. မြ ရဲ့ သင်ပုန်း ၃၁-၀၇-၂၀၁၅

မြစပဲရိုးJuly 31, 20151min16817

. မြ တို့ မွေးမြေရဲ့ နေရာ အနှံ့ မှာ လူအများ အတိဒုက္ခရောက်နေတာကို အဝေးကဘဲ ငေးရင်း အလှူငွေလေး ထည့်ပေးနော် လို့ ပြောနိုင်တာက လွဲလို့ ဘာမှ လုပ်မပေးနိုင်။
ဘာမှ လုပ်မပေးနိုင်လို့ FB ထဲ သတင်းတွေချည်း ထိုင်ဖတ် တော့ လပြည့်နေ့မှာ ကုသိုလ်စိတ်မဖြစ်ဘဲ အကုသိုလ်တွေ အလုံးအရင်းဝင်သည်။

တကဲ့ သတင်းမှန် ထက် ဖာသတင်း တွေ မြင်ရ၍ ဖြစ်သည်။
ဖာတာ ကို အပြစ်မပြောပါ။
သို့ပေမဲ့ စိုးရိမ်သင့်သည် ကိုတော့ စိုးရိမ်ရမည်။
. ဖြစ်ပွါးလာနိုင်သည့် ဆိုးကျိုးများ ကို ကြို တင်ပြီး မြင်နိုင်မှ ကြိုတင်ကာကွယ် မှုများ လုပ်နိုင်မည်။
Risk assessment ဆိုတာကို မကြားဖူးတာလား၊ မေ့ချင်ယောင်ဆောင်နေလားတော့ မသိ။
မသိတာလဲ ဖြစ်နိုင်သည်။
အခုတော့ ဒီလို မဟုတ် အခြေအနေကောင်းသည် ဟုပင် ပြောနေတာ တွေ့သည်။
လူအများ အတွက် မည်သို့ကာကွယ်မည်၊ ကိုယ် နှင့် တစ်ခြား လုပ်သားများ အတွက် မည်သို့ ကာကွယ်မည်။ ဆိုသည်တို့ ကို မစီမံတတ်သောကြောင့် ကောင်းသွားတော့ မည်ဟု အားတင်းပြီး ပြောနေသည် ထင်ရသည်။

. ခေါင်းသာဖော်နိုင်သည့် ရေထဲ  ကလေးလေးတစ်ယောက် အုန်းပင်လေး ကို ဖက်ထားပုံ ကို မြင်သော် လူသတ်ချင်မိ၏။

ကလေးမြို့ တော့ မြုပ်နေပြီ။ လူ တွေ ဘယ်လို နေကြမယ် မသိပေ။

ဟပ်စကီး လေး ၃စင်းဖြင့် ကယ်ဆယ်ရေးပစ္စည်းတွေ အကြိမ်ကြိမ်ချပေးခဲ့တယ် ဆိုတာလဲ တွေ့သည်။
ဒါကို ချီးမွမ်းတော်ဖွင့်နိုင်ရန် အတွက် ပျံဝံတော် ခမျာ သူ့ Page ပေါ် မျှထားရသည်။
ဒီလို ဝံတော် မှ ချီးမြှင့်သည့်ပုံ တွင် ဘာ ကယ်ဆယ်ရေးပစ္စည်း ကိုမှ ထင်ရှားအောင် ရိုက်မပြခဲ့ သည့် ဓာတ်ပုံဆရာသည် အတော်ညံ့လှပေသည်။

. ပြည်သူ တွေ အတိဒုက္ခရောက်ချိန် သူ့လူ က လုပ်တာ၊ ငါလူ က လုပ်တာ ပြိုင်ပြီး နေရ မည် မဟုတ်သည် ကို ဝံတော် သိ စေလိုပါသည်။
မဟုတ်ပါက ကျန်လူ တွေ ကို မပါစေဘဲ အစိမ်းရောင် လူ များ အလုပ်လုပ်သည် ကို ပြနေ လိုပါက စိတ်ဓာတ်အောက်တန်းကျ သည့် အကြောင်း ကြော်ညာသလို ပင် ဖြစ်မည်။
ထို ဟပ်စကီး နဲ့ ဆယ်လ်ဖီ ပြဖို့ အတွက်တော့ မိုးလေထဲ တစ်ကူးတစ်က မသွားလောက်ဟု အကောင်းမြင်ကြည့်ရပေသည်။

