. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း – ပါဝါ (110)

မြစပဲရိုးJuly 31, 20151min22719

ဒီတစ်ခါ မဲနံပါတ်က ၁၁၀။
ကလောင်အမည်က “မောင်ပေ” ပါတဲ့။

“ရွာ သို ့ခ ဏ ပြန် ဝင် ခြင်း” ဆိုတာကို တင်သွားခဲ့တာ Oct 1, 2013 က ဆိုတော့ ရွာထဲ ပြန်ပြီး ပို့စ်မတင်တော့ တာ ၂နှစ်နီးပြီ။
အဲဒီ ပို့စ်ထဲ သူပြထားတဲ့ Sexiest Women of 2013 တွေ ကတော့ ရွာပျက်တုန်း ပုန်းနေကြပြီ။
သူ့ကို စသိတဲ့အချိန်မှာ သူ့ရဲ့ စပယ်ရှယ်  က ဘော်လုံးပွဲ တွေ ကို တစ်ကြို ဝေဖန်ပေးတာပါ။

ဒါပေမဲ့ သူ့ရဲ့ ပထမဆုံးခြေလှမ်း ကတော့ ဘောပွဲ အကြောင်းမဟုတ်။
ဂျာနယ်တစ်ခုထဲ က ဆောင်းပါး တစ်ပုဒ် ကို အစာမကျေလို့ ရွာထဲလာပြီး ရင်ဖွင့်ခဲ့တာပါ။
“သူတစ်ပါးအား ပုတ်ခတ်ပြီး နာမည်ကျော်ကြားအောင် လုပ်ခြင်း “ ဆိုတဲ့ ခေါင်းစဉ် နဲ့ Apr 26, 2011 မှာ စပြီး ဝင်လာခဲ့တယ်။
ပို့စ် ကို Critic လို့ တပ်ထားလို့ ရွာထဲ ကျွမ်းဝင်နေခဲ့သူ ဖြစ်နိုင်တယ် ထင်ရဲ့။
စစချင်း ရွာအဝင် ရဲ့ ကလောင် က “mandalay” တဲ့။
နောက် “မောင်ပေ” လို့ ပြောင်းခဲ့တယ်။
ပွဲဦးထွက်မှာ မှတ်ချက် ၁၃ ခု နဲ့ လူစိတ်ဝင်စားပြီး စည်ကားတဲ့ ပို့စ် လို့ ပြောရမလားဘဲ။
သူကြီးမင်း ရဲ့ “ဒီထဲ မှာ သမိုင်းကျန်အောင်” ဆိုတဲ့ စကားကို ကြည့်ပြီး ပြုံးမိသေး။

သူ့ ရဲ့ ဒုတိယ ခြေလှမ်း ကတော့ “ကြည့်ကြမယ်ဟေ့ ကောင်းကောင်း” တဲ့။
“အကွဲ ၊ အပြဲ ၊ အတို ၊ အကျပ်” အပြင်အဆင်များ အကြောင်း မှတ်ချက် မှ ၂၄ခု နဲ့ ဝိုင်းဖေဖန်ထားတာ စိတ်ဝင်စားဖို့ကောင်းသား။
အဲဒီမှာတော့ “windtalker9” ဆိုပြီး နာမည်ပြောင်းပြန်တယ်။

သူ့ရဲ့ တတိယခြေလှမ်း “ကြားဖူးတာလေးပါ” ဆိုတဲ့ ပို့စ် ကိုတော့ လူတွေ လက်ရှောင်ကြသလားဘဲ။
တကယ်တော့ အဖြေပေးဖို့ ခက်နေကြလို့ ထင်ရဲ့။
ပြီးရင် အဲဒီမှာ မှတ်ချက်ပေးမယ်။ အဖြေ ရှိပြီးသားမို့။

