. မြ ရဲ့ သင်ပုန်း ဝ၃-၀၈-၂၀၁၅

မြစပဲရိုးAugust 3, 20151min30717

. မြတစ်ယောက် လက်ခမောင်းခတ် နေသည်။
. တောမီးလောင်၍ တော့ မဟုတ်။
ရည်မှန်းချက် ပြည့်ခါနီး၍ ဖြစ်သည်။
ကိုယ့်ရှေ့မှ ချစ်သောသွေးသောက်ညီအစ်မကလဲ အသော့နှင်နေလေပြီ။
မဝေးသော တစ်နေ့တွင် မ နှင့် မြ တွဲ၍ ပန်းဝင်နိုင်မည် မှန်း၏။ :-))
. ရှေ့ မှာရှိသူ ချစ်မမ နောက်မှ လိုက်ဖို့ သာ ဆုံးဖြတ်ထားသည်။
ထို့ကြောင့် လီဗာကိုလျှော့ ကာ ဘရိတ်နင်းသင့်နင်းရပေမည်။

. မြသည် အဖော် ကို အင်မတန် မင်သည်။
“တစ်ယောက်ထဲ ဆို နိဗ္ဗါန်ရောက်မည်။ အဖော်နဲ့ ဆို ငရဲ သွား ရမည်” လို့ ပြောလျှင် ငရဲကို ရွေးလိမ့်မည်။
သို့သော် အတည်မမှတ်လိုက်ကြပါနဲ့  ပိုမြင်သာအောင် သဘောကို ပြောခြင်းဖြစ်လေသည်။

တကယ်တော့ ခင်မင်သူ အပေါင်းအဖော်ဆိုသည်မှာ သူတို့ ဒုက္ခရောက်ချိန်မှာ သူတို့ အတွက် ဆုတောင်းပေးရသလို
သူတို့ အောင်မြင်သည့် အချိန်မှာလဲ ဝမ်းမြောက်ဝမ်းသာ မုဒိတာဖြစ်နိုင်ရသည်။
. မြကတော့ မုဒိတာ ကို လွန်၍ ကြွားလုံးပင် ထုတ်တတ်သေး၏။

