ယခုလ ထင်ရှားကျော်ကြား မြန်မာ များကဏ္ဍမှာ အမေရိကားမှာနှစ်ပေါင်း ၄၀ကျော်အခြေချနေထိုင် လျက်ရှိပြီး အမေရိကားအသိအမှတ်ပြုရှေ့နေလိုင်စင်ရ ဦး Frank သောင်းဦးနဲ့တွေ့ဆုံခဲ့ပါတယ်။

●အန်ကယ့်ဇာတိနဲ့ ကိုယ်ရေး အကျဉ်းပြောပြပါဦး။
ဇာတိက ပုသိမ်  ပုသိမ် ABM (American Baptist Mission) ကျောင်းက ၁၉၅၈မှာ အထက်တန်းအောင်တယ်။ B.A ဘွဲ့ကို ၁၉၆၂ကရတယ်။ ၁၉၆၅ မှာ B.L ဥပဒေ၀ိဇ္ဇာဘွဲ့ကို ရပါတယ်။ ၁၉၆၆မှာ ရှေ့နေလိုင်စင်ရတယ်။
●အမေရိကားကို ဘယ်တုန်း ကထွက်လာတာလဲ။ ဘာ့ကြောင့် လဲပြောပြပါ။
ကျနော်က မြန်မာပြည်မှာ ရှေ့နေလိုင်စင်ကို ၁၉၆၆ခုနှစ်ကရတယ်။ မအူပင်ခရိုင်ရဲ့အစိုးရရှေ့နေအလုပ်ကို ၁၉၆၇ကစပြီး ၁၉၇၀ထိလုပ်တယ်။ အမေရိကားကို ၁၉၇၂ခုနှစ်က ရောက်ပါတယ်။ ကျနော်မြန်မာ ပြည်မှာရှေ့နေလုပ်ခဲ့တုန်းက များသောအားဖြင့်က နလက၊ ခလက တို့က ဒီလူကိုထောင်ချပေးပါဆို ရှေ့နေကလည်း ထောင်ချနိုင်မှုမြောက်အောင် ရှေ့နေလိုက်ပေးရသလို တရားသူကြီးကလည်း ထောင်ချ ကိုချပေးရတယ်။ မအူပင်မှာအမှုလိုက်စဉ်က အမှုကပြည်သူပိုင်သိမ်းထားတဲ့အဆောက်အဦးမှာ စာရင်း ကောက်တော့ ဒီအဆောက်အဦးထဲကမီးချောင်းကပျက်နေတော့ စာရင်းထဲမထည့်တော့ဘဲ ဘေးမှာထားထား လို့ တရားစွဲတဲ့အမှုပေါ့။ ဒီအမှုမှာစက်ရှင်တရားသူကြီးက ဦးစိုးမြင့်။ ကျနော်က အစိုးရရှေ့နေ။ ကျနော်က ဒီကိစ္စမှာ တရားခံကို အပြစ်မရှိဘူး။ ထောင်ချလို့မရဘူးလို့ ထွက်ဆိုတယ်။ ဦးစိုးမြင့်ကလည်း ထောင်ချမရဘူးဆို ဆုံးဖြတ်တယ်။ အစိုးရက တရားခံကို အာမခံမပေးဘဲထောင်ထဲ၃နှစ်နေခိုင်းတယ်။ နလက၊ ခလကတို့က ကျနော်တို့ကို ဖမ်းမယ်လုပ်တယ်။ ကံကောင်းချင်တော့ တရားသူကြီးချုပ်ဒေါက်တာမောင် မောင်က မအူပင်ကိုလာတော့ ကျနော်တို့တွေနဲ့စကားပြောခွင့်ရတဲ့အခါ ကျနော်က ” အစိုးရရှေ့နေဆိုတာ အပြစ်ရှိသူကိုမှထောင်ချလို့ရတယ်။ အပြစ်မရှိသူကို လွှတ်ပေးရမှာပဲ။ ဒါမှကျင့်ဝတ်နဲ့ညီတယ်” လို့ပြောပြ တော့ သူကသဘောတူဟန်ရှိတယ်။ နောက်အစိုးရက လာဖမ်းတော့ ကျနော်ရန်ကုန်ထွက်သွားတယ်။ နောက်၂နှစ်လောက်နေတော့ အမေရိကားကို ထွက်လာတာပါပဲ။

●အမေရိကားရောက်တော့ အန်ကယ်ရှေ့နေလိုင်စင်ရဖို့ ကျောင်းပြန်တက်ရသေးလား။