. နောက်ပိုင်းတွေမှာတော့ “ပွဲကြို အထောက်အကူပြု” Tag လုပ်ပြီး ဘော်လုံးပွဲ အကြောင်းတွေ စရေးလာတယ်။
. နောက်ပိုင်း “ကွမ်းပို ့စ်” ဆိုပြီး Tag လုပ် ရေးတာလေးတွေ ကလဲ အတော်ဖတ်လို့ ကောင်းပါတယ်။
ပို့စ် ပေါင်း ၃၉၆ မှာ ခရီးသွား ပို့စ် တွေလဲ ပါတယ်။ အဲဒီ ခရီသွား ပို့စ် တစ်ခု ထဲ မှာ ပုံ တွေ တင်ရခက် တဲ့ ကိုးနတ်ရှင် အကြောင်း ဒီလို ညည်းထားသေးရဲ့။
{{{
ဟူး..မနက်၁၁နာရီကတဲက တင်နေတာ ၊ နေ့လည် ၂နာရီမတ်တင်း မှာ သည်လောက်ဘဲ ရတယ်ဗျာ ။ ညမှ ထပ်တင်တော့မယ် ။
( စကားချပ် သဂျီးဦးပိုင် … တစ်ပုံ ဒေါ်လာတစ်ထောင်ပေးရင် စိတ်မဆိုးဘူး ။ သိလား ။ ရေးမယ့်သာရေးရတာပါ ။ သူကဖြင့် စိတ်ထဲတောင် ရှိမှာမဟုတ်ပါဘူး ။ )
}}}
၃ နှစ် ကျော်လဲ ရွာ ကိုးနတ်ရှင် က မပြောင်းမလဲ ပါဘဲ ထင်ပါရဲ့ မောင်ပေ ရယ်။

မောင်ပေ နဲ့ ပေါက်ဖော် နဲ့ အတော်လေး အတွဲညီခဲ့ကြတာ သတိရမိနေသေးတယ်။
အစပိုင်းမှာ သူ့ကိုလဲ ကိုယ်တို့လို လူကြီးတစ်ယောက် လို့ မှတ်ခဲ့တာ နောက်မှ လူငယ်လေး မှ ကိုရီးယားမင်းသား လေး နဲ့တောင် တူသလိုပါ။
သူ ကျိုက်ထီးရိုး သွားတုန်းက ပုံ လို့ မှတ်မိတာဘဲ။

သူကြီး ရဲ့ တစ်သိန်း ဆုရှင် တွေထဲ မှာ မောင်ပေ တစ်ယောက်လဲ ပါတယ် ထင်ပါရဲ့။
သတိတရ ရှိရင် ရွာထဲ အသံပေး ပေးလှည့်ပါဦးလား မောင်ပေ ရေ။

လာမဲ့  ၁ ရေး အတွက် ကြိုတင်ခံစားရင်း ….
ပုံ
. မြစာကလေး
. သုဋေသဏပြဉ်ဉာသျှဉ်ဂြည်း

19 comments

  • Alinsett @ Maung Thura

    July 31, 2015 at 5:28 am

    အင်မတန် ”. . . .” ဖြစ်တဲ့ မိတ်ဆွေတစ်ယောက်အဖြစ်
    တစ်ခါတစ်ရံ သတိရဖူးပါကြောင်းးး

    :kwi:

  • kai

    July 31, 2015 at 7:08 am

    ရွာထဲကော်မန့်အပေးနိုင်ဆုံးတယောက်အဖြစ်မှတ်မိတယ်..
    ရွာအပြင်မှာ.. ရွာသူားတွေချိပ်ဆက်မိကြပြီးတကာလ.. လှုပ်လှုပ်ရှားရှားပျော်ပျော်ပါးပါးနေနိုင်သူတယောက်လို့လည်း.. ထင်မိတယ်..။
    တနေ့တော့ ဘာကြောင့်မှန်းမသိ.. ရွာထဲကပျောက်သွားတာပါပဲ..

    အင်း..
    ရွာတွင်းမှာ..စာရေးနေသူတွေ..ရွာမောင်နှမတွေ.. ပြင်ပလောကမှာတကယ်တွေ့ကြ..ပြောကြ..
    လှူကြ.. ကောင်းမကောင်းတော့မသိ..
    လူမှုရေးပြဿနာတွေများ..ပိုဖြစ်စေသလား…
    တွေးနေမိ..။

    • ဇီဇီခင်ဇော်

      July 31, 2015 at 8:06 am

      အဖြစ်အပျက်တွေကပဲ တူရာ တူရာ စုနိုင်တဲ့ ဇကာများလို။
      ဖြစ်တဲ့ ပြသနာ တိုင်းဟာလည်း လူတွေ စိတ်ကို သိရတာမို့ အရှုံးရှိတယ်မထင်!!

