ပထမလား၊နောက်ဆုံးလား၊ကြိုက်ရာကို ရွေးစမ်းကိုယ့်လူ(ဝါဆိုလပြည့်လက်ဆောင်)

padonmarJuly 29, 20151min49227

ဝါဆိုလပြည့်ဆိုရင် တရားဦး ဓမ္မစကြာဟောတာကိုပဲ သတိရမိတတ်ပါတယ်။

တရားဦးနာကြားခွင့်ရပြီး ဂေါတမမြတ်စွာဘုရား သာသနာမှာ

ပထမဆုံး သောတာပန်အဖြစ်

သစ္စာလေးပါးတရားကို နားလည်သွားသူကတော့ လူတိုင်းသိတဲ့ အရှင် ကောဏ္ဍည မထေရ်ကြီး ဖြစ်ပါတယ်။

မြတ်စွာဘုရားက

`အညာသိဝတဘော ကောဏ္ဍညော ၊

အညာသိဝတဘော ကောဏ္ဍညော

=ကောဏ္ဍညတော့ တရားမှန်ကိုသိသွားပြီဟေ့ ´

လို့ ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးခံရတဲ့ အတွက်

`အညာသိ ကောဏ္ဍည =တရားကို ဦးဆုံးသိသူ ကောဏ္ဍည ´ရယ်လို့

နာမည်ကျော် ဧတဒဂ်ရ မထေရ်ကြီး ဖြစ်ပါတယ်။

ဒီဘုရား သာသနာမှာ နောက်ဆုံး ကျွတ်တန်းဝင်တဲ့

(ဘုရားမျက်မှောက် နောက်ဆုံး ရဟန္တာ အဖြစ်ရသူ) သာဝက ကိုတော့ သိသူနည်းပါတယ်။

သုဘဒ္ဒပရဗိုဇ် လို့ခေါ်ပါတယ်။

(ဘုရားဖြစ်ရာ ဗောဓိပင်အောက်ကနေ ဓမ္မစကြာတရားဟောဖို့ မိဂဒါဝုန်တောကို ခြေလျင်အသွား

လမ်းမှာ ဘုရားတွေ့ပြီး တရားနာရကောင်းမှန်းမသိ လွဲခောျ်ခဲ့တဲ့ ဥပက တက္ကတွန်းကြီးနဲ့ မုဆိုးသမီး စာပါ တို့ရဲ့သား ဖြစ်တယ်လို့ ဆိုပါတယ်)

မြတ်စွာဘုရား သွေးဝမ်းသွန်တဲ့ ဝေဒနာကို ခံစားရင်း ကုသိနာရုံ ပြည် မလ္လာမင်းတို့ရဲ့ အင်ကြင်းတောမှာ ပရိနိဗ္ဗာန်ပြုခါနီးလေးမှ ကပ်ရောက်လာပြီး

အရှင်အာနန္ဒာတားနေတဲ့ကြားမှ ဘုရားထံ မေးခွန်းမေးခွင့် အတင်းတောင်းနေတုံး မြတ်စွာဘုရားရဲ့ မဟာကရုဏာတော်နဲ့ တရားဟောတဲ့အတွက် အဲဒီအတိုင်း ကျင့်ကြံရင်း ရဟန္တာအဖြစ် ရောက်ခဲ့ပါတယ်။

အရှင်ကောဏ္ဍညနဲ့ အရှင်သုဘဒ္ဒ နှစ်ပါးကြား အတိတ်ကြောင်းလေးက သံဝေဂရစရာ ကောင်းလှပါတယ်။

လွန်ခဲ့တဲ့ ၉၁ကမာ္ဘက ဝိပဿ ီ ဘုရားရှင်လက်ထက် မဟာကာလနဲ့ စူဠကာလ သူကြွယ်ညီနောင် ဘဝမှာ

အရှင်ကောဏ္ဍညအလောင်း ညီဖြစ်သူ စူဠကာလ ဟာ` မျိုးဦးအလှူ၊ ၊စိုက်ဦး၊မုန့်ဆန်းဦး၊ရိတ်ဦး၊ကောက်လှိုင်းဦး၊နယ်ဦး၊ချင်ဦး၊ရောင်းဦး၊စားဦး ´

ဆိုပြီး အဦးအဖျားအလှူ ကိုးမျိုး လုပ်လေ့ရှိပါတယ်။

ဒီအလှူနဲ့ လိုက်တဲ့ ဆုတောင်းကြောင့် ဂေါတမ ဘုရားရှင်လက်ထက်မှာလည်း တရားကို ဦးစွာသိသူဖြစ်ရပါတယ်။
အရှင် ကောဏ္ဍညဟာ ဝါဆိုလပြည့်မှာ ဓမ္မစကြာတရားနာပြီး သောတာပန်ဖြစ်၊ဝါဆိုလပြည့်ကျော် ၅ရက်မှာ အနတ္တလက္ခဏာသုတ် နာကြားခွင့်ရပြီး ရဟန္တာဘဝ ရောက်ကာ ကိလေသာနွံကနေ အပြီးထွက်ခွင့်ကို ၄၅ နှစ် စောရခဲ့ပါတယ်။