ကျနော်တို့ မြန်မာနိုင်ငံက အင်္ဂလိပ်ကနှစ်ရှည်လများအုပ်စိုးလာတယ်ဆိုတော့ ကျင့်သုံးတဲ့ဥပဒေက အင်္ဂလန်ပုံစံများတယ်။ အင်္ဂလန်ဥပဒေစနစ်တော်တော်များများက California ဥပဒေစနစ်တွေနဲ့ဆင်တယ်။ ရောက်တဲ့နေ့ကနေ၂နှစ်အတွင်း လိုင်စင်စာမေးပွဲဖြေခွင့်ရှိတယ်ဆိုောတ့ ကျနော်ဝင်ဖြေတာ ၁၉၇၅မှာ အမေရိကားရှေ့နေလိုင်စင်ရခဲ့တယ်။
●အန်ကယ်က တရားမမှုနဲ့ ရာဇ၀တ်မှုဘယ်အမှုတွေကိုင်လဲ။
ဒီမှာက ရာဇ၀တ်မှုဖြစ်တယ်ဆို ဆင်းရဲတဲ့သူတွေကို Public Defender ကရှေ့နေငှားပေးတယ်။ ချမ်းသာတဲ့သူတွေကတော့ သူတို့ဟာသုတို့ရှေ့နေငှားကြ
တယ်ပေါ့။ ရှေ့နေအလုပ်က ရာဇ၀တ်မှုကိုင်တယ်ဆို ရပ်တည်ရခက်ခဲတယ်လို့ မြင်တယ်လေ။ ဒါ့ကြောင့် တရားမမှုရှေ့နေလုပ်တယ်။ ကျနော်က Real Estate Broker လိုင်စင်လဲရှိနေတဲ့အခါ  အိမ်၊ ခြံ၊ မြေအမှုတွေမှာ စာချုပ်ကိုချိုးဖောက်မှုတွေလိုက်တာများတယ်။ Immigration အမှုလည်း နည်းနည်းပါးပါးလိုက်တဲ့အခါလိုက်တယ်။ သိပ်လိုက်ချင်စိတ် လဲမရှိဘူး။ Real Estate အမှုတွေလိုက်တဲ့အခါမှာလည်း စာချုပ်ချိုးဖောက်သူကို အကာအကွယ်ပေးလိုစိတ်မရှိတဲ့အတွက် ချိုးဖောက်သူကိုတရား စွဲတဲ့ဘက်နဲ့၊ မှားယွင်းတရားစွဲခံရတဲ့ဘက်ကနေလိုက်တာများပါတယ်။ လင်မယားကွဲတဲ့ကိစ္စလဲ လိုက်ပေမယ့် လာတိုင်ပင်ရင် မကွဲဖို့ဘဲ ပြောတာများတော့ အမှုသည်တွေကသိပ်မကြိုက်ကြဘူး။ Trade Mark, Patent, Copy Right စတဲ့အမှုတွေလိုက်ရတာလည်းများတယ်။ Estate Planning လို့ခေါ်တဲ့အမွေစားအမွေခံကိစ္စတွေလိုက်ရတာလည်းများတယ်။  မိမိပိုင်ပစ္စည်းကို ပေးလိုသူကိုပေးကမ်းလိုတဲ့အခါ တရားရုံးသွားစရာမလိုဘဲပေးနိုင်၊ ယူနိုင်တဲ့အခါမျိုး။ တရားရုံးစားရိတ်သက်သာတယ်လေ။
●အမှုသည်တွေက ဘာလူမျိုးတွေများလဲ။
ထိုင်ဝမ်၊ ဗီယက်နမ်များတယ်။ မြန်မာတွေလည်းရှိတယ်။
●အိမ်၊ ခြံ၊ မြေ အရောင်းအ၀ယ်လုပ်ကြတဲ့အခါ ဒီနိုင်ငံမှာ ဘာသတိထားစရာ တွေရှိသလဲဆိုတာ ဆရာအမှုလိုက်တဲ့အတွေ့အကြုံတွေကနေ စာဖတ် ပရိသတ်သိအောင်မျှဝေ ပေးပါဦး။
Real Estate မှာ Title Search Record ကို စစ်ဆေးတာ သိပ်အရေးကြီးတယ်။ အဖေအစား အဖေကမပိုင်ဘဲ မိထွေးကပိုင်သွားတာ တွေရှိတယ်။  တဦးနဲ့တဦး စနစ်တကျ လွှဲပြောင်းထားခြင်းမရှိတာတွေလည်း ရှိတယ်။ ဦးဖြူကနေဦးမဲကို လက်မှတ်ထိုးပြီးပေးထားတာလား။ ကိုယ်ဝယ်တဲ့အခါ ဒီအိမ်၊ ခြံ၊ မြေက ဘယ်သူ့အမည်နဲ့
