ကိုကိုနပ် နှင့် သူ၏ …

မြစပဲရိုးJuly 26, 20152min29213

အခု ရှု ပြီး “စား” ရမဲ့ ဟင်းလျာ ကတော့ အုန်းနို့ကြက်သားဟင်း ဖြစ်ပါတယ်။
ထည့်ရမဲ့ အချိုးအစား တွေ က တော့ ကြိုက်သလို ထည့်ကြပါ။

***
နမူနာ ပြ Ingredient တွေကတော့
– ကြက် ရင်ပုံ ၄ ခု (အတုံး သေးများ တုံး)
– အုန်းနို့ Tin တစ်ဗူး
– နံနံစေ့ စားပွဲတင်ဇွန်း ၂ဇွန်း (ညက်အောင်ထောင်း)
– သံပုယိုသီး တစ်လုံး
– ပဲငံပြာရည် အကြည် ၃ဇွန်း၊ အနောက် ၁ဇွန်း (စားပွဲတင်ဇွန်း)
– ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း
– ကြက်သွန် နီ ၃ ဥ (ပါးပါးလှီး)
– နံနံပင် လက်တစ်ဆုပ် (အနေတော်ဖြတ်)
***
ပထမ ပဲငံပြာရည်၊ သံပုယိုရည်၊ နံနံစေ့ များ ကို ကြက်သားထဲ ထည့်ပြီး နယ်ကာ နာရီဝက် လောက် နှပ်ထားပါ။ သံပုယိုသီး အခွံနဲနဲ ပါ ပါးပါးလှီး ထည့်ထားတယ်၊ တကယ်က ခြစ် ပြီး ထည့်ရမှာ။
(အချိန်မရှိလဲ ဒီအတိုင်း နယ်ပြီး တန်းချက်ပေါ့)

အိုးထဲ ဆီထည့်ပြီး ဆီပူ လာရင် ကြက်သွန် ကို နဲနဲ မွှေးလာသည် အသိ ကြော်ပါ။ ရရင် ကြက်သားထည့် မွှေပါ။

ကြက်သား ညိုရောင်သန်း ရင် အုန်းနို့လောင်းထည့်ပါ။

ရေတော်တော်ခန်း လာရင် နံနံပင် အုပ်ပြီး ပါက ကျက်ပါပြီ။

ကြိုက်သလို အပို ဆာဒါးများ အားဖြည့်ပြီး ရှု “စား” သုံးဆောင်တော်မူကြပါ။

KKN01
Ingredient များ
KKN02
ကြက်ရင်ပုံ
KKN03
နံနံပင်
KKN04
ပထမ ပဲငံပြာရည်၊ သံပုယိုရည်၊ နံနံစေ့ များ ကို ကြက်သားထဲ ထည့်ပြီး နယ်ကာ နာရီဝက် လောက် နှပ်ထားပါ။ သံပုယိုသီး အခွံနဲနဲ ပါ ပါးပါးလှီး ထည့်ထားတယ်၊
KKN05
အိုးထဲ ဆီထည့်ပြီး ဆီပူ လာရင် ကြက်သွန် ကို နဲနဲ မွှေးလာသည် အသိ ကြော်ပါ။ ရရင် ကြက်သားထည့် မွှေပါ။
KKN06
ကြက်သား ညိုရောင်သန်း ရင် အုန်းနို့လောင်းထည့်ပါ။
KKN07
ရေတော်တော်ခန်း လာရင် နံနံပင် အုပ်ပြီး ပါက ကျက်ပါပြီ။
KKN08
ကြိုက်သလို အပို ဆာဒါးများ အားဖြည့်ပြီး ရှု “စား” သုံးဆောင်တော်မူကြပါ။

13 comments

  • မြစပဲရိုး

    July 26, 2015 at 11:59 pm

    ဟိ ဟိ -အချိန်မှီလေး တစ်နေ့စာ ကိုတာ မပြုတ်တယ်။ lol:-))))

  • ဇီဇီခင်ဇော်

    July 27, 2015 at 5:56 am

    သများး နဲ့ ကိုကိုနပ် မပြေလည်လို့ ရှောင်နေတာ ကြာပေါ့
    မျက်စိနဲ့ ပဲ စားးသွားးးတယ်

    :mrgreenn:

  • @QUIL@

    July 27, 2015 at 8:22 am

    အိုင်တီပရိုဗျျ…
    သွေးကရဲပါတယ်
    ကမာ္ဘဂျီး ခါးဇောင်းတင်ထားတာပါ…
    ဘာဖြစ်တုန်း… ၃မိနစ်ခေါက်ဆွဲဗူးစားတယ်…
    ကမာ္ဘကြီးက ကျုပ်တို့ချက်တဲ့ ခေါက်ဆွဲတွေစားတယ်လေ…..
    သည်လိုသွေးမျိုးမွေးဇမ်းဘာ အရီးရာ……..

    အားဟိ အားဟိ….

