ပလီပလာ အလိမ်အညာတွေ ရိုးအီနေပြီ FTUB

cobraAugust 25, 20101min1345

သူခိုးမောင်မောင် တစ်ယောက် ခိုးရာပါ ပစ္စည်းတွေ ဖျောက်ဖျက်ဖို့ ပျောက်ချက် သားကောင်း နေရာကနေ ရုတ်တရက် ပေါ်ထွက်လာတော့ ကျုပ်မှာ ဆေးပေါ့လိပ်ပါ လွတ်ကျမတတ် လန့်ဖျပ်သွားရ ပါပေါ့ဗျား။ အယုတ္တ အနတ္တ လေပုပ်လေပွ မီဒီယာ လောကမှာ FTUB ပျောက်နေတာ ကြာခဲ့ပြီ မဟုတ်လား။ သို့သော် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းမှာ ကတည်းက ခိုးလက်စလေး ရှိခဲ့ဖူးတဲ့ မောင်မောင်ရဲ့ အကြောင်း ကောင်းကောင်း သိပေလို့သာ ပျောက်တာကို နားလည် ပေးနိုင်ခဲ့တာဗျ။ တစ်နေရာ တစ်ချောင်ဝင် ခွင်တစ်ခွင် မိနေမှာ ပေါ့လေ ဆိုပြီးတော့ပေါ့။

မောင်မောင် တစ်ယောက် စပေါ် လာကတည်းက တစ်လွဲတွေနဲ့ စခဲ့တာကလည်း ဟာသပဲဗျို့။ လွဲဆို ဘယ်ကရ လာတဲ့ ကိန်းဂဏန်း အဆန်းတွေမှန်း မသိ၊ ကြည့်ရတာတော့ မောင်မောင် တစ်ယောက် ကယောင် ချောက်ချားနဲ့ အာဖရိက တစ်လွှားက Data ဇယားတွေ ရလာတယ် ထင်ပါရဲ့။ ဘယ့်နှယ် ဘယ့်နှယ်၊ မြန်မာပြည်သူတွေ ကြုံနေရတဲ့ အငတ်ဘေး ပြဿနာ ဆိုပါလား။ မြတ်စွာဘုရား။ ဟိုက်ရှားလဘား။ ကျုပ်အိမ်နောက် လမ်းကြားက ခွေးသား အမိတောင် ဝမ်း ပြောင်ပြောင်နဲ့ အရောင်စို နေကြသေးတာ သူတို့ သခင်ပါ ဆိုတဲ့လူ၊ မြန်မာ ပြည်သူတွေက ဘယ်ကလာ ငတ်စရာ ဖြစ်ရဖို့တုန်း။

ဘာတဲ့။ “မြန်မာပြည် လူဦးရေ (၁၀)ယောက်မှာ တစ်ယောက်ဟာ စားနပ်ရိက္ခာ အာမခံချက် မရှိဘူး” ဟုတ်လား။ ရှားမှရှား မောင်မောင့် စကားပါဗျ။ ကြောင်တောင်တောင်နဲ့ အရောင်အဆင်းပျက် သတ္တဝါက ဘာကြောင့် ပြောလာသလဲ ပြန်ကြည့်တော့ ဒင်းဟာ မြန်မာပြည်ကို သွေခွာသွားတာ ကြာပြီမို့ ကိုးရိုးကားလျား အတွေးတွေ ပွားတတ် လာတာလို့ တွေ့ရပါ့ဗျား။ မြန်မာတွေဟာ စားစရာ နေစရာအတွက် ဘယ်တုန်းကမှ သွေးပျက်ခဲ့ရိုး ထုံးစံမရှိဘုူး။ ပေါက်ပြား တစ်လက်၊ စားအိုးခွက်နဲ့ မြေလေးတစ်ကွက် ပိုင်ခဲ့ပြီဆို ရိက္ခာကို တွေးစရာ မလိုတော့ လောက်အောင် အေးအေးချမ်းချမ်း နေတတ်ကြတယ်။ ဒီနေရာမှာ ဆေးလိပ် တစ်တိုလောက် အတွက်နဲ့ ကိုက်ကြ ဖဲ့ကြတဲ့ အနောက်တိုင်းရဲ့ စရိုက်နဲ့တော့ ကွာမပေါ့လေ။ မြေဆီမြေနှစ် ပြည့်ဝလှတဲ့ အမိ မြန်မာပြည်ရဲ့ စိမ်းမြမြ ကမ္ဗလာပြင်ကြီးဟာ မြန်မာတွေ အတွက် အဖုံးလှပ် ထားတဲ့ စားရိက္ခာ အိုးကြီးပဲပေါ့။ ဒါက အများစုရဲ့ အတွေး။ ဒီလိုမဟုတ်ဘဲ သောကကလေး ရှိတတ်ကြတဲ့ လူအုပ်စု သေးသေးကလေး အတွက်လည်း ပူစရာမလို၊ ဆန်ညိုဆန်ဖြူ တောင်ပူစာ ကလေးတွေက ရွာရော မြို့ပါမကျန်၊ ဂိုဒေါင်နဲ့ တန်တာ ဂိုဒေါင်၊ ကျီနဲ့ လှောင်တာကလှောင်၊ ဇလားထဲမှာ ပြောင်ပြောင် ထည့်တန်ထည့်၊ ဒါကိုမှ အာမခံချက် ဆိုတဲ့ စာရင်းထဲ မထည့်ရင် ဘယ့်နှယ် တန်းဝင်တဲ့ မှတ်တမ်း ဆိုရပါလိမ့်နော်။ ကိုယ်အာဏာ မရလို့ အစိုးရကို အပုပ်ချချင်တာ နဲ့ပဲ ဒီလောက်လွဲတဲ့ ခေါင်းစဉ်နဲ့ တိုးဝင် လာတာတော့ လွန်လွန်းတာပေါ့ ငတက်ပြား ဂုဏ်ဆောင် သူခိုး မောင်မောင်ရယ်။

