Password တစ်ခုတည်း သုံးသင့်သလား

Hein ThuAugust 27, 20101min18911

ကြုံနေကျပြသနာများ
အင်တာနက်ဆိုင်ထဲသို့ ကောင်လေးတစ်ယောက် ဝင်လာသည်။ ပြီးလျှင်လွတ်နေသည့် ခုံတစ်လုံးတွင် ဝင်ထိုင်သည်။ Google Search ကို ဖွင့်လိုက်သည်။ နာမည်ကြီး ဝက်ဘ်ဆိုက် တစ်ခုကို ဖွင့်၏။ ထိုဝက်ဘ်ဆိုက်က လူငယ်များအကြားရေပန်းစားနေ
သော ဝက်ဘ်ဆိုက် တစ်ခု ။ အရင်ဆုံး member ဝင်ပြီးမှ သုံးလို့ရသည့်ဆိုက်မျိုး ။
ကောင်လေးက ထိုဝက်ဘ်ဆိုက်ကို တော်တော်ကြိုက်သဖြင့် လွန်ခဲ့သည့်
တစ်ပတ်လောက်က sign up လုပ်ခဲ့ခြင်းဖြစ်သည် ။ ဒီကြားထဲစာမေးပွဲရှိသဖြင့် အင်တာနက်ဆိုင် သို့ မရောက်ဖြစ် ။ ယခု မှ လာသုံးခြင်းဖြစ်သည် ။
ဟော…ပေါ်လာပါပြီ ။ ဝက်ဘ်ဆိုက်၏ Home Page စာမျက်နှာ ။
ကောင်လေးက user name တွင် သူ၏ နာမည်ကို ရိုက်ထည့် လိုက်သည်။ ပြီးလျှင် password ကို ရိုက်ဟန်ပြင်သည် ။ ကောင်လေး တစ်ချက်ငိုင်သွားသည် ။
ပြီးလျှင် တစ်စုံတစ်ရာကို ရိုက်ထည့်လိုက်သည် ။ ကွန်ပျူတာဖန်သား
ပြင်ပေါ်တွင် ပြန်ပေါ်လာသည်က ” Your user name and password do not match.” တဲ့ ။
ကောင်လေးက နောက်ထပ် password တစ်ခု ထပ်ရိုက်သည်။ မထူးခြား ။ ယခင်အတိုင်းပင် ။ နောက်တစ်ခု ထပ်ရိုက်သည် ။ ယခင်နည်း အတိုင်း ။
ကောင်လေး ဇောချွေးတွေ ပြန်လာသည် ။ ယခင်အပတ် က သူ ဝင်ခဲ့သည့် password ကို သူမမှတ်မိတော့ ။
ကောင်လေးက သုံးလို့ ကောင်းသည့် ဝက်ဘ်ဆိုက် မှန်သမျှ member ဝင်တတ်သည့် အကျင့်ရှိသည်။ mandalay gazette တွင်လည်း member ဝင်သည်။ myanmar family forum တွင်လည်း member ဝင်ထားသည် ။ facebook ၊
twitter ၊ အခြား အားကစား ဝက်ဘ်ဆိုက်များ ၊ ဂိမ်း ဝက်ဘ်ဆိုက်တော်တော် များများ တွင်
member ဝင်ထားသူ ။ member ဝင်တိုင်းလည်း password အမျိုးမျိုး သုံးတတ်သည် ။
ကောင်လေးနောက်ဆုံးတော့ လက်လျှော့လိုက်သည် ။ သူဘယ်လိုမှ စဉ်းစားမရတော့ ။ Password တွေ အကုန်ရောကုန်သည် ။ ဒါမျိုးတွေက ဖြစ်နေကျပါ ။

11 comments

  • kai

    August 27, 2010 at 8:15 am

    password ကတခုထဲသုံးတာ မကောင်းတဲ့အကျင့်ပါ။ ဝက်ဆိုက်တွေ မန်င်ဘာဝင်တာ ဘယ်လောက်များများ မတူအောင်သုံးတာက ကောင်းတဲ့အကျင့်ဖြစ်ပါတယ်။

