ရည်းစားစာ

ခုတလော သီချင်းတွေ တော်တော်နားထောင်ဖြစ်နေတယ်။ ပြီးတော့ အိပ်မက်ဆုံရာ

(ရာသက်ပန်)မှာ Winner ဖြစ်သွားတဲ့ အောင်ထက်အကြောင်းကိုရောပေါ့။ ပြို င်ပွဲမှာ

ပြိုင်တဲ့ သီချင်းတွေဟာ အဟောင်းတွေချည်းပဲ ဆိုပေမယ့် ပုံစံအသစ်နဲ့ ပြန်ဆိုရတဲ့ ပွဲတစ်ပွဲ

ပေါ့။ ပွဲစဉ်တစ်လျှောက် သူပဲ ထင်းထင်းလင်းလင်း အရမ်းကောင်းနေတာတော့ ကြည့်မိ

တိုင်း သိပေမယ့် သူပြိုင်တဲ့ သီချင်းအကုန်လုံးကိုတော့ နားမထောင်ဖြစ်ခဲ့ပါဘူး။

 

ပွဲပြီးဆုံးချိန် Winner ဖြစ်ပြီးနောက်ပိုင်းမှာ သူပြိုင်ခဲ့တဲ့ သီချင်းတွေဒာ You Tube တွေ

အွန်လိုင်းသီချင်းဝက်ဆိုက်ဒ်တွေမှာ ပျံ့ နှံ့လို လာခဲ့ပါတယ်။ သီချင်းအားလုံးကောင်းပေမယ့်

ပထမဆုံး ပြောပြချင်တဲ့ သီချင်းတစ်ပုဒ်က သူဆိုတဲ့ပုံစံနဲ့ မူရင်းဆိုတဲ့ အဆိုတော်ပုံစံ

အရမ်းကွဲထွက်ပြီး မူရင်းဆိုတဲ့ သူတုန်းက မကြိုက်ဘဲ သူ့ဆိုပေါက်မှ ကြိုက်ခဲ့တဲ့အတွက်ပါ။

အခုရက်ပိုင်း အဲ့သီချင်းပဲ နားထောင်ဖြစ်နေပါတယ်။

 

သီချင်းနားမည်က “ရည်စားစာ” ဖြစ်ပြီး သီဆိုသူက နှုတ်ခမ်းနီမလေးတွေကော

နှုတ်ခမ်းနီမကြီးတွေ အသည်းစွဲ ကျတော်တို့ ရွာက မမချွိလည်း အသည်းစွဲ

‘စိုင်းစိုင်းခမ်းလှုင်” ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ သီချင်းတွေဟာ တော်တော်များများ ကောင်းတာမို့

ပေါက်တဲ့သီချင်းတွေများပေမယ့် “ရည်းစားစာ”ကို သူဆိုခဲ့တုန်းက မကြိုက်ခဲ့ပါဘူး။

 

အောင်ထက် ပြန်ဆိုတဲ့အချိန်မှာ အတော့်ကို နှစ်သက်ခဲ့ရပါတယ်။ သီချင်းကိုလည်း

၂ယောက်စလုံး ဆိုတဲ့ လင့်ခ်ကိုတင်ပေးလိုက်ပါတယ်။ နားဆင်ကြည့်ပါဦး။

 

“ရည်းစားစာ”

 

Chour:

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့…………….

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်။

Chour:

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက် အချိန်အတိုင်းရှိမယ်။

ကမ္ဘာတစ်ခုလုံကို အော်ပြောလိုက်မယ်

နင်တစ်ယောက်တည်းပဲ ချစ်ပါမယ်။

 

စိတ်ဓာတ်မကျပါနဲ့ မင်းရဲ့အိပ်မက်ပြိုကျတိုင်း

ငါ့ပုခုံးကိုခေါင်းအုံးပြီးတော့ စိတ်ရှိလက်ရှိငိုချလိုက်

အတိတ်ဆိုးတွေ အားလုံးပဲ ဝဲပစ်လိုက်ပေါ့ ဟိုအဝေး

ဒီနေ့ကစ နောက်ဘဝအထိ လွမ်းတဲ့စိတ်နဲ့ ဝေးပါစေ

 

ပူပန်းသောအတွေးတွေပေးမယ့်

ပတ်ဝန်းကျင်ကို အဆက်အသွယ်ဖြတ်

လူတွေက အတင်းသိပ်ပြောတယ်။

နားထောင်မိရင် အသက်ရှူ ကြပ်မယ်

ရှုပ်တယ် ဟုတ်တယ် ခေါင်းမငုံ့နဲ့ ခေါင်းကိုမော့

သံသရာဟာ လည်နေစမြဲပဲ အဆိုးပြီးရင် အကောင်းတွေပေါ့

လက်တွဲတေ ွတကယ်ခိုင်မြဲရင် အနာဂတ်ကို ရင်ဆိုင်ရဲတယ်

ဘယ်လိုပုံစံယျဉ်ပြိုင်ဦးမလဲ လောကငါရင်ဆိုင်ရဲတယ်

နတ်စီတဲ့အိပ်မက်တွေက လွယ်လွယ်နဲ့မရနိုင်ဘူးတဲ့

နောက်ကျောမှာ မင်းကိုပိုးပြီး ကြယ်တံခွန်ကိုငါဆွတ်ခူးမယ်

 

Chour:

ငြိမ်းချမ်းပါစေ ကောင်မလေးရေ

ရင်ထဲက အချစ်များနဲ့…………….

အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို

ထာဝရအတွက် ဖန်ဆင်းမယ်။

Chour:

အေးချမ်းပါစေ ချစ်သူလေးရေ

ငါမင်းအတွက် အချိန်အတိုင်းရှိမယ်။

ကမ္ဘာတစ်ခုလုံကို အော်ပြောလိုက်မယ်

နင်တစ်ယောက်တည်းပဲ ချစ်ပါမယ်။

 

ဟိတ်ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

ဟိတ်ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

လေပြေထဲမျောပါလွင့်ခဲ့ အိပ်ယာဝင်ပုံပြင်တွေလို

ဟိတ်ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

ဟိတ်ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့

မျော်လင့်ခြင်းအသစ်ပြန်ဖြစ်တဲ့ နက္ခတွေစုံညီလို့

 

စိုင်းစိုင်းရဲ့ ရည်းစားစာ

 

အောင်ထက်ရဲ့ ရည်းစားစာ

စိုင်းစိုင်းသီချင်းဟာ Rap တွေပါပေမယ့် အောင်ထက်ဟာ Rap တွေကို Rap ပုံစံ

မပေါက်အောင် ပညာသားပါပါ သီဆိုသွားတာ အရမ်းကောင်းပါတယ်။

စိုင်းစိုင်းကိုမကြိုက်လို့ မမချွိ စိတ်မဆိုးပါနဲ့ လို့။

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

9 comments

  • ဇီဇီခင်ဇော်

    July 29, 2015 at 12:38 pm

    ချိတ် ချိုး (အဲလေ) စိတ်ဆိုးဘူးးး
    မဂျီး က အောင်ထက်ကို နားမထောင်ရသေးဘူးးး
    ဟိဟိ/

    စိုင်း ရဲ့ အဲဒီ တစ်ခွေလုံးက ကြွေတယ် ကွယ်။

    :chit:

    • အောင် မိုးသူ

      July 29, 2015 at 2:13 pm

      အို………..အောင်ထက် သီချင်းတွေအားလုံးလည်း နားထောင်ကြည့်လိုက်ပါဦး။

  • မြစပဲရိုး

    July 29, 2015 at 9:27 pm

    စိုင်းစိုင်း ကို တစ်ခါဆို တစ်ခါမှ နားမထောင်ခဲ့ဖူးဘူး။
    အခုပြောတဲ့ “အောင်ထက်” ဆိုတာကတော့ မကြားဖူးဘူး။
    နားထောင်ကြည့်လိုက်ဦးမယ်။
    . ရှေးအဖွားကြီး မို့ အဖြေ ကို ကြိုသိနေတယ်။ lol:-)))

  • Alinsett @ Maung Thura

    July 30, 2015 at 3:45 am

    အိပ်မက်ဆုံရာက ပေါ်လာတဲ့ အဆိုတော်တွေကို
    မယ်လိုဒီဝေါက ထွက်လာတဲ့အဆိုတော်တွေလောက်
    အားမရဘူး

  • ဟုတ်တယ်.. အောင်ထက်ရဲ့ ရည်းစားစာကို အရမ်းကြိုက်တာ… စိုင်းစိုင်းဆိုတာလည်း ကြိုက်တာပဲ.. သရုပ်ဆောင်တာပဲ မကြိုက်တာ.. အဲ့ကလေးမကို မကြိုက်လို့..

    အောင်ထက်ရဲ့ သီချင်းတွေ လိုက်ရှာပြီး နားထောင်ဖူးတယ်.. အမှန်တိုင်းပြောရင် ရည်းစားစာ တစ်ပုဒ်ကိုပဲ ကြိုက်တယ်..:)

  • @QUIL@

    July 30, 2015 at 12:20 pm

    အောင်ထက် ကောင်းတယ်ဗျ….
    ရိုင်းစိုင်းဖမ်းကိုင်လည်း ကောင်းတယ်….

    အောင်ထက် ကောင်းတာ.. အဆိုကောင်းတာ ပြောတာ
    ဟိုကောင် ကောင်းတာ …. သေဖို့…..

  • Mike

    July 30, 2015 at 3:57 pm

    .အော်..သီချင်းခေတ်တောင်ဖစ်နေပီကိုး :))

  • ဦးကြောင်ကြီး

    July 31, 2015 at 11:40 am

    .. အူးအောင် ဗူးဂေါင် ဒူးထောင် ဖူးယောင်

  • YE YINT HLAING

    August 1, 2015 at 1:08 pm

    ကျနော် ကတော့ အိပ်မက်ဆုံရာ ကို အရင်က ကြိုက်တယ် ။ခုနောက်ပိုင်းတွေကဘာတွေမှန်းသိဘူး။
    နည်းနည်း အိုဗာဖြစ်လာတာတွေ တွေ့ရတာနဲ့ မကြည့်ဖြစ်တော့ဘူး။
    အခု အောင်ထက်ဆိုသွားတာလေးကတော့ ကောင်းပါတယ်။

Leave a Reply