လူနုံများသို့ ဆဲဆိုခြင်း (၁)
ယုံကြည်မှု နားလည်မှုနဲ့
ချစ်ခြင်းမေတ္တာတရားက
ကတိကဝတ်နဲ့ ရိုက်ချိုးခံရတယ်။။
လူတွေက သစ္စာတရားကို
စာရွက်တစ်ခုပေါ်က ခြစ်ရာတစ်ခုထက်
ပိုမြတ်နိုးကြတယ် အဖေ…………
ကန်တော့ပွဲနဲ့ မိသားဖသားပီပီ
အဖေလာခဲ့စဉ်တုန်းက ပေးခဲ့တဲ့ ကတိနဲ့
ဘုရားသခင်ရှေ့မှာ အမေက
နာသည်ဖျားသည် အိုမင်းသည်ထိလို့ ပြောခဲ့တဲ့စကား
အဖေရုပ်ခန္ဓာ မီးသဂြိုလ်စက်ထဲ ထည့်တဲ့အထိ တည်ပါတယ်…….
ဖောက်ပြားတဲ့ ယောကျာင်္းတွေကြောင့်ပါလို့ ပြောတယ်
ဒါပေမယ့် သူတို့တွေ အဲ့ဒီ ကျန်ခဲ့တဲ့ မိန်းမတွေကိုပဲ
မြေနိမ့်ရာ လှံစိုက်ခဲ့တာပါ….
တစ်ခုလပ် တစ်လင်ကွာ သုံးလင်ပြောင်းတဲ့ မယား
အို…..စုံလို့ သူတို့ပဲ အမည်တပ်ကြတာ…
တံခွန်မရှိတဲ့ ရထား လင်မရှိတဲ့ မယား
ပြီးတော့ နစ်နာမှာစိုးလို့ ဆိုပြီး သူတို့ပဲ စည်းတွေတားနေကြတယ်……
ငွေရှိမယ့် ဟင်းဖတ်ပါကြတယ်….
ရွှေရှိမှ လူရာသွင်းကြတယ်….
ဂုဏ်ရှိမှ ………………….
အကျင့်ပျက်တာကို ဒါတွေနဲ့ ဖုံးဖိတော့
သူတို့တွေ ပြုံးပြုံးကြီး လက်ခံခဲ့ကြတယ်….
စိတ်သိပ်ပျက်ဖို့ ကောင်းတယ် အဖေ
လူနှစ်ယောက်ပေါင်းဖက်မှုကို ကြိုးတုပ်နေကြတယ်…….
စည်းတစ်ခုထဲ ဇွတ်သွတ်သွင်းနေတဲ့ လူ့ဘောင်ကို သိပ် စိတ်ကုန်လာပြီ အဖေ………….
လွတ်လပ်ခြင်းဆိုတာကို ရိုက်ချိုးပစ်နေတဲ့ အသိုင်းအဝိုင်းဟာ ယဉ်ကျေးတယ်ဆိုတာ မဖြစ်နိုင်ဘူး အဖေ……
ပိတ်လှောင်ထားခြင်းကို လူပီသတယ်လို့ တွေးတဲ့လူကို သမီး အော်ဟစ် မောင်းထုတ်နေတယ်
လူ့အပြင်ဘက် ရောက်လည်း လူတစ်ယောက် တာဝန် ကျေချင်တယ် အဖေ……………….
မှတ်ချက် ။ ။ ချရေးစရာက များတော့ ကဗျာပဲ ရေးလိုက်တော့တယ်။ တကယ်ပါ လွှတ်တော်က အမတ်မင်းတွေရော၊ ဒီဥပဒေတွေကို ကောင်းတယ်လို့ ယူဆသူတွေရော အမှန်တကယ် စိတ်ပျက်မိတာပါ။ လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်….
.ဖောက်ပြားတဲ့ ယောကျာ်းတွေ တွေ့ရင်…
.ပေါက်ပြားနဲ့.သာ ပြေး…ပြေးကာခုတ်…
.ဒါမှ ခြောက်ခြားပြီး…အဲ့ယောကျာ်းတွေ… မဖောက်ပြားရဲတော့မှာ…
Was this answer helpful?
LikeDislikeဘာသာရေးက.. ဥပဒေပြုရေးထဲအထိဝင်ရှုပ်လာရင်.. အဲဒီတိုင်းပြည်… ပျက်ဖို့သာပြင်ပေရော့…
ဆိုတော့…
ဘယ်သူမဆို.. ကိုယ်တန်ရာပဲရမယ်… the people get the government they deserve.
