မေမေ့ရဲ့ မြင်းခွာရွက်သုတ်

မြင်းခွာရွက်ဆိုရင်တော့ မြင်းခွာရွက်ဟင်းခါးရယ်။ မြင်းခွာရွက်သုတ်ကို ကြိုက်ပါ

တယ်။ အပြင်က ဆိုင်တွေက မြင်းခွာရွက်သုတ် စားဖူးမှပဲ အိမ်က မေမေသုတ်တာနဲ့

မတူတာကို သွားတွေ့ပါတယ်။

ဆိုင်ကမြင်းခွာရွက်သုတ်ကတော့ လက်တစ်ဆစ်အရွက်လှီးပြီး ပဲမှုန့်နဲ့ သုတ်တာပေါ့။

အိမ်မှာ စားနေကျ မြင်းခွာရွက်သုတ်ကတော့

 

၁။ မြင်းခွာရွက်ကို အမြစ်ကစ မပစ်ဘဲ ပါးပါးလေးတွေလှီး

၂။ ကြက်သွန်ဖြူ  နီ ဆီချက်ချက်ထား

၃။ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် ဒါမှမဟုတ် မြေပဲလှော်ကို ထောင်းပြီးသုံးမယ်။

၄။ အချဉ်ကိုတော့ ပုံမှန်သံပုရာသီးပဲသုံးမယ်

၅။ ဟင်းခတ်မှုန့်နဲ့ ဆားအနည်းငယ်IMG_20150722_191149

 

IMG_20150722_192100IMG_20150722_195003_HDR

မြင်းခွာရွက်းပါးပါးလေးတွေနဲ့ ပဲမှုန့်မသုံးဘဲ ကုလားပဲခြမ်းကြော် မြေပဲလှော်

ထောင်းထားတဲ့ အမှုန့်နဲ့ ဆီချက်ကောင်းကောင်းနဲ့ မြင်းခွာရွက်သုံးဟာ တကယ်

ခံတွင်းတွေ့စေမှာပါ။ ပုစွန်ခြောက်မသုံးဘဲ ပုစွန်ခြောက်မှုန့်အနည်းငယ် သုံးပါတယ်။

 

အားလုံးချက်ပြုတ်နိုင်ပါစေ

အောင်မိုးသူ

12 comments

  • ဇီဇီခင်ဇော်

    July 27, 2015 at 3:38 pm

    စားချင်စရာအေ။

    :chit:

  • kai

    July 27, 2015 at 4:08 pm

    အဲလိုအရွက်လှလှလေးကို.. မလှီးပဲ.. အရွက်အတိုင်းသုတ်ရင်.. အမြင်ပိုမလှဘူးလားတွေးနေမိတယ်..
    အနီရောင်ပါတာတခုခု… (ဥပမာ..ခရမ်းချဉ်သီး)ဖြည့်ထည့်ရင်လည်း.. ပိုလှမလားပဲ..။

    May be.. အနံ့..အရသာပျော့သွားနိုင်လို့များ.. သေးသေးလေးတွေအထိ..လှီးလိုက်သလားပဲ..။

    • မြစပဲရိုး

      July 27, 2015 at 9:56 pm

      အရွက် ချည်း ဒီအတိုင်း ဆို အရသာ မဝင်ဘူး ထင်တာဘဲ သူကြီး ရဲ့။
      ဆူးလေ က ဒေါ်ရိတ်ကြီး ကိုတောင် ပြေးသတိရတော့တယ်။
      စားချင်ဖွယ်ဘဲ။

    • အောင် မိုးသူ

      July 28, 2015 at 9:29 am

      အနံ့ပျော့သွားပေမယ့် အရသာတော့ ပျော့မသွားပါဘူး သူကြီးရေ။ အရသာလည်းပိုဝင်တယ် စားလို့လည်းပိုအဆင်ပြေပါတယ်။ ခရမ်းချဉ်သီးဆိုရင်တော့ အစိမ်းထည့်ရင် ပိုကောင်းပါတယ်။ ဒါမယ့် မေမေသုတ်နေကျ အသုတ်က ခရမ်းချဉ်သီးမပါလို့ပါ။

  • ဝင့်ပြုံးမြင့်

    July 27, 2015 at 4:28 pm

    .စားချင်လိုက်တာ။ ဘယ်လိုစားချင်မှန်း မသိဘူး။ လုပ်လည်း မလုပ်ချင်။ အမက အရွက်သမား။ အရွက်ဆို နင်းကန်စားတာ ဟိုဘဝက နွားသေလို့ ဝင်စားတာလား မသိဘူး