အရှင်သုဘဒ္ဒအလောင်း အကိုဖြစ်တဲ့ မဟာကာလ ကတော့ သူများနောက်မှ လှူခဲ့လို့ တရားထူးသိပေမယ့်

အရှင်ကောဏ္ဍညထက် ၄၅ နှစ် နောက်ကျပြီး နောက်ဆုံးမှ သိသူဖြစ်ရပါတယ်။(ဧတဒဂ်မရပါဘူး)

ဒီနေရာမှာ တရားသိတာပဲ ဘယ်တော့ သိသိပေါ့လို့ ဆင်ခြေလေးများ တက်လို့ရပါတယ်။

မီးပုံကြီးကို ပူမှန်းသိသူဟာ ဒီမီးပုံက ဝေးရာကို စောစောစီးစီး ပြေးချင်သလို

ကိလေသာဆိုတဲ့ မီးဟာ ပူလောင်ပါလားလို့ သိသူများသာ

ကိလေသာ ကင်းစင်တဲ့ဘဝ က အမြန်လွတ်လမ်းကို တောင့်တ ရှာဖွေကြပါတယ်။

ကိုယ်နားလည်တဲ့ ခေါင်းကိုက် ဗိုက်နာ ရောဂါဝေဒနာများကို စက္ကန့်မဆိုင်း ပျောက်ကင်းချင်ကြပါတယ်။

ခေါင်းကိုက်ဗိုက်နာထက် ဆိုးတဲ့ ကိလေသာ ရောဂါဆိုးကြီးကတော့ လွတ်ချင်ရကောင်းမှန်း မသိခဲ့ကြပါဘူး။

လေဖြတ်တာမျိုး အိပ်ရာထဲလဲလောက်တဲ့ ရောဂါဆိုး တခုခုကို ၄၅ နှစ်ကြာ ခံစားနေရတယ်လို့ ကြားရင် အတော် သနားမိကြမှာပါပဲ။

ကိလေသာ ရောဂါဆိုတာက ပိုပြီး ပူလောင် ခံရခက်တဲ့ ရောဂါပါ။

ဝဲဂယက်က ရုန်းထွက်လွတ်မြောက်သွားသူဟာ ရေဝဲဂယက်ကို ပြန်ကြည့်ပြီး လွတ်မြောက်ခြင်းအရသာကို ဝမ်းမြောက်ဝမ်းသာ ခံစားပါတယ်။

ဝင်္ကပါမှာ ချာချာလည်နေသူဟာ ဝင်္ကပါက ထွက်တဲ့ လမ်းစကိုတွေ့ရင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

အစမထင်တဲ့ သံသရာက စောစော ထွက်ခွင့်ရလေ ဝမ်းမြောက်ဖို့ ကောင်းလေ မဟုတ်ပါလား။

အဲသလို ဘဝသံသရာ ဝင်္ကပါက စောစော ထွက်ခွင့်ရနိုင်တဲ့ အရှင်ကောဏ္ဍညလိုပဲ

ကောင်းမှုကုသိုလ်မှန်ရင် ` အဟံပထမံ=ငါအရင်လုပ်မယ်´လို့ ဓိဋ္ဌာန်နိုင်ဖို့

ကိုယ့်ကိုကိုယ်လည်း တွန်းအားပေးပါတယ်။

ချစ်မိတ်ဆွေများကိုလည်း နှိုးဆော်ပါတယ်။

(19.7.2015 လှည်းကူးမြို့ သာယာကုန်းရွာ၊ ဇေယျသိဒ္ဓိဓမ္မဇောတိ သာယာအေးရိပ်သာ နာယကဆရာတော် တရားမှ )
မှတ်ချက်xအလှူဒါနလုပ်ဖို့သက်သက် တိုက်တွန်းတာ မဟုတ်ပါဘူး။ကောင်းတဲ့ အရာဘာလုပ်လုပ် သူများလုပ်ပြီးမှ နောက်လိုက် မလုပ်ပဲ ဦးစွာလုပ်တတ်သူများဖြစ်ဖို့ ကိုယ့်ကိုကိုယ်ရော ကိုယ့်ထက်ငယ်သူများကိုရော တိုက်တွန်းချင်တာပါ။