Was this answer helpful?
LikeDislikeဒီနေရာမှာတော့ သူကြီးနဲ့ ကျွန်မ သဘောထားတူပါတယ်. ဘာသာရေး က ကျွန်မ တို့ကို လမ်းညွှန်ဖို့ပါ။ မြတ်စွာဘုရားလည်း ဒီလိုဟောခဲ့တာပဲ။ မြတ်စွာဘုရားဟောတဲ့ တရားထဲမှာ မိန်းမ ဘယ်နှစ်ယောက်ယူ ဘယ်ယောကျာင်္း ဘယ်မျိုးနွယ်ကိုပဲ ယူလို့ မပါဘူး။ ဒါကို ပြင်ကြတယ်။ နောက်တစ်ခု သင်္ကန်းတကားကားနဲ့ ဥပဒေ ပြုရေးထဲဝင်ကြပြန်တယ်။ သူတို့ပြုတဲ့ ဥပဒေကိုကြည့် လင်ယူ သားမွေးကိစ္စ လားလားမျှ မအပ်စပ်။ ဒဲ့ပြော ဒဲ့ရှင်း ပြန်တော့ ကျွန်မပဲ အဆဲခံရတယ် သူကြီးရေ….. တိုင်းပြည်အခြေအနေ စဉ်းစားသာကြည့်တော့ နောက်မျိုးဆက် နှစ်ဆက်လောက်ကို အတော်ပြင်ရအုံးမယ်…..
Was this answer helpful?
LikeDislikeဟေသီတမီးလေးနဲ့ ခြေစမ်းပွဲ တဗွဲတလမ်းလောက် ကစားခြင်လိုက်တာ… စိမ်လား…
Was this answer helpful?
LikeDislikeလူ့အပြင်ဘက် ရောက်လည်း လူတစ်ယောက် တာဝန် ကျေချင်တယ် အဖေ……………….
Was this answer helpful?
LikeDislike။။ အိမ်း.. ငှသား စံဓ ပြည့်ဆေ..
Was this answer helpful?
LikeDislike.ဘုန်းကြီးတွေပြဋ္ဌာန်းခိုင်းတဲ့ ဒီဥပဒေတွေကိုလုံးဝ လုံးဝ လက်မခံ၊ ကန့်ကွက်ပါသည်
Was this answer helpful?
LikeDislike-ဆရာတော်ဖျားတွေကို ဆွဲထည့်နေတာလား
-ဆရာတော်ဖျားတွေက ၀င်ပါနေတာလား တောင်မသိတော့ဝူး
-သာသနာပြုမယ့် ကိုယ်တော်တွေမို့ လောကီကိတ်စ ၀င်မပါချင်ရင်တောင်
-ပါနေတဲ့ ကိုယ်တော်တွေကို ဆုံးမမဲ့ ဆရာတော်ကလဲ မရှိတော့ဝူးတဲ့လား???
Was this answer helpful?
LikeDislikeအဲသည်မှာ စတွေ့တာပဲ..
Was this answer helpful?
LikeDislikeဦးကြောင် စိန်လိုက်လေ တွေ့တာပေါ့….
Was this answer helpful?
