“ အဖြေမရှိတဲ့ ပဟေဠိများနဲ့နိုင်ငံ “

“ အဖြေမရှိတဲ့ ပဟေဠိများနဲ့နိုင်ငံ “

တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၁၀)

 

ကျနော်တို့နိုင်ငံရဲ့ လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက

မယုံနိုင်လောက်စရာ

စဉ်းစားလို့မမှီနို်င်စရာတွေနဲ့ပြည့်နှက်လိုနေပါတယ်။

အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းပုံတွေက လူသာမန်တွေစဉ်းစားလို့မလိုက်နိုင်တဲ့

ဖြေရှင်းနည်းတွေဘဲကြုံနေပါတယ်။

အံ့ဩစရာကောင်းတဲ့အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်လာတာကလဲ

အံ့ဩစရာဆိုတာထက်ပိုအံ့ဩဘို့ကောင်းနေပါသေးတယ်။

တိုင်းပြည်ပဲ့ကိုင်ခေါင်ချုပ်တစ်ဦး ကွယ်လွန်သွားချိန်နဲ့တိုက်ဆိုင်စွာ

နာမယ်ကျော်စီးပွားရေးသမားရဲ့ပိုင်ဆိုင်တဲ့ နေရာထဲမှာ

စိတ်ကြွဆေးပြားကားတစ်စီးတိုက် ပိုင်ရှင်မဲ့ တွေ့ရပြန်သတဲ့။

 

ပြဿနာအတော်များတဲ့ မင်းအုပ်စိုးအမူ့ကိုတစ်သက်တစ်ကျွန်းချလိုက်တဲ့အချိန်မှာ

သစ်ခိုးခုတ်တဲ့အမူ့ကိုလဲတစ်သက်တစ်ကျွန်းချလိုက်ပြီးဆိုတဲ့သတင်းထွက်လာတော့

ဟုတ်မှဟုတ်ရဲ့လားလို့ ထင်သူထင်။

ထင်ဆိုလဲထင်လောက်စရာပါဘဲ ။

ပညာရေးအတွက်တိုက်ပွဲဝင်တာကလွဲလို့ ဘာအမူ့အခင်းမှမလုပ်ခဲ့ဘူးတဲ့

ကျောင်းသားကျောင်းသူတွေကိုတော့ရုံးထုတ်ရင်လက်ထိပ်ခပ်ထားပေမယ့်

လူတစ်ယောက်အသက်ကိုမသေမချင်းသတ်ခဲ့ရုံမက အမူ့အခင်းများစွာ

ရင်ဆိုင်ခဲ့ဘူးတဲ့သူကတော့ လက်ထိပ်မခတ်။

ဝတ်စားထားပုံကမိုက်ပြစ်အတွက်အပြစ်ဒဏ်ကျခံရတော့မယ့်သူနဲ့မတူ။

ဘာကြောင့်လို့ ဒီလိုကွာခြားသလဲလို့မေးကြည့်ရင်ဒါကလဲပဟေဠိတစ်ခု။

 

တိုင်းပြည်ကို တရား မဝင်ခိုးဝင်

သစ်တွေခိုးခုတ်။

(ဒီအလုပ်တွေက လဲ အတွင်းလူမပါဘဲလုပ်လို့မရ)

တဲ့တိုင်းတပါးသားကိုလဲ တစ်သက်တစ်ကျွန်းတွေဘာတွေဟန်တန်ပန်တန်နဲ့

ချလိုက်တော့ ဒီတစ်ခါတော့ တကယ်လုပ်ပဟလို့တွေးနေလို့မှမဆုံးသေးဘူး

လွတ်ငြိမ်းချမ်းသာခွင့်ထဲရောပြီးလွှတ်ပေးလိုက်တော့ အားလုံးမှာ

တအံ့တဩကြီးကိုဖြစ်လို့ပါဘဲ။

တပြည်လုံးအတိုင်းအတာနဲ့ အရေးကြီးပါတယ်

စိတ်ဝင်စားပါတယ်ဆိုတဲ့ရွေးကောက်ပွဲ အတွက်ပြင်ဆင်ထားတဲ့

မဲပေးနိုင်သူစာရင်းတွေကလဲ အမှားတွေတပုံတပင်၊

ကျောင်းသားအရေးမှာရဲတပ်ဖွဲ့နှိမ်နှင်းပုံကြမ်းတမ်းပါတယ်လို့ဝေဖန်လို့မှအသံမတိတ်ခင်

ဘာတာဝန်မှန်းမသိ ဘယ်ကမှန်းမသိတဲ့ “တာဝန်”တံဆိပ်တတ်ထားသူတွေ့ရဲ

လက်စွမ်းကိုမြင်လိုက်ရပြန်ပါတယ်။

တိုင်းပြည်အုပ်ချုပ်သူတွေထဲကလဲ

ပြောလို်က်တဲ့စကားတွေကမှတ်သားစရာ။

နေထိုင်ပြုမူပုံတွေကလဲ

သူများမေးငေါ့စရာတွေတစ်ပုံတစ်ပင်။

ဖေစ်ဘုတ်ဆိုတဲ့ ဘေးမဲ့ပေးထားတဲ့နေရာကြီးမှာ

ကလော်တုတ်သူကတုတ်

လော်ဘီလုပ်သူကလုပ်

အရင်ကလေသံတောင်ကျယ်ကျယ်ထွက်မခေါ်ရဲသူတွေကို

သူဘက်ကိုယ့်ဘက် အပုတ်ချလိုချ

ဆဲလိုဆဲနဲ့တကယ့်ဘေးမဲ့ပွဲတော်ကြီးပါဘဲ။

 