ဒါတွင်မက မောင်မောင်တို့အဖွဲ့က ကြေညာပြလိုက်ပြန်တယ်။ ရဲမွန်တပ်မြို့က စစ်သည်တစ်ချို့ဟာ စားဝတ်နေရေး ပြေလည်ရေး အတွက် သူတို့ဆီက အတင်းဖြတ်ယူ စုဆောင်းခဲ့တဲ့ ဘဏ်စုငွေ တွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုခဲ့တယ် တဲ့ဗျား။ သူများပြောတာ ကြာမှ အာရုံနိုးကြွ စိတ်ထလာပြီး မောင်မောင်တို့ ဖြီးတာ ရယ်စရာကို ဖြစ်ရောဗျို့။ ရယ်စရာဖြစ်ဆို ကြည့်ဦး။ စုပါတယ် ဆိုကတည်းက ဘဏ်စုငွေလို့ ပြောပါရော။ ဘဏ် ဆိုတာလေ၊ စုသူက လိုလို မလိုလို အတိုးကို ထည့်ပေးရရိုး ထုံးစံဗျ။ အဲဒါကို အတိုးတွေ အရင်းတွေနဲ့ လာပြီး ဖြီးနေခဲ့တာ ကုဋေု ၂၀ဝ နီးနီးတောင် ဆိုပါလား။ ကျောက်မျက်လုပ်ငန်း စာရင်းဇယားက ခိုးစားဖူးတဲ့ သူမို့ မောင်မောင်တို့ အတွက်အချက် ကတော့ ပီပါ့ဗျား။ ကျုပ် ကြားဖူးတာတော့ ဘဏ်စုငွေ ဆိုတာ စာအုပ်ကိုယ်စီနဲ့ သွင်းချည်ထုတ်ချည် လုပ်ကြရတာ ဆိုပဲ။ လက်မှတ်ကိုလည်း ကာယကံရှင် ကိုယ်တိုင် မန်နေဂျာရှေ့မှာ ထိုင်လို့ အပိုင်အနိုင် ထိုးပြီး ထုတ်ရတာတဲ့။ ဘယ့်နှယ် ဘယ်သူက ကုဋေ ၂၀ဝ ကြီးကို ပေါ်တင်ကြီး ဖင်ခုထိုင်လို့ ရနိုင်မှာတုန်း။ ဒါဟာ အယုတ်ဆုံး အကြံနဲ့ သွေးထိုး ခလောက်ဆန်ဖို့ လုပ်တာပဲ ဆိုတာ၊ ရိုးပေမယ့် မအတဲ့ မြန်မာတွေက အပိုင်းပိုင်းအစစ ထိုးဖောက်ချေမွ သိခဲ့ကြပြီးသား ပေပဲလေ။

