နံနံ နှင့် သူ၏ …

မြစပဲရိုးJuly 30, 20152min21611

ဒီ တစ်ခါ ရှု “စား” ဖို့ ကတော့ သိပ်ပြီး ရောင်းပန်းလှ မှာတော့ မဟုတ်။
ကိုမျိုး မှတ်ချက်ပေးခဲ့တဲ့ “ဟင်းတွေ မှာ နံနံပင် အမြဲထည့် နေရခြင်း” ရာဇဝင်ကို လဲ ဒီမှာ တွေ့လိမ့်မယ်။ :-))
ရွာပြန်တုန်းက ပါလာတဲ့ ရယ်ဒီမိတ် မြောင်းမြဒေါ်ချို မုန့်ဟင်းခါးတစ်ထုတ် ကျန်နေတာ အခု မှ ချက်ဖြစ်တာ မို့ မှတ်တမ်းတင်ခဲ့တာ။
ဒီမှာ နံနံပင် ကို စူပါမာ့ကက်ကြီး တွေမှာ ရပါတယ်။ ဈေးကြီးတယ်တော့ ခေါ်မယ်။
တစ်စည်း ကို တစ်ပေါင် လောက်ပေးရတယ်။
ဒီတော့ သိပ်ပြီး ဝယ်မစားဖြစ်ပါဘူး။
မုန့်ဟင်းခါး ချက် မှာမို့ နံနံပင်လေး နဲ့ မှ တင့်တယ်မှာမို့ ဝယ်ခဲ့ပါတယ်။
ပိုနေလို့ တစ်ခြား ဟင်း တွေ ထဲ လဲ ထည့် နေတော့တာဘဲ။
ကလေး ကတော့ မကြိုက် လို့ နောက်မထည့် ပါနဲ့ တဲ့။

မုန့်ဟင်းခါးထဲ ပဲကြော် ထည့်စားရတာ ကြိုက်ပေမဲ့ အဲဒီလို အကြော် ကတော့ တစ်ခါမှ မကြော်ဘူးတာရယ်၊ အဲ့ဒီလောက်အထိတော့ ပါရမီ မပါတာရယ် နဲ့ ကြော်ဖို့ စိတ်ကူး မရှိခဲ့ တာမို့ အလွတ် မုန့်ဟင်းခါး လေး ကို သာ ရှုပြီး “စား” ကြပါတော့။ lol:-))

DSCF1622
မုန့်ဖတ် အတွက် ကြာဇံခြောက် နဲ့ ရယ်ဒီမိတ် ဟင်းရည်ထုတ်၊ ကြက်ဥ၊ ကြက်သွန်၊ ကြက်သွန်ကြော် (ရယ်ဒီမိတ်ဗူး)၊ ငရုပ်သီးလှော်ထောင်းမှုန့်
DSCF1623
ကြာဇံ ကို ရေစိမ်ထား။
DSCF1624
ရေနွေး ပွက်ပွက်ဆူ ထဲ ဟင်းရည်မှုန့် ထည့်၊ ကြက်သွန်လှီး ထည့်၊ ကြက်ဥလှီး ထည့်။ အိုးကြက်ဥ ဖြစ်အောင် အလုံးလိုက်လဲ ထည့်။
DSCF1636
ရေနွေး နဲ့ ခဏ ပြုတ်ပြီး တော့ မုန့်ဖတ်ရပြီ။
DSCF1637
အဆာများ ကတော့ နံနံပင်၊ ငရုပ်သီးလှော်ထောင်းမှုန့်၊ ကြက်သွန်နီကြော်
DSCF1638
ကြိုက်တာသာထည့်ပြီး ရှု”စား” ကြပါတော့။ :-))

 

11 comments

  • Alinsett @ Maung Thura

    July 30, 2015 at 5:06 am

    .ကြာဇံကို ပြုတ်ပြီး မုန့်ဖက်လုပ်တော့ အမျှင်သေးမှာပေါ့
    .နောက်ပြီး ဗမာပြည်က အချဉ်ဖောက်ထားတဲ့ မုန့်ဖက်နဲ့တော့ မတူဘူးပေါ့။ ဒါပေမယ့် စားကောင်း /စားသင့်တဲ့ပုံ