    ပါ့စဝပ်ကို လ၊နှစ်၊ရက် နဲ့ပြောင်းပြီးပေးလို့ရပါတယ်။ ကိုယ်ဝင်တဲ့ ဝက်ဘ်ဆိုက်ကို ဝင်တဲ့နှစ်၊ လလောက်မှတ်မိရင်ကို အဆင်ပြောပါတယ်
    ဥပမာ။ ။ ဇန်နဝါရီ ၂၀၀၉ မှာဝင်တယ်ဆိုပါတော့။Jan2009 ဖြစ်ပါတယ်။
    အဲဒါကို သုံးနေကျပါ့စ်ဝပ်နဲ့တွဲပေးလိုက်ရင် ပြီးပါတယ်။
    ဥပမာ သုံးနေကျက ပါ့စဝပ် (psw)ဆိုရင် Janpsw2009 ပေါ့။
    နောက်တခုကို ဖေဖေါ်ဝါရီ အတွက်ယူပြီးပေးတာမျိုးပါ။ Febpsw2009 ပေါ့။
    နောက် မတ်၊ ဧပြီ စသဖြင့် ၁၂ခုကို အလှည့်အတိုင်းပေးသွားဖို့ပါပဲ။ ရိုက်ထည့်တာ မေ့ပြီး ဘယ်လောက်မှားမှား ၁၂ခါတော့ မမှားနိုင်ဘူးလေ။
    နောက်တနှစ်…၂၀၁ဝ ကိုဆက်သုံးပေါ့။
    အဲဒီလိုု…။

  • kopauk mandalay

    August 27, 2010 at 12:04 pm

    ပါစ်ဝပ်ကတော့ ကျနော်လဲပြောင်းသုံးပါတယ်။
    ဘာလိုလဲ့ဆိုတော့ ကျနော်တို့က အင်တာနက်ဆိုင်မှာသုံးရတဲ့သူတွေဆိုတော့ တစ်ခါတရံ ကိုယ်မပိတ်ခဲ့မိတာဘဲဖြစ်ဖြစ် ကိုယ့်ဘေးနားထိုင်နေသူက သိသွားလို့ဖြစ်ဖြစ်
    နှောင့်ယှက်တာ ခံရဘူးပါတယ်။
    ကိုယ်မှတ်မိတဲ့ မမေ့နိုင်လောက်တဲ့ ဟာကိုထားလိုက်ပါ။
    ြီပီးရင် ကို်ယ့်ဖာဘာသာကိုယ်စာအုပ်ထဲမှတ်ထား မေ့ရင်ပြန်ကြည့် အိုကေပါဘဲ
    အဲဒီကောင်းလေးက ဘာမှ မှတ်မထားလို့နေမှာပေါ့။

  • mandalarmoe

    August 28, 2010 at 8:33 am

    password က တစ်ခုတည်းသုံးရင်ရောမကောင်းဘူးလားဟင်
    မိုးကတော့ တစ်ခုတည်းပဲထားတာ အများကြီးထားရင် ရှုပ်ကုန်မှာစိုးလို့
    အိမ်မှာသုံးတာဆိုတော့ တစ်ခုတည်းပဲထားတယ်

  • မန်း ရိပ်

    September 5, 2010 at 3:13 am

    ကျွန်တော်ကတော့ ပြောင်းသုံးတယ် ဘာဖြစ်လိုလဲဆိုတော့ ဆိုင်မှာသုံးရတယ်လေ
    ပြောင်းတာကို ဒိုင်ယာရီစာအုပ်ထဲမှာမှတ်ထားတယ်

  • saithiha1221

    September 5, 2010 at 3:57 am

    ကျွန်တော်ကတော့ ဘာမှမသိဘူးခင်ဗျ…

  • ရွှေထား

    September 5, 2010 at 7:05 am

    pwd ကိုတစ်ခုတည်း မသုံးသင့်တာတော့ အမှန်ပါပဲ .. ဥပမာ pwd က myaccount ဆိုပါတော့ …
    အဲ့ဒါဆိုရင် gmail မှာ myaccountg .. yahoo ဆိုရင် myaccounty စတာမျိုးလေးတွေပေါ့.. နည်းနည်းတော့ ကွဲသင့်တယ်ထင်တယ် .. ပြီးတော့ standard ကျပြီး strong ဖြစ်ပြီး special key နဲ့ number တွေလည်းတွဲသင့်တယ် .. ဥပမာ ဂျီမေးလ်မှာ #myAccount1g# ပေးထားတာမျိုးပေါ့
    အကြံပေးကြည့်တာပါ