ထုံးစံအတိုင်း သမိုင်းကို တူးသော် မြတို့ အမိတက္ကသိုလ် တက်တုန်းက သူငယ်ချင်း ကိုး ယောက် တွဲသည်။
မနက် ရနာရီ မှ စ၍ သောင်းကျန်းသည်မှာ ညနေစောင်းတိုင်၏။
. မြတို့သည် ကျောင်းခန်းထက် ကျောင်းရှေ့က မြက်ခင်း မှာ ပိုရှိတာ များသည်။
. သူ့ထက်ငါ ဦးအောင် ကြွက်ကြွက်ညံ စကား ပြောကြသည်။
.  မြ အသံ သည်  ကျောင်းပြီးချိန်၌ မိုက်ခရိုဖုန်း မလိုဘဲ ပြောနိုင်အောင် အလေ့အကျင့် ဖြစ်ခဲ့လေ၏။
. မြတို့ အဖွဲ့ထဲ တွင် နယ်ဖက်မှ တစ်ယောက်ပါသည်။
နယ်မှ ဆိုသော်လည်း အဆောင်မနေ။
သူ့ အဒေါ်၏ အိမ်မှာ နေ၍ ကျောင်းတက်သည်။
သူ့ဇာတိ တွင် သူ၏ မိဘ များ သည် နာမည်ကျော်၏။
အမေ မှာ ဆရာဝန်မကြီး ဖြစ်ပြီး အဖေမှာ နာမည်ကြီး နိုင်ငံရေးသမားကြီး ဖြစ်သည်။
သူကျောင်းတက်နေချိန်မှာ သူ့အဖေ ကို အင်းစိန်ထောင်ထဲ မကြာမကြာ သွားတွေ့ခဲ့သည်။
. နိုင်ငံရေးမှုဖြင့် နှစ်ရှည် ကျ နေသူ ဖြစ်သည်။
သူ့အမေဆေးခန်း သည်  ဆေးဖိုး မရှိလဲ အလကားကုပေးလိုက်သည်မို့ ထိုနယ် တစ်ဝိုက် ရှိ ဆင်းရဲသား လူမွဲများ အတွက် အားကိုးရာပင်။
သူကျောင်းပိတ် ပြန်တိုင်း မြတို့ လိုက်လည်ကြသည်။
ရထားတစ်တန် ကားတစ်တန် သွားရသည်။
အခုတော့ အဝေးပြေးကား များ တိုက်ရိုက် ရှိလောက်ပြီ မှန်း၏။
. ကျောင်းပြီးချိန်တွင် သူသည် သူ့အမေ ဆေးခန်း၌ပင် ဝင်ပြီး ကူခဲ့သည်။
မရှိဆင်းရဲ ကျောင်းမတက်နိုင်သည့် ကလေးများ ကိုလဲ စာသင်ပေးသည်။
. နာမကျန်းဖြစ်နေသော်လည်း အိုမင်း၍ ဆေးခန်းမလာနိုင်လျှင် မည်မျှဝေးစေ အိမ်ထိလိုက်ကုပေးသည်။
. နောက်ပိုင်းတွင် သူ့အဖေ ထောင်ထဲ မှာပင် ဆုံးခဲ့သည်။
သူ သည် ပရဟိတ အလုပ်များ ကို ရပ်ရွာထဲ ပိုလုပ်ပေးခဲ့သည်။
. နိုင်ငံရေး ကိုလဲ တွဲလုပ်လာသည်မှာအဆန်းတော့ မဟုတ်ပေ။
၁၉၉ဝ ဝန်းကျင် ဒီချုပ် အတွက် သူတို့ နယ်မှ မဲဆွယ်ပွဲ များ တွင် စိတ်ရော ကိုယ်ပါ လှုပ်ရှားပေးခဲ့သည်။
ထိုပွဲ ကို အပျော်လာခဲ့သော သူငယ်ချင်းများ ဟီလာတိုက် နေသည် ကို သူ ဆူခဲ့သေးသည်။
. နောက်ပိုင်း ကျန်သူများ က ဘဝ ကို ရေသာမျောလိုက်နေချိန်မှာ သူသည် သူ့ဘဝ ရပ်တည်ရေးအတွက် ဆူးလမ်း ကို ခပ်ကြမ်းကြမ်း ဖြတ်နေခဲ့ရသည်။
သူ့အမေလဲ ဆုံးသွားခဲ့သည်။
ရန်ကုန် မှာရှိသည့် သူငယ်ချင်းများ (မြ ကတော့ သတင်း နားထောင်ရုံ အဝေးမှာ ရောက်နေပြီ) က သူ့ဆီ မကြာမကြာ အလည်သွားတာ ကို မလာကြနဲ့တော့ လို့ တားခဲ့သည်။
ဒါပေမဲ့ ညီအစ်မ တွေ လို ဘွန်း ရှိခဲ့ပြီမို့ သူ့ ကို ပစ်မထားကြ။
သူတို့ သွားတွေ့တိုင်း တောနယ်ဖက် တွေ ကို ရောက်နေသည် ဟူ ပြောကြသည်။
သူ့အိမ်မှာ စားစရာ မရှိတာ ကို ကျန်သူငယ်ချင်းတွေ မြင်လာပြီး စိတ်မကောင်းဖြစ်ကြသည်။
လမ်းမှာ ဖြစ်သလို စားတာ အကျင့်ဖြစ်နေသည် ဆိုသည်။
ဒီတစ်ခေါက် ရွှေပြည်မှာ သူ့သတင်း ကြားရသည်။
သူ့ နယ် ၏ ဒီချုပ် ကိုယ်စားလှယ် အဖြစ် ဝင်အရွေးခံ မည် ဆိုသည်။
. မြသည် သူ့အတွက် ဂုဏ်ယူမိသည် မှာ ပြောစရာမရှိ။
အားကျမိသည် မှာလဲ ပြောစရာမရှိ။