LikeDislikeU Phoe Phyu
တစ်လင်တစ်မယား ဥပဒေဆိုင်ရာ သုံးသပ်ချက်များ၊ ဦးဖိုးဖြူ
တစ်လင်တစ်မယား ဥပဒေပြဋ္ဌာန်းလိုက်တော့ အမျိုးသမီးထု တော်တော်များများက သဘောကျကြ တယ်။ မျိုးချစ်တွေကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ် သဘောခွေ့နေကြတယ်။ တစ်လင်တစ်မယားဆိုရုံ အပေါ်ယံ ကြည့်ရုံနဲ့တော့ အဖြေမထွက်နိုင်ပါဘူး။ ဥပဒေပြဋ္ဌာန်းလိုက်ခြင်း၏ အနှစ်သာရကို လေ့လာကြည့်တဲ့အခါ သီးခြားရလဒ်တွေ ထွက်နေတာကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါတယ်။
(၁) ထုံးတမ်းဥပဒေကို ထိခိုက်ခြင်း
တစ်လင်တစ်မယားဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ဖျက်သိမ်းလိုက်ရာ ရောက်ပါတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အိမ်ထောင်မှုခန်း၊ အမွေခွဲဝေခန်းတွေ ရှိနေပါတယ်။ မယားပြိုင် စနစ်ကို လက်ခံထားပါတယ်။ တစ်လင်တစ်မယားဥပဒေက နောက်မိန်းမယူတာကို ခွင့်မပြုဘူး။ ထောင်ချမယ်လို့ ဆိုလိုက်တဲ့အတွက် နောက်မိန်းမယူတာဟာ တရားမ၀င်ဖြစ်သွားပါတယ်။
ဥပဒေသဘောအရ ထုံးတမ်းဥပဒေမှာ မယားပြိုင်စနစ်ကို ဘယ်လိုဘဲ ခွင့်ပြု ခွင့်ပြု၊ တစ်လင်တစ်မယား အထူးဥပဒေက လွှမ်းမိုးသွားပါတယ်။ တစ်နည်းအားဖြင့် ထုံးတမ်းဥပဒေမှာ မယားပြိုင်ကို လက်ထက်ပွားအကျိုး ခံစားခွင့်၊ မွေးလာတဲ့ကလေးကို အမွေဆက်ခံခွင့်ပေးပေမယ့် အထူးဥပဒေက မယားပြိုင်ကို တရားမ၀င်လို့ သတ်မှတ်တဲ့အတွက် နောက်မယားနဲ့ သူ့ကလေးတွေဟာ ပစ္စည်းခွဲဝေခွင့်နှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမှာ ဖြစ်ပါ တယ်။
အလားတူဘဲ တစ်လင်တစ်မယားဥပဒေဟာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေကို ထိခိုက်စေသလို အစ္စလာမ် ဓလေ့ထုံးတမ်းဥပဒေနှင့် ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။
(၂) မိသားစုများ ပြိုကွဲနိုင်ခြင်း
နောက်မယားယူချင်ရင် ပထမ မယားကို ကွာရှင်းနိုင်တာဘဲလို့ ဆိုစရာရှိပါတယ်။ တစ်လင်တစ်မယား ဥပဒေကလည်း အိမ်ထောင်ကြီးရှိလျှက်နဲ့ နောက်မိန်းမ မယူရဘူးလို့ ဆိုထားတာကိုး။ ဒီတော့ မယားကြီးနဲ့ ကွာရတော့မယ်။ မယားကြီးနဲ့ ကွာရပြီ ဆိုကတည်းက သူတို့ ထူထောင်ထားတဲ့ လူမှုစီးပွား၊ လုပ်ငန်းစီးပွားတွေ ပျက်စီးရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့ဓလေ့ထုံးတမ်းအရ ရှိပြီးသားစီးပွားကို သရက်စေ့ထက်ခြမ်း ခွဲရမှာ မို့လို့ဘဲ။