နာမယ်တပ်ပြီး ကလော်ဆဲနေပေမယ့်လဲ တကယ်မကြိုက်တာဟုတ်ပါရဲ့လား

တဖွဖွ တသသ နဲ့ ချီးမွမ်းခန်းတွေဖွင့်နေပေမယ့်လဲ စိတ်ထဲက တကယ်ကြည်ညိုတာဟုတ်ပါ့မလား

သာမန်လောက်တွေးတောတတ်သူတောင်မပြောလောက်တဲ့ ဟာသမြောက်တဲ့စကားတွေကို

ထုတ်ပြောနေတာကရော တကယ်မသိတာလား

ပြောချင်ရာပြောတော့ ဘာလုပ်ချင်သလဲကွာဆိုတဲ့အချိုးနဲ့စိန်ခေါ်တာလား

လွပ်လပ်ခွင့်ပေးပါ တစာစောအော်နေကြတဲ့မီဒီယာ အသိုင်းအဝိုင်းကရော

ဖြစ်ကတတ်ဆန်းသတင်းတွေတင်

ထင်ရာတွေရေး

ဖိုတိုရှော့တွေနဲ့ဓါတ်ပုံတွေပြင် ကိုယ်ထင်သလိုကိုယ်လုပ်နေကြတာကကော

တကယ်သတင်းအစစ်မဟုတ်သူတွေကဘဲ မီဒီယာလောကနာမယ်ပျက်အောင်

လုပ်နေသလား

တကယ်ကို မသိဘဲလုပ်နေကြသလား

သက်တမ်းကုန်ဘို့လပိုင်းဘဲလိုတော့တဲ့လွှတ်တော်လက်ထက်မှာ

ဖြစ်ပျက်ခဲ့တဲ့ မပြီးပြတ်သေးတဲ့အမူ့အခင်းတွေကို

နောက်ဆက်ခံနိုင်မယ့်သူတွေကရော တာဝန်ယူဖြေရှင်းပါ့မလား

ဆိုတဲ့မေးခွန်းတွေ တသီကြီးကို မေးကြည့်မိတော့

အားလုံးက ပဟေဠိဆန်ဆန် အဖြစ်အပျက်တွေချည်းဘဲမို့

အဖြေညှိလို့လဲ လွယ်မယ်မထင်တော့ပါဘူး။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

30-7-2015

 

15 comments

    • မြစပဲရိုး

      July 30, 2015 at 11:20 pm

      Many Congratulations ပါ ကိုပေါက်ကြီး။
      ဒီလို ပန်းဝင်နိုင်ဖို့ တကယ်တမ်း သိပ်မလွယ်တာ ကိုယ်တွေ့မို့ ပိုပြီး ဂုဏ်ယူပေးပါတယ်။ :-))

      အားလုံးကတော့ ခေါင်မလုံလို့ဘဲ ဆိုချင်ပါတယ်။
      . ရွှေပြည်ကြီးထဲ ဒီလူကြီး တွေ ဘာကြောင့် တောင် ဒီလောက် မောဟဖုံး ပြီး ကိလေသာမီး လောင် နေကြတယ် ဆိုတာ စဉ်းစားလို့ ကို မရနိုင်ဘူး။
      အသက်တွေလဲ ငယ်ကြတော့တာမဟုတ်။
      ငယ်တုန်း ထက်တုန်းမို့ အာရုံ ကို အမှောင်လွှမ်းတာ နားလည်နိုင်သေးတယ်။
      အခုဟာ က တကဲ့ ကို တရားလက်လွတ် ကို ဖြစ်နေတော့တာ။

      မနေ့က ဆရာတော် တရားခေါင်းစဉ်ကို ယူသုမ်းရရင် သူတို့ စိတ်တွေထဲ ဘယ်လောက်တောင် အဆိပ်ဖြစ်နေကြလဲ မှန်းနိုင်တယ်။
      . ကြောက်ဖို့ကောင်းတယ်ပြောရမလား။ သနားဖို့ကောင်းတယ် ပြောရမလားတောင် မသိတော့ပါဘူး။

