” လူမသတ်နဲ့….ညှာတာပါ”

cobraAugust 25, 20101min531

မေမေ…..မေမေ…. မေမေ..

မေမေရေ သားက မေမေ့ ကလေးပါ။ ဪ .. မေမေကတော့ သားကိုဘယ်သိရှာမှာတုံး ။သားက
အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့
သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင်
နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။

သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ
မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ ှရှိတယ်။
အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ
မေမေရဲ. ။
သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။
“ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်” လို. မေမေနဲ.
သားချစ်ကြမှာကို ပတ်ဝန်းကျင်က အဲ့လိုပြောကြမှာ မြင်ယောင်သေး ဟိဟိ ။ သား
ဖေဖေ့ကိုတောင် မလိုဘူးလို.ထင်တယ် .. ဖေဖေ တောင်းပန်ပါတယ်နော် ..

သားစော်ကားတာမဟုတ်ပါဘူး.. ဘာလို.လဲ ဆိုတော့ သားကလဲ အမေ့ကို အရမ်းချစ်တယ်

..မေမေကလဲ သားကိုအရမ်း ပြန်ချစ်မယ်လို. သားထင်တယ်။ မေမေ

သားကိုအရမ်းချစ်တယ်မလားဟင် ?? သားတို. သားအမိနှစ်ယောက်လုံး တူတူ

ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ဘဝကိုဖြတ်သန်းကြမယ်လေ ။

သားကတိပေးပါတယ် မေမေရယ်…

ဒါနဲ.လေ သားကြီးလာရင်လေ .. သား ဆရာဝန်ကြီး သိပ်ဖြစ်ချင်တာ မေမေရဲ. …
အထူးကု သမားတော်ကြီးလာရင်လေ လူနာတွေ

အသက်ကိုကယ်နိင်မှာဗျ .. သားတွေးရင်းနဲ. ပျော်နေပြီ မေမေရယ် …

ဟောဗျာ … ဒီနေ.ပဲ မေမေ့ ဗိုက်ထဲမှာ သားရှိနေတာ မေမေသိသွားပြီ ။ မေမေ

သိပ်ပျော်နေတယ်နော် .. မေမေဘယ်သူကိုမှ မပြောဘဲ မနေနိင်အောင်ဖြစ်နေတယ်နော်

… မေမေ မျက်နှာလေးပေါ်မှာ အပြုံးပန်းတွေ ဝေနေတာ သားမြငရတယ် မေမေ..။

အဲ့အပြုံးလေးတွေ ဟာ သားဘဝမှာ ပထမဆုံး မြင်ရတဲ့ အပြုံးလေးပါ ..

အဲ့ဒီ့အပြုံးလေးဟာ သားဘဝမှာ အကောင်းဆုံး အပြုံးလေး ပါ မေမေရယ်…

အဲ့နေ.မှာပဲံ ချက်ချင်း မေမေ ဖေဖေ့ကို သားအကြောင်း ပြောပြလိုက်တယ်လေ။
မေမေက အရမ်းကို

စိတ်လှုပ်ရှားနေတာလေ .. ဒါပေမယ့်လေ .. ဖေဖေက မေမေ့လို မဟုတ်ဘူးဗျ။ သူက

မကြိုက်တဲ့ အမူအရာပြနေတယ်ဗျ။ ပျော်တဲ့ပုံလဲ ပေါက်ဝူး ။

မေမေ့ရေ လုပ်ပါဦး ဖေဖေ့ က စိတ်ဆိုးတဲ့ မျက်နှာကြီးဖြစ်လာပြီ ..
သားကြောက်လာပြီနော် မေမေရယ်…

တကယ်တော့ ပျော်ရမှာ မဟုတ်ဘူးလားဟင် မေမေ??

