ငယ်တုန်းက မှတ်မိသေးတယ်…

ကျုပ်ကို အသံတွေအကြောင်း သင်ပေးတဲ့ ဆရာတယောက် ဆုံဖူးတာ…

ဥပမာ တေးသွားတခုက ညီအစ်ကိုချင်း ချစ်မေတ္တာကို ပြတယ်

တောတန်း မြက်ခင်းလေးနဲ့ လေညင်းကို ဖော်တယ်….

တခုက သမီးရည်းစား လွမ်းချင်း ပြတယ် စသည်ဖြင့်ပေါ့…

သည်သဘောတရားက နက်နက်ရှိုင်းရှိုင်း ရှိတယ်ဗျ…

ကျနော် ကာလာအကြောင်း ရေးဖူးတာမှတ်မိမပေါ့…

ဘယ်အရောင်က ဘာကို ကိုယ်စားပြု ဆိုတာမျိုး သီဝရီအရပြောနိုင်ပေမယ့်

ဘယ်အရောင်နဲ့ ဘယ်အရောင်ကို ဘယ်လိုသုံးရင် ဘာအရသာထွက်မယ်

သိပ္ပံနည်းကျ မပြောနိုင်ဘူး …..

ကျုပ်နားလည်သလောက် အနီးစပ်ဆုံး သိပ္ပံမှု ပြုရရင် စာ အနေနဲ့ ဆိုပါစို့… ဘာသာရပ်တိုင်းမှာ ကာရိုက်တာ စာလုံးအရေအတွက်

အတိုင်းအတာ တခုစီသာ ရှိပေမယ့် အဲ့ဒါတွေ သုံးပြီး ရေးဖွဲ့သီကုံးတိုင်း ရသမြောက်တဲ့ စာပေမဖြစ်နိုင်ဘူး

မဟုတ်ရင် ရှိတ်စပီးယား ဟဲလ်မင်းဝေး ရိုရှီဒါရှောနင်း နဲ့ ဦးပုည တယောက်ထက်မက ပေါ်မပေါ့ဗျာ… အဲ့သည့်သဘော…

နောက် ခေတ်တခေတ်မှာ ယူဆ လက်ခံထားတဲ့ (ရေပန်းစားတဲ့) အနုပညာအမျိုးအစားအလိုက်

ပေါ်ပျူလာဖြစ်တာ ဈေးကွက်ဝင်တာ ကွာခြားလေတတ်တော့

ဗင်ဂိုး တို့လို သေပြီးကာမှ အဖိုးမဖြတ်ရက်ဘူး ထင်ကြရရှာတဲ့ ပဂေးကြီးတွေ ဒုနဲ့ဒေးပဲ…

လိုရင်းပြန်ကောက်ရရင် (သည်ဥပမာ ရေးဖူးပြီးသားလည်း ဖြစ်မှာပါ – ကောမန့် အနေနဲ့ဖြစ်ဖြစ်ပေါ့)

မိန်းမတယောက်က လင်ယူတော့မလို့ တွေးပြီး လင်ရရင် သူ့ ၀တ်တရားတွေဘယ်လိုဖြေ့မယ် ဘယ်လို အိမ်မှုတွေ လုပ်မယ်

ဆိုတာမျိုး ရေးပြီး ဆိုထားတဲ့သီချင်း.. (သီချင်းက ဆွေးဆွေးလေးပါပဲ)

အဲ့ဒါကို ကော်ပီယူတဲ့ ဆြာက မိဘမေတ္တာဘွဲ့ လုပ်ပစ်တယ်…

အိမ်ထောင်ရှင်မ ဖြစ်လာဖို့ရင်ခုန်နေတဲ့ အမျိုးသမီးတယောက်ရဲ့ တေးသွားက….

ဘယ်လိုမှ ဖိုက်တူးအိတ် အသံ ထွက်မလာနိုင်ဘူး…

အဲ့ဒါကို စကားလုံးသွပ်သွင်းတော့ … နားလည်သူ ကြားရင် ပြောင်ပြနေသလို ဖြစ်နေတယ်…

လင်မျှော်သီချင်းကို မိဘမေတ္တာဘွဲ့ ပြန်လုပ်လိုက်တာ ပိုကောင်းပိုခမ်းနားသွားတယ် မဟုတ်ဘူးလား

ပြောဖို့ရှိတယ် ဒါပေမယ့် မတူဘူးဗျ… အသံမှာလည်း အရောင်တွေ ရှိရဲ့….

အသံလေးတစ်သံတိုင်းမှာ အရောင်ရှိသလို သီဖွဲ့ပုံ အနိမ့်အမြင့်မှာလည်း အလားတူပဲ…..