    နံနံပင်ကို ထမင်းစားရင်း ငါးပိရည်ကျိုနဲ့ တို့ မြှုပ်စားဖူးတယ်။ ကြိုက်ခဲ့ဖူးတယ်။
    အခုနောက်ပိုင်းတော့ ကျနော် ငါးပိရည်ကျို မစားတော့ဘူး။
    နံနံပင်ကိုလည်း မုန့်ဟင်းခါးနဲ့မှ လွဲရင် တခြားနေရာတွေ မစားဖြစ်တော့ဘူး။
    နံနံပင်ဆိုတာ ကျနော် အနံ့ကြိုက်မိတဲ့အရာတစ်ခု. . .
    .မွှေးမွှေးပင် လို့တောင် ပြောင်း ခေါ်ကြစေချင်. . .

  • ဇီဇီခင်ဇော်

    July 30, 2015 at 6:41 am

    သများး က နံနံပင် မကြိုက်
    မုန့် ဖတ် မရ ရင် ဆန်ကြာဇံ ပြုတ်စားးတာ တူတယ်
    ကြက်ဥ ကို အလှပဲဆင်တယ် အိုးးထဲ ထည့်ဘူးးး
    အကြော်မှုန့် ရယ်ဒီမိတ် ဝယ်ပြီး ဘူးသီးးနဲ့ ကြော်စားတယ်

    ဒါနဲ့ အဲ့ဒီ ၄ ပန်းကန်စပ် ကြိုက်လိုက်တာာာာ

  • Ma Ma

    July 30, 2015 at 7:53 am

    ဟိုးတုန်းကတော့ မုန့်ဟင်းခါးဆို အကြော်မပါရင် မစားဘူး။
    ခုနောက်ပိုင်းတော့ ရေသန့်ဗူးခွံတွေ အသံကြားပြီး အကြော်ထည့်မစားရဲတော့ဘူး။
    ဒါပေမယ့် ကိုယ့်ဘာသာချက်စားရင်တော့ ကိုယ်တိုင်ကြော်တဲ့ အကြော်ထည့်စားတယ်။

    ရှု့စားခိုင်းဖို့ Lazy cook အကြော် ကြော်အုံးမှထင်တယ်။ :))

  • Ma Ei

    July 30, 2015 at 9:57 am

    မုန့်ဟင်းခါး ရယ်ဒီမိတ်တွေထဲမတော့ မိသားစုဝင်အားလုံး အကြိုက်ညီတဲ
    မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်ကို အကြိုက်ဆုံးပါဘဲ…
    ကြာဇံပြုတ်လေးနဲ့ စားရင်လဲမုန့်ဖတ်အချဉ်အရသာမပါတော့ စားကောင်းပုံလေးဘဲနော်
    ကျန်းမာရေးလဲ ပိုညီညွတ်မယ်ထင်…

  • နံနံပင်သုပ် ဆိုတာ စားဖူးတယ်.. သူငယ်ချင်း ယောက်ျားလေးတစ်ယောက် မှာစားလို့ တအံ့တဩနဲ့ စားခဲ့ရတာ.. စားကောင်းသား 🙂