ဖေဖေ စပြောပါလေရော .. အဲ့စကား ဘယ်လိုခေါ်ပါလိမ့် ?? ဪ .. သားသိပြီ

ဟိုဟာလေ.. ” ဗျစ် တောက် ဗျစ် တောက် ” ဆိုလားပဲ။ ထားပါတော့လေ။ သူပြောတဲ့

စကားတွေထဲမှာ ပိုက်ဆံအကြောင်း ၊ ကုန်ကျ စရိတ်တွေအကြောင်း

ဘာတွေမှန်းမသိဘူးဗျ .. စုံနေတာပဲ ။ သားတော့ တစ်ခုမှ နားမလည်ဘူးမေမေ။

အဲ့ဒါဘာတွေ ပြောနေတာလဲဟင် … ပိုက်ဆံဆိုတာ ဘာကြီးလဲဟင် ?? ထားလိုက်ပါ

မေမေရယ် ။ နောက်တော့ သားသိလာမှာ မလား ဟိဟိ .. ကျောင်းတက်ရင် ဒါတွေ

နားလည်လာမှာပါ။ သားလေ ကျောင်းအရမ်း တက်ချင်နေပြီ မေမေရယ် ..

ဟာ ဟာ ဟာ….. ကျွန်တော်ဒါတွေ တွေးနေတုံး မှင်သေသေသွားတယ်..

ဖေဖေက မေမေ့ကို လှမ်းရိုက်လိုက်တယ် ..

မေမေနောက်ကို လန်ကျသွားတယ်ဗျ .. မေမေက လက်ထောက်ပြီး သားကို ကာကွယ်လိုက်တယ်လေ…

သားက တော့ ဘာမှတော့ မဖြစ်ပါဘူး မေမေရယ် ..

သားလေ အမေ့အတွက် လုံးဝကို စိတ်မကောင်းဘူး မေမေရယ် ..

ပြီးတော့ မေမေ စပြီး ငိုပါလေရောဗျာ .. သားလေ အဲ့အသံကို လုံးဝ မကြိုက်ဘူးဗျာ..

အရမ်းမုန်းတာပဲ .. ဘယ်လို အသံလဲတော့ သားမသိဘူး .. မေမေ့ ပါးစပ်ကထွက်သမျှ

အသံတွေထဲမှာ အဲ့ အသံကို သားလုံးဝ မကြိုက်ဘူး မေမေရယ် …. ။ ဖေဖေ က

မေမေ့ကို ” တောင်းပန်ပါတယ်ကွာ .. ကိုယ်မှားသွားတယ် .. မင်းကို ချစ်ပါတယ်”

လို.ပြောပြီး မေမေ့ကို ဖက်ပြီး နှစ်သိမ့်တယ်။

သားလေ တကယ်ရူးချင်လာပါပြီ မေမေရယ် .. ချစ်တယ်ဆိုရင် ဘာလို.ရိုက်သေးလဲဟင် ..

သားနားမလည်နိင်တော့ပါလား မေမေရယ် .. ခေါင်းတွေတောင် မူးလာပြီ..

မေမေ.. သားကို မေမေ မြင်ရပြီလားဟင် ?? မေမေ့ ဗိုက်လေး ပူလာပြီနော် .. ။ မေမေလေ

ဖွားဖွားနဲ. Shopping ထွက်ပြီး အဝတ်အသစ်တွေ ဝယ်တယ်လေ .. မေမေ့ဗိုက်လေး

ပူလာတော့ အကျီ်တွေ မတန်တော့ လို.လားဟင် ?

မေမေ သားကို သီချင်းလေးတွေ ဆိုပြတယ် .. သားဘဝမှာ အဲ့အသံက
အချိုမြိန်ဆုံးပါပဲဗျာ … နားထောင်လို.ကို မဝဘူး မေမေရယ် ..

မေမေ။ သားကို စောင့်နေနော် သားမကြာခင် လူ.လောကထဲ လာခဲ့မယ် .. သားမွေးလာရင်လေ

အမေ့အတွက် သားအကောင်းဖြစ်အောင်လုပ်မယ် မေမေရယ် … စိတ်ချပါ.. မေမေ့ကို

သားရင်ထဲ အသဲ ထဲက ကို ချစ်မှာပါ ။

မေမေရေ .. သားအခု ခြေထောက်လေးတွေ လက်လေးတွေ လှုပ်လို.ရပြီဗျ ..
သားဘာလို.လှုပ်လဲသိလား ?? မေမေက ဗိုက်ပေါ်လက်ကလေးတင်ပြီး ပွတ်တဲ့အခါဆိုရင်

