. မြ ရဲ့ သင်ပုန်း ၂၉-၀၇-၂၀၁၅

မြစပဲရိုးJuly 29, 20151min17017

. မြ တစ်ယောက် စကားပုံ တစ်ခု အကြောင်း စဉ်းစားနေသည်။
“ကိုယ့်ငါးချဉ် ကိုယ်ချဉ်” ဟူသော စကားပုံ ဖြစ်သည်။
တကယ်တော့ စားမကောင်း တဲ့ ငါးချဉ် ကို တော့ မည်သူက မျက်စိမှိတ်၍ စားနိုင်မည်နည်း။
စားလို့ မကောင်းအောင် အရသာ ရှိသောအစာ ကို စားမိ ရင် အနည်းဆုံးတော့ သူ့မျက်နှာပေါ် မှာ အဖြေရှာ၍ ရနိုင်သည် မဟုတ်လော။
ရှုံ့တွတွ နှင့် မအီမလည် ခံစားမှု သည် ဖုံးလို့ တော့ မရနိုင်ပေ။

ပြီးခဲ့တဲ့ ရက်ထဲ ဘေးကတစ်ယောက်မှ အတင်းလာပြောသည်။
. မြ ရဲ့ မောင်ဝမ်းကွဲလေး ရဲ့ ဖေစ့်ဘုတ် ပေါ်က Status အကြောင်းကို ဖြစ်၏။
. မြ ရဲ့ ဦးလေး၊ သူ့အဖေ ဆုံးသွားပြီမို့ အဝေးက လေ နဲ့ ဂရုစိုက်ရသည့် ကလေးဖြစ်သည်။
ထို့ကြောင့် ပုံမှန်ဆို ထိုဟာလေး ဘာတင်တင် မြသည် အမြဲဝင်၍ မှတ်ချက်ပေး အားပေးရ၏။
ထို Status မှာ မြ ရဲ့ မှတ်ချက်မတွေ့သောကြောင့် လည်းဖြစ်နိုင်သည်။
သူသည်လည်း ထို အကြောင်း ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံ သောကြောင့်လည်း ဖြစ်နိုင်သည်။

အကြောင်းမှာ ကား –
. ဂျေလို (ခေါ်) Jennifer Lopez ၏ ၄၆နှစ်ပြည့် မွေးနေ့ ပုံများ ကို ကြည့်ပြီး
“I can’t believe that Jennifer Lopez is 46 years old!  Oh…. My my ….. !  ” ဆိုပြီး သွားရည်ကျ နေသော ပုံလေးများ နဲ့ အားဖြည့်ထားသည်။
ဟူ၏။

ထုံးစံအတိုင်း ပင်။
. မြ ၏ အပြိုင်အဆိုင်စိတ် သည် အငြိမ်မနေနိုင်ခဲ့ပေ။
“၄၆ ဆိုတာ ၇ဝ ပြည့်ဖို့ ၂၄နှစ် တောင်လိုသေး။ ကြည့်လိုက်စမ်းပါလေ။ ကိုယ်တို့ ဘုရင်မကြီး ကို”
လို့ လှောင်ရီရီ ရင်း ဝင့်ဝင့်ကြွားကြွား ပြောလိုက်ပေ၏။
ရုပ်ဆင်း၊ အသားအရည်၊ ဝတ်စားဆင်ယဉ်မှု၊ အပြောအဆို၊ ဟန်အမူအရာ၊ ဖက်ရှင်ဒီဇိုင်း။
ဒီ ကမ္ဘာကြီး ထဲ ရှာကြည့်ကြစေချင်သည်။
၇ဝ တန်းထဲ ပြိုင်ဘက်မရှိ ဗိုလ်ဆွဲမည်မှာ တို့များ မယ်တော် ပင် မဟုတ်ပေလော။

သူ့ကို တောင် စိမ်ခေါ်လိုက်ပါသည်။
” ပြောစမ်းပါ။ ကမ္ဘာကျော် တွေထဲ ဒီလို အသက်ထဲ မှာ သူမလောက်တင့်တယ် လှပ နုပျိုတာ ဘယ်သူ ရှိလဲ” ဟု။
ထိုအချိန်၌ ဤ မောင်မင်းကြီးသား သည် ခပ်တိုးတိုး အသံ ဖြင့် အဖြေပေးခဲ့၏။
သူ့ အဖြေ ကြားလိုက်တော့ မျက်စောင်းထိုးပြီး သာ အမြန် ထွက်လာလိုက်တော့သည်။
မဟုတ်ပါက ပွဲကြမ်းမိပေတော့မည်။

