တစ်နေ့ပြီးတစ်နေ့ (၁၇) Day by Day (17)

Ma MaAugust 2, 20153min20612

Oxford ဆရာတော် ဒေါက်တာ ဓမ္မသာမိဟောတဲ့တရားကိုနာပြီး လူတွေရဲ့ ငြီးငွေ့တတ်မှုနဲ့ အပြောင်းအလဲကို လိုချင်တတ်တဲ့သဘာဝကို ကိုယ့်ကိုကိုယ်မှာလည်း ပြန်ရှာတွေ့မိတယ်။  🙁

 

ဘယ်လောက်ပဲ သဘောကျကျ ကြာလာရင်ငြီးငွေ့တတ်တဲ့ သဘောရှိတာမို့…………..

တစ်နေ့ပြီးတစ်နေ့တွေကို အတော်လည်းငြီးငွေ့နေလောက်ပါပြီ။

 

သို့သော်လည်း သဂျီးဆာဗာမှာ အလကား ၂၀ဝကျပ်တင်း (ပိုစ့်တစ်ပုဒ် ၂၀၀) ရတာအပြင်

ကာတွန်းပြက္ခဒိန်ကို တစ်နှစ်လုံးအတွက် မှတ်တမ်းတင်ချင်လေတော့ ရေးရပေဦးမည်ပေ့ါ။ :k:

 

ဒီတစ်ပတ်အတွက်ကာတွန်းတွေကတော့ ဩဂုတ်လ ၂၁ရက်နေ့က ဩဂုတ်လ ၃၁ ရက်နေ့အထိဖြစ်ပါတယ်။

CAM04060

အပြိုင်အဆိုင်ဈေးကွက်ခေတ်ကြီးမှာ …………….

ဝန်ဆောင်မှုကို လက်နက်ကောင်းတစ်ခုအနေနဲ့ အသုံးချနိုင်ပါတယ်။

 

ဟိုးတုန်းက သိန်းပေါင်းများစွာပေးရတဲ့ ဖုံးလိုင်းကဒ်တစ်ကဒ်ကို ဝယ်ယူခွင့်ရဖို့ လျှောက်လွှာတင်၊ အကြာကြီးစောင့်ရတယ်။

ဝယ်ယူခွင့်ရပြီဆိုရင်တော့ သိန်းဆုကြီးပေါက်ပြီပေ့ါ။

 

အခုအချိန်မှာ ဖုံးလိုင်းကဒ်တစ်ကဒ်ဟာ ငွေ ၁၅၀ဝ ကျပ် (လက်ကားဈေးဆိုရင် ၁၀၀ဝ လောက်ပဲရှိတယ်) နဲ့ လမ်းဘေးမှာတောင် အလွယ်တကူဝယ်လို့ ရနေပြီ။

 

ဟိုတုန်းက ဝယ်ထားခဲ့ကြတဲ့ ဖုံးငှားရမ်းသုံးစွဲသူတွေရဲ့ နစ်နာဆုံးရှုံးမှုကို ငွေပြန်အမ်းပေးတဲ့ ဝန်ဆောင်မှုပေးရင် ကောင်းမယ်။ :p:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM04061

CAM04064

၂၂ ရက်နေ့အမေးကို ၂၄ ရက်နေ့က ဖြေနိုင်လိုက်ပြီလို့ ထင်ပါတယ်။ 🙂

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM04063

 

ရန်ထောင်သလိုမဟုတ်ပဲ ရဲရဲဝံ့ဝံ့တင်ပြတတ်စေဖို့အတွက် ….

=အပြုသဘောဆောင်တဲ့ လုပ်ရပ်၊

=အကောင်းမြင်ဝါဒ

=ယောနိသောမနဿိ ကာရ ရှိဖို့လိုအပ်ပါတယ်။ 🙂

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM04067

ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အရင်ကထက် ပိုကြိုးစားဖို့လိုတာလည်း သတိထားသင့်တယ်။  :s:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM04068

သူသူကိုယ်ကိုယ် လူဆိုတာ လူပဲမို့…………..

တာဝန်ယူမှုရှိဖို့အတွက် မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ ထိန်းကျောင်းမှဖြစ်မယ်။

 

အဲလိုဖြစ်ဖို့ဆိုတာကလည်း …………..