သားကလဲ လက်လေးတွေ ခြေလေးတွေ လှုပ်ပြီး အချက်ပေးတာပေါ့ ဟိဟိ ပျော်လိုက်တာ

.. မေမေနဲ. သားနဲ. ကစားနေတာလေ ..။

ဒီနေ. ဖေဖေက မေမေ့ကို လာတွေ.တယ် .. သားကြောက်တယ်မေမေရယ်။ ဖေဖေ ဘာတွေ
အထူးအဆန်းလုပ်ပြီး လျှောက် ပြောနေလဲမသိဘူး မေမေ။ သူက မေမေ့ကို မလိုဘူးတဲ့

ပြီးတော့ သူက မေမေ့ကို ရိုက်ပြန်ကော .. ပြီးတော့ မေမေနဲ. ဖေဖေ စကားတွေ

များကြတယ်လေ ..

သားအရမ်းကို ဒေါသထွက်တာပဲဗျာ .. ဖေဖေ့ကို မုန်းတယ်။ မေမေ စိတ်သာချထားလိုက်

.. သားမွေးလာရင်လေ မေမေ့ကို ဘယ်သူမှ အနိင်မကျင့်စေ ရဘူး ..

သားကာကွယ်ပေးမယ့် ။ ဖေဖေ တကယ်ဆိုးတယ်ဗျာ .. မေမေက သူ.ကို လူကောင်းလို.

ထင်ထားလားမသိဘူးဗျာ .. သားအတွက်ကတော့ တော်တော်ဆိုးတယ်။ သားချစ်တဲ့ မေမေ့ကို

သူရိုက်တယ်လေ။ ပြီးတော့ သူကပြောတယ် .. သားကို မလိုချင်ဘူးတဲ့ ။ သူက

သားကိုဘာလို. မုန်းနေတာလဲ ဟင်။ သားမှာ ဘာများ အပြစ်ရှိလို.လဲ ဟင် ။ သားကို

ရှင်းပြပါဦး မေမေရယ် .. သားသိချင်လို.ပါဗျာ … ။

“မေမေ.. မေမေ… မေမေ..” သားခေါ်နေတာကြားလားဟင် မေမေ။ ဒီည မေမေ သားကို
ဘာမှလဲ မပြောဘူးနော်..

မေမေဘာဖြစ်နေတာလဲ ဟင် .. မေမေ နေကောင်းရဲ.လား ဟင် ?? သားစိတ်ပူလို.ပါ

အခုဆို မေမေ ဖေဖေနဲ. တွေ.တာ သုံးရက်ကြာသွားပြီနော်..။ မေမေ အဲ့နေ.က စပြီး

သားကိုဘာမှမပြောတော့ဘူး ၊ သားကိုလဲ မကိုင်တော့ဘူး ၊ မေမေ

သားကိုဂရုမစိုက်တော့ဘူး ။

မေမေ သားကိုကော ချစ်သေးရဲ.လားဟင်?

ဘာပဲ ဖြစ်ဖြစ် သားကတော့ မေမေ့ကို ချစ်နေမှာပဲ..

သား မေမေအိပ်နေတဲ့ အချိန်ဆို အရမ်းပျော်တယ်သိလား .. ဘာလို.လဲဆိုတော့ မေမေက

အိပ်ရင် ဗိုက်ပေါ်လက်တင်အိပ်တဲ့ အကျင့်ရှိတယ်လေ.. သားကိုဖက်ထားတယ်လို.

သားခံစားရတယ် မေမေရယ်…။

ဒါတွေက မေမေအိပ်နေတဲ့ အချိန်မှာပါပဲ .. မေမေနိးနေတဲ့ အချိန်မှာ ဘာလို.

အဲ့လိုမလုပ်တော့တာလဲ မေမေရယ်.. အရင်တုံးကလို ဘာလို . မလုပ်တော့တာလဲ

မေမေရယ် .. သားငို ချင်လာပြီနော်.. ။

သားလေ အခုဆို ၂၁ ပတ်ရှိပြီ မေမရေဲ. ။ မေမေ သားအတွက ဂုဏ်မယူ ဘူးလားဟင်
..?? သားတို. ဒီနေ. နေရာသစ်ကို