ဒင်း အဖြေ က ဤသို့ ဖြစ်သည်။
“၇ဝတန်း မပြောနဲ့။ ၅ဝတန်း အဖွားကြီး တွေ ကို တောင် စိတ်မဝင်စားလို့ သူတို့ ပုံတွေ ကို Follow လုပ်ပြီး မကြည့်တာမို့ အိုင် လဲ မသိ” တဲ့။

မြင်နိုင်ပြီမဟုတ်လော။ ကိုယ့်ငါးချဉ် ကိုတောင် မချဉ်နိုင်သည့် လူများ အကြောင်း။

. တောက်စ်။ (ခွက်ဒစ် – ဂဂ)

 

DASSK & HMNW
အဲဒီ ပုံလေး ကို ချစ်လွန်းလို့။ ဟေမာနေဝင်း နေရာ မှာ လိုမျိုး ထိုင်ပြီး ဖက်ထားချင်တယ်။ :-))

 

17 comments

  • Alinsett @ Maung Thura

    July 30, 2015 at 4:42 am

    အမေ့မှာ အရှိန်အဝါရှိတယ်
    အမေ့မှာ မဟာဆန်တဲ့ တင့်တယ်လှပမှုလည်း ရှိတယ်
    အမေ့မှာ ပြီးပြည့်စုံတဲ့ ပညာရှိတယ်
    အမေ့မှာ ခန့်ငြားထည်ဝါတဲ့ ဂုဏ် အသရေရှိတယ်
    အမေ့မှာ တည်ကြည်မှုလည်း ရှိတယ်
    အမေ့မှာ နက်ရှိုင်းတဲ့ အသိနဲ့ ကြည်လင်တဲ့အကြည့်လည်း ရှိတယ်။
    အမေ့မှာ ကျနော်တို့ရဲ့အနာဂတ် တစ်စိတ်တစ်ပိုင်းတောင်မှ ရှိနေသေးတယ်

    • မြစပဲရိုး

      July 30, 2015 at 4:45 am

      စိမ်းရောင်ခြယ် သကွယ်။ :-)))

  • kai

    July 30, 2015 at 4:52 am

    ဟီလာရီ.. သမ္မတကျမ်းကျိန်(ဖြစ်)ရင်.. ၂၀၁၇..
    အသက် ၇ဝထဲပဲ..။

    သူတို့၂ယောက်.. ခင်မင်ရင်းစွဲလည်းရှိသမို့..
    သူတို့အားနဲ့.. မြန်မာပြည်..ကျိန်စာလွတ်မလားတော့ မပြောတတ်…။

    • မြစပဲရိုး

      July 30, 2015 at 4:58 am

      အဆင့်ရှိ တဲ့ သတင်းဌာန ကတော့ မဟုတ်ပါဘူး။
      လူတွေ ရဲ့ အတင်းတုတ်တတ် တဲ့ သဘော ကို သိအောင်လို့ ဝင်ဝင် ဖတ်ကြည့်မိတာ အဲဒါ တွေ့တာဘဲ။ lol:-))
      EXCLUSIVE: ‘Hillary must NEVER become President’, says the woman who exposed Bill’s affair with Monica.
      Former Clinton West Wing assistant Linda Tripp says Democratic contender is a liar who treats the public with contempt

      Read more: http://www.dailymail.co.uk/news/article-3176621/Lies-cover-ups-corruption-Linda-Tripp-West-Wing-assistant-outed-Monica-Lewinsky-s-sexual-liaison-Bill-Clinton-talks-time-Hillary-tells-never-President.html#ixzz3hK1rmAtd

      • kai

        July 30, 2015 at 5:22 am

        အမေရိကန်တွေ တော်တော်စမတ်ကျပါတယ်..။
        သာမန်အားဖြင့်.. အိုဘားမားနဲ့ပါတီတူတဲ့ဟီလာရီကို.. နောက်၈နှစ်စာသမ္မတပေးမဖြစ်ပါဘူး..။
        အခုဟီလာရီ့ပြဿနာက.. မော်နီကာကိစ္စထက်.. ဘင်ဂါဇီသံအမတ်အသတ်ခံရတာနဲ့.. ကိုယ်ပိုင်အီးမေ်းလ်ဆာဗာကိစ္စလို့.. ထင်တာပဲ..။
        ဒါပေမယ့်. သူ့ပေါ်လစီက.. အခုအိုဘားမားပေါ်လစီနဲ့ဆင်မှာမို့… အခြေအနေကတော်တော်ကောင်း..။