နောက်မယားလိုချင်တဲ့ ယောက်ျားက ရှာတဲ့စီးပွားကို မိန်းမကို အကုန်မအပ်တော့တာမျိုး ဖြစ်လာနိုင်ပါ တယ်။ မြန်မာတွေရဲ့ ဓလေ့မှာက ယောကျာ်းရှာတဲ့ပိုက်ဆံ မိန်းမကို အပ်လေ့ရှိကြတယ်။ ခုတော့ ဒီဥပဒေကြောင့် ယောကျာ်းတွေက ကဲ့လာကြလိမ့်မယ်။ လူမှုရေး ပိုမိုရှုပ်ထွေးလာနိုင်ပါတယ်။
(၃) ဥပဒေအာဏာသက်ဝင်ရန် ခဲယဉ်းခြင်း
ကဲ ယောကျာ်းတစ်ယောက်က နောက်မိန်းမယူထားပါပြီတဲ့၊ ဒါမှမဟုတ် အပြင်မှာ သွားအိပ်နေပါပြီတဲ့၊ မယားကြီးကလည်း သိပါပြီတဲ့။ တစ်လင်တစ်မယားဥပဒေအရဆို ထောင်ဒဏ်(၇)နှစ်ဘဲ။ ကိုယ့်ယောကျာ်းကို လက်ရှိမယားက တိုင်မှာတဲ့လား။ တိုင်ပါပြီတဲ့ နှစ်ဘက်ဆွေမျိုးကြားမှာ ကိုယ့်ယောကျာ်းကို ထောင်ထဲထည့်တဲ့ မိန်းမက ဘယ်လိုမျက်နှာနဲ့ နေရမတဲ့လဲ။ မိသားစုဝင်က တိုင်တန်းတာမျိုးတွေ ဖြစ်ဖို့ ခဲယဉ်းပါတယ်။ ဥပဒေ အာဏာ သက်ဝင်ဖို့ ခဲယဉ်းပါလိမ့်မယ်။
(၄) ခြိမ်းခြောက်ငွေညှစ်မှုတွေ ဖြစ်ပေါ်လာနိုင်ခြင်း
နောက်မယားယူတာ၊ အခြားတစ်ယောက်နဲ့ အတူနေတာ ထောင်ဒဏ်(၇)နှစ်လို့ သတ်မှတ်ထားတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယား(၂)အရဆိုရင် ထောင်ဒဏ်(၇)နှစ်ချမှတ်မယ့်အမှုမှာ ၀ရမ်းမပါ ဘဲ ဖမ်းလို့ရတယ်။ ရဲအရေးပိုင်တယ်ဆိုတဲ့ အဓိပါယ်။ အာမခံ မရဘူး။ ကျေအေးခွင့်မရှိဘူး။
အပြင်မှာ တစ်ညလေး သွားအိပ်မိပါတယ်။ ဥပဒေအတားအဆီးတွေက တစ်ပုံကြီးဖြစ်နေတယ်။ အိပ်နေ တုန်း ဖမ်းမိတာနဲ့ အချုပ်နဲ့ နေရတော့မယ်။ အာမခံမရတော့ဘူး။ ရဲအရေးပိုင်တဲ့အမှု ဖြစ်တဲ့အတွက် ပြစ်မှု ကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ အရ မည်သူမဆို တိုင်တန်းလို့ ရတယ်။ ပြင်ပသူစိမ်းတစ်ယောက်က လူတစ်ဦး အပြင်မှာ အခြားတစ်ယောက်နဲ့ အိပ်တာကို မှတ်တမ်းယူပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်လာနိုင်ပါတယ်။ ဥပဒေ အသစ်ဟာ ကိုယ့်မိသားစုအရေးကို သူစိမ်းကို စွက်ဖက်ခွင့် ပေးရာရောက်နေပါတယ်။
(၅) လုပ်ထုံးလုပ်နည်း ပြဿာနာ
ကိုယ့်ယောကျာ်း အပြင်မှာ တစ်ခြားမိန်းမတစ်ယောက်နဲ့ သွားအိပ်ပါပြီတဲ့၊ ကာမပိုင်မိန်းမက တရားမစွဲ ဘဲ ရဲက ဒါမှမဟုတ် အခြားမြင်တဲ့တစ်ယောက်က တရားစွဲခွင့်ရနေတဲ့ သဘောဖြစ်ပါတယ်။ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ-၁၄၅၊ ရဲလက်စွဲ(ဒုတိယတွဲ)အပိုဒ်-၁၄၁၁ အရ ရဲအရေးပိုင်တဲ့အမှုမှာ မည်သူမဆို တိုင်ကြားနိုင် လို့ပါဘဲ။