      • ကျေးဇူးပါ ကိုလတ်ကြီးရေ

        မကြာမီအချိန်အတွင်းမှာ ကိုလတ်လဲ မှတ်တမ်းတစ်ခု တင်နိုင်တော့မှာပါ။

        မနေ့က မိတ်ဆွေတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တော့

        တစ်ယောက်က ပြောသွားတာကတော့ အမှတ်တရပါဘဲ

        မြန်မာပြည်အဆက်ဆက်မှာ

        လူတန်းစားနှစ်မျုးိဘဲရှိတယ်တဲ့။

        တိုင်းပြည်ကို ပြပြီး လုပ်စားသူနဲ့ လုပ်စားတာခံရသူ ပါတဲ့

  • kai

    July 31, 2015 at 12:57 am

    ရွေးကောက်ပွဲဆိုတာကြီးနီးလာရင် နိုင်ငံတိုင်း(တိုင်း) အဲလိုပါပဲ..။
    အာဏာရပါတီ/လူရယ်..။ အာဏာမရသေးတဲ့ပါတီ/လူရယ်… ထူးထူးဆန်းဆန်းတွေလုပ်ကြ..ဖြစ်ကြတာပေါ့..။

    လူကို” ဖောျင်”တာတွေ…မလာသေးသမျှ.. မဆိုးသေးဘူးဆိုရမှာပါပဲ..။
    မြန်မာပြည်က..တော့.. အဲဒါမျိုးကျအစဉ်အလာရှိတယ်လေ…။

    • kai

      July 31, 2015 at 7:16 am

      လူဖျောင်.. လူသတ်.. တောခိုသူပုန်ထတွေမဖြစ်ခဲ့ရင်.. အခုသမ္မတဦးသိန်းစိန်နဲ့အုပ်ချုပ်ရေးအဖွဲ့ရဲ့.. သမိုင်းဝင်အောင်မြင်မှုအဖြစ်.. ခရက်ဒစ်ပေးရလိမ့်မယ်..။
      ၂၀၁၅အလွန်ကို.. အကြိမ်ကြိမ်လှမ်းကြည့်နေမိ…။

      ဒီမိုး..ဒီလေ..ဒီလူများနဲ့တော့… :k:

  • YE YINT HLAING

    August 1, 2015 at 4:50 pm

    ဘေးမဲ့ပွဲတော်ကြီးမှာ အဲဒီလို ဆဲဆို နေတာတွေ ကိုစီစစ် အရေးယူ မဲ့အကြောင်း ဦးစိုးသိမ်း ပြောတာတော့ ဖတ်လိုက်ရတယ်။

  • အရင်က အီးမေးလ် အကောင့်တစ်ခုရှိရင်တောင် အထဲဖမ်းထည့် ခံရတာတွေရှိတယ်
    အခုတော့ ဖေစ်ဘုတ်မှာ ဆဲချင်တိုင်းဆဲနေတာကို မသိချင်ယောင်ဆောင်နေရုံမက
    အပြန်အလှန်တောင်ဖြေပေးနေကြသေးတယ်။

    ဒီတော့ ဒါဟာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ ထင်ိမိပါတယ်

  • ဟေသီ

    August 4, 2015 at 10:41 am

    မင်းအုပ်စိုး အမှုနှင့် ပတ်သက်လျှင်တော့ ဥပဒေသမား တစ်ယောက်အနေနဲ့ ကြည့်လျှင် များလွန်းတယ်လို့ ထင်မိတယ်။ ဒေါသအလျောက်သတ်တယ်။ ကိုယ်တိုင် ရဲစခန်းကို ဝန်ခံတယ်။ ဒါက လျှော့ပေါ့လို့ ရတာပဲ။ ဒီတစ်သက်တစ်ကျွန်းချမှုက ထောင်ပိုင်တွေ ကောင်းစားရေးနဲ့ လူထု ပါးစပ်ပိတ်ရေး အတွက် ချပေးတဲ့ ပြစ်ဒဏ်လု့ိပဲ မြင်မိပါတယ်။

  • မ ဟေသီ ရေ

    ကျနော်ဥပဒေတော့ သိပ် ထဲထဲဝင်ဝင် မသိပါ။

    ဒါပေမယ့် ဒီအမှူ့မှာ

    မသေ မချင်း ဆိုတဲ့ စကားလုံဲးနဲ့များ ချည်တုပ်ပြီး လုပ်ထည့်လိုက်သလားတော့ မသိဘူး

    မ ဟေသီ ပြောသလို

    အများကြိုက် လုပ်ထည့်လိုက်တာလဲ ဖြစ်နိုင်ပြန်ပါတယ်

  • manawphyulay

    August 5, 2015 at 2:31 pm

    ဒါဆို ပဟေဠိ ညှိတဲ့ လေးပေါက်ပေါ့…. ထပ်ဆင့် ကွန်ကရက်ကျူရှင်းပါ လေးပေါက်ရေ…

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 5:10 pm

    .လေးပေါက်ရေ ခေတ်ကိုရေးတာ သိပ်ထိမိတယ်။ ကိုယ်တိုင်လည်း ဦးနှောက်ခြောက်နေရပါပြီ။ ဘာတွေဘယ်လို ဆက်ဖြစ်မယ် မသိတော့ပါဘု။

  • ကျနော်တို့အားလုံးက တုံးအောက်က ဖားလို့ ပြားနေတာကြာပေါ့။

    နန်းတော်ရှေ့ ဆရာ တင် သီချင်းထဲကလို

    ကောင်းဘို့ရွယ်သော ခေတ်ကို အထူးသဖြင့်မျှော်မိတယ်ပေါ့ မပြုံးရေ

Leave a Reply