. ခြေလှမ်းဦး များ နှင့် ကခုန်ခြင်း – ပါဝါ (61)

မြစပဲရိုးAugust 2, 20151min1738

ဒီတစ်ခါ မဲကျ သူကတော့ စက်ကွင်းလွတ်ကောင်းပါရဲ့။
ဒါတောင် ဟိုတစ်ကောင် ရှိတယ်လို့ ဆိုတဲ့ အရပ်မို့ သူ နဲ့ စက်ကွင်းလွတ်ပါ့မလား ပူ ရသေး။
ဘယ်တော့မှ မအိပ်တဲ့ “Big Apple’s” မြို့သူ “မစုဉာဏ်” ရယ်ပါ။
တကဲ့ စူပါစတား (၆ဝ နဲ့ ၆၂)  နှစ်ယောက်ကြား က ရ လာခဲ့တဲ့   ၆၁ နံပါတ်ပိုင်ရှင် ဟာလဲ အဖိုးတန်စာလုံးများ နဲ့ ရွာကို အလှဆင်ပေးသူ တစ်ယောက်ပါ။
. သွေးစပ်ရင် တော်နိုင်မဲ့ ရှမ်းမလေး က ရွာထဲ သူနေခဲ့တဲ့ ၃လတာ အတွင်းမှာ ပို့စ် ရပုဒ် တင်ပြီး အခုတော့ ရွာထဲ မှာ အသံမကြားတော့ဘဲ ပျောက်နေခဲ့တာ ဝမ်းနည်းစရာပါဘဲ။

သူကလေး ရဲ့ ပထမဆုံး ခြေလှမ်း က “အကူညီလိုအပ်နေတဲ့ မြန်မာ ကလေးများအတွက် နယူးယောက်မှာ ပျ ံ့လွှင့်ခဲ့တဲ့ ဂီတသံစဉ်” ဆိုပြီး Oct 3, 2014 မှာ တင်ခဲ့တဲ့ သတင်းဆောင်းပါးပါ။
ရံပုံငွေရှာတဲ့ သတင်း က ရိုးရိုးလေးပေမဲ့ စာဖတ်သူ တွေ အတွက် အတုယူနိုင်စရာ အကြောင်းလေး တွေ အများကြီး ပါ တဲ့ ပို့စ်လေးပါ။
ရွာအဝင်မှာ   ရွေးဝင်တတ်တဲ့ ထဲ သူလဲ ပါပါတယ်။
အဲဒီ ပို့စ်လေးမှာ မှတ်ချက်ပေါင်း ၁၂ခု နဲ့ စည်ကားခဲ့တယ်။
ထူးခြားချက်က ရွာသူအသစ် အနံ့ရတာနဲ့ အပြေးလာတတ်တဲ့ ကြောင်ကြောင် တစ်ကောင် ဒီ ကလေးမ ကို တော့ ရှောင်ခဲ့သလားဘဲ။
သူ့ကို ဗျင်းလိုက်နိုင်တဲ့ လက်တကမ်း အကွာ အနေအထားမို့ လားတော့ မသိ။

သူ့ရဲ့ ဒုတိယ ခြေလှမ်း “မအိပ်တဲ့ မြို ့ကလေး” ကတော့ တကဲ့ စာရေးကောင်းသူတစ်ယောက် ရဲ့ လက်စွမ်းပြ လက်ရာပါဘဲ။
Oct 3, 2014 မှာရေးခဲ့ပြီး မှတ်ချက်ပေါင်း ၁၉ခု နဲ့ ဝေဝေဆာဆာ ရှိခဲ့တယ်။
ကိုယ်တိုင်  မြို့လေး ထဲမှာ မအိပ်နိုင်ဘဲ လျှောက်ကြည့်နေမိသလို ခံစား ရပါတယ်။
ဒါပေမဲ့ စိတ်တော့ သိပ်မအေးလှဘူး။ အလစ် က နေ ကုတ်လိုက်မဲ့ အကောင် ကို ကြောက်နေမိသေး။
ဒီ ပို့စ် လေး က Best ဖတ်ရွေး Award ရခဲ့တာလား မသိ။
အဲဒီ Information ကို ပြန်ရှာတာဘဲ။ အစပျောက်ပြီး ထွက်မလာဘူး။

“တူညီသောဆန္ဒ” ဆိုတဲ့ တတိယမြောက်ခြေလှမ်း က လဲ ရွာထဲ စိတ်ကြိုက် တစ်ပုဒ် ဖြစ်ခဲ့တာပါ။
ရှုဒေါင့်အမြင် ခပ်ရဲရဲ နဲ့ ချပြထားတဲ့ သူ့ စာလုံး တွေ နောက်မှာ မီးခိုးတန်း အဖြစ် အတွေးမျှင် တွေ တငွေ့ငွေ့ နဲ့ပေါ့။