        ဒါပေမယ့်…
        ဟိုမှာဖက်ပြိုင်ဖက်က.. ဘုရှ်မိသားစုဝင်ဖြစ်နေတာရယ်…။
        အခု..ဒေါ်နယ်ထရမ့်က.. ကလောင်း(လူပျက်)ထလုပ်နေတာတွေရယ်ကြောင့်..ပါတီထိခိုက်ပြီး.. ရီပါ့ဗလစ်ကန်ဖက်မှာ.. တိုင်းပြည်ကိုအပ်ဖို့ယုံချင်စရာလူထွက်မလာသေး..
        ရွေးကောက်ပွဲက.. ၂၀၁၆ နိုဝင်ဘာဆိုတော့ မှန်းဖို့လိုပါသေးတယ်..။
        တက်ဒ်ခရုလို.. မက်ဟီကိုဇာတိနွယ်ဆိုဘယ်လိုဖြစ်မလဲမသိပေမယ့်… ခရစ်စ်လို..ဝေါ်လ်ကာလို ဂါဗနာကတက်လာရင်တော့.. ရီပါ့ဗလစ်ကန်သမ္မတဖြစ်သွားနိုင်တယ်ထင်တာပဲ..။

  • ဇီဇီခင်ဇော်

    July 30, 2015 at 6:56 am

    သူ့ ဘုန်းး သူ့ ကံ ကို က …..
    သူ့ ကို မကောင်းကြံသူတွေ ရဲ့ ဇာတ်သိမ်းကို ကိုယ်တိုင် မြင်ရတဲ့ ကံ..!!!!
    အဘ တို့ နောင်တ မရ ကြနဲ့ သလားးး….

    ဒင်းးတို့ စိတ်ရော ရုပ်ရော ကျက်သရေ က ….
    အမေ့ ထမီ အနားးခတ် လှပမှု လောက်တောင် မရှိ၊ မမှီ…!!!!
    :mrgreenn:

  • Ma Ma

    July 30, 2015 at 8:02 am

    စိတ်ကြည်ရင် ရုပ်ကြည်တယ်တဲ့။
    စိတ်လှရင် ရုပ်လှတယ်တဲ့။

    ဒီလောက်ကြည်လင်လှပနေတဲ့သူကို မကြည့်လိုက်မိရင် နောက်မှနောင်တကောင်းကောင်းရလိမ့်မယ်လို့….
    သွေးသောက်ညီမကို အားဖြည့်သွားတယ်။ :))

  • ဒေါ်ါ်အောင်ဆန်းစုကြည် ရဲ့ အင်အားအရှိဆုံးနဲ့ အဆွဲဆောင်နိုင်ဆုံးကတော့
    သူ့ မျက်လုံးပါဘဲ
    တောက်ပပြီးအရောင်တွေလက်နေတယ်
    အဲဒီမျက်လုံးထဲမှာအင်အားတွေရှိတယ်လို့ မြင်ရသူက ခံစားရပါတယ်

  • @QUIL@

    July 30, 2015 at 12:29 pm

    ဂေါတမဗုဒ္ဓကတော့ ရှင်းတယ်… သူ့ရုပ်ရည် အသရေတော်ကို လာကိုးကွယ်နေတဲ့ ဘုန်းကြီး ကို ကောလွှတ်လိုက်တယ်ဖတ်ဖူးငဲ့..
    ဟိုက စူဆိုက်သွားတယ်ဆိုလားဗျာ…
    အမှတ်မမှားရင် ရွာထဲလည်း သဂျီး ပြောတာတွေ့ဖူးတယ်….
    လှတာမလှတာ ထားပါဗျာ…
    ကမာ္ဘကျော်တွေထဲ ယှဉ်ဘက်ရှာစရာလည်း မလိုဘာဘု….
    ရူပ ထက်… စါဂဗျ… ….
    သဘောပါရဲ့လား ဒကာမဂျီး…

    • kai

      July 30, 2015 at 1:08 pm

      The Case of Vakkali

      The bhikkhu Vakkali is extremely ill and racked with excruciating pain.[8] At his request the Buddha visits him and enquires after his health and state of mind. Vakkali reports his weakening condition and expresses his regret at not being well enough to visit his teacher, but the Buddha responds vigorously saying, ‘Enough Vakkali! Why do you want to see this foul body? One who sees the Dhamma sees me; one who sees me sees the Dhamma’.[9] He follows this up with a teaching about the impermanence of phenomena, and then departs for the Vulture’s Peak.