အကောင်းမြင်ကြည့်ရန်  ပါရမီ မပြည့်သောမြသည် ပိုဆိုးသည်များ ကိုသာ ထပ်မြင်နေသောကြောင့် တစ်ခြား Page ကို အမြန် ရွေ့ရသည်။

ထိုအခါ တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကြီး ပျောက်ဆုံးနေမှန်း သိလို့ စိုးရိမ်ရပြန်သည်။
ဝန်ကြီး  ဌာန ကိုခေါင်းစဉ်ကြီးများ ၃ခုတပ်ထားခြင်း ဖြစ်၍ အရေးကြုံ သော် မည်သည် ကို စ၍ လုပ်ရမည်နည်း ဟု ဇဝေဇဝါ ဖြစ်ကုန်ကြပြီ ထင်၏။
လူမှုဝန်ထမ်း နှင့် ကယ်ဆယ်ရေး ဆိုတာတွေ ရဲ့ အဓိပ္ပါယ် ကို အသေအချာ နားလည်ရန်အတွက် ယခုမှ ဘုတ်အုပ်ကြီးများ ထဖတ် နေကြ၍လည်း ဖြစ်နိုင်ပါသည်။
အရင်က လူမှုဝန်ထမ်း အလုပ် ကို ကလေးမူကြိုဖွင့်ပေးခြင်း ဟု သာ သိထားနိုင်သည် မဟုတ်လား။
. ပြန်လည်နေရာချထား ရေး အတွက်ကို မူကား ရေကျချိန် ရေထဲတွင် ပလန်များ ပါသွားသည် ဟု ပြောဖို့ စဉ်းစားထားကြပါ ဟု အကြံပြုပေးချင်မိသည်။

နိုင်ငံ တစ်ခု ကို အုပ်ချုပ်ဖို့ မှာ ဘယ်လောက် တာဝန်ကြီး သည် ကို မသိရှာသော အဘ များ လဲ မိုးနတ်မင်း နှင့် ယှဉ်သော လေမထွားနိုင်တော့။
အရာရာကို သူတို့သာသိသည်၊ လုပ်တတ်သည် ဟု ခံယူထားသည့် သူများ သည် တကယ်တမ်း အရေးကြုံသော သူတို့ ဘာမှမသိ၊ ဘာမှ မလုပ်တတ်ကြောင်း သက်သေတစ်ခု ရခဲ့ပြန်လေပြီ။
သို့သော် လျှော့မည်ဟု မထင်လေနှင့်။
. နေမွန်းတည့်လေ အရူးရင့်လေ ဖြစ်နေတော့သည်။

အဆိုးထဲက အကောင်းကြည့်သော် အဘ တို့ နှင့် နီးသည့် အလယ်ခွထိုင်ပြီး ပါးစပ်ပိတ်နေသည့် ပညာရှင် လူလတ်တန်း တစ်ချို့ ဒီ တစ်ခါတော့ ပါးစပ်ပွင့်လာသည်။
အဘတို့ အညောင်းမိမည် ကို သူတို့ စိုးရိမ်လာပုံရ၏။
သူတို့ ဆီမှ အသံထွက်လာ ပါက သူတို့ နောက်က ဆိုင်ရာလူငယ်များ ပါလာမည်။
အားရစရာပင်။

အသံဝဲနေသော လူကြီးပိုင်းများ လဲ အမြန်အမြင်မှန် ရသင့်သည်။
အားလုံးဘဲ အဘ တို့ သက်ကြီးပိုင်းများ ကို ခေါ်ကာ တရားစခန်းများသို့သာ သွားစေချင်တော့၏။
. နိုင်ငံ အတွက် စိတ်ချခဲ့ ကြစေလိုပါသည်။
အမှန်တော့  နိုင်ငံ မှာ အဘတို့ တရားပေါက်ချိန် တစ်ဟုန်ထိုး တိုးတက်ဖို့ စောင့်နေရခြင်းဖြစ်၏။
. ဒေါ်အောင်ဆန်းစုကြည် ကိုတော့ ချွင်းချက်ချန်ခဲ့ကြပါ။
သူမ သည် နိုင်ငံ၏ လမ်းပြ ပဲ့ကိုင်ရှင် ဘုရင်မ ဖြစ်သောကြောင့်ပေတည်း။

