နားဦးတည့်ရာ လေးဆယ် – Bob Dylan (Blowin’ In The Wind)

မြစပဲရိုးAugust 2, 20152min25016

ဒီတစ်ခါ နားဦးတည့်ပိတ်ပွဲ လုပ်တော့မှာပါ။
နားထဲ ရောက်နှင့်ပြီး သီချင်း တွေ က အများသားဖြစ်နေလို့ အခက်တွေ့ရော။
ရွာထဲက ကောက်ရ ဆားလေး (အင်လောမဟုတ်  😉 ) ရဲ့ မှတ်ချက်ကြည့်ပြီး တစ်ပုဒ် တော့ ထွက်လိုက်သေး။
အမေဆိုမှတော့ တာဝန်ကျေအောင် ဆူရ ဆဲရ တာ မဟုတ်လား။
သို့ပေသည့် သူ့ကို အဲဂလို ပြောရကောင်းလားဆိုပြီး ငိုချင်းချနေမှဖြင့် ရေကြီး တာ ပိုပြီး ကြီး သွားနိုင်သမို့ မပြောတော့ပါဘု။
ဒါကြောင့် လောလောဆယ် ခေါင်းထဲ ရောက်လာတဲ့ သီချင်း နဲ့ဘဲ ပိတ်ပွဲ လုပ်လိုက်ပါတယ်။

သီချင်း က “Blowin’ In The Wind”  ဖြစ်ပြီး တေးဆိုသူက “Bob Dylan”  လို့ ခေါ်ပါတယ်။
. တေးရေးသူ ကလဲ သူကိုယ်တိုင်ပါဘဲ။
အသက် ၇၄နှစ်ရှိနေပေမဲ့ အခုထိ သီချင်းတွေ ဆိုနေဆဲပါ။
Folk, Rock, Folk rock စတိုင် သီချင်း တွေ ဆိုပါတယ်။
အစပိုင်းမှာ သူက ဂျာနယ်လစ် ပေမဲ့ နောက်ပိုင်း လူ့အခွင့်အရေးတောင်းဆိုမှု တွေ၊ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မှာပါဝင်ပြီး အဲဒါတွေ အတွက် သီချင်းတွေ ရေး/ဆို လုပ်ခဲ့တာပါ။
အခု ပြောတဲ့ “Blowin’ In The Wind” ကလဲ အဲဒီ လှုပ်ရှားမှုတွေ အတွက် ဖြစ်ခဲ့တယ်။
သီချင်း စတိုင်က “Folk” လို့ ပြောရမလားဘဲ။
. နှစ် ၂ဝနီးပါး ဖြစ်ခဲ့တဲ့ ဗီယက်နမ် စစ်ပွဲ ကို ဆန့်ကျင်တဲ့ သီချင်းလို့ ဆိုပါတယ်။

သီချင်းထဲ မှာ မေးခွန်း လေး တွေ မေးထားပြီး။
အဲဒီမေးခွန်းလေး တွေ ရဲ့ အဖြေ က “blowin’ in the wind” လေထဲမှာ လွှင့်မျောနေပါတယ် လို့ ပြောထားတာ လေးပါ။

အဲဒီ အပြောကဘဲ နှစ်ခွ ပါ။ နှစ်မျိုး တွေးလို့ ရပါတယ်။
အဓိပ္ပါယ်(၁) က အဲဒီအဖြေတွေ ဟာ ကိုယ့်အနီးအနား မြင်နိုင်တဲ့ လက်တကမ်းဘဲ ရှိတယ်၊ ကြိုးစားရှာတတ်ရင်၊ ဂရုပြူလိုက်ခဲ့ရင် မြင်နိုင်တယ်။
အဓိပ္ပါယ်(၂) က အဲဒီအဖြေတွေ ဟာ လေလိုဘဲ ဖမ်းကိုင်ဆုတ်လို့ မရလို့ အဖြေမဖော်နိုင်ပါ။

ကိုယ့်စိတ်ကြိုက် ထင်သလိုသာ အဓိပ္ပါယ်ဖွင့်လိုက်ပါ။ နှစ်မျိုးလုံး မှန်နိုင်ပါတယ်။ lol:-)))
အဲဒီလို ဖြစ်အောင်ဘဲ သီချင်းရေးသူ က ဖန်တီးခဲ့တာထင်ပါရဲ့။

*  ဒီတော့ ပြောချင်တာ က
*  လောကကြီး ထဲ အတိအကျ အဓိပ္ပါယ် မဖော်နိုင်တဲ့
*  Double meaning လိုမျိုး ဖြစ်နေတာ တွေ အတွက် တော့
*  ရန်မဖြစ် ချင်ကြပါနဲ့။
*  စိတ်အညစ် အနွမ်း မခံကြပါ နဲ့။
*  တစ်ယောက် အဓိပ္ပါယ်ပြန်ပြီး ပြောလိုက် တဲ့  အဖြေ က ကိုယ့်ရဲ့ အဓိပ္ပါယ် (အဖြေ ) နဲ့ ကွဲ နေခဲ့ရင်
*  ကွဲ နေတတ်တဲ့  သဘောရှိကြောင်းလေး ကို အသာလက်ခံ ပြီး
*  ငြိမ်းချမ်းရေး နဲ့ ကိုယ်ချင်းစာစိတ် ကို ရှေ့တန်းတင်ပေးကြပါလို့
*  ပြောရင်း …………
*  နားဦးတည့် အစီအစဉ် ကို ပိတ်ပွဲ ကျင်းပ လိုက်ပါတယ်။

Bob Dylan – “Blowin’ In The Wind”

How many roads must a man walk down
Before you call him a man?
How many seas must a white dove sail
Before she sleeps in the sand?
Yes, and how many times must the cannon balls fly
Before they’re forever banned?