တရားဝင်ပိုင်ဆိုင်ထားတာလဲ။ အမွေစား၊ အမွေခံပြဿနာတွေစစ်ဆေးရတယ်။ ဒုတိယအရေးကြီးတာက မြေကွက်က ၅ကွက်ရှိတယ်ဆိုပါစို့။  Record လုပ်တဲ့အခါ ၁၊ ၂၊ ၃၊ ၄၊ ၅ Record လုပ်ရမယ့်အစား ၄ကိုကျော်သွားတယ်။ ၁၊ ၂၊ ၃၊ ၅ ကိုဝယ်လိုက်မိတယ်။ ကိုယ်က တခြားသူကို ပြန်ရောင်းတယ်။ ပြန်ဝယ်တဲ့သူကလည်ူ မြေကွက်အမှတ်၎မပါတာကို ၀ယ်ပြီးမှသိတဲ့ပြဿနာမျိုးကြုံရတတ်တယ်။ အဲ့ဒီ့တော့မှ ဒုတိယရောင်းတဲ့သူကို ဒုတိယ၀ယ်တဲ့သူက တရားစွဲတယ်။ လိမ်ထားတာက ပထမရောင်းတဲ့သူက လိမ်ထားတာ။ ပွဲစားကစစ်တာမမှန်ဘူးဆိုပြီး ပွဲစားကိုပြန်ပြီးတရားစွဲတာမျိုးလည်းရှိတယ်။ နောက်တခါ အိမ်၊ မြေ၀ယ်ဖို့ Inspection လုပ်တဲ့အခါ မရိုးသားပါဘူးဆိုပြီး အိမ်ရောင်းသူနဲ့ ပွဲစားကိုတရားစွဲတာတွေ လည်းရှိတယ်။ အရောင်းအ၀ယ်လုပ်တော့ Escrow Paper ရေးတဲ့အခါမှာ ဟိုနေရာဒီနေရာပျက်နေတာတွေကို မပြောဘဲရောင်းပါတယ်ပေါ့။ Disclosure လို့ခေါ်တယ်။ ဖွင့်ပြောရတယ်။ စစ်ဆေးလို့လိမ်တာသိရင် ရောင်းသူနဲ့ပွဲစား တရားအစွဲခံရတယ်။ ခြစားတဲ့ဟာတွေ လည်း ဒီအတိုင်းပဲ။ နောက်ပြဿနာတခုက အဖေနဲ့သားနာမည်ကတူနေတယ်။ သားဖြစ်သူကသူပိုင်တယ်ဆိုပြီး ရောင်းလိုက်တယ်။ တရားဝင်ပိုင်နေသူက အဖေဖြစ်နေတယ်ပေါ့။ အမှုဖြစ်နေတဲ့ အိမ်၊ ခြံ၊ မြေကို မသိဘဲဝယ်မိလို့ ပြဿနာတက်တဲ့ အမှုတွေလည်းကြုံဖူးတယ်။
●အန်ကယ်က ဒီရောက်နေတာ နှစ်၄၀ကျော်ပြီဆိုတော့ မြန်မာပြည်အခြေ အနေတွေကိုရော ဘယ်လို လေ့လာသလဲ။ အမေရိကားက မြန်မာ့နိုင်ငံရေးအခမ်းအနား
တွေမှာ အန်ကယ်လဲပါဝင်လှုပ်ရှားခဲ့တာ ကြားဖူးတယ်လေ။
ဟိုတုန်းကကျ အင်တာနက် မရှိဘူးလေ။
Times, Newsweek မဂ္ဂဇင်းတွေ
ဖတ်ရတယ်။ ရေဒီယိုနားထောင်ရတယ်။ မြန်မာပြည်က သတင်းစာအတိုအထွာ
တွေကို ရှာဖွေဖတ်ရတယ်။ အစိုးရထုတ်
တဲ့သတင်းစာဖြစ်တဲ့အတွက် ၀ါဒဖြန့်
သတင်းစာသက်သက်မှန်းသိတော့ သူ့ဟာကို ပြောင်းပြန်စဉ်းစားယူရတယ်။ ၁၉၈၈တုန်းက ထိုင်းမှာတောခိုနေတဲ့ ဦးတင်မောင်ဝင်းနဲ့ဦးရဲကျော်သူက ဆက်သွယ်လာတော့ အရင်က Los Angeles
မှာမြန်မာအသင်းလုပ်ကိုင်ကြသူတွေဖြစ်