  • Mike

    July 30, 2015 at 2:24 pm

    .အော်…နံနံ နှင့်သူ၏အတွဲပေါ့…လာထားပွိုင့်

  • ဦးကျောက်ခဲ

    July 30, 2015 at 2:41 pm

    ကျောက်စ်မောင်နှံကတော့ ရယ်ဒီမိတ် မုန့်ဟင်းခါးကို သူ့အတိုင်း စားမဝင်ဘူး…
    ရွာကနေ ခဲပြီးသယ်လာတဲ့ လယ်ငါးခူ ငါးကျည်းကို နနွင်း စပါးလင်နဲ့ပြုတ်…
    အသားနွှင် ဆီသတ် ရွှေကြည်ဆန်မှုန့် ပဲမှုန့်နဲ့ ပြန်လည်ပြုပြင်ပြီးမှစား၏…
    ငှက်ပျောအူမကြိုက်လို့ ထည့်လည်းမထည့် ဒီမှာလည်းမရှိ…
    ဒါပေသည့် ငါးဖယ်ကြော် ဘူးသီးကြော် ပဲကြော်တော့ လိုက်ရတာပေါ့ခီညာ…
    နံနံပင်ကတော့ မွင်းခါးထဲထည့်ရင်မကြိုက် ၊ မိနှင်းပဲစားတယ်…
    ကျောက်စ်ကတော့ ပဲသီးနဲ့မှ …. ခွိ :k:

  • တောင်ပေါ်သား

    July 30, 2015 at 3:31 pm

    နဲနဲလေးဗျာ ၊ မဝဘူး

  • မြစပဲရိုး

    July 30, 2015 at 9:07 pm

    အားလုံးဘဲ ကျေးဇူးပါ။
    . ကျောက်စ် တို့ အဲဒီ ခဲထားတဲ့ အတုံး တွေ ကို ဘယ်သို့ ဘယ်ပုံ သယ်ကြ သလဲ။
    ရေတွေ မ ပျော်အောင် စီမံပုံလေးများ မျှပါဦး။

    ကိုမျိုး ၃ ပန်းကန် စားစေဗျား။ :-)))

  • Courage

    July 31, 2015 at 4:19 am

    အဲ့ နံနံဆိုတဲ့ ပင်က သိပ်ဂွကျတဲ့ အမျိုးလား ဒေါ်လေးမြရဲ့။ အနံ့ကလဲ ပြင်းရှရှ အရသာလဲ တစ်စက်မှ မရှိပေမယ့် သူမပါပြန်တော့လဲ ဟင်းတစ်ခွက်က မပြည့်စုံသလိုပါပဲ ကလား။

  • kai

    July 31, 2015 at 4:36 am

    ဂျပန်ရောက်တော့.. နံနံပင်ဆိုတာများ.. ရှားမှရှား..
    ဈေးကလည်းကြီး..
    အမှတ်မမှားရင်.. ဖေ့ါခွက်ကလေးနဲ့.. လေးငါးခက်လောက်ကို.. ယမ်း ၃ရာကနေ ၅ရာပဲ..။
    ဆိုတော့…
    သခွားသီးသုတ်များစားချင်ရင်.. နံနံပင်ကိုအသက်အောင့်သုံးရတာ..။

    ယူအက်စ်ရောက်တော့များ.. ကယ်လီဖိုးနီးယား.. မက်ဟီကိုသားတွေရဲ့တိုင်းပြည်..
    ပေါလိုက်တဲ့နံနံပင်..။ သူတို့ကြိုက်တဲ့အရွက်မို့.. ဘယ်လောက်မာျးစိုက်ထားလိုက်တယ်မသိ…။
    ဆိုင်တဆိုင်တဆိုင်..ပုံရောင်းနေတာများ.. လက်နဲ့အားရပါးရတဆုတ်တောင်.. တဒေါ်လာပဲ..။
    နံနံပင်နဲ့လူကိုဖိသတ်လို့တောင်ရ..။

    ဆိုတော့…
    ဂျပန်မှာ..အင်မတန်ဈေးကြီးတဲ့အရွက်ထဲ.. နံနံပင့်သူငယ်ချင်း.. ပူစီနံဆိုတာလည်းရှိသဗျ..
    တကယ်တော့..အဲဒီအရွက်က.. မင့်န် အရွက်မို့.. အလှဆင်.. အမွေးပင်နေရာမှာသုံးနှိုင်တယ်ပေါ့..။
    မြန်မာတွေ.. အမြင်လှလှစားကြ..သုံးကြစေချင်..။

Leave a Reply