    • မြစပဲရိုး

      July 31, 2015 at 9:32 pm

      တစ်ခါတစ်ခါ ရွာ အဝင် သူကြီးမင်းတောင်မှ လူ တွေ ကို “လူ ဖြစ်ကြောင်း” သက်သေ ပြခိုင်း နေတာကိုများ။
      မဟုတ်ရင်
      ဥမပါပေါ့။
      ဇီဇီ နဲ့ ခင်ဇော် တစ်ယောက်ထဲလား။
      သူကြီး နဲ့ ကြောင်ကြောင် တစ်ကောင် (စောဒီး) တစ်ယောက်ထဲ လား အတွေးများ သလို များ နေရမယ်။
      lol:-)))))))

  • Ma Ma

    July 31, 2015 at 7:58 am

    မောင်ပေနဲ့ ပုလင်းလေးတယမ်းယမ်းနဲ့ ပေါက်ဖော်တို့ ဖရဲသီးတို့ အပြန်အလှန်ကွန်မန့်တွေပေးပြီး ရွာစည်ခဲ့တာ မှတ်မိသေးတော့တယ်။ 🙂

    သဂျီးတွေးတဲ့အတွေးကို ကိုယ်တိုင်လည်း တွေးမိတယ်။

    အရာရာတိုင်းမှာ အကောင်းအဆိုးဒွန်တွဲနေတာမို့…….
    ကောင်းတဲ့ရလဒ်တွေလည်း ရှိပါသေးတယ်လေလို့ ဖြေတွေးတွေးရတယ်။ 🙁

    • ကထူးဆန်း

      August 1, 2015 at 12:52 pm

      ကိုပေ နဲ့ ပေါက်ဖော် တို့ ရဲ့ ပရိသတ် တစ်ယောက် ဖြစ်ခဲ့ပါတယ်
      သူတို့ ကွန်းမန့်တွေ အပြန်အလှန်ရေးတာတွေဖတ် ရင် းရီမော ခဲ့ရတာ ခဏ ခဏ ပါ ..

    • မြစပဲရိုး

      August 1, 2015 at 1:04 pm

      ဟုတ်တယ်။ အဲဒီ တုန်းက ဖရဲ တို့ ဘဲဥ တို့ ကိုလဲ မှတ်မိပါရဲ့။ :-))

  • ဦးကြောင်ကြီး

    July 31, 2015 at 8:39 am

    မဘသဂိုဏ်းခ ျုပ် ဝီကိုယ်ဒေါ်ဂ ျီး ဒကာရင်း ယဲယဲတောက်၉၆၉ မှောင်ပေဆို လူဒိုင်းသိဂ ျသဗြား… အနော ့်ကိုဒေါ့ ဘော ့သွားဒယ်… သူ့ဆစ်တပ်ကို ပ ျက်ရယ်ပြု လှို့ထင်ဗ…။ သူ့အကောင့်နဲ့ ဗွားဒေါ်၊ ရှစ်ပူး နဲ့ ဒီမိုတွေကို ပုတ်ခတ်ဆဲရေးတိုင်းထွာ ပို့စ်မ ျား မြိန်ရည်လ ျက်ရည် ဝေငှပေးသူ တတေ ျာက်ပေါ့..။ နေမ ျိုးဝေတဗဲ့ မဟာမြန်မာဆိုတဲ့ သပ်တဝှာနဲ့ တဆားဒဲ..။ အင်တာနှပ်မှာ ဆဲရေးတိုင်းထွာ ကွန်းမန့်မ ျား နာမည်ဝှက်နဲ့ တင်တတ်သူလို့ မခိုင်လုံဖွယ် သတင်းမ ျားက စိုဒယ်..။ ဟုတ်မဟုတ် ဒီမိုရလ ျင် အဖြေပေါ်မှာပါ…။ ကြွက်ကြာကြာ ရေမငုတ်နိုင်ပါဗူး..။

    • Alinsett @ Maung Thura

      August 1, 2015 at 1:41 am

      အနော့်ကိုတော့ အကြောင်းမည်မည်ရရ မသိရပါပဲ
      မန်းဂေဇက်က လူတွေကို ဘလော့နေပါတယ်ဆိုပြီး
      ”ခင်ဗျားကိုလည်း ဘလော့မယ်”လို့ ပြောဆိုပြီး
      ဘလော့သွားပါကြောင်း