Pic02
သဘာဝ ဘေး ဆိုတာ နိုင်ငံတိုင်းမှာရှိ၏။ သို့ပေသည့် she should not deserve like this. Very sad to seeing that photo. 🙁
Pic01
ဒီ ကလေးလေး လောက် တောင် တာဝန်သိတတ်မှု၊ တာဝန် ယူတတ်မှု မရှိ တဲ့ အဆိုးရစုတ်။

 တင်ထားမိတဲ့ ပုံ ၂ ပုံ က မြန်မာပြည် က မဟုတ်ဘူး။
တစ်ပုံက ၂၀၀၄ အိန္ဒိယ ဆူနာမိ က ပုံ ပါ။
နောက်တစ်ပုံက လဲ အိန္ဒိယ ကဘဲ လို့ သိရတယ်။ ဘာဖြစ်တုန်း ကလဲ တော့ မပါဘူး။
ပုံမှား တွေ ပြ မိလို့ အားလုံး ကို တောင်းပန်ပါတယ်။
ဒါပေမဲ့
လူသတ်ချင်စိတ်တော့ မပျောက်သေးဘူး။

17 comments

  • မြစပဲရိုး

    July 31, 2015 at 10:48 pm

    . ပြောမဆုံးသေး၊ ကြေညာ ပါပြီ။
    {{{ ချင်းပြည်နယ်။ စစ်ကိုင်းတိုင်းဒေသကြီး။ မကွေးတိုင်းဒေသကြီး။ ရခိုင်ပြည်နယ် တွေကို သဘာဝဘေးအန္တရာယ် ကျရောက်ဒေသများအဖြစ်ကြေညာ }}}
    ပြီး တော့
    ဘာဆက်လုပ်မယ် မသိတော့ ဘူးမဟုတ်လား သမတကြီး ရယ်။ ဒါဘဲလား။ 🙄
    မလုပ်တတ်လဲ အပြစ်မပြောတော့ပါဘူး။ နေရာလေးတွေ က သာ ထကြပါတော့။

  • ကိုလတ်ကြီးရေ
    အခုတင်ဖေစ်ဘုတ်မှာ ကယောင်ကတမ်းနဲ့ အခုမှ နာဂစ်အကြောင်းတွေပြန်ဖောက်သည်ချတာ ဖတ်ပြီးရီနေတာဗျိုး

    • မြစပဲရိုး

      July 31, 2015 at 10:54 pm

      အဘလှ လား။ မန်းမှာရော ဘယ်လို နေလဲ ဗျ။
      ဧရာဝတီ ရေတက်လာတယ် ကြားလို့။
      သဘာဝ ဘေးရန်မှ အမြန်ကင်းကြပါစေ။
      . ပြန်လည်ထူထောင်ပေးရင် နဂို ရှိရင်း ထက် ပိုပြီး မြင့် တဲ့ အခြေရကြပါစေ။

  • @QUIL@

    August 1, 2015 at 1:00 am

    ဆားကိုလှူဗလား..ဟင်င်…
    ဟိုဆိုက်ပိုင်ရှင်သဂျိုင်ခီး သမီးလေးဘယ်လောက်လှလှ
    သူ့ကျိမရသမို့…. အရီးကို မာမီမားမားချစ်မေမေခေါ်နေတာ…
    မာမီ မိုးတအားများလို့ပြန်လာရသဗျ။။

    ကျုပ်က လေနဲ့သာမရိုသေတာ..
    သူမျက်လုံးလေးဝင့်ကြည့်ရင်ကိုနေစရာမရှိ..

    ဆားကို ကယ်ဘာ မာမီမာမာချစ်မေမေ…

    • မြစပဲရိုး

      August 1, 2015 at 4:12 am

      သမီးလေး လှ ဖို့ က အဓိကပါ ဆားလေးရယ်။
      သူ့ကျိ မရလဲ သူ့ကျိမှာ မှ မဟုတ်တာ။
      အဲဒီ သမီးလေး ရဲ့ ချစ်မာမား က ပိုတောင် သဘောကောင်းမဲ့ ပုံပါ။
      စိတ်ကူးမလွဲ လိုက်ပါ နဲ့။ 😉

      ကယ်ရ အောင် မင်းက ရေကြီးတဲ့ နေရာ ရောက်နေတယ်လား။ 🙄 Take care!!!