ဒီရက်ပိုင်းအတွင်း ကြော်ငြာ လာမည့် ဒီချုပ် ကိုယ်စားလှယ်စာရင်းကို အောင်စာရင်းတစ်ခု ကို ကြည့်ဖို့ မြ စိတ်လှုပ်ရှား နေခဲ့သည်။
ဒီနေ့မနက် မှာတော့ မြင်ရလေ၏။
. မြတို့၏ ချစ်သော သူငယ်ချင်း တစ်ယောက် ထို နာမည်စာရင်းထဲ ပါခဲ့ပြီ။
စာမေးပွဲအောင်သည်ထက်ပင် ပျော်မိခဲ့သည်။
အဝေးက နေ သူ့အတွက် ဂုဏ်ယူပြီး ပျော်ရွှင်နေသည့် သူငယ်ချင်း တွေကို သူ သတိမှ ရ ပါလေစ လို့လဲ တွေးမိ၏။
သူ့မှာ ရှေ့ဆက် ဝင်ရမည့် တိုက်ပွဲများ ရှိနေသည်။
ထို အတွက် သူ့မှာ အလုပ်တွေ ပိုပိုပြီး များနေပေတော့မည်။
ကံကောင်းပါစေ ဟု ဆုတောင်းသည်။
ကံကောင်းလိမ့်မည် ဟု လည်း ယုံကြည်ပါသည်။
. သူ့နောက်မှာ နေပြီး သူလိုတာ ပံ့ပိုး ပေးချင်စိတ် ထိန်းမရ။
. ရွှေပြည်ထဲ ရှိ တစ်ခြား သူငယ်ချင်းများ ကတော့ မြ လို ” လေ ” နှင့်မဟုတ် ဘဲ လက်တွေ့ပံ့ပိုး ပေးနိုင်ကြလေမည်။

ကျန်သော နေရာမှ ကိုယ်စားလှယ်လောင်းများ ကို မူ မြမသိပါ။
သို့သော် မြသိသော မြ၏ ချစ်သော သူ၏ ဇာတိမြေအပေါ် တာဝန်ကျေ တာဝန်သိ တတ်သည့် သူငယ်ချင်း ကို ကိုယ်စားလှယ် အဖြစ် ခိုင်း နိုင်တော့မည့် ထိုနယ်သည် ကံကောင်း လှသည်။
ဘာ မျှော်လင့်ချက်မှ မပါဘဲ ပေးဆပ်မှုသက်သက် သူ့ဘဝ ကို မြှပ်ထားသူ အတွက် ထိုနယ်၏ မဲ များ သည် သူ့အတွက် မှ လွဲ၍  တစ်ခြားရောက်စရာမရှိ။

ဒီအချိန်မှာ ပွဲကြည့်ရုံ သက်သက် ဖြစ်နေရသော မြ ဘဝ ကို မြ မချင့်မရဲ ဖြစ်နေရုံကလွဲ လို့ ဘာတတ်နိုင်မည်နည်း။
တစ်နေ့မှာ သူတို့ ဆီ ကို မြ အရောက်သွားမည် ကို အိမ်မက်မက် နေခွင့်တော့ ရှိပါရစေ။
တစ်နေ့မှာပေါ့။

DSCF1656
စာဖတ်ရတာ မို့ ဆာခဲ့ရင် ကိတ် ကလေး စားကြပါ။

17 comments

  • Alinsett @ Maung Thura

    August 3, 2015 at 7:06 am

    .မျှော်လင့်ချက် တစ်စုံတစ်ရာ မပါဝင်ပါတယ်. . .
    .ပေးဆပ်ကာသာ ရင်မှာ ပျော်တယ်. . .
    .ကျော်လွန်နိုင်ပြီ အခက်အခဲတိုင်း. . .
    .ရင်ထဲက မေတ္တာ တရားနဲ့. . .
    အတုံ့အလှည့် မရှိရင်နေပါ အပြောင်းအလဲ မဖြစ်ရင်နေပါ. . .
    ဒါဒါဒါ ဒီဒီဒီ. . .

    ကိုယ့်အကျိုးကို အဓိကမထားသော. . .
    ကိုယ်ကျိုးဖက်သည့် မျှော်လင့်ချက် တစ်စုံတစ်ရာ မပါဝင်ပဲ
    အများအကျိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်အကျိုးကို သယ်ပိုးမယ့် အမျိုးသမီးကောင်းများ
    အမျိုးသားကောင်းများ. . .
    ဗမာပြည်ကြီးထဲမှာ အများကြီး ရှိမှာပါ။
    ရှိနေလိမ့်. . . ပေါ်ထွက်လာလိမ့်. . . ကြိုးစား ပိုင်ခွင့် ရလိမ့်မည်. . .
    (သူတို့ ကိုယ်တို့ အားနဲ့ တစ်ချိန်မဟုတ်တစ်ချိန်
    .ကောင်းစွာသော အရွေ့အပြောင်းသို့ ရွေ့သွားလိမ့်. . .)ဟု
    .မျော်လင့်ချက် တစ်စုံတစ်ရာတော့ ကျနော် ထားမိနေသည်။