သူ့ပို့စ် တွေထဲ ကိုယ့်ရဲ့ ပါစင်နယ် အကြိုက် တစ်ပုဒ် လဲ ရှိခဲ့ပါတယ်။
“စုရဲ ့ပါရမီဖြည့်ဖက် “ ဆိုတဲ့ ပို့စ်လေးပါ။
ဒီလိုကြိုက်တယ် ပြောလို့ ဘယ်သူမှ ထူးထူးဆန်းဆန်းတော့ ဖြစ်ကြမယ်မထင်ပါ။
ဒီ အထဲ မှာ  ကြောင် တစ်ကောင် ဝင်ခနဲ့ သွားတာကလဲ မထူးဆန်းလောက်ပါဘူးနော။

Dec 26, 2014 မှာ “အကျဉ်းချလို ့မရတဲ့ ယုံကြည်ချက်” စကား တွေချပြီး ပျောက်သွားခဲ့တာ။

မစုဉာဏ် ရယ် အချိန်လေးများ မျှပေးနိုင်ရင် တစ်ခါတစ်လေ ပြန်လာပါဦး။
. ရေမြေမတူ တဲ့ နေရာ တွေ က အမြင်မတူ နိုင်တဲ့ အတွေးမျိုးလေး တွေလဲ ချပြပါဦး။
ကိုယ့်အလုပ်တွေ နဲ့ ကိုယ်ရှုပ်ပြီး အချိန်မရှိကြမှန်း သိပေမဲ့ ဆုံရပ်လေး တစ်ခု မှာ ပေါင်းစည်းလာမဲ့ နိုင်ငံ အတွက် စေတနာ စကားလုံး တွေ အတွက် ရွာအဝင်လမ်း က နေ ကြိုနေတတ်ကြတာလဲ သတိရပေးပါလို့။

 

8 comments

  • Ma Ma

    August 2, 2015 at 12:48 am

    မစုဉာဏ်ဆိုရင်တော့ ရွာထဲမှာ မန်းဂဇက်ချစ်သူများစာပေဆုရဖူးတဲ့သူအနေနဲ့ မှတ်မိတဲ့အပြင်…
    သူရေးသမျှစာအကုန်လုံး (အကုန်လုံး) ကို ကြိုက်တယ်။

    အတွေးကောင်း အရေးကောင်းလို့ အဖိုးတန်ကလောင်တစ်ချောင်း ရွာထဲမှာ ပျောက်ကွယ်သွားတာ အင်မတန်နှမျောမိတယ်။
    လူဆိုတာလည်း ဘဝကိုယ်စီရုန်းကန်နေကြရတာမို့ မအားလပ်လို့ပဲဖြစ်မယ်လို့လည်း တွေးမိပါတယ်။

    သူ့စာလေးတွေ ထပ်ဖတ်ချင်နေသေးတာ သူသိပါစေ။ 🙂

  • Alinsett @ Maung Thura

    August 2, 2015 at 2:02 am

    ဆုရသူ မဆူညံ လို့ ဦးကြောင် ဝင်ပြောလိုက်လို့ စိတ်ဆိုးပြီး မလာတော့တာ
    .

    .

    .

    .

    များလား

    :k:

    • မြစပဲရိုး

      August 2, 2015 at 3:56 am

      မမ နဲ့ ဆက်ဆက် တို့
      ကျေးဇူးပါ။ အစောက ကြောင် တစ်ကောင် ဝင်လာတယ်။
      ဟိုဘက် မှာ ဝင်ညောင် သွားတယ်။
      ဒီပို့စ် ကို မသိဟန်ပြုသွားလယ်။
      . ကြောင်လည်ကြီး။ lol:-)))

  • ဇီဇီခင်ဇော်

    August 2, 2015 at 11:37 am

    ရွာ ရဲ့ ရှားပါး ရသ အရေးကောင်းသူ တစ်ယောက်ထဲမှာ ပါပါတယ် ။
    ဆုရပို့(စ) က “တူညီသော် ဆန္ဒ” ပါ။

  • ဦးကြောင်ကြီး

    August 3, 2015 at 8:22 am

    မဆူညံ
    သက်ထူနာမ်
    လာဘ်ယူကြံ
    catခြူ သံ…

  • Mike

    August 3, 2015 at 3:51 pm

    .မစုဉာဏ်ရတဲ့ဆုကခုထိ က ျုပ်လက်ထဲသောင်တင်နေသဗျ…
    .အတွေးကောင်း အရေးကောင်းလို့ ရွာကိုပြန်ဝင်ရေးစေချင်မိတယ်

  • aye.kk

    August 4, 2015 at 10:19 am

    မစုဉာဏ်ကိုလွမ်းမိတယ်
    မစုဉာဏ်ရေးတဲ့စာတွေဖတ်ရတာဖတ်မဝပါ။
    ရွာကိုပြန်လာပါစေဆုတောင်းရင်း………….မျှော်နေမိတာမစုဉာဏ်သိပါစေ။။

Leave a Reply