27 comments

  • kai

    July 30, 2015 at 1:43 am

    မနေ့က.. ယူအက်စ်ရဲ့နာမယ်ကြီးတရားဟောဆရာ.. Joel Osteen တရား TV ကတဆင့်နာရတယ်..။
    သူကတော့ .. ဖခင်ကသားသမီးကို.. ကိုယ်နှုတ်အားဖြင့်.. blessing လုပ်ဖို့ေဟောတာပါ..။
    သားကို.. မင်းလုပ်ရပ်ကြောင့်ငါအရမ်းဂုဏ်ယူရတယ်..။
    မင်းဟာ ကမ္ဘာမှာအတော်ဆုံးဖြစ်တယ်..စသဖြင့် ပြောခိုင်းတာပါ..။

    သမီးအတွက်ကတော့ ပိုလို့တောင်လက်တွေ့ဆန်သေး..
    သမီးရဲ့.. first date ယောက်ျားဟာ..ဖခင်ဖြစ်တာမို့.. ဖခင်ရဲ့သမီးအပေါ်ဂုဏ်ယူဆက်ဆံပြောဆိုတာတွေအားလုံးဟာ.. သမီးရဲ့နောက်လက်တွဲမဲ့..အိမ်ထောင်ဖက်ရွေးချယ်မှုအတွက်.. စံနှုံးတွေဖြစ်သွားတယ်ဆိုပါတယ်..။

    သူ့အဆုံးသတ်လေးကတော့.. အခုအသက်၉ဝအဖေဖြစ်လို့.. သားသမီးက.. အသက်၆၀-၇ဝဖြစ်နေဦး နောက်မကျသေးပါတဲ့…။

    အမပဒုမ္မာစာနဲ့တော့ သိပ်မဆိုင်ပါဘူး..
    ဒါပေမယ့်.. ကောင်းတာလုပ်တာမှာ..နောက်ကျသွားတယ်ဆိုတာမရှိ..။
    အခုလုပ်..အခုစအကျိုးရှိ…လို့ သူ့ဆိုလိုရင်းကို ပြောပြခြင်းပါ..။
    =
    Joel Scott Osteen (born March 5, 1963)[2] is an American preacher, televangelist, author, and the Senior Pastor of Lakewood Church, the largest Protestant church in the United States, in Houston, Texas. His televised sermons are seen by over 7 million viewers weekly and over 20 million monthly in over 100 countries.[3][4] Osteen has written five New York Times Bestselling books. He has been widely nicknamed “The Smiling Preacher”.[5]

    In 2004, his first book, Your Best Life Now, was released by Time Warner and debuted at the top of the The New York Times Best Seller list. The book remained a The New York Times Best Seller for more than 200 weeks.[6]

  • မြစပဲရိုး

    July 30, 2015 at 3:12 am

    အစ်မဒုံ နဲ့ အတူတူ ဝင်ပြီး ဓမ္မကုသိုလ် ယူချင်ပါရဲ့။
    ၂၅-၇-၁၅ စင်ကာပူ မှာ Oxford က ဆရာတော ်ဦးဓမ္မသာမိ ရဲ့ တရားပွဲ ရှိပါတယ်။
    “ကိုယ်စိတ်နှစ်ပါး အဆိပ်မဖြစ်အောင် စားကြစို့” လို့ ခေါင်းစဉ်တပ်ထားပါတယ်။
    ၂နာရီ နီးပါး ကြာတာမို့ တစ်ထိုင်ထဲ နားမထောင်နိုင်ရင် ဖြေးဖြေးချင်း ခွဲ နားထောင်ကြပါ။
    . ကောင်းတယ် မကောင်းဘူး မညွှန်းချင်ပါဘူး။
    ဒါပေမဲ့ တတ်နိုင်သူများ နာဖြစ်အောင်နာကြည့် စေချင်ပါတယ်။

    အဓိက သူကြီး နားထောင် ကြည့်ပါ။
    အချိန်မပေးနိုင်ရင် မိနစ် ၅ဝ နေရာလောက် မှာ နဲနဲလေးမြည်းကြည့်ပေးပါ။
    မဟုတ်လဲ အဆုံးနား က တစ်နာရီ မိနစ် ၃ဝ လောက် က စ နားထောင်ကြည့်ပါ။
    စိတ်ဝင်စားရင် ဆက်(သို့) ပြန်ပြီး နားထောင်ပေါ့။

    လူသာမာန် နဲ့ တရားရှင်ရဟန်း ဆိုတာဘယ်လိုနေရာ ကွာတယ် ဆိုတာ သိနိုင်ပါလိမ့်မယ်။
    တစ်ခြားသူများ ကို ပြန်လည် လမ်းညွှန် နိုင် ဖို့ ကိုယ်တိုင်ကျင့်ကြံ ပြကြရတာပါ။
    ကျွန်မ ပြောတာ ဟုတ်မဟုတ် ကို နားထောင် ပြီးရင် စိတ်ထဲရှိရာ အမှန်ကို အားမနာဘဲ ဝေဖန်ကြည့်ပါ။