ဟိုးထားဆြာ… ကျုပ်လည်း အဲ့သလောက်တော့ နားမလည်ဘူး …

ကော်ပီ နားထောင်မိတိုင်း …..ဒါဂျီးက သိပ်မဟုတ်ဘူးလိုလိုနဲ့ ….သိသလိုလို မသိသလိုလိုပါပဲဆိုတဲ့ အဆင့် ပဲရှိတယ်…

ဘာ့ကြောင့်တုန်းဆို ….ထုံးစံအတိုင်း ကောင်းကောင်း မသင်ခဲ့ရပါဘူး..

မသင်ခဲ့ရဆို… သူကိုယ်တိုင်က ဆရာလည်းမဟုတ်

လက်ထောက်လည်းမဟုတ်… ဆရာ့ဘော်ဒါ (ဆြာသမားအိမ်နားမှာနေတာ..)

အားရင် ဆြာ့ အိမ် ဆြာ့သင်တန်းမှာ လာထိုင်ပြီး ဆေးပေါ့လိပ် သောက်နေ စကားပြောနေ တတ်တဲ့ ဘီးကျဲ….

အတော်တော့ ခင်ဖို့ ကောင်းပြီး သဘောကောင်းသူ…

အဟဲ… ဆြာ့ ဆီကတော့ ဘာသင်ခဲ့လည်းဆို…. စက်နဲ့ ဒရမ် ရိုက်တာ သင်ခဲ့တယ်….

ဆြာက တကယ့်ပဂေးတယောက်ပါ သူနဲ့ ဆုံပြီးတော့မှ မသင်ဖြစ်တာ… ထားပါလေ…. အဲ့ကိစ္စ…

ပြောချင်တာက အခုမှ ပါတယ်…

ကျုပ် အနှီဘီးကျဲကို သီချင်းတပုဒ် တီးပြဖူးတယ်

သင်တန်း ဘရိတ်တိုင်းမှာ

(တီးပြတာလည်း ကောင်းကောင်းကန်းကန်းမဟုတ်ပါဘူးဗျာ) မီးကျိုးမောင်းပျက်ပါ…..

ဘီးကျဲက ထလာပြီး ကောင်လေး … မင့်တို့အရွယ်ချာတိတ်တွေ အဲ့သီချင်းတွေ ကြွေတုန်း ဟုတ်သလားကွ… တဲ့…

ဆြာသမားတောင် ထ-လာပြီး ကျုပ်ကို နုတ်စ် ပေးသေးတယ်…

မဆိုးဘူးကွ…. သေချာပြန်လုပ် ကောင်လေးတဲ့…

ခုရက်ပိုင်းမှ အဲ့သီချင်း ပြန်အမှတ်ရသမို့ ပြန်တင်လိုက်ပါတယ်

(ဆား ရဲ့ မာမီမာမားခြစ်မေမေ ကလည်း သီချင်းမတင်တော့ဘူး ပြောထားတော့ သီချင်းကဏ္ဍ တခုလျော့သွားမစိုးလို့ပါ)

သီချင်းက … Bon Jovi ရဲ့ Never Say Goodbye ပါ…

သီချင်းစာသားကတော့ သည်မှာ..

“Never Say Goodbye”

As I sit in this smokey room
The night about to end
I pass my time with strangers
But this bottle’s my only friend

Remember when we used to park
On Butler Street out in the dark
Remember when we lost the keys
And you lost more than that in my backseat baby

Remember how we used to talk
About busting out – we’d break their hearts
Together – forever

Never say goodbye, never say goodbye
You and me and my old friends
Hoping it would never end
Say goodbye, never say goodbye
Holdin’ on – we got to try
Holdin’ on to never say goodbye

Remember days of skipping school
Racing cars and being cool
With a six pack and the radio
We didn’t need no place to go

Remember at the prom that night
You and me we had a fight
But the band they played our favorite song
And I held you in my arms so strong

We danced so close
We danced so slow
And I swore I’d never let you go
Together – forever

Never say goodbye, never say goodbye
You and me and my old friends
Hoping it would never end
Say goodbye, never say goodbye
Holdin’ on – we got to try
Holdin’ on to never say goodbye

I guess you’d say we used to talk
About busting out
We’d break their hearts
Together – forever

Never say goodbye, never say goodbye
You and me and my old friends
Hoping it would never end
Say goodbye, never say goodbye
Holdin’ on – we got to try
Holdin’ on to never say goodbye
yeah yeah