တဲ့ ဒေါ်မေချစ်သွင်၊ ဦးကျော်ဝင်းတို့နဲ့ အတူ ကိုယ့်နိုင်ငံအတွက်လှုပ်ရှားမှုတွေ တတ်နိုင်သလောက်လုပ်ခဲ့တယ်။ နိုင်ငံရေး
ပွဲတွေလုပ်တိုင်းလည်း နိုင်ငံတကာ
ကသိအောင် ရေဒီယိုနဲ့တီဗွီတွေဖြစ်တဲ့ Channel 2, 4, 7, 11 တွေကိုခေါ်တယ်။  ကျနော်တို့လုပ်တဲ့ သတင်းတွေက LA Times
နဲ့ Orange County ကထုတ်တဲ့သတင်းစာ
တွေမှာ ဖော်ပြခံခဲ့ရတယ်။ အဲ့ဒီ့တုန်းက မြန်မာ့အရေးအခမ်းအနားတွေမှာ လူု၎ရာ၊ ၅ရာထိလာကြတယ်။ ကျနော်တို့ ၁၉၈၈မှာ တည်ထောင်ခဲ့တဲ့အသင်းအဖွဲ့က Federation for Human Rights and Democracy in Burma ဖြစ်ပါတယ်။ ကျနော်က ဥက္ကဌတာဝန်ယူပြီး ဦးလှရွှေက ဘဏ္ဍာရေးမှူးတာဝန်ယူပါတယ်။
●အန်ကယ်က အမေရိကားမှာ နိုင်ငံရေး
လှုပ်ရှားမှုတွေအတွေ့အကြုံလည်းများ
တယ်၊ ဥပဒေပညာရှင်လည်းဖြစ်တယ်ဆို
တော့ ကျမတို့မြန်မာတွေ နိုင်ငံရေး၊ လူမှုရေး
ကိစ္စတွေလုပ်တဲ့အခါ ဘယ်လိုအချက်
တွေရှောင်သင့်လဲ။ ဆောင်သင့်လဲ အကြံဥာဏ်ပေးပါဦး။
ဒီနိုင်ငံမှာ ကျနော်တို့တွေ မြန်မာပြည်
အတွက် လူမှုရေး (ရေဘေး၊ လေဘေး၊ မီးဘေး)ပဲလုပ်လုပ်၊ နိုင်ငံရေးပဲလုပ်လုပ် အဓိကအကျဆုံးအချက်က ငွေရေးကြေး
ရေးကို စာရင်းနဲ့အင်းနဲ့လုပ်ဖို့ပဲ။ နောက်တခုက ဒီနိုင်ငံကတရားဝင်ခွင့်ပြုချက်ရထားတဲ့အသင်းနဲ့အဖွဲ့နဲ့လုပ်တာက နည်းလမ်းအမှန်ဆုံးပဲ။ ဒီမှာက Religious Organization, Nonprofit Organization, Mutual- Benefit Nonprofit Corporation, Profit Corporation အသင်းတွေ တရားဝင်ထောင်ခွင့်ပေးထားတယ်။ ဥက္ကဌ၊
အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး ရာထူးအသီး
သီးနဲ့သွားရမယ်။ အနည်းဆုံး၃ဦးရှိရမယ်။ ကိစ္စကြီးငယ်၊ အမှုတခုခု ဖြစ်လာပြီဆိုရင် တရားစွဲဆိုခြင်းကို လက်ခံနိုင်စွမ်းရှိတဲ့ Process Server ရှိရမယ်။ အစိုးရအခွန်ရှင်းလင်းနိုင်ဖို့ 501(c) ရှိကိုရှိရမယ်။ အသင်းအဖွဲ့ရှိခြင်းအား ဖြင့်စည်းနဲ့ကမ်းနဲ့ရှိပြီး လူယုံကြည်မှုရမယ်။ သူတပါးတိုက်ခိုက်မှု၊ သံသယတွေကို ရှင်းနိုင်တဲ့စွမ်းအားရှိမယ်။ အသင်းမရှိရင် ပွဲလုပ်တဲ့အခါလူလာကောင်းလာမယ်။ အမြင်မကောင်းဘူး။ ငွေရေးကြေးရေးနဲ့ စည်းကမ်းပိုင်းမှာ လိုသူရော၊ မလိုသူကပါ သံသယဖြစ်နိုင်တယ်။ နောက်တခု မြန်မာပြည်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အခမ်းအနားတွေလုပ်တဲ့အခါ တတ်နိုင်သလောက် အင်္ဂလိပ်လိုအခမ်းအနားမှာ ပြောနိုင်ရင်ကောင်းတယ်။ ဒါမှ နိုင်ငံ