      PS –
      မှတ်ချက် ထဲ က နေ “နားဦးတည့်ပိတ်ပွဲ” အတွက် သီချင်းလေး တစ်ပုဒ် ရလိုက်လို့ ကျေးဇူးကြီးပါ။ :-))

    • မြစပဲရိုး

      August 1, 2015 at 4:02 am

      ထင်ပါဘူး ဆက်ဆက် ရယ်။
      ဒီလောက် မိုးမွှန် နေတာလဲ မှုပုံမရ။
      . ကြားရော ကြားကြရဲ့လားတောင် မသိ။
      အခု နာမည်ရင်း နဲ့ ဒေါက်တာစိုးထွန်း “သူ့ကို သမ္မတ ၄လ ဘဲ ပေးလုပ်” ဆိုပြီး သမ္ဓတကြီး ကို ချဲလင့်ချ် လုပ်သူပေါ်ခဲ့ပြီ။
      . အေးရော။
      ဘယ်သူတွေ က ဝင် ဖာ ကြဦးမယ်မသိ။
      ခမျာ ပါးစပ်ပိတ်ထား မှ တော်ရော့မယ်။
      ရုပ်သေးရုပ်ကြီး မို့သနားတော့ သနားစရာဘဲ။

  • ဇီဇီခင်ဇော်

    August 1, 2015 at 6:50 am

    ဖြစ်နိုင် ရင်
    အဘ တို့ တစ်ဖွဲ့ လုံးးကို
    အသက်ကယ် အင်ကျီ ဝတ်ပေးးပြီးးး
    ဘင်ဂလားး ပင်လယ်အော်ထဲ မျှောချင်ထှာာာာာ

    • Alinsett @ Maung Thura

      August 1, 2015 at 7:33 am

      အဲ့ပင်လယ်ကြီးပါ ပျက်မှာ
      ပင်လယ်ဒမြတွေနဲ့ အဲ့အဖွဲ့ပေါင်းမိပြီး ဆိုမာလီတွေထက် ဆိုးတဲ့ အဖွဲ့ ဖြစ်သွားမှ. . .
      .မတော်လို့ အဲ့ပင်လယ်ကြီးကို နီးစပ်ရာ ခွဲဝေရောင်းချရင် ဘယ်လိုလုပ်မလဲ။
      ပင်လယ်ထဲ နေတဲ့သတ္တဝါတွေကိုတောင် သနားစရာ. . .

      😆

  • Ma Ma

    August 1, 2015 at 8:05 am

    တစ်ရက်နှစ်ရက်ဆိုရင်တောင် အတော်ဒုက္ခများတာ ခုတော့ ရက်ရှည်လာပြီမို့ အတော်စိုးရိမ်မိတယ်။
    နီးစပ်တဲ့သူတွေ ကူတာကို နိုင်သလောက် လှူရပေမယ့် မလုံလောက် မပြည့်စုံနိုင်တာကို မှန်းပြီး..
    ဆနွင်းမကင်း ဖြစ်မိတယ်။ :'(