    ရွာထဲ မှာ တစ်ခါ “ဒေါ်လေး” ကို ကတိ ပေးထားမိတာ အခု မျှဖို့ အခွင့်ကြုံ လာတာမို့ လဲ ဝမ်းသာအားရ ဖြစ်မိပါတယ်။
    သူ ရွာထဲ မဝင်နိုင်ခဲ့ရင်တော့ အီးမေး က ပို့ပေးချင်ပါရဲ့။

    နားထောင်ကြည့်ကြပါ။ လူတိုင်း ကျင့်ကြံ လို့ ရတဲ့ တရားပါ။
    (ဇီ ကလေး ဒီ တစ်ခါတော့ ထွက်ပြေးလို့ မရ။ နားထောင်ပေတော့) :-)))

    ဆရာတော ်ဦးဓမ္မသာမိ (Oxford) “ကိုယ်စိတ်နှစ်ပါး အဆိပ်မဖြစ်အောင် စားကြစို့”
    ၂၅-၇-၁၅ စင်ကာပူ တွင်ဟောကြားသောတရား

    https://www.youtube.com/watch?v=tDrUj9wIimE

    • kai

      July 30, 2015 at 4:20 am

      ဒီတခေါက်တော့.. ဒီလောက်ညွှန်းတာ.. ခေါင်းစဉ်လေးလည်းကောင်းသမို့.. နားထောင်မှပါလေဆိုပြီး.. ရုံးကွန်ပူတာကြီး..နာကြပ်လေးတပ်..
      ဖွင့်လိုက်တော့… ရွှေခုံကြီးပေါ်တက်ထိုင်တော်မူနေတဲ့ဆရာတော်ဘုရားကြီးကို.. တွေ့..အဲ.. ဖူးရသဗျ..။
      အဲဒါနဲ့.. ဆက်မသွားတော့ပါကြောင်း..
      လူသားရဲ့ တန်းတူညီမှုအခြေခံလေးကိုတောင်.. မပြင်ပေးနိုင်သေးသူတရား.. မနာလို..။

      အနည်းဆုံး.. ဆရာတော့်ကို ဒေါက်တာဘွဲ့သင်ပေးလိုက်တဲ့.. Oxford ဆရာတွေက. ဆရာတော့်အပေါ်ဆက်ဆံကြတဲ့အတိုင်းလောက်..
      သူ့တရားနာသူတွေကို.. ပြန်လည်ဆက်ဆံပေးရင်..မဆိုးဘူးထင်..

      အဲဒါနဲ့..အဲလိုလုပ်ရင်..အဲလိုတွေးရင်..အဲလိုကြံရင်..(အောင်မြလေး ပိုင်ချက်) ငရဲရောက်မယ် (ချည်ပြီးတုတ်ပြီး) ဆိုကြသမို့.. ပျော်ပျော်ကြီး..ငရဲသွားမယ်လို့..။
      ဆားနဲ့ပဲစားပါတော့မယ်..။ :k:

      • မြစပဲရိုး

        July 30, 2015 at 4:27 am

        သူကြီး ရယ် ခဏလေး မျက်စိတော်လေး ကို ပိတ်ပြီး ရွှေနားလေး နဲ့ နားထောင်ပေးပါ။
        . ပြသနာ အဲဒီ ရွှေပုလ္လင်တွေ၊ ရွှေထီးတွေက လူ တွေ ကွန့်နေတာ ပါ။

        • kai

          July 30, 2015 at 4:33 am

          အဲဒီလူတွေကို.. ဆရာတော်က.. ဒီလိုမလုပ်သင့်.. မလုပ်ကြဖို့.. ပြောဆိုသင်ကြားဖို့..တာဝန်အရှိဆုံးပေါ့..။
          တကယ်တော့..အဲဒီလိုလုပ်ကြတာတွေဟာ.. ကမ္ဘာမှာ.. ဗုဒ္ဓသာသနာကို လူတွေအထင်လွဲမှားစေပြီး.. သာသနာပြုခြင်းအတွက်.. အကြီးမားဆုံးသော တံတိုင်းကြီးဖြစ်သွားတယ်လို့.. ဆရာတော်တွေကိုယ်တိုင်က..မသိချင်ယောင်ဆောင်ပလိုက်တာကို.. အံ့ဩမိ..
          အော်.. သာယာကြပုံ…။

          ဆိုတော့..
          ဒါက.. ဂျိုးအိုစတင်းန်တရားဟောပုံ..။ တပါတ်ကို.. လူ ရသန်းနားထောင်တယ်..။