အဲ့သည် သီချင်းကို ကော်ပီ ပြန်ဆိုထားတာရှိရဲ့…

အသည်းကွဲ အနမ်း … ပေါ့…

ကိုညီထွဋ် ဆိုပြီး အင်ပါယာ တီးခဲ့တာပါ…

အပေါ်က သီဝရီ အရ သူတို့ ပြန်လုပ်ထားတာ မကောင်းဘူး ဆိုလိုတာမဟုတ်ဘဲ

ဖန်တီးမှု ခံစားမှုမှာ အရသာကွာတယ် ဆိုတာ ကို ရှင်းပြတာ နာခံရင်း နားလည်ခဲ့တဲ့သီချင်းတပုဒ်အဖြစ်

မှတ်မှတ်ရရလည်း ရှိလို့ ပြန်မျှလိုက်ပါတယ်။

သည်သဘောကို ဆြာ စိုင်းခမ်းလိတ် နဲ့ ကိုငှက်လည်း ပြောသွားဘူးတယ်

ဆြာက ပြောခဲ့တာက သည်စာသား အတွက် သည်သံစဉ်ရေးထားတာ

သီချင်းရဲ့ နောက်ခံ အကြောင်းအရာဆိုင်ရာ သိမ်းင်း ကို ပြောင်းပစ်လိုက်ရင် (ကော်ပီလိုက်ရင်)

မူရင်းအရသာ မရနိုင်ဘူးဆိုတာပါ… ထရန်စလေးရှင်း ဆိုရင်တော့ တမျိုးပေါ့ဗျာ…

ကိုငှက်ပြောခဲ့တာကတော့… ဇာတ်ဝင်တေးအနေနဲ့ ရေးပြီးသား သီချင်းတွေကို

သုံးခပေးဝယ်ပြီး ယူသုံးတာက … ခံစားမှု အရသာ လျော့ကျတယ် ဆိုတဲ့ သဘောမျိုးပဲ

(စာသား အတိအကျ မမှတ်မိတော့)

ကိုရဲဝင်းကို ပြောခဲ့တာဖြစ်လိမ့်မယ်….ထင့်

ကျုပ်တို့က ရေးပြီး ထုတ်ပီးသား သီချင်း လာဝယ်ရင်

ဘာမှ လုပ်စရာမလိုဘဲ ရောင်းရလို့ ပက်ဆံ ရတာတော့မှန်တယ်

ဒါပေမယ့် အဲ့ကားအတွက် အဲ့တေးကို ရေးခဲ့တာမဟုတ်တော့

ဘယ်ထပ်တူဖြစ်မလဲဗျာ….

ကျုပ် သည်လို ပျော်ပျော်ကြီးတော့ မရောင်းနေချင်ဘူး ဆိုတာပါပဲ

အဲ…ဒီစကားက တချိန်က ခေတ်စားခဲ့တဲ့ ဇာတ်ဝင်တေးတွေ ပြန်သတိရစေမိမယ့် အဖိုးတန်စကားတခွန်း

ဖြစ်ကောင်းဖြစ်လိမ့်မယ်… သို့သော် ပြန်ပြီး အဲ့သည့်ခေတ်လို ဖြစ်ဖို့တော့ … အင်ဒတ်စထွီ တခုလုံးနဲ့

ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီဗျ….

ထားပါဗျာ…

သီချင်းသာ နားထောင်ကြည့်ပါ…။

အဲ့သည့်သီချင်း A Major နဲ့ တီးထားတာ…

ယောက်ျားလေး တယောက်ရဲ့ အသံအမြင့်နဲ့ ဆိုရင် ဌာန်ကုန်လောက်သွားရတဲ့ နေရာတချို့လည်းပါတယ်

(ဗမာလို သုံးပျံချီသံ ခေါ်မယ်ထင်တယ်)

သူတို့ တီးတာရော ဟာမိုနီရော အရမ်းမိုက်တယ်…။

ပြီးတော့ သည် သီချင်းက ….ကိုယ်ရေးကိုယ်တာအရ အတော်လည်း အမှတ်တရရှိတယ်လေ..

တချို့ အကြောင်းအရာတွေ နားလည်သွားတာ ရက်ပိုင်း ရှိသေးငဲ့….

P.S သည်သီချင်း နုတ်စ် ကို ဆြာသမား ကျော့်ကို ပေးခဲ့ပေမယ့် ….မလေ့ကျင့်ဖြစ်ခဲ့ဘူး…

တကယ်က မလေ့ကျင့်တာ သူပေးမှ မဟုတ်… သူနဲ့ မဆုံခင်တချိန်ကတည်းက … ဆုံးသွားတဲ့ ဆြာတယောက် ထုတ်ထားတဲ့ လက်ရေးမူနဲ့

နုတ်စ် လက်ထဲ ရှိဖူးတယ်…..အသံထွက်ရုံလောက် တီးခဲ့ဖူးတာပါ… အဲ ခုတော့ ပျောက်ပြီပေါ့…

ပြောပါတယ်… ကျုပ်က ခပ်ပျင်းပျင်းရယ်…

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011