  • Ma Ei

    July 27, 2015 at 9:28 am

    မြ ခူးခပ်ပြင်ဆင် ထားတာလေး ရှုယုံနဲ့မရတော့ဘူး တစ်ကယ် စားချင်တာ…

  • ဝင့်ပြုံးမြင့်

    July 27, 2015 at 11:02 am

    .တော်သေးတာပေါ့ ။ ရှုစားသုံးဆောင်ခိုင်းလို့။ စကရင်ကို လျှာနဲ့ လျက်ရမလား လို့ အတွေးမပွားတော့ဘူးပေါ့။

  • Mike

    July 27, 2015 at 11:19 am

    .သွေးတက်စာတွေ မစားနိုင်

    • Ma Ma

      July 29, 2015 at 10:32 am

      အုန်းနို့ချက်ရင် ကြက်သွန်နီလှိုုင်လှိုင်ထည့်ချက်။
      အုန်းနို့က သွေးတက်စေတာကို ကြက်သွန်နီက လျှော့ချပေးတယ်…. လို့ ကြားဖူးတာပဲ။
      ကိုယ်တိုင် research လုပ်ထားတာမဟုတ်လို့ အာမတော့မခံနိုင်။ 😆

  • ဦးကျောက်ခဲ

    July 27, 2015 at 11:55 am

    အရီးရယ်… ခရမ်းကြွပ်သီးလေးထည့် ပင်စိမ်းရွက်အုပ်ပြီး…
    အုန်းနို့နဲ့ ယိုးဒယားကြက်သားဟင်းချက်လိုက်ရင် ပိုဂွဒ်မှာ… :k:

  • မြစပဲရိုး

    July 27, 2015 at 10:26 pm

    အားလုံးဘဲ ကျေးဇူးကြီးပါ။

    မောင်ဂီရေ
    မင်း ရဲ့ အရီး က အခု အိုင်တီ သွေးမဟုတ်တော့ဘူး။
    ပုံသေကားချပ် အတိအကျ လုပ်သလို နဲ့ စာရင်းညှိတတ် နေပြီ။
    အရောင်ပြောင်း ဖို့ ကစားနည်း တွေ တတ်နေလေပြီ။ lol:-)))))

  • manawphyulay

    July 29, 2015 at 10:46 am

    စားပဲ စားချင်တာ အဲလို ချက်ချင်ဘူး။ ဘိုလိုလုပ်ရပါ့…
    ဟုတ်ပြီ နည်းလမ်းကို ယောက်ျားပြောပြလိုက်ပြီး သူ ချက်တာပဲစားတော့မယ်… :mrgreen:

  • kai

    July 29, 2015 at 2:19 pm

    အဲဒီကိုကိုနပ်က.. ခုတလော.. ကျမ်းမာရေးအတွက်ကောင်းတယ်ဆိုပြီး..တော်တော်ခေတ်စားနေတာ..။
    အရင်သိထားသမျှက.. ကိုလက်စရောတက်တယ်.. မပျော်ဝင်တဲ့အဆီတွေဖြစ်တယ်..။ ဘာညာပေါ့..။

    သူတို့ပဲအမျိုးမျိုး..
    တကယ်ကတော့.. ဖိလစ်ပင်းနိုတွေဟင်းတွေထဲ.. ကိုကိုနပ်တွေထည့်စားနေကြတာ.. နှစ်၁၀ဝမက..
    ဒီလောက်လဲ..မထူးခြား..။

    ဆိုတော့..
    အောက်မှာ.. လင်ခ့်တွေ..။
    သဘောရှိ.. ကလောဟိကြကုန်..။
    null
    Coconut craze hits Starbucks lattes, but this superfood isn’t all it’s cracked up to be
    BY Victoria Taylor
    NEW YORK DAILY NEWS
    Tuesday, March 3, 2015, 2:00 AM
    http://www.nydailynews.com/life-style/health/coconut-healthy-food-bad-article-1.2129238
    =======
    Can Coconut Milk Increase Cholesterol?
    Last Updated: Feb 18, 2015 | By Kathryn Gilhuly
    http://www.livestrong.com/article/522875-can-coconut-milk-increase-cholesterol/
    =======
    The health benefits of… coconut milk | BBC Good Food
    http://www.bbcgoodfood.com/howto/guide/ingredient-focus-coconut-milk
    Coconut milk, especially the lower fat variety, can be used in moderation (1-2 times per week). However, The British Heart Foundation recommend avoiding the …

  • မြစပဲရိုး

    July 29, 2015 at 10:19 pm

    ဖိလစ်ပင်းနို တွေချက်တဲ့ ဟင်း တော့ မသိ။
    ယိုးဒယား စာ တွေမယ်တော့ ကျောက်စ် ပြောတဲ့ ပင်စိမ်းထည့်တာတို့ ၊ သံပုရာရည် သုံး တာတော့ က အလကား ဟုတ်မယ်မထင်ဘူး။
    ဘာလို့လဲ ဆိုတော့ ယိုးဒယားစာအတော်များများမှာလဲ အုန်း ကင်းတာမဟုတ်။
    လူကြီး/လူငယ် တိုင်း စားနေတာ သူတို့ မှာ ဖြေဆေး တွေ ပါလို့သာနေမှာ။

    . ဒေါ်မနောလေး – ဒီအချိန်က အခွင့်အရေးယူလို့ တရားအမျှဆုံး အချိန်ဘဲ။
    အခွင့်အရေး မဆုံးစေနဲ့။ ချက်သာချက်ခိုင်းပေရော့။ :-)))

  • Alinsett @ Maung Thura

    July 30, 2015 at 3:40 am

    သားကတော့ စခွင်ကို လျှာနဲ့ လျက်ပလိုက်တယ်
    .အေးရောာ

    :k:

Leave a Reply