      ရွာထဲမှာ သူနဲ့ ဘာမှလည်း မည်မည်ရရ ပြဿနာမဖြစ်ပါပဲ. . .
      ”နားလည်ရခက်”

      ဒါမယ့် ကောင်းပါတယ်။
      .ဒီအခြေအနေဖြစ်သွားတာကပဲ တော်တော်ကောင်းတာပါ။

      :k:

  • မောင်ပေ မန်းလေးသား
    အစကတော့ ဝင်းတော်ကာ
    နောက်တော့သူ ရေးတဲ့ ဇာတ်ကောင် မောင်ပေ ကို နာမည်ပြောင်ခေါ်ရင်း
    မောင်ပေဖြစ်သွားတယ်ထင်ပါတယ်

    သူ့ စာတပုဒ်ဖတ်ပြီး ကျနော်က ကဗျာတစ်ပုဒ် ရေးဘူးတယ်
    မန်းလေးသားအချင်းချင်း ပေမယ့် ရွာထဲမှာစာရေးတာချင်းတူပေမယ့်
    အရင်က မသိခဲ့ကြ
    လူချင်းတွေ့မိတော့ လဲ သူ့အဖေဆိုင်မှာကျနော်က စက်ပစ္စည်းဝယ်နေကျဖြစ်နေပါတယ်

    သူနဲ့ကျနော်စ ပြီးလူချင်းတွေ့နဲ့နေ့က မန်းလေးမြို့ရေတွေကြီးပြီး ဆိုင်တွေဈေးတွေပိတ်တဲ့နေ့ပေါ့
    အဲဒီအချိန်က စပြီး မောင်ပေနဲ့ကျနော်လူချင်းတွဲမိတာအခုအချိန်ထိပါဘဲ

    ရန်ကုန်က နယ်က လာသမျှ မန်းဂေဇက်ကမိတ်ဆွေဆိုရင်ဧည့်ဝတ်ကျေပွန်စွာ
    ဧည့်ခံကြွေးမွေးတတ်သူတစ်ယောက်
    သူများကိုပေးကမ်းကျွေးမွေးဘို့ လက်မတွန့်သူတစ်ယောက်

    သူကြီးပြောသလို ကော်မင်းအပေးနိုင်ဆုံးသူတစ်ယောက်ဖြစ်ခဲ့ပါတယ်
    ဒါကြောင့်လဲ ရွာဂေဇက် ပထမဆုံးတွေ့ဆုံပွဲမှာ ကော်မင်း အပေးနိုင်ဆုံး အမှတ်တရ နာရီကို သူ ကရခဲ့
    ကျနော်က ပိုစ်အတင်နိုင်ဆုံး အမှတ်တရ နာရီကို ရ ခဲ့
    အဲဒီနာရီ နှစ်လုံ့းစလုံးကို သူရော ကျနော်ရော ဒါဇင်ပလပ်ရဲ့အလှူထဲမှာ ထည့်ပြီး လူခဲ့

    မောင်ပေ ဘောပွဲအကြိုတွေအရေးကောင်းလို့ဘဲ ဝေဖန်တာခံခဲ့ရတာတော့ မှတ်မိပါသေးတယ်
    အခုတော့ ရွာ မဝင်တော့ ဘူး
    အလှူ အတန်းရှိလို့ ကျနော်က ပိုက်ဆံကောက်ရင်တော့ ထည့်ပါတယ်
    ဟိုတစ်နေ့ကတောင် မိဘမဲ့ကလေးတွေကိုလှူချင်လို့ ပစ္စည်းဝယ်ဘို့ ဖုန်းဆက်နေသေးတယ်

    မောင်ပေ ဆိုတာနဲ့ ကျနော်ကတော့ သခွားသီးရေဆေးတာဘဲ ပြေးမြင်မိတယ်
    အယူအဆကတော့ ကျနော်နဲ့ သူ တူချင်မှ တူမယ်
    မတူတဲ့အကြောင်းကို မဆွေးနွေးတော့ သူနဲ့ ကျနော် ရန်ဖြစ်ရတယ်ဆိုတာ မရှိ