သွားမယ်လို. မေမေနဲ. ဖွားဖွား ပြောနေသံကြားတယ် .. သားတော့

အဲ့နေရာတော့မသိဘူး .. ဒါပေမယ့် ပျော်လိုက်တာ မပြောပါနဲ.တော့ …

အဲ့နေရာက ဆေးရုံလို. ခေါ်တယ်လို. ပြောတာပဲ .. သားတော့ သိဝူး .. သိလဲ
သိချင်ပါဘူးလေ ။ မေမေနဲ. တူတူရှိနေရင် သားပျော်ပါတယ် မေမေရယ်…။

ဪ သားသိပြီ ဆေးရုံဆိုတာ ဆရာဝန်တွေရှိတဲ့ နေရာမလား ? မေမေ့ကို

သားပြောဖူးပါတယ် .. သားကြီးလာရင် ဆရာဝန်လုပ်မယ်ဆိုတာလေ… အခု

သားအဲ့နေရာကို သွားရမယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာနေတယ်

မေမေရယ်..စိတ်လဲလှုပ်ရှားနေတယ်

ဗျာ ။ မေမေ့ကို ပြောပြချင်လိုက်တာဗျာ .. ဟိဟိ …။

မေမေ .. သားတဖြည်းဖြည်း ကြောက်လာပြီ.. ။ မေမေ့ နှလုံးခုန်သံ
တွေမြန်လာသလိုပဲနော်..။မေမေ ဘာတွေတွေးနေတာလဲ တော့ မသိဘူး .. ဒါပေမယ့် သား

လေးစားရတဲ့ ဆရာဝန်ကြီးက မေမေ့ကို ဘာတွေလဲ မသိဘူးပြောပြနေတယ်ဗျ ..။

သားသိနေတယ်နော် မေမေ… တစ်ခုခုတော့ ဖြစ်တော့မယ်ဆိုတာလေ။ သားကြောက်လာပြီ

မေမေရယ် .. တကယ်ပြောတာပါ .. ကြောက်လာပြီ.. ။ မေမေ.. သားကို ချစ်တယ်ဆိုတဲ့

စကားလေးသာ ပြောပေးပါဗျာ .. သားအဲ့ဒါဆို စိတ်အေးသွားမှာပါ ။ တောင်းပန်ပါတယ်

မေမေရယ် .. ပြောပါ ပြောပါ။

သားကတော့ မေမေ့ကို အရမ်း အရမ်း ချစ်တယ်လို.ပြောချင်တယ် မေမေရယ်..။

မေမေရေ .. သားကိုကယ်ပါဦး .. !!! သူတို.သားကို ဘာတွေလုပ်နေလဲ မသိဘူး

..သားဆရာဝန်ကြီးတွေကို မုန်းသွားပြီ .. ဆရာဝန်ကြီး မဖြစ်ချင်တော့ဘူး ..

မေမေ့.. သားနာလို.ပါ မေမေရယ် .. ကယ်ပါမေမေရယ် .. သူတို.ကို ရပ်ခိုင်းပေးပါ

မေမေရယ် .. သားမခံနိင်တော့ဘူး အား!! အား!! အား!! နာတယ် နာတယ်!! …

မေမေ့ကို ချစ်.. ချစ် ..ချစ်… တယ်… တယ်..

နော်………………………..

/\iv./\iv./\iv./\iv/\iv./\iv/\iv…../\iv ….
______________________________________ (Heart Beats)

မေမေ.. သားအခု အန္တရယ် ကင်းသွားပါပြီ မေမေရယ် .. သားအခု နတ်ပြည်မှာလေ
နတ်သား နတ်သမီးလေးတွေနဲ. အတူတူရှိနေပါတယ်မေမေ။ Angle လေးတွေက မေမေ

ဘာလုပ်လိုက်လဲဆိုတာ သားကိုပြောပြတယ်.. မေမေ ကိုယ်ဝန်ဖျက်ချ လိုက်တာတဲ့ (Abortion )

မေမေရယ် … လုပ်ရက်လိုက်တာ .. ဘာလို.အဲ့လို လုပ်ရတာလဲဟင် ? မေမေ သားကိ
ုမချစ်ဘူးလား ? သားက မေမေ့ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့လို.လား ?

မေမေရယ် ဖေဖေ မရှိလဲ သားမေမေ့ကို စိတ်ချမ်းသာအောင်ထားမှာပါ မေမေရယ်..