  • YE YINT HLAING

    August 1, 2015 at 10:25 am

    ဒီကိစ္စနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် အဲ
    ဆည် တွေ ထပ်ဆောက်ဖို့ လိုပါလိမ့်မယ် အဲ ပြီးတော့ မြစ်ချောင်းတွေ တိမ်လာအောင် ပြန့်လာအောင် မြေဆီ မြေနှစ်ထိန်းပေးမဲ့ သစ်ပင်တွေ ကို ခုတ်လှဲနိုင်ဖို့ တင်ဒါတွေလည်းခေါ်နေပါတယ် ။ ပြည်တွင်းအင်အားနဲ့ မလုံလောက်ဘူးဆိုရင် တရုတ်ရဲ့ အကူအညီ ယူရမှာပါပဲ။ အဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတာ ကျု ပ်တို့ပိုက်ဆံရတဲ့လုပ်ငန်းမှမဟုတ်တာ အဲ မြစ်ဘေး ချောင်းဘေး က ရွှေလုပ်ငန်းတွေကလည်း မဆိုးပါဘူး။
    အင်း နာဂစ် အတွေ့ အကြုံကတော့ နိုင်ငံခြား ဖြစ်မုန့်လေးတွေကစားလို့ကောင်းတယ်ဗျ ။အရေးပေါ် အမြန်ဆောက် မိုးလုံလေလုံ နိုင်ငံခြားဖြစ် လေးတွေကဈေးကောင်းရတယ်။ တနေ့က မြောက်ဒဂုံစက်မှူဝန်းထဲရောက်တော့ အဲဒါမျိုးလေးတလုးံ ကုမ္ပဏီတခုက ရုးံခန်းလေးလုပ်ထားတာတွေ့တယ်။ ခုလည်းဒါမျိုးလေးတွေ ပါဦးမလားလို့ စောင့်ကြည့်နေတယ်။ မိုးလားးးး ရွာဦးမှာ… အမလေး မတိတ်သေးဘူးရွာဦးမှာ…ဦးထွန်းလွင်လည်းပြောပြီးသား အချိန်မမှီတော့ဘူးတဲ့ …နိုင်ငံခြားကအကူအညီတွေလာဦးမှာ…ရွေးကောက်ပွဲ နီး ရေကကြီးဆိုတော့ သိတယ်မဟုတ်လား နာဂစ်တုန်းကလေ အဲဒါ ဂွင် ကလင်ဒါကျပဲဟေ ဟေ့…

  • မြစပဲရိုး

    August 1, 2015 at 12:17 pm

    ဒီ ေ-ာက်သုံးနဲနဲ မှ ကို မကျ တဲ့ ချိန်းဘရီး ဖာ အဖွဲ့ က ….
    MRTV uploaded a new video.
    စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရာဇဂြိုလ် ရေလှောင်တမံသည် ခိုင်ခံမှုရှိကြောင်း ဆည်မြောင်း ဦးစီးဌာနမှ အသိပေး
    ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

    သူငယ်ချင်း ညီမလေး ကလေး မြို့ က နေ တင်လိုက် တဲ့ FB status

    ရာဇဂြိ ုဟ် ဆည်က ခိုင်ခန် ့နေသေးကြောင်း ညက
    MRTV ကကြေညာသွားပေမယ် ့
    ရေတွေက မြိ ု့ထဲမှာတိုးသထက်တိုးလာနေပါတယ်။
    ကူညီကယ်ဆယ်ရေးကို ထိထိရောက်ရောက်မလုပ်သေးပဲ
    ဘာကို ထိုင်စောင် ့နေတာလဲလို ့ မေးချင်တယ်?

    အခု ကလေးမြိ ု ့သူမြိ ု ့သားတွေ
    တစ်မြိ ု ့လုံးခြောက်ခြားနေကြပါပြီ။

    အရင်ရက်တွေက ထမင်းထုပ်တွေကိုယ် ့အချင်းချင်း
    ကူညီဝေပေးနိုင်ပေမယ် ့
    ခုတော ့သူ ့ကိုယ် မကယ်နိုင်
    ကိုယ် ့သူမကယ်နိုင်ဖြစ်နေကြပါပြီ။

    နှစ်ပေါင်းများစွာအတွင်းမှာ အကြီးမားဆုံး
    အစိုးရိမ်ရဆုံး ရေဘေးဒုက္ခပါ။
    ကလေးမြိ ု့ကို ကူညီပေးပါ။

    1.8.2015
    4:12 am

    ================

    ဘာမှ မလုပ်တတ်၊ အကူ အညီလဲ မခေါ်ရဲ ။ ဒီတော့ ရေပြန်ကျ ဖို့ ကို ဘဲ မျှော်ရင်း လူ တွေ ကို မသိဟန်လုပ်ပြီး စတေး နေပါရော့လား။
    အတော်လေး အဆင်အခြင်မဲ့ တဲ့ လူ တွေ လို့ အရင် ထင်ခဲ့တာ တဲ့ ကို ပိုပိုပြီး တုံး လှ ညံ့လှ နေရာ အာဏာရူးလှ ပါလားကွယ်။ :-((((((((((

