“ ပွင့်သောပန်းတိုင်းလန်းစေချင် ”

Swal Taw YwetJuly 27, 20151min1573

B Ed ဒုတိယနှစ်တက်နေရင်း ကျောင်းဆက်တက်ဘို့ အခက်အခဲတွေ့နေရတယ့် မြန်မာတနိုင်ငံလုံး ဝိဇာတွဲ ဒုတိယ ဆု ရ ကျောင်းသူလေးတယောက် အကြောင်းနဲ့ ပါတ်သက်ပြီး ဆရာမ ဒေါ်မေအေးဦးနဲ့ စကားနဲနဲ ပြောဖြစ်လိုက်တယ်။

ဆရာမဆီမှာ အကူအညီတောင်းထားပြီး တနှစ်စာ အလှူရှင် မရရှာသေးသူ အယောက် ၇ဝ တောင် ကျန်နေသေးသတဲ့။

အဲသာနဲ့ ထုံးစံအတိုင်း ရွာထဲလာ ရင်ဖွင့်လိုက်သာပါခင်ဗျာ။

ကျနော်တောင် တယောက်စာ လှူထားပြီးသားကို နောက်ထပ်တယောက်စာ ထပ်လှူဖြစ်ပါမယ်။

ကိုယ့် မြန်မာနိုင်ငံသား ကလေးငယ်တွေ ပညာသင်ယူနေရင်း ခရီးမထောက်ရလေအောင် တတ်နိုင်သမျှလေး ထောက်ပံ့လှူဒါန်းနိုင်ဘို့ နှိုးဆော်လိုက်ရပါတယ်ခင်ဗျားးး။

လှူရန်စိတ်ဝင်စားသူများ ..

ဒေါ်မေအေးဦး – ဖုန်း  09-7303 9878, 09-4200 94929

Email :  2000.donation.group@gmail.com သို့ ဆက်သွယ်ပါခင်ဗျာ.။

 

2000.donation.group@gmail.comသို့လည်းဆက်သွယ်နိုင်ကြပါတယ် … ။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000 GROUP

2000.donation.group@gmail.com

ကျနော်တို့ ရွာသူဟောင်းတယောက်။

တီဒုံနဲ့ ကျောင်းနေဘက်တယောက်ကို ဝန်းရံကြရအောင်ပါ။

ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။

With respect,

Swal Taw Ywet.

3 comments

  • ဇီဇီခင်ဇော်

    July 27, 2015 at 9:31 am

    ဘယ်သူ တာဝန်ယူ ပြီး စု ပေးမလဲ။
    လှူမယ်လေ..

  • Swal Taw Ywet

    July 28, 2015 at 2:11 am

    ဟိုတလော ကထွန်းဝင်းလတ် ဆော်ဩတဲ့ မော်လူးအလှူကတည်းက ဒီဘက်ကို မျက်စောင်းထိုးမိနေသာ။
    ဘယ်သူမှ အာရုံမရလိုက်ကြလို့။
    နောက် တီဒုံစီ ပိုက်ဆံပို့တာ ပိုသွားလို့ ထပ်ပို့ပြီး အဝေးသင်ကျောင်းသူတယောက် တနှစ်စာ တာဝန်ယူ လှူလိုက်ပြီးပြီ။
    မနေ့ညကမှ ဆရာမဆီက သတင်းရ ကျောင်းသားကျောင်းသူ ၇ဝ စာလောက် အလှူရှင်မရသေးဆိုလို့ စိတ်မကောင်းဖြစ်သွားတာမို့ပါ။
    မန်းဂဇက်ရွာသူရွာသားများမှ တနှစ်စာ တာဝန်ယူ ထောက်ပံ့ပါသည်ဆိုတာမျိုးလေးဖြစ်ချင်လို့ပါခင်ဗျာ။
    တယောက်စာရရ ၂ ယောက်စာရရ ပေါ့။
    မျက်နှာစာအုပ် က ပိုလှုပ်ရှားနေကြတော့ ရွာထဲ မယ် မျက်နှာငယ်။
    တယေက်စာ ထပ်လှူပါမယ်လို့ ဆရာမ ဒေါ်မေအေးဦးကို အားပေးစကားပြောပြီးသားမို့
    ရွာထဲ စုကြမယ်ဆိုရင်ဖြင့် တသိန်း မတည် ထည့်ဝင်မှာဖြစ်ပါကြောင်း။
    With respect,
    Swal Taw Ywet.

  • မြစပဲရိုး

    July 28, 2015 at 2:19 am

    ကျွန်မလဲ ဆိုင်ရာ စိတ်ဝင်စားသူများ ကို တို့ပေးထားပါမယ်။
    အခုလို မျှပေးတာ ကျေးဇူးပါ ကိုစွယ်တော်ရွက် ရှင့်။

Leave a Reply