    :k:

  • Ma Ma

    August 3, 2015 at 9:10 am

    ဘယ်နေရာက ဝင်ပြိုင်မှာလဲ သိချင်သား။

    ဝိုင်းပြီးလော်ဘီလုပ်ပေးရအောင်လို့။ 🙂

  • ကျနော်တို့ကတော့ လေသက်သက် နဲ့ ခရီးနှင်နေချိန်

    ခရီးကြမ်းလမ်း ကိုယ်တိုင်ဖြတ်သန်းသူ
    ကျနော်တို့ကလေသသရမ်းပြီး ဒါန်းစီးနေချိန်
    လှိူင်းထန်သောကြားမှာ အားမာန်အပြည့်နဲ့ဖြတ်သန်းသူ
    တစ်ယောက် ကို မသိ မမြင်ဘူးသော်ငြား
    လေးစားပါတယ်။

    ဘယ်သူ ဘယ်နယ် ဆိုတာလေး
    တီးတိုးသတင်းပေးပါ.
    ပန်းသတင်းလေညှင်းဆောင်ချင်လို့ပါ.
    ဒေါင်းစာရင်း ဝင်သူတို့ကပွဲလည်တင့်မှာတော့သေချာပြီးသားပါ။

  • မြစပဲရိုး

    August 3, 2015 at 1:15 pm

    သူတို့ ကို တရားဝင် မဲဆွယ်ခွင့်ရချိန် ပြောပါ့မယ်။
    ရိုးသားမှု၊ ကြိုးစားမှု၊ စိတ်စေတနာ အားလုံး ကောင်းတာပါ။
    ရပ်ရွာနဲ့ လဲ ဟိုးအရင်ကထဲ က ရင်ချင်းနီးနေသူ သူမို့ ဖွတ်များ မညစ် ရင် မဲ တွေက သူ့ဆီမှာ ရဖို့ဘဲ ရှိမယ် ထင်ပါတယ်။

  • ဇီဇီခင်ဇော်

    August 3, 2015 at 2:08 pm

    ရှေ့ထွက်နိုင်တဲ့သူတွေကို “ကျေကျေနပ်နပ်” ပံ့ပိုး မဲ့ နေရာ ယူထားရတာကို ကျေနပ်ပါအရီးရယ်။
    ကိုယ့် မှာ အဲဒီ အတွက် မျက်နှာဖုံးမရှိတာ သေချာပါရဲ့။

  • ဟေသီ

    August 4, 2015 at 10:49 am

    ဘယ်ပါတီ ဘယ်ကပဲ ဖြစ်ဖြစ် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူများအတွက် ဂုဏ်ယူလေးစားမိပါတယ်။

  • Ma Ei

    August 4, 2015 at 11:39 am

    မြ စာကလေး ဖတ်ရတာ ငယ်ကတဲက ကေ ျာင်းမှာ သူငယ်ချင်းတွေ အများကြီးမရှိခဲ့ မထားခဲ့မိတာ နောင်တရမိတယ် တစ်ချို့နဲ့ ခုပြန်တွေ့လို့ ငယ်ကအကြောင်းပြောတဲ့ခါတိုင်း
    မြရဲ့ cup cake လေးစားရသလိုဘဲ အရသာရှိလိုက်တာနော်…

  • မြစပဲရိုး

    August 4, 2015 at 1:04 pm

    မှတ်ချက်လေး တွေ အတွက်ကျေးဇူးပါ မအိ နဲ့ ဟေသီ။
    မအိ – အခု ရွာထဲ မှာ သူငယ်ချင်းကောင်း တွေ အများကြီး ရနေပြီလေ။ မဟုတ်လား။ :-))