  • မြစပဲရိုး

    August 1, 2015 at 12:29 pm

    ဝင်ပြီးမှတ်ချက်ပေးသူများ အားလုံး ကျေးဇူးပါ။

  • မြစပဲရိုး

    August 1, 2015 at 2:59 pm

    တင်ထားမိတဲ့ ပုံ ၂ ပုံ က မြန်မာပြည် က မဟုတ်ဘူး လို့ အခုဘဲ သိလိုက်လို့ပါ။။
    (တစ်) က ၂၀၀၄ အိန္ဒိယ ဆူနာမိ က ပုံ ပါ။
    . နောက်တစ်ပုံက လဲ အိန္ဒိယ ကဘဲ လို့ သိရတယ်။ ဘာဖြစ်တုန်း ကလဲ တော့ မပါဘူး။
    ပုံမှား တွေ ပြ မိလို့ အားလုံး ကို တောင်းပန်ပါတယ်။

    ဒါပေမဲ့
    လူသတ်ချင်စိတ်တော့ မပျောက်သေးဘူး။

  • kai

    August 1, 2015 at 3:49 pm

    ရေတိုင်ကီတလုံးကို.. ၁ပေအနက် ၆ပေအရှည်မြောင်းတခုထဲလောင်းချမယ့်အခါမယ်.. ဆည်သဘော.. တွင်းနေရာတခု..၂ခု..၃ခုထားတာနဲ့.. ဆည်လိုရေထိမ်းနေရာမရှိတာနဲ့.. မြောင်းဘေးဝန်းကျင်အပေါ်.. ရေသက်ရောက်လွှမ်းမိုးမှု.. ဘာကွာမလဲမြင်ကြည့်ကြစေလို..
    Common sense!

    ကမ္ဘာမြစ်ကြီးတိုင်းလိုလို.. ဆည်တွေဆောက်ပြီးရေထိမ်းထားကြတယ်..။
    ဧရာဝတီခမြာ.. မြစ်ပိတ်ဆောက်ထားတဲ့..ဆည် (သိသလောက်)တခုမှမရှိ..။
    ဆိုတော့..
    ရေတွေဗရမ်းဗတာ.. အထိမ်းမဲ့ပေါ့..
    ဒီလောက်သဘာဝတရားက..လက်တွေပြနေလည်း.. လူတွေက.. မသိနားမလည်သေး..။

    အင်း..
    နောက်နှစ်နွေမှာ..အခုရေလွှမ်းခဲ့တဲ့နေရာတွေ.. ခြောက်သယောင်းထ.. ရေချိုပြတ်..ရေငတ်သေကြမှာ.. မြင်ယောင်နေပြန်သေး..

    ဘယ်လိုမှိုင်းတွေမိနေမှန်းကိုမသိ…
    အနိစ္စ..။ အမြဲမရှိ..။

    • YE YINT HLAING

      August 1, 2015 at 8:20 pm

      သချႍာ ပုစ္ဆာ တပုဒ်မှာ ပေးထားချက် သက်သေပြချက် နဲ့ အဖြေဆိုတာရှိတယ်။
      ပေးထားချက်တွေ သက်သေပြချက်တွေ ဘယ်လောက်ကောင်းကောင်း
      အဖြေ က ဒါပဲ ဆိုရင် ကျနော်တို့ နားလည် တာကလည်း ဒါပဲ ။
      ကျွန်တော်တို့ ကို ဒီထက်ပိုပြီး သိနားလည်စေချင်ရင်
      အဖြေ တွေ ရလာဒ် ကောင်းတွေ ဖန်တီးနိုင်အောင် ကြိုးစားပါ။
      အခုလိုပြောတာဟာ နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးပါ ။

  • အောင် မိုးသူ

    August 4, 2015 at 2:02 pm

    သူတို့ကိုယ်တိုင်ကိုကလူတွေကို အယုံအကြည်မရှိအောင ်ပိုလုပ်တာပါပဲ။ လူတွေဟာ ဘယ်သူမှ သင်ခန်းစာမပေးဘဲ ဘယ်သူက ဘယ်သူဆိုတာ သိနေကြပြီလေ။

Leave a Reply