တကာမီဒီယာမှာဖော်ပြနိုင်မယ်။ အခမ်းအနားတိုင်းမှာ ပိုက်ဆံကောက်ရင်လဲ စာရင်းနဲ့အင်းနဲ့ လုပ်ဖို့လိုတယ်။
●အန်ကယ်က အမေရိကားမှာတည်
ထောင်တဲ့မြန်မာအဖွဲ့အစည်းတွေမှာလည်း ဥပဒေအကြံပေးအနေနဲ့ကူညီပေးတယ်လို့သိရပါတယ်။
ဒေါက်တာဇော်ထွန်းတည်ထောင်တဲ့ Southern California Burmese Association, နောက်တခါ Burmese American Dental Association တွေမှာ၊ ၁၉၇၉ က Burma Buddhist Monastery( အဲ့ဒီ့အချိန်ကCommonwealth မှာ)  အသင်း
By Law ကို ဘယ်လိုရေးသင့်တယ်ဆိုတာ ညွှန်ကြားပေးခဲ့ပါတယ်။ မြန်မာအသင်း
တွေတင်မကဘူး ဗီယက်နမ်အသင်း၊ Fukienese အသင်းတွေအတွက်လည်း စည်းမျဉ်းဥပဒေတွေရေးပေးခဲ့ပါတယ်။
●၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုမြင်ပါလဲ။
နံပါတ်၁။ လွှတ်တော်ထဲ ၂၅%သော တပ်မတော်သားပါရမယ်ဆိုတာက လုံးဝကို
လက်ခံနိုင်စရာမရှိဘူး။ နံပါတ်၂။ ရွေးကောက်ပွဲမှာ ဟိုလူမပါရ။ ဒီလူမပါရ ကလည်း မဟုတ်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားနဲ့လက်ထပ်လို့၊ နိုင်ငံခြားသား သား၂ဦးရှိလို့ အားနည်းချက် သဖွယ်ထောက်ပြတာလည်း လက်ခံစရာမရှိဘူး။ ပြည်သူက သူ့ကိုလက်ခံတာ ဗိုလ်ချုပ်အောင်ဆန်းသမီးမို့လို့ တချက်ထဲမဟုတ်ဘူး။ သူ့အပြောအဆို၊ အလုပ်အကိုင်ကို ပြည်သူကလက်ခံတာ။ လေးစားတာဖြစ်တယ်။ သူသည် Political Science နားလည်တယ်။ Philosophy ကောင်းတယ်။ Honest ရိုးသားပြီးသစ္စာရှိတယ်။  နိုင်ငံနဲ့ပြည်သူကို မလိမ်မညာဘူး။ ရွေးကောက်ပွဲကို ၀င်ခွင့်ရှိတယ်။ နံပါတ်၃။ အချိန်မရွေး တပ်မတော်က အာဏာပြန်သိမ်းနိုင်တယ်။
●မြန်မာပြည်အရွေ့အပြောင်းကို ဘယ်လိုမြင်ပါလဲ။
မြန်မာပြည်မှာ လူထုရွေးကောက်တင်မြှောက်တဲ့၊ လူထုအလိုကျအုပ်ချုပ်တဲ့၊ လူထုကောင်းကျိုးအတွက် ဆောင်ရွက်တဲ့ အစိုးရတက်လာမှပဲ ဒီမိုကရေစီရပြီလို့ လက်ခံနိုင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလို့ဆိုရာမှာလည်း ဒီမိုကရေစီနည်းလမ်းကျတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာက လွတ်လပ်စွာစည်းရုံးနိုင်၊ လွတ်လပ်စွာပြောဆိုနိုင်၊ လွတ်လပ်စွာရေးသားပိုင်ခွင့်တွေရှိရမယ်။ ငါသာလျှင်ပြောမယ်။ ငါသာလျှင် အသံလွှင့်မယ် ဆိုတာမျိုးတွေ လုပ်နေမယ်ဆိုရင်တော့ ကတော့ ဒီမိုကရေစီမကျပါဘူုး။