          ဒါက.. ကမ္ဘာအကြီးမြတ်ဆုံး.. ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့.. ပုတ်ရဟန်းမင်း ကြွချီလာတာကို.. လူတွေကြိုပုံ…။

        • မြစပဲရိုး

          July 30, 2015 at 4:37 am

          ဒီ မှာတော့ အဲလိုမရှိ။ လုပ်လဲ မလုပ်နိုင်လို့ လားတော့မသိ။
          အာရှက လူ တွေ ရဲ့ သဒ္ဒါ နဲ့ tradition လို့ သာ မှတ်ပြီး Screen ကို မကြည့်ဘဲ နားထောင်တော်မူပါ သူကြီးမင်းဘုရား။

        • kai

          July 30, 2015 at 4:43 am

          အရီးလတ်ရယ်..
          ဒီမိုင်းဆက်က.. နိုင်ငံရေးထဲရောက်သွားပြီး.. သမ္မတ.. စစ်ဘိုချုပ်ကြီးတွေ.. ခေါင်းဆောင်တွေကို… လူတွေဘယ်လိုဆက်ဆံကုန်ကြသလည်း..
          အဲဒီကနေ.. ဘာတွေဖြစ်ကုန်သလည်း.. အဆက်အစပ်တွေမြင်ကြည့့်.. တွေ့ပါလိမ့်မယ်..။

          မြန်မာပြည်ဟာ။… ဒီအချိန်မှာမပြင်.. ဘယ်အချိန်ပြင်ကြမလဲမသိ….
          နောက်ဘဝမှများလား..

          Article 1.

          All human beings are born free and equal in dignity and rights. They are endowed with reason and conscience and should act towards one another in a spirit of brotherhood.

          သခင်မျိုးဟေ့.. ဒို့ဘားမန်း..။

        • မြစပဲရိုး

          July 30, 2015 at 4:48 am

          နောက်တစ်ခါ ဆရာတော် နဲ့ တွေ့ချိန်ကျရင် သူကြီးမင်း ရဲ့ သဘောထား ကို ပြောပြလိုက်ပါ့မယ်။
          ဒီ ဆရာတော် က အတော် သဘောပြည့် ပြီး အနောက်တိုင်းဆန်ပါတယ်။
          ဒါကြောင့် သူကြီး ရယ် နဲနဲ နာကြည့်စမ်းပါ။ :-)))
          (အတော် အာပေါက် သဟဲ့။ ဒီသူကြီး နဲ့တော့)

        • Ma Ma

          July 30, 2015 at 7:40 am

          သဂျီးစိတ်ထဲမှာ သာသနာကို ကြည်ညိုလို့မရအောင် တားဆီးနေတဲ့ ရွှေခုံကြီးပေါ်တက်ထိုင်တော်မူနေတာကို တရားဟောဆရာတော်ကြီးတွေကို စိတ်ထဲရှိတဲ့အတိုင်းပြောကြည့်ပါ။

          တခြားတော့မသိပေမယ့် ပါမောက္ခချုပ်ဆရာတော်ကြီးတို့လို၊ oxford ဆရာတော်ဒေါက်တာဓမ္မသာမိတို့လို့ ဆရာတော်တွေအနေနဲ့ သဂျီးကျေနပ်လောက်တဲ့အဖြေကို ပေးနိုင်မှာ သေချာတယ်။

        • kai

          July 30, 2015 at 2:16 pm

          အာဟ..
          မြန်မာပြည်မယ်.. အဲလိုလက်အုပ်လေးချီပြီး.. ဘုန်းကြီးတွေသွားလျှောက်ရင်..
          ဘုန်းကြီးက.. မျက်လုံးတော်လေးတဖက်တွန့်ပြလိုက်တာနဲ့..

          အောက်မှာ..ဘေးမှာ.. ဝိုင်းရိုက်မယ့်သူနဲ့.. ဝိုင်းဆုံးမညွှန်ပြသွန်သင်မဲ့သူနဲ့..
          ကံကောင်းရင်.. မသေပဲ.. ထောင်..၂နှစ်လောက် သာသနာညိုးနွမ်းစေမှုဆိုပြီး.. ထည့်ပေးဦးမှာ…။ ထည့်ဦးမှာ..။ :k:

    • ဇီဇီခင်ဇော်

      July 30, 2015 at 6:48 am

      ဒီ တရားး က အာတီဒုံ နာပြီးးလောက်ပြီ အရီးးး
      ရှယ်ထားးတာတွေ့ တယ်
      ကွင်းးစကွင်းးပိတ် ထဲက စာတွေ မြင်ရဘူးး
      :k:

  • Alinsett @ Maung Thura

    July 30, 2015 at 4:49 am

    .ပြဿနာက ဒီတိုင်းပြည်ထဲက အတော်များများဟာ
    ဝါဆိုလပြည့်လို သီတင်းကျွတ် လပြည့်လို နေ့ကြီးရက်ကြီးတွေကို ရောက်မှ
    ဘာသာရေးဘက်မှာ လှုပ်လှုပ်ရွရွ ဖြစ်တာပဲ
    ကျန်တဲ့အချိန်တွေမှာတော့ ရေလိုက်ငါးလိုက် ကျင်လည်နေကြတာ
    တစ်နှစ်လုံး မိဘကို ကန်တော့ဖို့ သတိမရဘဲ သီတင်းကျွတ်မှ ကန်တော့တာမျိုး. . .