    • အောင် မိုးသူ

      July 28, 2015 at 9:22 am

      အသီးအရွက်ကြိုက်တာ ကိုယ့်အတွက် ကောင်းတယ် အစ်မရေ။ နောက်ဆို ခြံလေးရှိရင် ကွကိုယ်တောင် စိုက်စားချင်တယ်။

  • manawphyulay

    July 29, 2015 at 10:02 am

    မြင်းခွာရွက်သုတ်ကတော့ အရမ်းဆုံးစာရင်းမှာပါတယ်။ ဘာကြောင့်လဲဆိုတော့ မျက်စိအားကောင်းချင်လို့ မျက်မှန်သမားများအတွက် အားတစ်ခုပါပဲ။

  • Alinsett @ Maung Thura

    July 30, 2015 at 3:52 am

    ရခိုင်ဘက်က ကျွန်းပေါ်မှာ နေတုန်းက
    မနက်ခင်း နှင်းတွေကြားမှာ လယ်ကွက်ထဲဆင်း
    ရိတ်ပြီးသား စပါးပင် ရိုးပြတ်လေးတွေကို လက်နဲ့ အသာဖယ်
    အဲ့အောက်မှာ ပေါက်နေတဲ့ မြင်းခွါရွက် သေးသေးလေးတွေ အဆုပ်လိုက်အဆုပ်လိုက်ဟာဖြင့်
    နံနံပင်လေးတွေလိုပဲ။
    အမြစ်ကနေ အသာ ဆွဲ ဆွဲနှုတ်ပြီး
    အပင်လိုက်ရေစင်အောင်ဆေး သုပ်စားတာာာာ သတိရမိ။
    အဲ့ အပင်သေးသေးလေးတွေက ဆေးဘက်ပိုဝင်သတဲ့
    ဟုတ်မှာာာ ကျွန်းပေါ်က အဘိုးအဘွားတွေ အသက်ရှည်ကြတယ်။
    မသေခင်မှာတောင် အမြင် အကြား အာရုံတွေ ကောင်းကြတယ်။
    အသက် ၁ ရာ ကျော်အောင် နေကြရတယ်။
    ရန်ကုန်မှာ မြင်းခွါရွက် သေးသေးလေးတွေ(နံနံပင်လောက်လေးတွေ)
    တစ်နှစ်နေလို့ တစ်ခါ မမြင်ရ။

    • kai

      July 30, 2015 at 4:12 am

      အဲဒါက.. ဆေးမြင်းခွာလို့ခေါ်တယ်ထင်တာပဲ..
      အခုသုတ်စားတဲ့..မြင်းခွာရွက်နဲ့.. ဗီဇတူပေမယ့်.. မျိုးမတူ..။

  • ဟိုတစ်ယောက် အရမ်းကြိုက်တဲ့အသုပ်ပေါ့.. ကိုယ်က သိပ်မကြိုက်ဘူး..

    သိတဲ့အတိုင်း ကိုယ်တွေနှစ်ယောက် အကြိုက်တွေက တစ်ခြားစီလေ.. ဒါပေမယ့် တစ်ခြားဟာတွေသာ လိုက်မညှိရင်နေမယ်… အစားအသောက်ကိုတော့ သူကြိုက်တာကို လိုက်စားတယ်.. ဟိ…

    ဆိုတော့.. ခု မြင်းခွာရွက်သုပ်လည်း စမ်းကြည့်ဦးမယ်.. မျက်စိအတွက်လည်း ကောင်းတယ်ဟုတ်..

  • ဦးကျောက်ခဲ

    July 30, 2015 at 2:32 pm

    ကျောက်စ်တို့ ကျွန်းမှာတော့ မြင်းခွါရွက်ရှာမတွေ့ဘူးဗျ…
    ဆိမ့်သက်လေးမို့ ဟင်းခါးပဲချက်ချက် သုပ်ပဲသုပ်သုပ် ဖျော်ရည်ဖျော်တောင် ကြိုက်တယ်…
    အခုလို မိုးအေးအေးမှာ ဘီ+ပက် လေးရယ်…
    မြင်းခွါရွက်သုပ် ဆိတ်ခေါင်း+ပဲ ငွေတောင်ပေါ့လိပ်လေးနဲ့ဆို လောကနိဗ္ဗာန်ပေါ့… ခွိ :k:

Leave a Reply