  • Mike

    August 5, 2015 at 2:09 pm

    .ခိခိ..က ျုပ်လည်းကြွားရအုံးမယ်ဗျ…ဒီနှစ်ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု ပြီးအရွေးခံကြမဲ့အထဲ
    .က ျုပ်တို့သပုန်ကေ ျာင်းသားတွေအများကြီးပါဝင်လာသဗျ..တွေ့ကြပြီပေါ့လေ…
    .ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အလံတော်အောက်မှ ဝင်ရောက်ယှဉ်ပြိုင်မဲ့ Engineer ကိုယ်စားလှယ်လောင်းများ

    ၁။ ဦးမင်းမင်းဦး Electronic 1995 ( RIT )
    ပြည်နယ်လွှတ်တော်၊ ဘီးလင်းမြို.နယ်
    Tel. : 09793737637

    ၂။ ဦးဇော်ဝင်း @ ဝက်ကြီး Mechanical 1991 ( RIT )
    ပြည်သူ.လွှတ်တော် ထန်းတပင်မြို့နယ်

    ၃။ ဦးဝင်းထွဋ် Mecahanical 1984 ( 1985 ) RIT
    ပြည်သူ.လွှတ်တော် ဖျာပုံမြို့နယ်
    Tel. : 098590150

    ၄။ ဦးမင်းထင်အောင်ဟန် Electrical Power 1994 ( RIT )
    ပြည်နယ်လွှတ်တော် မော်လမြိုင်မြို့

    ၅။ ဦးတင်ထွန်းနိုင် @ Ko Navana ,Electronics 1996 ( MIT )
    ပြည်သူ.လွှတ်တော် ဆိပ်ကြီးခနောင်တို
    Tel. : 095054030

    ၆။ ဦးခင်မောင်သန်း Electrical Power 1987 ( RIT )
    ပြည်သူ.လွှတ်တော် တောင်ငူ

    ၇။ ဦးမောင်အုန်း Mining 1979 ( RIT )
    အမျိုးသားလွှတ်တော် မြန်အောင်
    Tel. : 095062654

    ၈။ ကိုကြည်မိုးနိုင် Petro 1991 ( RIT )
    ပြည်သူ.လွှတ်တော် ရေတာရှည်

    ၉။ ဦးရဲမြင်.စိုး Civil1978 ( RIT )
    အမျိုးသားလွှတ်တော် သံလျင်
    Tel. : 0940154055

    ၁၀။ ဦးဇာနည်အောင် Mechanical 1986 ( 1987 ) RIT
    တိုင်းဒေသကြီးလွှတ်တော် ၊ မဟာအောင်မြေမြို့နယ် မဲဆနဒနယ် ၁

    ၁၁။ ဦးသာအောင် Mining 1971 ( RIT )
    ?
    အင်းစိန်မြို့နယ်(၁) ရန်ကုန်တိုင်း

    ၁၂။ ဦးစောမိုးမြင့် Mining 1971 ( RIT )
    အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) ၊ ကရင်ပြည်နယ်

    ၁၃။ ဦးဝင်းသိန်းဇော် Mining 1969 ( RIT )
    ပြည်သူ.လွှတ်တော် ၊ ဆားလင်းကြီးမြို့နယ်၊ယင်းမာပင်ခရိုင်။

    ၁၄။ ဒေါ်ယဉ်မင်းလှိုင် Civil 1996 ( MIT )
    ပြည်သူ့လွှတ်တော် ဂန့်ဂေါမြို့နယ်

    ၁၅။ ဦးသက်ထွန်းဝင်း Civil 1987 ( RIT )
    တိုင်းဒေသကြီးလွှတ်တော် ၊ ဗိုလ်တစ်ထောင်

    ၁၆။ ဦးစစ်အေး Mechanical 1972 ( RIT )
    ပြည်သူ.လွှတ်တော် ၊ တောင်သာမြို့နယ်။

    ၁၇။ ဦးတင်မောင်ဝင်း Mechanical 1971 ( RIT )
    ဆိပ်ကမ်းမြို့နယ်။

    ၁၈။ ဦးထွန်းထွန်းဦး Electrical Power 1983 ( RIT )
    အမျိုးသားလွှတ်တော် ၊ ( မဟာအောင်မြေ ၊ အမရပူရ ၊ ချမ်းမြသာစည် )
    မန်းလေး

