“ပြေ ကွဲ ဇာတ်လမ်း”

“ပြေ ကွဲ ဇာတ်လမ်း”

 

ပုတီးကုံး

အစည်းပြေ

အစီစီ

မွကြဲ

တစ်ကွဲစီ။

 

မှန်တစ်ချပ်

ကျကွဲကြေ

အစိတ်စိတ်

မွကြဲ

တစ်ကွဲစီ။

 

အချုပ်ပြေသော်

တစစီကွဲ

ဖြစ်မြဲ

ဓမ္မတာ။

ထိပ်ခေါင်ချုပ်

ပြောင်းကြွကြွေ

တစ်စစီ

ကွဲ မကွဲ

အစည်း

ပြေ မပြေ

စိတ်ဝင်စားပါသလေ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

30-7-2015

 

 

 

 

 

 

 

8 comments

  • မြစပဲရိုး

    July 30, 2015 at 8:48 pm

    သူတို့ ကွဲပြီး ပို ဇာတ်ရှုပ်ကုန်မှာကို ပိုပြီး စိုးရိမ်နေမိတာပါဘဲ ကိုပေါက်ကြီးရာ။

  • အသံတွေ ကြားနေရတယ်
    အသံတွေ ကြားနေရတယ်
    ငါ့ခေါင်းပေါ်ကလား
    ငါ့ခြေထောက်အောက်ကလား

    အသံတွေကြားနေရတယ်
    အသံတွေကြားနေရတယ်
    အသံတွေကြားနေရတယ်

  • aye.kk

    August 4, 2015 at 5:41 pm

    ကိုပေါက်ရေ
    စိတ်ဝင်စားမိပါတယ်
    ဘာတွေဆက်ဖြစ်လာမလည်းလို့လေ…..။။

  • Alinsett @ Maung Thura

    August 5, 2015 at 7:34 am

    ဖတ်သွားပါကြောင်း
    ဖတ်ပြီး တွေးမိ ငေးမိရင်းဖတ်ဖတ်မောသွားပါကြောင်း
    ဖတ်ခနဲ ကိုယ့်နဖူးကို ရိုက်ရမယ့်အဖြစ်မျိုးတော့ တွေ့ရမှာ စိုးပါကြောင်း
    .ကြောင်းးး
    .ကြောင်းးး

  • အလင်းဆက်ရေ

    ကိုယ့်အတွက်မောရင်း
    သူ့များအတွက်မောရင်း
    အမောတွေမပြေနိုင်တာကြာပေါ့

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 5:06 pm

    .များသောအားဖြင့်ကတော့လေ အရင်လူထက် နောက်လူပိုဆိုးတတ်တယ်။ ဟိုစကားပုံတောင် ရှိသေးတယ်။

  • မောင်ပုလဲ ရယ် ဒိုင်းဝန်ရယ်

    ဘယ်သူ ပိုကဲ မလဲ လု့ ိလဲ တွေးမိပါတယ်

    အတူတူနဲ့ အနူနူချည်းဘဲ ထင်မိပါတယ်

Leave a Reply