“ဘောလုံးရာသီမှာ ဟာသလေးတွေ…”

cobraAugust 25, 20101min530
စောင့်မယ်

“ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “

“ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား
စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “

“ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “

“ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ
အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “

ဖြစ်မှဖြစ်ရလေ

တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က

“ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “

ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း
ဖြတ်လာတုန်းဆုံမိတဲ့လူက

“ ကျွန်တော်ဖမ်းလိုက်မယ် “

ဆိုပြီး အောက်မကျခင် လေထဲဝဲပျံပြီး ဖမ်းလိုက်တယ် .. ဒါပေမယ့်
ကျေးဇူးတင်စကားမပြောနိုင်ခင်မှာ

ပဲ ကြောင်ကိုလွှဲကန်လိုက်သတဲ့

“ ဟာ … ဘယ်လိုလုပ်လိုက်တာလဲ ရှင့် “

“ တောင်းပန်ပါတယ်ဗျာ … အကျင့်ပါနေလို့ပါ … ကျွန်တော်က ဂိုးသမားပါ “

တူဘူးလေ

ရွာနှစ်ရွာ ဘောလုံးကန်မယ်ဆိုတော့ ကိုရွှေရိုးက ဂိုးဖမ်းဖို့ တာဝန်ပေးကြတယ်

“ ခင်ဗျာက ရေထဲက ငါးရှဉ့်တောင် ရအောင်ဖမ်းနေတာပဲဗျာ … လက်သွက်ပါတယ် ..
ခုဟာက ဧရာမအလုံးကြီးဖမ်းရမှာပဲ “

ဒီလိုနဲ့ကန်ကြတော့ (၈) ဂိုး နဲ့ ရှုံးပါလေရော

“ ကိုစိန်ရိုး ဘယ်လိုဖြစ်တာလဲ “

“ ဟာကွာ … ဘောလုံးက ငါးရှဉ့်ဖမ်းသလို လက်ညှိုးနဲ့လက်သူကြွယ်ခံထားပြီး
လက်ခလယ်နဲ့ကုပ်ဖမ်းလို့မှ မရပဲကွာ … လွတ်ကုန်တာပေါ့ “

အဝင်မခံဘူး

“ သမီးရဲ့ယောက်ျားက သူ့ကြောင့်အရောင်းအဝယ်တည့်သွားလို့ ပွဲခပေးတာကို
ပုတ်ထုတ်လိုက်တယ်ဆို “

“ ဟုတ်တယ် .. အမေ … သူက ဂိုးသမားဆိုတော့ အကျင့်ပါနေလို့တဲ့ “

ကိုယ့်အကြောင်းနှင့်ကိုယ်

“(၁-၀) နဲ့ရှုံးလာလို့ အသင်းသားတွေက စိတ်ညစ်နေကြတယ် … အဓိကကတော့ ဂိုးသမားပေါ့ “

“ စိတ်ညစ်မနေပါနဲ့ဗျာ … ဟိုဘက်သင်းက တဒိုင်းဒိုင်းရှုးနေတာ ..
တစ်ဂိုးတည်းဝင်တာ တော်သေးတာပေါ့ “

“ မင်းတို့မသိပါဘူးကွာ .. တခြားအလုံးတွေက ဘားတန်းဝင်မှန်လို့သာကိုး ”

ခွင့်လွှတ်နိုင်အောင်

ဟိုဘက်ရွာ ဒီဘက်ရွာ ဘောလုံးကန်ကြတော့ ဒီဘက်ရွာအသင်းက (၅)
ဂိုးတောင်ရှုံးလာသတဲ့ … ဒီတော့ ရွာသားတွေက ဂိုးသမားကို

“ ခင်းဗျားဗျာ … (၅) ဂိုးတောင် အဝင်ခံရတယ်လို့ “

“ ဟိုဘက်အသင်းက (၄၊၅) ယောက် ဝိုင်းသွင်းတာကွ “

“ လေးငါးယောက်ရှုးလည်း ဘောလုံးက တစ်လုံးတည်းပါဗျာ “

“ ငါကလည်း အဲဒီတစ်လုံးတည်းမို့ မကျေနပ်တာပေါ့ကွာ .. (၄၊၅) လုံး
ဝိုင်းရှုးရင် ကျေနပ်သေးတယ် … မင်းတို့ငါ့ကို ခုလိုပြောမှာ မဟုတ်ဘူး “