ရယ်ရယုံ (၄၀)

etoneAugust 25, 20102min672

အသုံးအများဆုံး စာ

“အင်္ဂလိပ်ချိန်မှာ အသုံးများဆုံး စာလုံးကိုပြောပါ”

“I dont know”

“မှန်တယ်”

ဒီအတွက် သက်သက်

တတိယတန်း ဘီ မှ ကောင်လေးများက တတိယတန်း အေမှ ကောင်မလေးများထံ စာရေးသည် ။


“ဟေ့ ချစ်ချစ် ညနေကျောင်းဆင်းရင် ပန်းခြံထဲကို လာခဲ့ .. နမ်းကြရအောင်”


တတိယတန်းအေ မှ ကောင်မလေးများ စာပြန်သည် ။


“ဒီအတွက်သက်သက် ဆိုရင် ပထမတန်း ဘီကို ဆက်သွယ်ပါ”

အသန့်ကြိုက် …

” သဘာဝလောကကြီးကို တည်ဆောက်ထားတဲ့ ဓါတ်ကြီးလေးပါးကို ပြောစမ်း “


“မြေ .. လေ .. အဲ မီး .. ပြီးတော့ ပြီးတော့ “


“မင်း လက်ကို သန့်ရှင်းအောင် ဘာနဲ့ဆေးလဲ”


…”ဆပ်ပြာ”

မေးခွန်းအမှား …

မေး ။ တိရစာ္ဆန် နှစ်ကောင် ကိုပြောပါ ။ သူတို့တွင် ခြေလေးချောင်း ရှိရပါမည် ။
ဖြေ ။ ကြက်ဖနှစ်ကောင်ဖြစ်ပါသည် ။

အပယ်ခံ


” မနေ့က ကျွန်တော် အတွက်နဲ့ မိန်းကလေး  နှစ်ယောက် ရိုက်လား ပုတ်လား ဖြစ်ကြတယ် ဗျ ”

” ဟာ မဖြစ်နိုင်တာ ဗျာ ”

” မယုံ မရှိနဲ့ ကိုယ်တွေ့ ဗျ ၊ ပထမ တစ်ယောက် က အော်ပြောတယ် ၊ နင့်အကောင် နင် ပြန်ယူတဲ့ နောက်တစ်ယောက် ကလည်း ကက်ကက်လန် ပြန်ပြောတယ်။ ဒီအကောင်ကို ငါက ဘာလုပ်ရမှာလဲ တဲ့ “

(နှစ်ဘက်အဆင်ပြေအောင်)

အသက်၄ဝခန့်ရှိသောလူပျိုသိုးကြီး သည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။

ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃ဝကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်

ထိုအခါလူပျိုသိုးကြီး မျက်နှာငယ်လေးဖြင့်ပြောလိုက် တာက

” မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ…”

‎(ကြိုက်နေလို့ပါ)

ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ” တရားခံကို တရားသူကြီးကမေးသည်..။


” သူ့ကို ကျနော်ကြိုက်လို့ပါ ” ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်း ပြန်ဖြေသည်..။


” ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ  “ဟုတရားသူကြီးက ထပ်မေးသည်..။


” သူ့ကိုကျနော်ကြိုက်လို့ပါ  ” ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်း ပြန်ဖြေသည်။

‘ ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း ”


“တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။”

ယေဘူယျပြုခြင်း

ယောကျင်္ားတစ်ယောက် အမှားလုပ်မိလျှင် ‘ မိုက်မဲ တဲ့ ယောက်ျား ‘ ဟု ပြောကြသည်၊

မိန်းမ တစ်ယောက် အမှားလုပ်မိလျှင်မူ ‘ မိန်းမ တွေဟာ အင်မတန် မိုက်မဲကြပါလား ‘ ဟု ပြောလေ့ရှိကြသည်။

All Right

” ဘယ်ခြေထောက်၊ ဘယ်မျက်လုံး၊ ဘယ်လက်၊ ဘယ်နားရွက် မရှိတဲ့လူကို ဘယ်လို ခေါ်သလဲဟင် ”

” All Right “

သဘောင်္သား

ဆရာမ က ပီတာလေး ကို စာမေးသည်..

” မောင်ပီတာ .. ရေထဲ မှာရော ကုန်းပေါ်မှာရော နေနိုင်တဲ့ သတ္တဝါက ဘာလဲ “…

” သဘောင်္သား “

နေမင်းကြီး

” ငါ့ယောက်ျားးက နေမင်းကြီးလိုပဲ … “


” .ဘာဖြစ်လို့ အဲလိုပြောရတာလဲ..”


”  မနက်ကျရင် ပေါ်လာတယ်.. ညရောက်ရင် ပျောက်သွားတယ်. … ဘယ်ရောက်သွားမှန်းမသိဘူး . လိုက်ရှာလို့ လဲမရဘူး “

2 comments

  • bigcat

    August 25, 2010 at 5:42 am

    ရယ်ရတယ်ဗျို ့။ စကားမစပ် ကျွန်တော့်အတွက်နဲ့ကြတော ့မိန်းမသုံးယောက်တောင် ရန်ဖြစ်ရတယ်။ ပထမနှစ်ယောက် ရန်ဖြစ်တာကို ဘာမှန်းမသိလို့ ဖျန်ဘို့လာတဲ ့ အခြားမိန်းမတယောက်က ဒီကောင့်အတွက်နဲ့ ဒီလောက်တောင်မိုက်မဲကြရသလားဆိုပြီး နှစ်ယောက်စလုံးကို ဆော်ပလော်တီးလိုက်လို့။

  • divamyo001

    August 25, 2010 at 3:46 pm

    တစ်ရက်အသက်ပိုရှည်အောင်လုပ်ပေးတဲ ့အတွက်ကျေးဇူးပါဗျာ။တော်တော်မိုက်တယ်

Leave a Reply