မောင်မောင်ရဲ့ အယုတ်တကာ့ အယုတ်ဆုံး လုပ်ချက်ကတော့၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့ တွေကို သွေးထိုးလို့ အထက်ကို တောင်းဆို ဆန္ဒပြဖို့၊ အာဏာဖီဆန် ကြဖို့၊ ဖဲ့ထုတ်လို့ သွေးခွဲ လိုက်တာပါပဲ။ သူတို့ရဲ့ ထွင်လုံးထဲက စိတ်ကူးယဉ် တပ်မကြီးတွေ၊ တပ်ရင်းတွေကို ချီးကျူး ဂုဏ်ပြုတယ် ဆိုပြီး ပဲကြီးစေ့လောက် ဦးနှောက်နဲ့ လာထိုးဖောက်ဖို့ ကြံတာကတော့ မထင်ရက် လောက်အောင်ကို အံ့ဩရပါပေ့ဗျား။ မြန်မာ့ တပ်မတော် အစဉ်အလာ မသိရှာတော့လည်း သူ့ခမျာ ကလိလောက်သာ ထိုးနိုင်တာကို ဟုတ်သလိုလို ထင်ရှာမှာ ပေါ့လေ။ ဒါကို အသာထား ကျုပ်တို့ မြန်မာတွေကြား မောင်မောင် ဝေးသွားခဲ့တာ ကြာပြီမို့၊ ဇာတိမာန်တို့၊ မျိုးချစ်စိတ်တို့ ဆိုတဲ့ စကားတွေ မေ့များ မေ့နေခဲ့ရင် ကျုပ်လေ—ပြန်များတောင် သင်ပေးလိုက်ချင်ပါရဲ့။

5 comments

  • fatty

    August 25, 2010 at 8:01 am

    ဘယ်ဟာကိုယုံရမလဲ .. မသိတော့ပါ ။ ဒါနဲ့ပတ်သက်တဲ့သတင်းကို voa rfa dvb တို့ကတော့ မလာသေးပါ ။ ဒါကြောင့်သိတ်ဖြစ်နိုင် မယ်တော့ မထင်ပါ ။

  • kopauk mandalay

    August 25, 2010 at 9:18 am

    အခုအချိန်မှာအရေးအကြီးဆုံးကတော့ ကျနော်တို့မြန်မာပြည်သူပြည်သားအားလုံး
    ရှေ့ကိုဘယ်လိုကောင်းအောင်ဆက်လုပ်မလဲလို့ စုစုစည်းစည်း နဲ့လုပ်ဆောင်ကြရမယ့်အချိန်ကိုရောက်နေပြီလို့ယူဆပါတယ်။
    သူများက ဘာတဲ့ဆိုတာနဲ့ ရမ်းသမ်းမယုူံဘဲ ဖြစ်နိုင်ခြေရှိမရှိစဥ်းစားဘို့လိုပါပြီ။
    ဒုက္ခရောက်အောင်သွေးထုိုးပေးနေသူ မဟုတ်မမှန်တာတွေကို ပြောနေသူများကလဲ ဒီအချိန်မှာရပ်သင့်ပါပြီ။
    မတော်လို့များ မညီညွတ်ကြလို့ ကွဲကြပြဲကြ ပြည်တွင်းစစ်လိုဖြစ်ကြရင် ခံစားရမှာ တကယ်ဒုက္ခရောက်ကြရမှာက ပြည်တွင်းမှာလက်ရှိနေထိုင်သောကျနော်တို့ခင်ဗျားတို့လို သာမန်ပြည်သူပြည်သားတွေဆိုတာတော့ မမေ့သင့်ပါဘူး။