+++++++++++++++++++++++++++++++++++++++++++++++

CAM04070

 

ပြောင်းလဲရင် ရလာနိုင်တဲ့ အကျိုးဆက်ကို မြင်နေပါလျှက်နဲ့

ပြောင်းလဲမှုလုပ်ဖို့အတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေကို မဖြေရှင်းနိုင်လို့ မဖြည့်ဆည်းနိုင်လို့ မပြောင်းလဲနိုင်ကြရတာတွေလည်း ရှိနိုင်သေးတယ်။ :p:

++++++++++++++++++++++++++++++++++++++++++++++++

 

CAM04071

ဒီကာတွန်းလေးကိုလည်း သဘောကျတယ်။

 

များသောအားဖြင့် မအောင်မြင်ရင် သူများကြောင့်

အောင်မြင်ရင် ကိုယ့်ကြောင့်ချည်းပဲ ထင်တတ်ကြတဲ့အပြင်….

 

ကိုယ့်လက်အောက်ငယ်သားဆီက အကြံဉာဏ်ကြောင့် အောင်မြင်ပါတယ်…. ဆိုတာမျိုးကို

ဝန်ခံဖို့ဆိုရင် ပိုပြီးဝန်လေးတတ်ကြတယ်။ :b:

+++++++++++++++++++++++++++++++++++++++++++++++

CAM04072

Team work ဆိုတာကို လုပ်ငန်းအောင်မြင်ဖို့အတွက် စုပေါင်းလုပ်ဆောင်ခြင်းဖြင့် လွယ်ကူစွာပြီးမြောက်အာင်မြင်နိုင်တယ်ဆိုတဲ့အတွေးရပြီး သဘောကျခဲ့တယ်။

ဒါပေမယ့် Team work လုပ်အောင် ဘယ်လိုပျိုးထောင်ပေးရမယ်ဆိုတာတော့ နားမလည်ခဲ့ဘူး။ 🙄

 

ကုပ္မဏီကြီးတစ်ခုရဲ့ Team work လုပ်ဖို့ တွန်းအားပေးတဲ့ အစီအစဉ်တစ်ခုကို ပြောပြချင်တယ်။

 

အဲဒီကုပ္မဏီက နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ဝန်ထမ်းတွေကို စုပေါင်းခရီးထွက်ကြစေတယ်။

ရေ၊ စားစရာ၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေး စသဖြင့် အုပ်စုလိုက် တာဝန်ယူစေတယ်။

 

ဒါ့အပြင် အုပ်စုလိုက်ကစားရတဲ့ ကစားနည်းတွေနဲ့ အချင်းချင်း ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုတွေကို ရစေပြီး ဝန်ထမ်းတွေကို Team work စိတ်ဓာတ်သွင်းပေးနိုင်လိုက်တယ်။ 🙂

+++++++++++++++++++++++++++++++++++++++++++++++++++++++++

 

CAM04073

လူနဲ့အလုပ် ဘယ်ဟာကို ဦးစားပေးမလဲလို့ စဉ်းစားခိုင်းတယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးမှာလဲလို့ ပြန်မေးခွန်းထုတ်ရမယ်။

 

တခါတလေကြုံလာရတဲ့ အခက်အခဲမှာ လူကို ဦးစားမပေးနိုင်ဘူး။

အလုပ်ကိုပဲ ဦးစားပေးရမယ်။

 

နေ့စဉ်လုပ်ရမယ့် ရေရှည်လုပ်ရမယ့် အလုပ်ခွင်မှာတော့ လူကိုမဏ္ဍိုင်ထားပြီး လုပ်ငန်းကို စီစဉ်ရမယ်လို့ ထင်မိတယ်။

 

စီမံခန့်ခွဲမှုနည်းပညာနဲ့ဆိုရင်တော့ ဘယ်လိုနည်းစနစ်သုံးရမယ်ဆိုတာ သွေးသောက်ညီမရဲ့ ကွန်မန့်ကို စောင့်ဖတ်ရမယ်။ :mrgreen:

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

CAM04074

=ဟန်ကိုယ့်ဖို့ ဆိုသလို

=သိသာသိစေ မမြင်စေနဲ့ ဆိုသလို

ဘယ်တော့မဆို ကိုယ်ကြောက်တာ သူများမသိစေနဲ့။ :k:

 

ဒေါက်တာဦးအုန်းမောင်ရေးတာထင်တယ် သောကကင်းဝေးနေနိုင်ရေး ဆိုတဲ့ စာအုပ်ထဲက မှတ်မိသလောက်ပြောရရင် ……….