The answer, my friend, is blowin’ in the wind
The answer is blowin’ in the wind.

Yes, and how many years can a mountain exist
Before it is washed to the sea?
Yes, and how many years can some people exist
Before they’re allowed to be free?
Yes, and how many times can a man turn his head
And pretend that he just doesn’t see?

The answer, my friend, is blowin’ in the wind
The answer is blowin’ in the wind.

Yes, and how many times must a man look up
Before he can see the sky?
Yes, and how many ears must one man have
Before he can hear people cry?
Yes, and how many deaths will it take ’til he knows
That too many people have died?

The answer, my friend, is blowin’ in the wind
The answer is blowin’ in the wind.

16 comments

  • မြစပဲရိုး

    August 2, 2015 at 3:47 am

    Yes, and how many ears must one man have
    Before he can hear people cry?
    Yes, and how many deaths will it take ’til he knows
    That too many people have died?

    The answer, my friend, is blowin’ in the wind
    The answer is blowin’ in the wind.

    https://www.youtube.com/watch?v=vWwgrjjIMXA

  • ဇီဇီခင်ဇော်

    August 2, 2015 at 11:40 am

    တစ်ယောက်ထဲတောင် သဘောထား အမျိုးမျိုး ကွဲနေကြတာကို။
    ဟိဟိ..

    :mrgreenn:

  • Ma Ma

    August 2, 2015 at 9:05 pm

    နားဦးတည့်အစီအစဉ်တွေဖတ်ပြီး မလတ်ကို နေရာတိုင်းမှာ ဝင်ဆန့်နိုင်သူလို့ စိတ်ထဲကတွေးမိနေတာ။ 🙂

    နားဦးတည့်ရာပိတ်ပွဲဆိုတော့ အလျဉ်းသင့်ရင် လာပါအုံး။
    စကားလုံးတွေ စိတ်ထဲမှာ သိမ်းထားရရင် ပင်ပန်းတယ်နောာာာာာာာ 😉

  • ကိုလတ်ကြီး ရဲ့နားဦးတည့်ရာက ဘိုလို
    ကျနော်က အဲ့သီချင်းတွေရဲ့ကော်ပီတွေဘဲနားထောင်ဘူးတာ

    ကျနော်က မြန်မာသံလေးတွေနားထောင်ကြမယ် ဖေစ်ဘုတ်ဂရု မှာ သီချင်းတွေရှာပြီး တင်ပေးနေတာကြာပြီ

    အဲမှာ တိမ်မြုတ်နေတဲ့သီချင်းတွေ တင်ပေးတာ နားထောင်ချင်တဲ့သူ ပြန်နားထောင်လို့ရအောင်
    ပြန်ရှာပေးတာရယ်

    အချို့သီချင်းအဟောင်းအကောင်းလေးတွေကို ပြန်ဆိုတေးထုတ်လုပ်သူများ မျက်စေ့ကျသွားရင်
    တေးရေးသူမှာ ပြန်ရောင်းလို့ ရအောင် လုပ်ပေးတာပါ

    တစ်ခါ လောက် အလည်လာကြည့်ပါလား

  • @QUIL@

    August 3, 2015 at 3:17 am

    ဘော့ဒလင် လား…
    သူရှင်သန်နေဆဲမှာ လူဖြစ်ခွင့်ရတာ… ဆုလာဘ်တခုဗျ…
    အဟုတ်ပြောတာ….

    • မြစပဲရိုး

      August 3, 2015 at 4:13 am

      Thanks. :-))))

      • @QUIL@

        August 3, 2015 at 4:15 am

        ကျေးဇူးတင်ရင် … သားအမိတော်ရအောင်ညော်…..

        • မြစပဲရိုး

          August 3, 2015 at 4:29 am

          Yes.. but not (in law). lol:-))))

  • @QUIL@

    August 3, 2015 at 4:38 am

    ဘော့ဒလင် အကြောင်းဆက်ပြောတာပေါ့…
    အဲ့ဘီးကျဲ ရေးတဲ့သီချင်းတပုဒ်….
    ဘာတဲ့… အမေရိကမှာ နိုင်ငံတော်သီချင်းထက်တောင် လူပို ရသေးသတဲ့…
    ရှူးတိုးတိုး….. အိုင်ခူးမကြားစေနဲ့… သူ အဲ့သီချင်းမရတာ သေချာတယ်….