သားရယ် အမေရယ် ဘဝကို ရုန်းကန်ဖြတ်သန်းမယ်လို. သားမျှော်လင့်ထားတာပါ မေမေရယ်.. ။

မေမေရယ် သားကတော့ မေမေ့ကို အသဲ ပေါက်ထွက်မတတ် ချစ်ပါတယ်မေမေရယ်။ သားကို

ဘာလို.ပြန်မချစ်တာလဲဟင် .. မေမေသားကို အရမ်းချစ်မယ်လို. သားထင်ထားတာပါ

မေမေရယ်..။ သူတို. သားလေ လူ.ဘဝကို ရောက်ချင်တယ် မေမေရယ်။ ဒီဘဝမှာ

မနေချင်ဘူး မေမေရယ်။ သားပြန်လာချင်တယ် မေမေရယ် ။ သားကြီးလာရင်လေ မေမေကို

ပညာရှင်ကြီးဖြစ်အောင်ကြိုးစားပြိး လုပ်ကျွေးမှာ.. ( ဆရာဝန်တော့
သားမဖြစ်ချင်တော့ဘူး ၊ သား မုန်းသွားပြီ )

မေမေရယ် .. သားကို ဘာလို.မချစ်တာလဲ ဟင် ?

သားလေ မေမေမျက်နှာကို အဝေကပဲ မြင်ဖူးတာ .. အနီးကပ်မြင်ချင်တယ်မေမေရယ် ..
သား အမေ့ကို နမ်းချင်တယ်..

မေမေနဲ. သားနဲ. ဆော့ချင်တယ်.. မေမေနဲ. သားနဲ. ညဘက် ကြယ်လေးတွေ တူတူရေ ချင်တယ် …

သားလေ လူတွေ အလယ်မှာ ထွက်ပြီး ဒါငါ့အမေကွ လို. အော်ပြောချင်တယ် မေမေရယ်..

သာဆန္ဒ တွေ ဘာလို. မဖြစ်လာရတာလဲဟင်…

သား အမေ့ကို ချစ်တဲ့ အချစ်က နဲလို.လားဟင် မလုံလောက်ခဲ့လို.လားဟင် ??

သား လောက မှာ အလိုချင်ဆုံးက မေမေသားကို ပြန်ချစ်လာတာကိုပါပဲ..

သား အမေ့အပေါ် အမှားလုပ်မိလို.လားဟင်.. အမှားလုပ်မိတာရှိရင်
တောင်းပန်ပါတယ် မေမေရယ်..

ဟော .. မေမေ သားကို နတ်သားလေး တွေ လာခေါ်နေပြီ သွားတော့မယ်နော် မေမေ…

သား မေမေကို တစ်ခု လှမ်းပြောလိုက်မယ်နော် .. မေမေတော့ ကြားပါ့မလားမသိဘူး

” သား အမေ့ကို အရမ်း အရမ်း ချစ်ပါတယ်ဗျာ … ”

Every abortion is just…

One more heart that was stopped.

Two more eyes that will never see.

Two more hands that will never touch.

Two more legs that will never run.

One more mouth that will never speak.

ကျွန်တော် ဒီစာလေးရဲ. မူရင်း (English version) ကို ဖတ်ပြီးပြီးချင်း ..
မျက်ရည်ကျမိလို.ဗျာ…

ဒါကြောင့် မနေနိင်တော့ဘဲ ဘာသာလေးပြန်ပြီး ဒီစာလေးရေးလိုက်တာပါဗျာ ..

ကျွန်တော် ဘာသာပြန်တာ မကောင်းခဲ့ ဘူးဆိုရင် တောင်းပန်ပါတယ်ဗျာ…

( သင် Abortion ကို ဆန်.ကျင်တယ်ဆို ဒီ mail လေးကို FWD: လုပ်ပေးပြီး
လူတွေ သိအောင် လုပ်ပေးပါဗျာ …)

ကျေးဇူးတင်ပါတယ်ဗျာ…

One comment

  • naked

    August 26, 2010 at 4:52 am

    အရမ်းကောင်းပါတယ်ဗျာ
    နောက်လဲဒီလိုပို့စ်လေးတွေတင်ပေးပါအုံး

Leave a Reply