ဒါဆိုရင် ရဲတွေဟာ လူဆိုးသူခိုးဖမ်းတဲ့အလုပ်တွေ လုပ်တော့မှာ မဟုတ်ပါဘူး။ ဟိုတယ်တွေ တည်းခိုခန်း တွေမှာ အပေါက်စောင့်တွေ လုပ်လာပါတော့မယ်။ အဖိုးကြီးတစ်ယောက်နဲ့ ကောင်မလေးချောချော တွေ့တာနဲ့ ဟိုတယ်၊ တည်းခိုးခန်း တံခါးကို ရိုက်ချိုးဖမ်းခွင့် ရှိနေပါတယ်။ ရဲအရေးပိုင်တဲ့အမှုမှာ ပြစ်မှုကျင့်ထုံး ဥပဒေပုဒ်မ-၁၅၆ အရ ရဲက အလိုအလျောက် စုံစမ်းခွင့်ရှိနေလို့ပါဘဲ။
ရဲကိုယ်တိုင်က ဒါမှမဟုတ် ရဲက လက်ထောက်ချတဲ့ သူစိမ်းတစ်ယောက်က ဒါမှမဟုတ် အတွင်းသိ အစင်းသိ သူစိမ်းတစ်ယောက်က အပြင်မှာ မိန်းမတစ်ယောက်နဲ့ အိပ်တဲ့ယောကျာ်းကို ခြိမ်းခြောက်လာနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဲအရေးပိုင်တဲ့အမှုဖြစ်နေလို့ မည်သူမဆို တိုင်တန်းခွင့် ရှိနေလို့ပါဘဲ။ ရဲစခန်းမှာ အမှုသွားဖွင့်လိုက်ရုံပါဘဲ။ ရဲကလည်း အမှုဖွင့်လှစ်ခွင့် ရှိနေပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ-၁၅၄ အရ ရဲအရေးပိုင်တဲ့အမှုကို ပြစ်မှုကျူးလွန်ကြောင်း သိရှိသူ မည်သူမဆို အမှုဖွင့်လှစ်ခွင့် ရှိနေလို့ပါဘဲ။
ရဲက စုံစမ်းထောက်လှမ်းပြီး သက်သေတွေ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တိုင်တန်းလိုက်ရင်ကို လုံလောက်နေပြီ ဖြစ်ပါတယ်။ ခံရတဲ့ ကိုဖိုးဆော့ ကတော့ အချုပ်နဲ့ နေပေတော့ဘဲ။ မသမာမှုတွေ ပေါ်ပေါက် လာနိုင်ပါတယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်လို့ တိုင်ချက်ဖွင့်ပြီးတာနဲ့ စုံစမ်းထောက်လှမ်းတော့မှာပါဘဲ။ အာမခံ မရတဲ့ အမှုဖြစ်လို့ အချုပ်နဲ့ နေရပါတော့မယ်။
အရပ်ထဲမှာ ငွေချေးငွေငှားကိစ္စကိုဘဲ ယုံကြည်အပ်နှံစာချုပ်ချုပ်ပြီး ပြန်မဆပ်နိုင်တာနဲ့ ပြစ်မှုဥပဒေပုဒ်မ-၄၀၆ နဲ့ တရားစွဲတာကို မြင်ဖူးကြပါလိမ့်မယ်။ အာမခံ မရတဲ့အမှုဖြစ်တော့ အချုပ်ပြပြီး ငွေမရမက တောင်းတဲ့ လုပ်ငန်းစဉ်မျိုးကို လုပ်လာကြပါတယ်။ ဥပဒေကို အသုံးချပြီး အာမခံမရခြင်းကို အသုံးချပြီး လူလူချင်း နှိပ်စက်တဲ့ ကိစ္စတွေကို မြင်ဖူးကြမှာပါ။
နောက်မယားထားမိတာနဲ့ ဒါမှမဟုတ် အခြားတစ်ယောက်နဲ့ အတူအိပ်မိတာနဲ့ ရဲအရေးပိုင်တဲ့ပြစ်မှုလို့ သတ်မှတ်ထားပြီး အာမခံမပေးတဲ့အတွက် မသမာသူတွေက အချုပ်ပြပြီး ငွေညှစ်တဲ့ကိစ္စတွေ ပေါ်ပေါက်လာနိုင် ပါတယ်။ အိမ်ထောင်သည် အမျိုးသားတွေအပေါ် မိန်းကလေးအယောင်ပြပြီး ဂိုဏ်းဖွဲ့ငွေညှစ်မှုတွေ ပေါ်လာနိုင် ပါတယ်။ ဥပဒေအသစ်ဟာ ဥပဒေကို နားလည်တဲ့ လူဆိုးဂိုဏ်းတွေအတွက် လုပ်စားဖို့ အခွင့်အလမ်း ပေးရာ ရောက်နေပါတယ်။