  • အတွေးအမြင်အယူတွေက အာရှနဲ့အနောက်ဆန့်ကျင့်ဘက်ပါဘဲ

    လက်အုပ်ချီကန်တော့ပြီး နူတ်ဆက်တာ ကို ထိုင်း အိန္ဒိယ က သုံးတယ်
    မြန်မာပြည်မှာအရင်က မရှိဘူး
    အဆိုတော်တစ်အုပ်စုကို 8888အပြီးမှာနိုင်ငံခြားပို့တော့ လူကြီးကို မတ်တပ်ရပ်လက်အုပ်ချီ ကန့်တော့တာကနေစပြီး
    လူကြီးကို ကန်တော့တဲ့ဇာတ်လမ်းစတာပါဘဲ။
    အခုလိုဖြစ်တာက ဘာသာတရားနဲ့မဆိုင်

    တရားပြသူ ဆရာတော်က အမြင့်မှာထိုင်တာကိုတော့ အပြစ်မမြင်ပါနဲ့တော့
    သူဘာတွေပြောသွားသလဲ ဘာအယူအဆတွေရှိသလဲ
    ကိုယ်လက်ခံတာနဲ့တူလား မတူလား သာပိုင်းဖြတ်ပါကိုခိုင်ရေ
    အဲလိုထိုင်လို့ ဒီတရားကို မနာတော့ဘူးဆိုရင် တော့ကိုခိုင်
    ကလေးဆိုးကြီးလို လုပ်နေတယ်ဘဲ ပြောတော့မယ်
    လူမမြင်ချင်ရင် အသံဘဲ နားထောင်မျက်စေ့မှိတ်ထားလိုက်ရုံပါဘဲ။

  • Ma Ma

    July 30, 2015 at 8:04 am

    လိုချင်တာက ပထမဦးဆုံး အကောင်းဆုံး အမွန်ဆုံး။
    လုပ်ချင်တာက နောက်ဆုံး။
    ပေးချင်တာက အညံ့ဆုံး အဖျင်းဆုံး…… ဆိုသလို ဖြစ်နေတတ်လို့
    ဒီစာဖတ်ပြီး ကိုယ့်ကိုကိုယ်ပြန်ဆုံးမနေရတယ်။ 🙂

  • ဦးကြောင်ကြီး

    July 30, 2015 at 11:25 am

    ခိုနီဒုံဂ ျီးကို အူးခြပါဒလယ်…..

    သဗိတ်သဗိတ်
    မှောက်မှောက်…
    အယင်းယှဉ်
    အယင်ယှဉ်းမည်….
    မှက်ခြပ်။။။ အာတီဒုံဂ ျီး မီပါ..

  • Mike

    July 30, 2015 at 1:52 pm

    .ဒီနေရာမှာသဂျီး နဲ့ အရီးတွေ့ကြတာကိုး..ဟိုး..ဟိုးးးး
    .အာတီဒုံရဲ့ လပြည့်နေ့အကြို တရားလေးအရင်နာသွားပါတယ်
    .( ဒါတောင်ကုလားထိုင်နဲ့ထိုင်ရေးထားတာမှတ်တယ်..
    .နောက်ဆို ကြမ်းပြင်မှာထိုင်ပီးလက်ပကျွတ်နဲ့ရေးနော်) :))

  • ဦးကြောင်ကြီး

    July 31, 2015 at 9:24 am

    အမှန်ဒေါ့ ကြည်ညိုအူးခြ ယိုက ျိုးကော ်ရော ် ဆိုဒါ ဆိတ်စန္ဒအလေ ျာက် ဖြစ်တာပဲ ကောင်းတယ်။ တအူးဂ ျင်း ပုဂ္ဂလိက ရွေးခြယ်မှု ဖြစ်သင့်ဒယ်။ ဒါကို အစဉ်အလာ ထုံးစံ လှုပ်ပစ်လိုက်လို့ ခက်ကုန်ဒါ။
    အနော ်ဆို အာတီဒုံဂ ျီး ခိုနီဖြစ်တာတောင် အူးခြမိနေဒုံး။ အဲဒါမှ… ကြောင်ကြီးမာန.. ဝပ်တွားကြည်ညိုနေ..