    မောင်ပေ ဆိုတော့
    မယ်ပု ကိုပါဆက်သတိရတယ်
    အရင်က မန်းလေးအဖွဲ့အတွက်
    ပေါက်ပေပု နာမယ်နဲ့ သူကြီးလက်ဆောင်ပေးတဲ့ စတစ်လေးတစ်ခုရဘူးတယ်
    အဲဒါကတော့ အမှတ်တရ

    • မြစပဲရိုး

      August 1, 2015 at 4:21 am

      “သခွားသီးရေဆေးတာဘဲ” ဆိုတာ နားလည်ဝူး ကိုပေါက်ကြီး။
      ဘာကို ပြောတာလဲ။

      ရွာထဲ မယ် ရေစက်ဆုံ ခင်ခဲ့ကြပြီးမှ အခန့်မသင့် တာ တွေ ကို ဗွေမယူ ကြစေလိုပါ။
      ရေပွက် လို ခဏလေးထဲ စိတ်တူချိန်လဲ မိသားစု လိုချစ်၊ စိတ်မတူချိန်မှာ လဲ မောင်နှမ မိသားစု တွေလို ရန်ဖြစ်။
      ပြီးတော့ လဲ နားလည်မှုယူ ခွင့်လွှတ်ပေါ့။
      တစ်ယောက် နဲ့ တစ်ယောက် ဒီလို ဆုံဖို့ တော်ရုံ ရေစက်မဟုတ်ဘူး။
      . မြင်းကောင်ရေအား အတော်ကြီး မှ။

  • YE YINT HLAING

    August 1, 2015 at 10:41 am

    သံသရာရေ ဇာရာဝါ ပတိဝါ အဘူတ ပုဂ်ဘာနာမ နတိ္ထ တဲ့ ။ သံသရာတလျှောက် ရေစက်ရှိလို့ ဆုံရကြုံရတယ် လို့ မိုးကုတ်ဆရာတော်ကြီးကဟောတယ်။
    (ပါဋိစာလုးံပေါင်းမှားနိုင်)

    • မြစပဲရိုး

      August 2, 2015 at 1:46 am

      မှန်ပါတယ် မောင်ရဲ ရေ့။ မှတ်ချက်လေး အတွက် ကျေးဇူးပါ။ :-))

  • ကိုလတ်ကြီးရေ

    အချို့ကတော့ စိတ်တိုတတ်တယ် အသံထွက်တယ် ဒါပေမယ့် ပြေသွားတတ်တယ်

    အချို့က စိတ်မတိုဘဲ သည်းခံတတ်တယ် အသ့မထွက်ဘူး အဲဒါပေမယ့် စိတ်ပြတ်သွားရင် ပြန်မလည်တော့ဘူး

    လူ့သဘာဝလေးတွေပါ

    • မြစပဲရိုး

      August 2, 2015 at 1:44 am

      ကျွန်မ ကတော့ ” စိတ်တိုတတ်တယ် အသံထွက်တယ် ဒါပေမယ့် ပြေသွားတတ်တယ်” လို့ ထင်တာဘဲ။
      :-))))

  • ကိုလတ်ကြီး သတိထားမိမလားတော့ မသိဘူး

    အရင်က မန်းလေးက စာရေးသူတွေ ဓါတ်ပုံတင်တဲ့သူတွေ ရှိခဲ့တယ်

    အခုမရှိကြတော့ ဘူး

  • Mike

    August 3, 2015 at 3:42 pm

    .ကိုရင်ပေကိုခင်ပါတယ်..သူ့ပို့စ်တွေလည်းအားပေးခဲ့တယ်…မန်းလေးသွားလည်တော့ တစ်ခါဆုံခဲ့တယ်
    .ဖြဲသီးတို့…ဘဲဥတို့ရောပေါ့…ကိုပေါက်ပဲ အော်ဂနိုက်ဇ်လုပ်ပေးခဲ့တာ…မှတ်မှတ်ရရ ကိုပေါက်တိုက်တဲ့
    .ချီးဗဇ် ပုလင်းတောင်သတိရသေးတော့ :))

  • ကိုမိုက် မန်းေးလရောက်ရင်ပြောပါ
    လူစုပေးပါမယ်
    ချိဗဇ်လဲပါမှာပေါ့
    ကျနော်လဲကြိုက်တယ်လေ

Leave a Reply