      Then Vakkali requests that his attendants remove him from the house he has been staying in to somewhere more fitting for a bhikkhu to die. That evening two devataas visit the Buddha and predict that Vakkali will attain final liberation. The next day the Buddha sends some bhikkhus to Vakkali to pass on this message of hope. Vakkali thanks the bhikkhus for their message and gives them one for the Buddha. He makes a declaration of his insights into the Buddha’s teaching saying, ‘I do not doubt that in regard to what is impermanent, suffering, and subject to change, I have no more desire, lust, or affection.’[10] He is effectively saying that he has become an arahant. Soon after the bhikkhus have left, he cuts his throat and dies. As in the story of Godhika the Buddha says that Vakkali has attained final Nibbaana.

      In the notes to the translation, Bhikkhu Bodhi offers snippets from the post-canonical Pali commentary. The commentary insists that Vakkali has overestimated his spiritual attainments and that he attained enlightenment only after cutting his jugular vein.[11] As discussed in further detail in the case of Channa below, we may be inclined to believe the commentary. First Vakkali feels regret about not going to see the Buddha, but the Buddha points out that it is not his body which is important, but the Dhamma; an arahant would surely have known this. We can also infer that at the time of his visit the Buddha did not consider Vakkali an arahant since he gives him a teaching on impermanence, which would surely have been unnecessary for an arahant.

      It is beginning to seem that the Buddhist tradition is not absolute in condemning suicide – not at least if it results in a person attaining ‘final Nibbaana’.

    • မြစပဲရိုး

      July 30, 2015 at 10:05 pm

      ဒကာမဂျီး က … ရူပ ထက် ဉာဏ်ပေါ် ကို ပိုကြိုက်ပါတယ် ကိုယ်တော်လေးဂီ ဖျာ့။
      . ရှေ့လဆို ၂ နှစ် ပြည့်ပေတော့မယ်။

  • Mike

    July 30, 2015 at 3:00 pm

    .နုပျိုမှုထက် ကျန်းမာမှုပိုလိုတယ်
    .ရုပ်လှပမှုထက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီးပြည်သူ့အတွက်စေတနာမှန်က ပိုလှတယ်
    .က ျက်သရေဆိုတာ တော်ရုံလူရှိဖို့မလွယ်ဘူး…သူ့မှာအဲ့က ျက်သရေရှိတယ်
    .အပြင်မှာ ခပ်လှမ်းလှမ်းက တစ်ခါမြင်ဖူးတယ်…မှင်သက်မိသွားတယ်..တကယ်…

  • မြစပဲရိုး

    July 30, 2015 at 9:11 pm

    ဒီလောက် ကျက်သရေ ရှိတဲ့ ပုံ ပါတဲ့ ပို့စ် ကို နီပေးနေတာ
    ပိုထင်ရှား အောင် ထပ်ပြီး များများ နီပေးပါဦး။
    လက်ညောင်းခံပြီး နီ ဖို့ ခိုင်း ရတာကိုတော့ အားနာပါရဲ့။ lol:-)))

  • မြစပဲရိုး

    July 30, 2015 at 9:12 pm

    ဟုတ်လား။ မိုက် အပြင်မှာ မြင်ဖူးတယ်လား။

    ဝင်ရောက်အားပေးသူများ ကျေးဇူးပါ။ :-)))

  • ဦးကြောင်ကြီး

    July 31, 2015 at 9:17 am

    လော ်ဘီမြ
    တော ်ကီပွ
    အော ်ရယ်ရ
    ဂေါ်လီကွ…

  • YE YINT HLAING

    August 1, 2015 at 3:10 pm

    ဒါက ကျွန်တော် တို့ရဲ့ ကုသိုလ် ကံနဲ့လည်းဆိုင်တယ်။
    ဟိုလူတွေ ရုပ်တွေ တွေ့နေမြင်နေရတာကလည်း
    ကျွန်တော်တို့ရဲ့ အကုသိုလ်ကံကြောင့်ပါပဲ။
    မမြင်ချင်လည်း မြင်နေတွေ့နေရတာမဟုတ်လား။
    ဦးသန့်ရဲ့ ရုပ်ပုံ ဓါတ်ပုံတွေ ဆိုရင်လည်းကြည့်ကြည့်ပါ။
    ကြည်ညိုလေးစားစရာကောင်းတဲ့ ဥပဓိ အပြည့်နဲ့ ။
    အကွေ့ အကောက် အရှူံ့ အတွ နှာခေါင်းပွပွ မျက်နှာတင်းတင်း နှဖူးပြောင်ပြောင် မျက်မှောင်ကုတ်ကုတ် မျက်ခုးံဘေးစွဲ မျက်ထောက်နီနီ တွေ ရုပ်တွေကိုကြည့် ။
    မြင်မိတာနဲ့ အကုသိုလ် အတုးံ အခဲ ရင်ထဲဝင်လာတယ်။ ဒုက္ခ

Leave a Reply