  • YE YINT HLAING

    August 1, 2015 at 2:48 pm

    ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။ သွား ၃၁ ဘုံထဲက လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည် ။
    မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ် ။
    သွား ၃၁ ဘုံ ထဲ က အပယ်လေးဘုံ ။
    ဒါကြောင့် ဘုရားရှင်က သံသရာလည်တယ် ဆိုတဲ့ ၃၁ ဘုံထဲမှာ ကောင်းတာ မကောင်းတာတွေ လုပ်ပြီး ကျင်လည်နေခြင်းကို ဖြတ် ရပ် သံသရာကလွတ်မြောက်ကြောင်းတရားကို အဓိကထားဟောကြားခဲ့ပါတယ်။

    • kai

      August 1, 2015 at 3:35 pm

      ကောင်းတာလုပ်ရင်ကောင်းတာဖြစ်မယ်။

      သေချာလှချည်လားကွယ်..
      ကောင်းတာတွေလုပ်ပြီး.. မကောင်းတာတွေချည်းလှိမ့်ဖြစ်နေသူတွေ… မြန်မာပြည်မယ်.. ဒုနဲ့ဒေး..
      အဲ…
      မကောင်းတာတွေချည်းလုပ်ပြီး.. ကောင်းတာတွေချည်းဖြစ်နေသူတွေလည်း.. လက်ညိုးထိုးမလွဲ..။

      ဂေါတမဗုဒ္ဓကိုယ်တော်တိုင်တောင်.. ကောင်းတာတွေလုပ်ပြီး.. မကောင်းတာတွေဖြစ်ခဲ့ဖူး..။

      တကယ်တော့..
      ဒီလောကကြီးဟာ..
      ကောင်းတာလုပ်ရင်… ဖြစ်ချင်တာဖြစ်မယ်…။
      မကောင်းတာလုပ်ရင်လည်း.. ဖြစ်ချင်တာဖြစ်မယ်… ဆိုတာက.. မှ.. သစ္စာတရား..
      အမှန်.. :k:

      • @QUIL@

        August 1, 2015 at 3:44 pm

        ကောင်းတာလုပ်ရင် ဒုက္ခဖြစ်သဗျ…
        မယုံရင် မော်ဖိန်း သုံးကျိပါလား…
        ကောင်းလိုက်သမှ…. ပါရာဒိုက်စ့် မျက်မှောက်စိုက်သွားသလိုပဲ…
        မကောင်းတာကျ…. များများလုပ်ရတယ် ပြောကြတယ်
        အုပမာ စာကျက်တာ… မျက်စိလည်းညောင်းသေး… အုံးနှောက်လည်းခြောက်သေး…

        မကောင်းတာများမာျးလုပ်ဂျပါဗျာ…
        ရှေ့ဘဝတို့နောက်ဘဝတို့ထား….
        သည်ဘဝလေး လူဖြစ်တာ…
        ကွကိုယ်မနှိပ်စက်ရင် ဘူနှိပ်စက်မတုံး…..
        အဲ့လို….

        • kai

          August 1, 2015 at 4:17 pm

          အင်းပေါ့လေ..
          သူဖာသူ.. သဘာဝအတိုင်း..အထွက်..အဝင်မှန်နေတဲ့ထွက်သက်ဝင်သက်လေကို.. ဟိုလိုထွက်..ဒီလိုဝင်ပါဆိုပြီး.. .. အလုပ်မရှိအလုပ်ရှာထိန်းချုပ်ပြီး.. ဦးနှောက်ထဲအောက်စီဂျင်ရောက်တာတွေမမှန်..
          အဲဒီကနေ.. ပေါက်တပ်ကရတွေမြင်..တွေး..
          အဲဒီကနေ.. မောဖိန်းလို..ဓာတ်က.. ခန္တာကိုယ်ကနေလွှတ်..။

          အဲလိုကောင်းတဲ့အရသာလေး.. ကိုရင်မသိလို့ပြောတယ်မှတ်ပါတယ်..
          မှတ်ပါတယ်..။

        • @QUIL@

          August 1, 2015 at 4:30 pm

          တရားထိုင်ရင် အန်ဒေါ်ဖင်း ထွက်သဗျ…
          ဘိန်းချရင်လည်း အန်ဒေါ်ဖင်းထွက်တယ်…
          အချစ်နဲ့… ချော့ကလက်မှာလည်း လူ့ခေါင်းက အန်ဒေါ်ဖင်းထွက်ဖို့ စေ့စော်တာတွေပါတယ်…..

          ဒါပေမယ့်မတူဘူးဗျ…
          အုပမာဗျာ…ကွမ်းစားတဲ့အထဲ ထုံးဓာတ်ပါလို့ ခန္ဒာကိုယ်က ကယ်လစီယမ်ဓါတ်မရသလိုပေါ့…

          ဘိုင်အိုကမ်မက်စထွီ နည်းအရပြောရရင် အော်ဂန်းနစ် အင်အော်ဂန်းနစ်ကွာသဗျ….