ပြဿ  နာတစ်ခုကို အဆုံးစွန်ထိတွေးကြည့်ပြီး အဆိုးဆုံးဖြစ်နိုင်ခြေကို ခံနိုင်အောင် ကြိုးစားလိုက်ရင် စိတ်ပင်ပန်းတာတွေ၊ သောကတွေ လျော့ကျသွားမယ်တဲ့။

 

ခုလတ်တလော နိုင်ငံနဲ့အဝှမ်းရေကြီးတဲ့သတင်းတွေဖတ်ရပြီး……….

သောကကင်းဝေးနေနိုင်ကြပါစေလို့ ဆုမွန်ခြွေရင်းးးးး

 

ဒီတစ်ပတ်တော့ ဒီမျှသာ။ 🙂

 

12 comments

  • မြစပဲရိုး

    August 2, 2015 at 1:41 am

    ချစ်မမ
    တစ်နေ့ပြီးတစ်နေ နဲ့ ပြလာတဲ့ ရက်တွေ ကျဆုံး ကုန်တာကြည့်ပြီး မျက်လုံး ပြူး ပြူးလာတယ်။
    အခု ၈ လပိုင်းတောင် ကုန်ပါပြီကော။ နှစ်ကူးဖို့ ၄ လဘဲ လိုတော့တယ်။

    ၃ဝရက် က
    {စီမံခန့်ခွဲမှုနည်းပညာနဲ့ဆိုရင်တော့ ဘယ်လိုနည်းစနစ်သုံးရမယ်ဆိုတာ သွေးသောက်ညီမရဲ့ ကွန်မန့်ကို စောင့်ဖတ်ရမယ်။ }
    . ဆေးပညာမဟုတ်လို့ သများ ကို မေးတယ် မှတ်ပြီး ဖြေမယ်ရှင့်။
    ကိုယ့် အထင် အယူအဆ ဆိုရင်တော့ ဂရပ်ဖ် က ဖတ်ရင် X ဝင်ရိုး Yဝင်ရိုး ဆုံမှတ် ကို ကြည့်ရမယ်မှတ်တယ်။ 2D ဂရပ်ဖ်ပေါ့။
    3D ဂရပ်ဖ်ဆိုရင်တော့ Z ဆိုတာပါမယ် ဆိုပါစို့။
    အခု ပုံ ကတော့ 2D မို့ X လူ နဲ့ Y အလုပ် ကို ကြည့်မယ်ပေါ့။
    တစ်ချို့ မန်နေဂျာ များ က လူနည်းနည်း သုံးပြီး အလုပ်များများ ပြီး အောင် ခိုင်းတတ်တယ်။
    တစ်ချို့ကျတော့ လူများများ သုံးပြီး အလုပ်က နဲနဲ ဘဲ ပြီးတယ်။
    တစ်ချို့ ကျ အလုပ် နဲ့ လူ မျှအောင် သုံးမယ်။
    ဘယ်ဟာပိုကောင်းလဲ ဆိုတာကတော့ ဘယ်လိုအလုပ်တွေလဲ နဲ့ ဘယ်လို လူ တွေ ဆိုတာလဲ သိဖို့ လိုသေးတာမို့ ပြောရခက်သား။
    ယေဘူယျ ကတော့ အလယ်အလတ် လမ်းက ပိုပြီး လုံခြုံ မလားဘဲ။ 😉 :-)))

    • Ma Ma

      August 2, 2015 at 4:04 pm

      ငယ်ငယ်တုန်းက တစ်နှစ်ဆိုတာ အကြာကြီးလို့ ထင်ရသလောက်………
      တဖြေးဖြေးနဲ့ တစ်နှစ်ပြီး တစ်နှစ် ဖြုတ်ကနဲ ဖြုတ်ကနဲ ကုန်သွားတယ်လို့ ထင်မိတာ ၄-၅ နှစ်လောက်ရှိပြီ။
      :b:

  • Alinsett @ Maung Thura

    August 2, 2015 at 2:14 am

    ပြည်သူားအပေါင်း ရေဘေးမှစ အစစအရာရာသောဘေးဘယာတွေ
    .ဝေးကွာ သာယာပါစေကြောင်း
    (အီစိုးရ အီဘတို့တစ်စု မပါ)