(၆) ပြစ်ဒဏ်ကို ပြင်ဆင်သင့်ခြင်း
တကယ်တော့ နောက်မယားထားတာ၊ အပြင်မှာ အတူနေတာ လူမှုရေးကိစ္စသာ ဖြစ်ပါတယ်။ ပြစ်မှုမဟုတ်ပါ။ ပြစ်ဒဏ်(၇)နှစ် သတ်မှတ်ခြင်းမှာလည်း အလွန်များပါတယ်။ မဖြစ်မနေ ပြစ်ဒဏ်သတ်မှတ်ဖို့ လိုအပ်တယ်ဆိုရင်လည်း ထောင်ဒဏ်(၃)နှစ်အောက်သာ ပြဋ္ဌာန်းသင့်ပါတယ်။
အထူးဥပဒေအရ ထောင်ဒဏ်(၃)နှစ်အောက် ဖြစ်မယ်ဆိုရင် ပြစ်မှုကျင့်ထုံးဥပဒေ နောက်ဆက်တွဲ ဇယား(၂) အရ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိပါဘူး။ အာမခံ ရရှိမှာ ဖြစ်ပါတယ်။ ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိဘူး ဆိုရင် ရဲအရေးမပိုင်တော့ပါဘူး။ ရဲအရေးမပိုင်တော့ဘူးဆိုရင် ရဲစခန်းမှာ တွေ့ကရာလူက အမှုသွားရောက် ဖွင့်လှစ်ခွင့် မရှိတော့ပါဘူး။ ရဲအရေးမပိုင်တဲ့အမှုကို တရားရုံးမှာ ဦးတိုက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ရဲအရေး ပိုင်တဲ့အမှုမှာလို အမှုတိုင်ကြားရုံနှင့် တရားရုံးရှေ့ သက်သေထွက်ရုံလောက်ဘဲ တာဝန်ရှိမှာ မဟုတ်တော့ပါဘူး။ ရဲအရေးပိုင်တဲ့အမှုမှာလို ရဲက သက်သေတွေကို စစ်ဆေးတင်ပြတာမျိုးလုပ်မှာ မဟုတ်တော့ပါဘူး။ ဦးတိုက် လျှောက်ထားရတဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုကျူးလွန်တာကို မည်သူမဆို တိုင်ကြားခွင့် ရှိသည့်တိုင်အောင် ကိုယ်တင်ပြလိုတဲ့ သက်သေတွေကို ကိုယ်ကိုယ်တိုင် တင်ပြရမှာ ဖြစ်ပါတယ်။ ဦးတိုက်လျှောက်ထားမှု ဖြစ်တဲ့ အတွက် ဦးတိုက်တိုင်တန်းသူဟာ စွဲချက်မတင်မချင်း တရားရုံးတက်ရောက်ရပါလိမ့်မယ်။
ထောင်ဒဏ်ကို (၃)နှစ်အောက် ပြဋ္ဌာန်းလိုက်မယ်ဆိုရင် ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက်၊ ဦးတိုက် လျှောက်ထားရတော့မှာ ဖြစ်တဲ့အတွက်၊ ဦးတိုက်လျှောက်ထားသူကိုယ်တိုင် စွဲချက်မတင်မချင်း ရုံးတက်ရောက် ရမှာ ဖြစ်တဲ့အတွက် လူတစ်ဦးတစ်ယောက်ကို အလွယ်တကူ စွပ်စွဲမှုတွေ မဖြစ်ပေါ်စေနိုင်တော့ပါဘူး။ ကာမပိုင်ဖြစ်သူ လက်ရှိမယားကိုယ်တိုင်က မကျေနပ်လို့ တရားစွဲဆိုတာမျိုး ဖြစ်မှသာ ပိုမိုသဘာဝကျမည် ဖြစ်ပါတယ်။ ယောကျာ်းတစ်ယောက် အပြင်မှာအိပ်တာကို ကာမပိုင် မိန်းမ မဟုတ်တဲ့ သူစိမ်းတစ်ယောက်က တရားစွဲဆိုခွင့် ရှိအောင် ထောင်ဒဏ်(၇)နှစ် ပြဋ္ဌာန်းထားခြင်းဖြင့် ရဲအရေးပိုင်မှု ဖြစ်နေစေသည်မှာ တရားမျှတမှု မရှိပါ။
(၇) ဥပဒေ လက်တစ်လုံးခြား ကိစ္စရပ်များ