          တရားထိုင်တာ ဝင်လေထွက်လေမှတ်တာကို အလုပ်မှားကြီးရယ်လို့ ဝေဖန်ဖို့မရှိပါဘူး
          အဲ့ဒါဂျီးသက်သက်သာ အလုပ်သဘောဆောင်ပြီး စွဲသွားရင်ကွိုင်မှာ…

          လက်တလော ရေဘေးဒုက္ခခံနေရလို့ ကျန်တာ မပြောနိုင်သေးဘူးဗျာ….
          နားထဲစွဲနေတာတခုတော့ရှိတယ်…
          နာတာရှာ ဒေါ်လ်တဲ့…..

      • YE YINT HLAING

        August 1, 2015 at 4:15 pm

        လုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်မယ်။
        အကြောင်းအကျိုး မရှိ မညီညွတ်တဲ့ သဘော။
        မြန်မာပြည် မှာဖြစ်နေတာ က လက်ရှိ အကြောင်း နဲ့ အကျိုး မညီညွတ်သေးတာပါ။
        ဒါတွေ က ကျွန်တော်တို့ မသိနိုင်တဲ့ အတိတ် က အကြောင်းတွေ အများကြီးရှိမှာပါ။
        တခါတလေ ကျနော် လည်းသံသယ ဝင်မိတယ် ။
        သူခိုး ဓါးပြ အကြီးစားတွေ က အခုမျက်မှောက် မှာ နတ်ဘုံ နတ်နန်းတမျှ ခံစားနေရပြီး လူကောင်းတွေ လူသာမန်တွေ က ဘယ်လောက်ကောင်းမှူ ကုသိုလ်တွေပြောဆိုလုပ်ကိုင်နေပါစေ ဆိုးဝါးဆုတ်ပြတ်နေတာတွေတွေ့နေကြုံနေရတယ် ။ အကြောင်း အကျိုးကစဥ့်ကလျှားဖြစ်စဉ်တွေလားလို့တောင် မြင်မိတယ်။
        ဒါပေမဲ့ ကံ ကံရဲ့ ကြောင်းကျိုးဖြစ်စဉ်အပေါ်မှာ ညဏ်မမှီသေးတာပဲဖြစ်မှာပါ ။ အရင်က အကြောင်းတရားတွေရဲ့ လက်ရှိ အကျိုး ခံစားရရှိမှူ နဲ့ အခုလက်ရှိ ပြုလုပ်မှူ အကြောင်းတရားတွေရဲ့ နောင်ဖြစ်လာမဲ့ အကျိုးဆက် အမှန်တကယ် ဖြစ် / ပျက် နေဦးမဲ့ အနာဂါတ် အကျိုးတလွှာ အတွက် ဒုက္ခသစ္စာ သမုဒယသစ္စာ တွေကတော့ မဖောက်မပြန်ရှိနေ မှန်နေဦးမယ်လို့ ယုံကြည်မိပါတယ်။ အဲဒီယုံကြည်မှူ အမှန်တကယ်ပျက်စီးသွားတဲ့နေ အဆိုးတွေကြုံလားတိုင်းလူတွေလုပ်ကြမှာ ထင်ရာ။

      • ဦးကြောင်ကြီး

        August 1, 2015 at 10:59 pm

        အယာတိုလာ မာမွတ်ခိုမ် ဗာ ဘာသာ ကိုးကွယ်ပါသလဲ ခင်မြှာ..

  • Ma Ma

    August 1, 2015 at 8:07 pm

    ရွှေထိုင်ခုံပေါ်မှာထိုင်တာကိုပြောပြောနေတဲ့သဂျီးကို ရေဘေးကယ်ဆယ်ရေးအတွက် သံဃာတွေ ရွှေပလ္လင်ပေါ်မှာ ထိုင်မနေကြတဲ့အကြောင်းလေး။
    https://www.facebook.com/Tharthananwe/posts/805729749545951

  • YE YINT HLAING

    August 1, 2015 at 8:10 pm

    တရား ထိုင်ရင် အန်ဒေါ်ဖင်း ထွက်သဗျ။
    ဟုတ်ပါတယ် ။ ဒါကြောင့် ဇီးဖြူ ဖန်ခါး ရဟန်းစား ဆိုတဲ့ ဟာလေး ရှိတယ်။
    ဘိန်းချရင်လည်း အန်ဒေါ်ဖင်း ထွက်တယ် ဆိုတာတော့ လူတိုင်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
    လူတယောက်နဲ့တယောက် မတူလို့ပါ။

Leave a Reply