    ၁၉။ ဦးမျိုးသစ် (ခ)ဦးပါလေး Mechanical1982 ( RIT )
    တိုင်းဒေသကြီးလွတ်တော် ၊ မိုးကုတ်မြို ့နယ်
    Tel. : ‘0943145887

    ၂၀။ ဦးနေဖူးဘဆွေ Civil 1981 ( RIT )
    ပြည်သူ.လွှတ်တော် ၊ ပန်းဘဲတန်းမြို့နယ်
    Tel. : 09450067363

    ၂၁။ ဦးဇော်မျိုးအောင် Civil 1985 ( RIT )
    ပြည်သူ့လွှတ်တော်
    ဇီးကုန်းမြို့နယ်။

    ၂၂။ ဦးပေါဟန် Civil 1973 ( RIT )
    အမျိုးသားလွှတ်တော်
    မြင်းခြံ။

    ၂၃။ ဦးaအာင်မြင့် Mining ကရင်ပြည်နယ်

    ၂၄။ ဦးမင်းသူရအောင် Mechanical 2003 ( PTU )
    ပြည်သူ့လွှတ်တော်
    ကြို့ပင်ကောက်

    ၂၅။ ဦးသန်းဝင်း Electrical Power 1991 ( RIT )
    အမျိုးသားလွှတ်တော်
    ရှမ်းမြောက် မဲဆန္ဒနယ် (၆)
    Tel . : 095250543

    ၂၆။ ဦးဝင်းညွန်. Electronics 1991 ( RIT )
    ပြည်နယ်လွှတ်တော်
    ဝိုင်းမော် မဲဆန္ဒနယ်(၁) ၊ ကချင်ပြည်နယ်
    ွှTel. : 092401876

    ၂၇။ ဦးတင့်လွင် Civil 1986 ( RIT )
    တိုင်းဒေသကြီးလွှတ်တော်
    ရေနံချောင်း :))
    .နံပါတ်၃ ကက ျုပ်အချစ်ဆုံးသူငယ်ချင်း ပေါ့

    • kai

      August 5, 2015 at 2:36 pm

      ကိုတင်လတ်မပါတာစိတ်မကောင်း..
      ကိုနဗနပါတာ.. ဝမ်းသာ..

      ဆိုတော့..
      အခုဝန်ကြီးတွေထဲမှာလည်း.. သူပုန်ကျောင်းဆင်းတွေ တော်တော်ရှိတယ်မဟုတ်လား..။

      • ဇီဇီခင်ဇော်

        August 5, 2015 at 2:42 pm

        တဂျီး နဲ့ ကိုနဗ ဘယ်သူ က စီနီယာတုန်းး

        🙄

        • kai

          August 5, 2015 at 4:23 pm

          ကနဗက.. ချာတိတ်ပေါ့..။ :k:

      • Mike

        August 5, 2015 at 3:58 pm

        .ကိုတင်လတ်က အလုပ်အတော်များတယ်…ကိုယ်တိုင်လည်း “ချင်းတွင်း .အင်ဂျင်နီယာကောလိပ်”ထောင်ထားသလို MES အလုပ်လည်းလုပ်နေသေး

        • kai

          August 5, 2015 at 4:25 pm

          ကကြီးမိုက်လည်း.. သူနဲ့အတူတူ ယူအက်စ်လိုက်ခဲ့လေ..။

  • ဝင့်ပြုံးမြင့်

    August 6, 2015 at 5:16 pm

    ။ ဦးဝင်းထွဋ် Mecahanical 1984 ( 1985 ) RIT
    ပြည်သူ.လွှတ်တော် ဖျာပုံမြို့နယ်
    . ဘရားသား ဆိုင် ပိုင်ရှင်လား။ သူ့အဖေ ဦးဘိုဂွမ်း က နိုင်ငံရေးတက်ကြွတယ်။ ခုတော့ ဦးဘိုဂွမ်းရော အန်တီရီ ရော ဆုံးရှာပြီလေ။

    • Mike

      August 7, 2015 at 2:49 pm

      .ဟုတ်တယ် မပြုံးရေ…ဘရားသား ဆိုင် ပိုင်ရှင်…ဦးဘိုဂွမ်းသား…သူ့အမေဆုံးတော့ .က ျနော်တောင်အသုဘသွားလိုက်သေးတယ်လေ..

Leave a Reply