အိပ်ထောင်ရှိလျှက်နဲ့ နောက်မိန်းမနဲ့နေရင် ထောင်ဒဏ်ဆိုတော့ ပထမအိမ်ထောင်ကို ကွဲတဲ့ဟန်ဆောင် စာချုပ်တွေ ဖြစ်လာနိုင်ပါတယ်။ ပထမ မိန်းမကို ဆက်တာဝန်ယူထားမယ်။ လုပ်ကျွေးမယ်။ ကလေးတွေကိုလည်း ဆက်ကျောင်းထားမယ်ဆိုရင် အိမ်ထောင်မကွဲလိုတဲ့ မိန်းမကတော့ ဟန်ဆောင်စာချုပ်မှာ လက်မှတ်ထိုးပေးနိုင် ပါတယ်။
ဒုတိယမယားနဲ့လည်း နောက်ထပ် ဟန်ဆောင်ကွဲ စာချုပ်တွေ ထပ်ဖြစ်လာနိုင်ပါတယ်။ ပထမ၊ ဒုတိယ ဆက်ပေါင်းနေမယ်၊ ကလေးတွေလည်း ဆက်မွေးနေမယ်၊ ထောင်လည်း မကျဘူး။ အဆက်ဆက်ကွာရှင်းစာချုပ် တွေ ကိုင်ထားလိုက်ရုံဘဲ၊ နောက်မယားတွေ ဆက်ယူခွင့် ရှိနေပါတယ်။
မယားကို အသေနိုင်တဲ့လူမျိုးတွေဟာ ဘယ်သူတွေလဲ စဉ်းစားကြည့်ပါ။ ဘယ်လူမျိုးတွေမှာ ဒီလိုကိစ္စမျိုး တွေ ဖြစ်လာနိုင်သလဲ စဉ်းစားကြည့်ပါ။
ဒီတစ်လင်တစ်မယားဥပဒေဟာ ဘာသာရေးအရ မယားအများယူစနစ်ကို ကျင့်သုံးတဲ့ လူမျိုးတွေကို မထိန်းချုပ်နိုင်ပါဘူး။ သူတို့မယားကိုသူတို့ နိုင်လို့ပါဘဲ။ ကွာရှင်းဟန်ဆောင်စာချုပ်တွေ လုပ်လာနိုင်လို့ပါဘဲ။ ဟန်ဆောင်စာချုပ် ဟုတ်/မဟုတ်ဆိုတာ ဥပဒေသဘောအရ ကာယကံရှင်မယားကြီးကလွဲရင် အခြားလူက ၀င်ပြောခွင့် မရှိပါဘူး။ မိသားစုကိစ္စဖြစ်နေလို့ပါဘဲ။
နောက်တစ်ခုက အိမ်ထောင်သည်ယောကျာ်းတွေအတွက် တရားမ၀င်ဇိမ်ခန်းတွေ ရှိလာနိုင်ပါတယ်။ ရောဂါတွေ ထိန်းချုပ်ဖို့ ခက်ခဲသွားစေနိုင်ပါတယ်။
(၈) ပြည့်တန်ဆာနှင့် အတူနေခြင်း ကိစ္စ
အိမ်ထောင်ရှိလျှက်နဲ့ နောက်အိမ်ထောင်ပြုခြင်း၊ တစ်ခြားမိန်းမနဲ့ လင်မယားလိုအတူနေခြင်းဟာ အပြစ်ရှိတယ်ဆိုတော့ အိမ်ထောင်ပြုမှမဟုတ်ပါဘူး။ ပြည့်တန်ဆာအိမ်သွားတာ၊ ကကလေးနဲ့ အတူနေတာ၊ အချစ်သစ်တွေ့လို့ အတူနေတာအထိ အကျုံးဝင်ပါတယ်။ ထောင်ဒဏ်(၇)နှစ်ပါဘဲ။ ထပ်တွေ့ရင်လည်း အနုဿာရ တဏှာနဲ့ နေရမယ့်သဘောဖြစ်ပါတယ်။
လူ့သဘာဝနဲ့ ဆန့်ကျင်တဲ့ဥပဒေကို သူတော်စင်ကြီးတွေ လိုက်နာကြပါလိမ့်မယ်။ လူတစ်ယောက်မှာ ဇီဝကမ္မလိုအပ်ချက်အရ ကျန်းမာရေးအခြေအနေအရ လက်ရှိအိမ်ထောင်အပြင် ခဏလိုအပ်တာမျိုးဖြစ်ပါတယ်။ ဇနီးသည် ကိုယ်ဝန်ဆောင်နေတုန်းနှင့် သွေးဆုံးတဲ့အခါမျိုးတွေမှာ အပြင်မှာ ခဏလိုအပ်တာမျိုးလည်း ဖြစ်နိုင်ပါ တယ်။ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေအရလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလိုအပ်ချက်ရှိတာနဲ့ဘဲ ထောင်မကျ ဖို့ အိမ်ထောင်ကြီးကို ကွဲရမှာတဲ့လား။ သံယောဇဉ်တွေ ဘယ်သွားထားမတုန်း။