  • chitsayar

    August 25, 2010 at 2:06 pm

    အာဖရိက တစ်လွှားက Data ဇယားတွေ ရလာတယ် ထင်ပါရဲ့။ ဘယ့်နှယ် ဘယ့်နှယ်၊ မြန်မာပြည်သူတွေ ကြုံနေရတဲ့ အငတ်ဘေး ပြဿနာ ဆိုပါလား။
    မြန်မာပြည်မှာက ချောင်းထဲမြောင်းထဲက အသီးအရွက်လေး ခူးစားလို ့ရနေလို ့ပေါ့ သို ့မဟုတ်လို ့ကတော့ အာဖရိက တစ်လွှားက Data ဇယားတွေ လောက်ကတော့သနားတယ်။
    ကျုပ်အိမ်နောက် လမ်းကြားက ခွေးသား အမိတောင် ဝမ်း ပြောင်ပြောင်နဲ့ အရောင်စို နေကြသေးတာ ။
    မင်းက အဲ့သည်သားအမိနဲ ့နေတဲ့ကောင်ဆိုတော့ ပြောအားရှိသပေါ့ကွာ။
    ပေါက်ပြား တစ်လက်၊ စားအိုးခွက်နဲ့ မြေလေးတစ်ကွက် ပိုင်ခဲ့ပြီဆို ရိက္ခာကို တွေးစရာ မလိုတော့ လောက်အောင် အေးအေးချမ်းချမ်း နေတတ်ကြတယ်။
    တရုတ်ကို ဂက်စ်ပိုက်လိုင်းတွေတူးနေတယ် မင်းအဲ့သည်ကို ပေါက်ပြားတစ်လက်နဲ ့ဒိုးပေတော့။
    ဆန်ညိုဆန်ဖြူ တောင်ပူစာ ကလေးတွေက ရွာရော မြို့ပါမကျန်၊ ဂိုဒေါင်နဲ့ တန်တာ ဂိုဒေါင်၊ ကျီနဲ့ လှောင်တာကလှောင်၊ ဇလားထဲမှာ ပြောင်ပြောင် ထည့်တန်ထည့်။
    စပါးတောင်လိုပုံဆိုတာက ဆောက်ဖုတ်ကြီး ( စာလုံးပေါက်းမွှားသွားလို ့ ဆိုင်းဘုတ်ကြီး ဆိုင်းဘုတ်ကြီး) မှာဆွဲထားတာပါကွာ။
    ကိုယ်အာဏာ မရလို့ ။
    အေး အဲ့ဒါကတော့ မင်းပြောတာထက်သူတို ့ပိုညံ့တယ် အသက်ရှင်နေတဲ့အာဏာရူးလက်ထဲက အာဏာကို ဘယ်လိုယူရမယ်ဆိုတာ သူတို ့ လုံးဝသိဝူး ငတုံးတွေ။
    ကျုပ် ကြားဖူးတာတော့ ဘဏ်စုငွေ ဆိုတာ စာအုပ်ကိုယ်စီနဲ့ သွင်းချည်ထုတ်ချည် လုပ်ကြရတာ ဆိုပဲ။ လက်မှတ်ကိုလည်း ကာယကံရှင် ကိုယ်တိုင် မန်နေဂျာရှေ့မှာ ထိုင်လို့ အပိုင်အနိုင် ထိုးပြီး ထုတ်ရတာတဲ့။
    ရိုးသားသူတွေကမင်းကိုလည်း သူတို ့ရဲ ့စိတ်နဲ ့နှိုင်းပြီး လူကောင်းလို ့ထင်ခဲ့ကြတာလေ တကယ်တမ်းကြတော့ မင်းက ဝရမ်းပြေးနဲ ့ ဖာသည်မ ညားပြီး အမှိုက်ပုံဘေးမှာ မွေးတဲ့ကောင်ဆိုတာ နောင်မှရတဲ့ နောင်တပေါ့ကွာ။
    အယုတ်တကာ့ အယုတ်ဆုံး လုပ်ချက်ကတော့၊ တပ်မတော် တပ်ရင်းတပ်ဖွဲ့ တွေကို သွေးထိုးလို့ အထက်ကို တောင်းဆို ဆန္ဒပြဖို့၊ အာဏာဖီဆန် ကြဖို့၊ ဖဲ့ထုတ်လို့ သွေးခွဲ လိုက်တာပါပဲ။
    ပြိုင်ဘက်တွေဖြစ်လာရင်တော့ အားနဲ ့သူကရှုံးမှာပါမောင်ရာ သူတို ့လဲ စကော ထက်တော့ ပိုပြီး မပြားနိုင်တော့ဘူးဆိုတာ သိထားကြပုံရပါတယ်။
    တားတား မော်ဒယ်သင်တန်း တက်မလို ့ အမေးဖြေလုပ်တမ်း ကဂျားတာနော်
    ချာရေးချရာချိုရာ ချိတ်ချိုးရဘူး
    တစ်ခါတစ်လေလောက်လည်း သူတို ့နေရာမှာငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရားလေးကို တစ်ခါတစ်လေ လေးလောက် ထားပေးကြပါလားဗျာ……………………………………..

  • etone

    August 27, 2010 at 8:26 am

    ဟိတ်ကောင် ပထွေးအားကိုးပြီးဘာစကားတွေပြောနေတာလဲကွ ။ လူတွေအားလုံးသိတယ် လက်တွေ့ဘဝက ဘယ်လိုလည်းဆိုတာ ။

Leave a Reply