    ဘီလီသည်ကစ် အကြောင်းဗျ……..အားဟိ…

    P.S
    စကားမစပ် ဘဘဂျော့် ကလည်း ဘော့ဒလင်န် အသီးစွဲညော်…
    ဘော့် ထားခဲ့တဲ့ ယဲဇားဟောင်းတောင် ကောက်ကတ်တွဲသေးသတဲ့…..

      • @QUIL@

        August 3, 2015 at 4:50 am

        ဘာဆရာမှ မလေးဘူး…

        အမေဒစ်ကင် အကောင်းဆုံးအာ့ထစ်ဆိုပဲ…
        အင်းပေါ့ဗျာ…
        ဖရက်ဒီမာကျူရီက အဲ့မှာမှမမွေးတာ….

  • မြစပဲရိုး

    August 3, 2015 at 1:30 pm

    ဇီဇီလေး
    မှန်လိုက်လေ။
    သို့ပေသည့်
    ကိုယ့်တစ်ယောက်ထဲ သဘောထားကွဲ တာ တော့ ခွေးလွှတ်နိုင်ကြတာ မဟုတ်လား။
    ဒီနေ့ တိတ်နေပါ့လား။ အလုပ်ရှုပ်နေထင်ရဲ့။ :-))

    ချစ်မမ ရေ့
    ဒီမှာက ဖတ်စရာ သတင်း ဆောင်းပါး တွေ ကို အလွယ်ရှာ ဖတ်လို့ ရတော့ ဟို ပါ ဒီပါ ပေါ့။
    သို့ပေသည့်
    . ယောင်၆ဝ lol:-)))

    ကိုပေါက်ကြီး
    ဟုတ်ပါတယ်။ ဒါလဲ ကော်ပီ မြန်မာ သီချင်းရှိခဲ့ပါတယ်။
    မူရင်း ကို အရင်က မသိပါဘူး။ တူးတူး ရဲ့ မြန်မာသီချင်း “ချိုမြိန်ဒုက္ခ” ကို ဘဲ ကြားဖူးတာ။
    သို့ပေသည့်
    မူရင်း ကို နားထောင်ပြီးချိန် မူရင်းရေးသူ သီချင်းရေးဆရာ ကို အားနာလိုက်တာ။
    အရမ်းကအဓိပ္ပါယ်ရှိလွန်းတဲ့ စာသား တွေ ကို ကျွန်မတို့ မြန်မာ ကော်ပီ သီချင်းရေးဆရာ က လစ်လျူပြု ပြီး သာမာန်အချစ်သီချင်း တစ်ပုဒ် အဖြစ်ဘဲ ပွါးလိုက်ခဲ့တာ ကိုပါ။
    ဒါကြောင့် ပို့စ် ထဲ ထည့်မပြောခဲ့တာ။
    ကျွန်မ ဂေါက် တာလဲ ပါမှာပါ။
    ဒီမှာ တူးတူး ရဲ့ ကော်ပီသီချင်း။

    https://www.youtube.com/watch?v=2fDPNmeqd1o

    • ဇီဇီခင်ဇော်

      August 3, 2015 at 1:58 pm

      စနေ/တနင်္ဂနွေက ရေဘေး အလှူအတွက်ရော အိမ်မှာ ရော အလုပ်ရှုပ်လို့။
      နောက် အမတ်လောင်းရွေးပွဲ ဟိုပြောဒီပြောတွေကို ဒေါသဖြစ်လို့ရော။
      ~~~~~~~~~
      ဒီ သီချင်းက တင်ဇာမော် ပြန်ဆိုတာ ကို သများ ပြန်ဆိုထားသေးတယ်။
      ဟိဟိ

  • တောင်ပေါ်သား

    August 3, 2015 at 3:49 pm

    အရီးရဲ့ ဘိုသီချင်းတွေကို ကျနော် မသိဘူးရယ်

    အတော်ညံ့ပါ့နော် ၊ ဒါနဲ့ ဘာလို့ဆက်မရေးတော့တာတုန်း ၊

    • မြစပဲရိုး

      August 4, 2015 at 12:11 am

      ဇီ ကလေး
      အသံကောင်းတယ် ကြားတယ်။
      နားထောင်ချင်သား။ :-))

      ကိုမျိုး
      ရေဒီယို ၊ တီဗီ လာသမျှ မြန်မာသီချင်း မပါတော့ နီးရာ နဲ့ ပျော်ရတာပါ့။
      သို့ပေမဲ့ ကိုယ့် မြန်မာသီချင်း တွေကို လဲ အမြဲ လွမ်းတတ်ပါတယ်။
      နားဦးတည့် က လုပ်စား လေ ကိုမျိုး ရဲ့။
      ပွိုင့်ပြည့် ခါနီး မို့ ရပ်မှ ဖြစ်မယ်။ :-)))

  • ဟေသီ

    August 4, 2015 at 12:39 pm

    နှမျောတော့ နှမျောစရာ။ ဒီက ဖတ်လို့ ကောင်းလို့ တစိုက်မတ်မတ် ဖတ်မယ်ပဲ ရှိသေးတယ် 🙁

Leave a Reply