  • Zaw Tun

    September 9, 2010 at 9:33 am

    Password ကတော့ တစ်ခုတည်းကို နေရာများစွာမှာ သုံးတာဟာ လုံးဝမကောင်းပါ။ ဖြစ်နိုင်ရင်တော့ Password ကို မကြာခဏပြောင်းသုံးသင့်ပါတယ်။ Password ပေးတဲ့နေရာမှာလည်း Character နဲ့ Number Keys တွေတင်သုံးတာမျိုး မဟုတ်ပဲ Special Keys တွေကိုလည်းထည့်သုံးသင့်ပါတယ်။ Password တစ်ခုတည်းကို ပဲ သုံးနေခြင်းဟာ Security Point of view ကနေကြည့်မယ်ဆိုရင် လုံးဝမကောင်းတဲ့အချက်ပါ။ Seit အမျိုးမျိုးမှာ Password မတူအောင်ထားသလို Site တစ်ခုတည်းမှာလည်း password တစ်ခုတည်းကိုပဲ အချိန်ကြာကြာသုံးနေခြင်းဟာ မကောင်းပါဘူး။ အထူးသဖြင့် gmail လိုနေရာမျိုးမှာပါ။ ပိုသတိထားရမှာက အများသုံးနေရာတွေမှာသုံးနေသူတွေပါပဲ။

  • vanvan8888

    October 14, 2010 at 2:06 pm

    မှန်ဘာတယ်…..password ဆိုတာတော့ပြောင်းသင့်တဲ့အမျိုးဘာ

  • moelone

    October 14, 2010 at 2:43 pm

    ကျွန်တော်လောလောဆယ် password ပြသနာကိုရင်ဆိုင်နေရပါတယ်။ နေ့လယ်က ကျွန်တော်သုံးနေကျ koyegyi ဆိုတဲ့ username နဲ့ မိန်းမများတဲ့ မြန်မာဘုရင် ဆိုတဲ့ post တစ်ခုကိုတင်တုန်းက အိုကေပါတယ်။ အခုညနေ mandalay gazette ထဲဝင်ဘို့ password ရိုက်လိုက်တဲ့အခါ လုံးဝဝင်လို့ မရတော့ပါဘူး။ New password ဆိုပြီး mail တစ်စောင်ဝင်လာပါတယ်။ အဲဒီ New password ကလည်း ရိုက်ရတာတော်တော်ခက်ပြီး မှတ်မိဘို့လည်းမလွယ်တာကြောင့် အခု moelone ဆိုတဲ့ username အသစ်နဲ့ အသစ်ပြန်လုပ်ထားရပါတယ်။ username အဟောင်းနဲ့ပဲ password အဟောင်းပြန်ရအောင်လုပ်လို့ရမရသိချင်ပါတယ်။ နည်းလမ်းလေးများရှိရင်ဝေမျှပေးကြပါဦး။

    • kai

      October 14, 2010 at 9:11 pm

      http://myanmargazette.net/wp-login.php?action=lostpassword
      အပေါ်ကလင့်ကို ကလစ်လုပ်ပါ။
      Username မှာ koyegyi ဆိုတာဖြည့်ပါ။ အီးမေးဆီ ပတ်စ်ဝပ်ပို့လာပါလိမ့်မယ်။ ပို့လာတဲ့ ပတ်စ်ဝပ်နဲ့ဝင်ပြီးမှ စိတ်ကြိုက်ပါ့တ်ဝပ်ပြန်ပြင်ပါ။

  • Gong Zhu

    October 14, 2010 at 4:16 pm

    ပြောင်းပြီးရင် မေ့မေ့သွားတာခက်တယ် ။

Leave a Reply