(၉) အိမ်ထောင်မှုဘ၀ကို ဥပဒေက စွက်ဖက်နေခြင်း
ကိုယ့်မိသားစုအခြေအနေ၊ ကိုယ့်ဘ၀အခြေအနေ၊ ကိုယ့်ကျန်းမာရေးအခြေအနေ၊ ဇနီးသည်ရဲ့ ကျန်းမာရေးအခြေအနေတွေကို လိုက်ပြီး မိသားစုဘ၀တွေကို တည်ဆောက်ထားရတာပါ။ အားလုံး တစ်လင် တစ်မယားဘဲ ဖြစ်ချင်ကြပါတယ်။ အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ခွင့်မရသူတွေလည်း ရှိနိုင်ပါ တယ်။
အဲလိုရှိတာနဲ့ဘဲ ထောင်ဒဏ်၊ ထောင်အကျမခံချင်ရင် လက်ရှိအိမ်ထောင်ကွဲဆိုတော့ လူတစ်ဦး တစ်ယောက်ရဲ့ အိမ်ထောင်မှုခန်းဘ၀ကို ဥပဒေက ၀င်ရောက်စွက်ဖက်ရာရောက်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ဥပဒေဟာ တစ်လင်တစ်မယားစနစ်ပါ။ ထပ်ယူရင် ထောင်ကျ။ သူနိုင်ငံနဲ့သူ ဟုတ်ပါ တယ်။ လူဦးရေ များတာကိုး။
ကျွန်တော်တို့ဆီမှာ ထောင်ချဖို့ လိုလို့လား။ တစ်အိမ်ထောင်စနစ်၊ တစ်လင်တစ်မယားစနစ်ကို လက်ခံ တယ်ဆိုရင် ကျန်တဲ့ပတ်သက်မှုကို ဥပဒေက အသိအမှတ်ပြုရုံဘဲပေါ့။ ဘာလို့ ထောင်ချရမှာလဲ။
(၁၀) စစ်တမ်းကောက်ယူရန် လိုအပ်ခြင်း
ဒီဥပဒေမပြဋ္ဌာန်းမီ စစ်တမ်းကောက်ဖို့ လိုအပ်ပါတယ်။ လူတွေရဲ့ လူမှုစိတ်နေစိတ်ထားနဲ့ ထုံးတမ်းတွေ ကို ထည့်သွင်းတွက်ချက်သင့်ပါတယ်။
အရွယ်ရောက်ပြီး ကျားလူပျိုဦးရေဟာ အရွယ်ရောက်ပြီး အပျိုအားလုံးပေါင်းထက် များနေဖို့ လိုအပ်ပါ တယ်။ အဲသလိုဆိုရင် ဒီဥပဒေပြဋ္ဌာန်းထားတာဟာ သင့်တော်ကောင်း သင့်တော်နိုင်ပါတယ်။ ယောကျာ်းဦးရေ ထက် အမျိုးသမီးဦးရေ များနေမယ်ဆိုရင်တော့ ပိုနေတဲ့အမျိုးသမီးတွေကို ဘယ်သူစောင့်ရှောက်မှာလဲ စဉ်းစား စရာပါ။
ထိုင်း၊ စင်္ကာပူမှာ ဥပဒေမပြဋ္ဌာန်းမီ စစ်တမ်းကောက်ယူလေ့ရှိပါတယ်။ ဘယ်လိုဘဲ စစ်တမ်းကောက် ကောက် ရလဒ်ကတော့ လွဲတတ်ပါတယ်။ စစ်တမ်းမကောက်ဘဲ တစ်လင်တစ်မယားဥပဒေကို ပြဋ္ဌာန်းလိုက်တာ ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါတယ်။
လေးစားစွာဖြင့်
ဦးဖိုးဖြူ
Was this answer helpful?
LikeDislike..မြန်မာဗုဒ္ဒဘာသာဝင် မိန်းကလေးများအထူးထိမ်းမြားမှု အက်ဥပဒေဆိုတော့ကာ ..ကျော်တို့နဲ့မဆိုင်ဘူးနော်…ကျော်တို့ကကချင်..ပြီးတော့ခွစ်ရှန်…အဟိဟိဟိ
Was this answer helpful?
LikeDislikeအမျိုးး ဘာသာ ဘာသနာ ကို စောင့်ရှောက်ဖို့ အရေးးပါဆုံးး က
အောက်ဘက်က အစိတ်အပိုင်းတွေလို့
တွေးးတဲ့ ဦးနှောက်တွေ ကို
သောက်ထင်သေးလွန်းးလို့ ဘာမှ ပြောစရာမရှိပါဘူးးးး
Was this answer helpful?
LikeDislike