    မကောင်းတဲ့လူတွေများ အကုသ်ိုလ်အများခံပြီး ကိုယ်က ကျိန် သတ်တာတောင်
    အသေနှေးချက်

    • Ma Ma

      August 2, 2015 at 4:04 pm

      မကောင်းတဲ့သူက မကောင်းတာမှန်ပေမယ့်
      အကုသိုလ်ဆိုတာ တကယ်သိရင် တကယ်ကြောက်ဖို့ကောင်းတာမို့
      သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ်အဖြစ်မခံပါနဲ့ မောင်သူရရေ။

  • တကယ်လက်တွေ့လုပ်ဆောင်ရတဲ့အခါမှာ

    မျိုးဆက်ကွာခြားချက်ကြောင့် ရော
    အရုးိစွဲနေတဲ့အမူအကျင့်တွေကြောင့်ရော
    အခက်အခဲတွေအများကြီးရှိတတ်ပါတယ်.။

    မမ ရေးတာဖတ်ပြီး ဘောစမျုးိတွေ ဆက်ရေးဖြစ်တော့မယ်ထင်ပါတယ်
    လောလောဆယ် သူတို့နေရာအဆုံးသတ်လိုက်ပါအုံးမယ်
    အခုရက်ကတော့ မြန်မာရေဒီယိုသီချင်းတွေ ဒေါင်းနေလို့ ဘာမှ မရေးအားသေးပါဘူး

    • Ma Ma

      August 2, 2015 at 4:25 pm

      ကိုပေါက်ရေးတဲ့ ဘောစမျိုးတွေကလည်း အတုယူစရာတွေ အတွေ့အကြုံကောင်းတွေ အများကြီးပါပေးနိုင်ပါတယ်။

      အော်ပီကျယ်ပေးချင်တာနဲ့ ကိုပေါက်ဘောစမျိုးမှာရေးထားတာတွေက လားရာခြင်းတူတယ်။ 🙂

  • ဦးကျောက်ခဲ

    August 2, 2015 at 4:32 pm

    ဩဂုတ်လ ၂၁ ရက်နေ့ကိုတော့ စိတ်ဝင်စားတယ် ခီည…
    ဒါပေသည့် Service ဟာ Servant ကနေ ဆင်းသက်လာတယ်ဆိုလေတော့…
    ပျော်စရာတော့မဟုတ် ဒေါ်လာဈေးနဲ့ ကုန်ဈေးနှုံး ၊ တိုက်ရိုက် အချိုးကျတာမို့…
    ဒေါ်လာဈေးတက်နေသရွေ့ ကျောက်စ်တို့တော့ ကျွန်သက်ရှည်နေဦးမည့် သဘော… 🙁

    • Ma Ma

      August 2, 2015 at 4:39 pm

      ( ကျောက်စ်တို့တော့ ကျွန်သက်ရှည်နေဦးမည့် သဘော… )
      ခုရက်ထဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ အမကြီးတစ်ယောက် retire နဲ့ ပြန်လာရတော့မှာမို့ အတော်လေးကို စိတ်ဆင်းရဲ၊ စိတ်ဓာတ်ကျနေသံကို ကြားရပြီး ….
      ကိုယ့်စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေတာ။
      ကျောက်စ်ရဲ့အသံကြားရတော့လည်း အံ့ဩမိပြန်ရော။ 🙄

    • Ma Ma

      August 5, 2015 at 8:30 pm

      Ooredoo Calender ဟုတ်တယ် မိုးသူရေ။
      အပိုတောင်းထားတာရှိသေးလား ပြန်ရှာကြည့်လိုက်အုံးမယ်။
      တွေ့ရင် အကြောင်းကြားလိုက်မယ်။ 🙂

  • မြစပဲရိုး

    August 5, 2015 at 3:02 am

    မမ ရေ့
    သများ တော့ ခြေချုပ် မိတော့ မယ်။
    ပို့စ် တင်ပြီး လာပါတော့။
    Buffer က အရမ်းကပ်လာပြီ။
    မမ လာ မှ ပြန်လာတော့ မယ်။
    အားလုံး Goodbye. :-))))))))))))))))))

    • Ma Ma

      August 5, 2015 at 8:50 pm

      ဉာဏ်နီဉာဏ်နက်တွေ အကုန်ထုတ်ပြီး သဂျီးကို လုပ်ကြံဖို့ ကြိုးစားလိုက်အုံးမယ်။ :k:

Leave a Reply