ယုံချင်ယုံ မယုံချင်နေ (၅)

cobraAugust 25, 20101min704

အာဖရိက နဲ့ အာရှတိုက်ရဲ့ အချို.ဒေသတွေမှာ … ရာစုနှစ်တွေကြာအောင် အမျိုးသမီးတွေဟာ
လည်ပင်းဆန်.ထုတ်မှုကို ပြုလုပ်ကြပါတယ် ။ တချို.ဒေသတွေမှာ အမျိုးသားများပါ လုပ်ကြပါတယ် ။

မြန်မာပြည်မှာတော့ ပဒေါင်လူမျိုးတွေဟာ စုစုပေါင်း ၁၈ လက်မ ( ၄ဝ စင်တီမီတာ)ထိ လည်ပင်းအရှည်
ရအောင် ဖန်တီးကြပါတယ် ။

သူတို.ဟာ အသက်ငယ်စဉ်မှာတော့ ကွင်းငါးကွင်း ကိုပဲ တပ်ဆင်ပါတယ် ။ နှစ်စဉ် နှစ်တိုင်း
ကွင်းတစ်ကွင်းစီ ထပ်ပေါင်းတပ်ဆင်ပါတယ် ။ အဲဒီလို လုပ်တာဟာ စုစုပေါင်း ၂၅ ကွင်း ရောက်တဲ့ ထိပါပဲ ။
လည်ပင်းကို ဆွဲဆန်.ပေးတယ်လို. ထင်ရတဲ့ အဲဒီကွင်းတွေကို တသက်လုံး တပ်ဆင်ထားရတာဖြစ်ပါတယ် ။ အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်ထောင်ရေးဖေါက်ပြန်မှုကို ကျူးလွန်တဲ့အခါမှသာ အဲဒီကွင်းတွေကို
ဖယ်ရှားပစ်ပါတယ် ။ အဲဒီလို ကာလကြာရှည်စွာ ကွင်းတွေ ဆင်မြန်းထားခဲ့တဲ့အတွက် အမျိုးသမီးဟာ
ကွင်းတွေ ဖယ်ရှားလိုက်တဲ့အခါ လည်ပင်းကြွက်သားတွေက အားနည်ပြီး လည်ပင်းကကို ကောင်းစွာ
ပင့်မ မထားနိုင်တော့ပါဘူး … ဒီတော့ ပစ်မှုကျူးလွန်လို. လည်ပင်းက ကွင်းတွေ ဖယ်ရှားပစ်ခံရတဲ့
အမျိုးသမီးဟာ လည်ပင်းကြီး ခွေယိုင်လဲသွားတဲ့အတွက် အသက်ရူကြပ်ပြီးသေသွားနိုင်ပါတယ် ။

အဲ … ခု ဒီခေါင်းစဉ်အောက်မှာ အမှန်တကယ်ပြောပြချင်တာကို ထပ်ပြောပြပါ့မယ် ။
ငယ်ငယ်က ထင်ခဲ့တာက အဲဒီကွင်းတွေဟာ လည်ပင်းကို ဆွဲဆန်.တဲ့ အတွက် လည်ပင်းက
ရှည်ထွက်လာတာလို.ပေ့ါ … ။ အမှန်တော့ မဟုတ်ပါဘူးခင်ဗျာ ။ကြေးဝါကွင်းတွေဟာ လည်ပင်းကို
ဆန်.ထုတ်မဲ့ အစား သူတို.ရဲ့  အလေးချိန်နဲ့ ဖိအားကြောင့် ပခုံးတွေ နိမ့်ကျသွားစေတာ ဖြစ်ပါတယ် ။
ရှုပ်သွားပြီလား မိတ်ဆွေ ။ အဲဒီ အမျိုးသမီးရဲ့ အရပ်က ၅ ပေခွဲရှိရင် ကွင်း ၂၅ ကွင်း တပ်ပြီးရင်လည်း ၅ ပေခွဲပဲ

ရှိပါလိမ့်မယ် ။အရပ် သိသာစွာထပ်မရှည်လာပါဘူး ။ ပခုံးသာ နိမ့်သွားတာပါတဲ့ ခင်ဗျာ။ကျွန်တော်လည်း
အပြင်မှာ ပဒေါင်လူမျိုး နှစ်ယောက်ကိုသာ တွေ.ဖူးပါတယ် ။အမှန်တကယ်ပဲ  ပခုံးတွေ နိမ့်နေပါတယ် ခင်ဗျ ….

4 comments

  • winne

    August 25, 2010 at 7:14 am

    ဒီလိုမျိုးကွင်းတွေ တပ်ပေးတာ အိမ်ထောင်ရေး ဖောက်ပြန်ရင် အပြစ်ပေးဖို့ လုပ်တာဆိုတော့.. ဟိုး အရင်ကတည်းက အစဉ်အဆက် ဘယ်နိုင်ငံ ဘယ်လူမျိုးဘဲ ကြည့်ကြည့် မိန်းမဆိုတာ ဖောက်ပြန်တတ်တဲ့ အမျိုးဆိုပြီး ယောကျားများကတော့ ပေါ်ပေါ်ထင်ထင် နောက်တယောက် ယူပိုင်ခွင့်ရှိတယ်လို့ ဥပဒေတွေ တော်တော်များများမှာ ဖော်ပြထားတာတွေ သိခဲ့ရတယ်။ လောကမှာ မိန်းမတွေ အနိမ်ခံရတဲ့ ဘဝကတော့ ဘဝပေးကံများဘဲလားမသိဘူး။

  • kopauk mandalay

    August 25, 2010 at 9:28 am

    ကျနော်ကြားဘူးတာတော့ အပစ်ပေးဘို့အတွက်ရည်ရွယ်ပြီး ကွင်းတွေတပ်တာမဟုတ်ပါဘူး။
    အလှအပအတွက်ရယ် ဂုဏ်ဒြပ်အတွက်ရယ်ပါတဲ့။
    လူတိုင်းလည်းကွင်းမတပ်နိုင်ဘူးလို့ထင်ပါတယ်။

  • divamyo001

    August 26, 2010 at 2:18 am

    ထူးထူးဆန်းဆန်း ဘဲဗျ ။အသက်ရူမကျပ်ဘူးလားမသိဘူး

  • Gong Zhu

    September 16, 2010 at 7:44 pm

    နာလားမသိဘူးနော် . . .

Leave a Reply