြ အိမ်မက် အကောင်အထည်ပေါ် ရေးသည် သူကြီး မင်း ၏ လက် က ဖဲချပ် တစ်ချပ် ဖြစ်နေ၏။
* ရွာပြန် တည် နေသူ သူကြီး မင်း သက်တော်ရာကျော်ရှည်ပါစေသတည်း။ ကံကောင်း ပါစေသတည်း။

5 comments

  • ကထူးဆန်း

    July 27, 2015 at 12:01 am

    ရွာပြန် တည် နေသူ သူကြီး မင်း သက်တော်ရာကျော်ရှည်ပါစေသတည်း။ ကံကောင်း ပါစေသတည်း။

    ……ditto….

    အရီးဆန္ဒများလည်း ပြည့်ပါစေ သတည်း …

    • မြစပဲရိုး

      July 27, 2015 at 12:08 am

      အမယ်မင်း … ကထူးဆန်း လဲ ကိုယ်ထင်ပြသကိုး။ Long time no see. :-))))

  • မင်း ခန့် ကျော်

    July 27, 2015 at 9:20 am

    မြန်မာပြည်ကျနေတာပဲ။
    ခဏခဏ မီးပျက်။
    မီးပျက်တုန်း သူခိုးများကပ်သွားသလားမသိ။
    အတွင်းပစ္စည်းတော့ပါမသွားဘူး။
    လွင့်ပစ်ရမဲ့တချို့တော့ပါသွားတယ်ထင်ပါရဲ့။
    မင်္ဂလာပါဗျို့ :mrgreen:

  • ဦးကျောက်ခဲ

    July 27, 2015 at 10:46 am

    အဟတ်စ်… ပြောလို့ပြောတာမဟုတ်…
    ရွာခဏရေကြီးသွားတာ လူလည်း အိမ်မြှောင်အမြီးပြတ် ဖြစ်သွားတယ်… :k:

  • မြစပဲရိုး

    July 28, 2015 at 2:11 am

    ကိုမင်း – မင်္ဂလာပါရှင့်။
    စနစ်ကောင်း ချိန် …. နောက် ၁၅နှစ် အသက်ရှင်ဆဲ နဲ့ ရွာတည် ရှိနေဆဲ ဆို တွေ့ကြဖို့ မမေ့နဲ့။ :-))

    . ကျောက်စ် ရေ – ဟုတ်ပါ့။ သများ က ပိုသာဆိုး။ မျောက်မီးခဲကိုင် ဆိုပါစို့။ lol:-)))

Leave a Reply