●အန်ကယ်က ဥပဒေပညာရှင်၊ Real Estate Broker လည်းလုပ်ဖူးတယ်ဆိုတော့ လောလောဆယ် မြန်မာပြည်မှာ လယ်မြေတွေ၊ လူနေ ရပ်ကွက်တွေကို  တပ်မြေတွေ၊ ကျူးကျော်ရပ်ကွပ်တွေဆိုပြီး အစိုးရကသိမ်းတာမျိုး။ အစိုးရနဲ့ဆက်စပ်မှုရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းတာမျိုးကို ဘယ်လိုမြင်ပါလဲ။ နောက်ပြီး တချို့အသိမ်းခံရတဲ့လယ်မြေတွေပိုင်တဲ့ လယ်သမားတွေကို အစိုးရက ငွေပေးပြီးဝယ်ထားပြီးသားလို့ ပြောကြဆိုကြတာတွေလဲရှိတယ်။
၁၉၆၂နောက်မှ ဖြစ်တာတွေဆို မမှန်မကန်လုပ်တာတွေလို့ပဲ ပြောချင်တယ်။ စစ်တပ်က ဘယ်တုန်းကမှ မပိုင်ပါဘူး။ ” အရောင်းအ၀ယ်လုပ်တယ်” ဆိုတဲ့အဓိပ္ပာယ်က ၀ယ်သူနဲ့ရောင်းသူနှစ်ဘက်လုံးကျေနပ်ပါမှ အထမြောက်ပါတယ်။  Mutual Benefit
ရှိရမယ်။ ငါဒီမြေ၊ ဒီလယ်လိုချင်တယ်။ ဒီလောက်ပေးမယ်။ ဒီလောက်ပဲယူ ဆိုပြီး ဈေးနှိမ်ဝယ်တာမျိုးက ” အတင်းသိမ်း” တာလို့ အဓိပ္ပာယ်သတ်မှတ်ရပါမယ်။ ” ကျူးကျော်နယ်၊ ကျူးကျော်ရပ်ကွက်” လို့ဆိုရာမှာ ဥပဒေက အကန့်အသတ်
ရှိပါတယ်။ “Statute of Limitation” ဆိုတဲ့ဥပဒေဝေါဟာရရှိတယ်။ ဥပမာအားဖြင့် အမေရိကားမှာဆို သူများပိုင်နက်မှာ ပိုင်ရှင်မရှိလို့ တက်နေတယ်ထား
ပါတော့။ ပိုင်ရှင်က တားချင်ရင်  ၄နှစ်ခွဲကာလအတွင်းမှာ တားရတယ်။ ၅နှစ်ကြာရင် တက်နေသူက ပိုင်သွားပြီ။ တားလို့မရတော့ဘူး။
●မြန်မာ့ဂဇက်ကို ဖတ်ပါလား။ ဘယ်လိုမြင်ပါလဲ။
ခင်ဗျားတို့ မြန်မာ့ဂဇက်သတင်းစာကို နေရာတော်တော်များများမှာတွေ့ပါတယ်။
လစဉ်လည်း ဖတ်ပါတယ်။ သတင်း၊ ဆောင်းပါး၊ ကာတွန်း၊ ကဗျာ၊ အယ်ဒီတာ့ အာဘော် အကုန်ဖတ်ပါတယ်။ နိုင်ငံရေး
အယူအဆနဲ့ပတ်သက်တဲ့စာတွေတော်တော်နှစ်သက်တယ်။ မြန်မာအသိုင်းအ၀ိုင်း အတွက် စီးပွားမဖက်ဘဲ ရှိတဲ့လူအင်အားလေးနဲ့ လစဉ်ထုတ်ဝေနေတာကို လေးစားပါတယ်။ ဆက်လက်ကြိုးစားပါလို့ပြောချင်ပါတယ်။

kai

About kai

Kai has written 869 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.