နောက်ဆုံး post တင်ပြီး ၁ နှစ်နဲ့ ၇ လ အကြာမှာ သရဲဝင်ခြောက်လိုက်ပါဦးမယ်..

ပထမတော့ fb မှာပဲတင်နေတာပါ.. မမခင်ဂျော်ရဲ့ တောင်းဆိုချက်ကို မလွန်ဆန် နိုင်တဲ့ အလျောက် ရွာသားတွေ သားရေ ယိုစေဖို့

မြန်မာတို့ရဲ့ မြန်မာ ဘီယာတော့ မဟုတ်ပါဘူး မြန်မာစားစရာလေးတွေကို အသိတစ်ယောက် ရိုက်ခိုင်းလို့ ရိုက်ပေးထားတာပါ..

 

 

ကဲဗျာ ခင်ဗျားတို့ကို စကြွေးချင်တာကတော့ ပန်းစွယ်တော်က မြန်မာဟင်း set ပါပဲ.. ကြက်သားဆီပြန်၊ ခရမ်းချဉ်သီးသုတ်၊ ငပိချက် တို့ စရာနဲ့ ဘာရွက်ကြော်လဲတော့မသိဘူး

စားဗျာအားတော့မနာကြနဲ့ ကျတော်က အားရပါးရစားမှ ကြိုက်တာဗျ

20150720_foods_NOK_0871

 

20150720_foods_NOK_1032

အအီပြေသရက်သီးသုတ်လေးလဲ မမေ့နဲ့ဦးနော

20150728_foods_NOK_3184

ဝါတွင်းကာလ ကြက်ရှောင်ထားတဲ့ ကိုယ်တော်တွေ အတွက်ကတော့ ပုစွန်ဆီပြန်ပေါ့ဗျာ


20150720_foods_NOK_0962

 

ကဲ အီနေမှာ ဆိုးလို့ ခရမ်းချဉ်သီးသူတ်လေးလဲ မြည်းလိုက်ပါဦးဗျို့


20150720_snacks_NOK_0942

ဒီအတိုင်းစားလို့ ဘယ်ဝင်မလဲ အတို့အမြှပ်လေးလဲ ပါ

20150728_foods_NOK_3124

ကဲ ဒါကတော့ များများစားဖို့လိုတယ်ဗျို့

20150728_foods_NOK_3155

 

အော် ပန်းစွယ်တော်မှာ မစားချင်တဲ့ သူတွေ ပါတယ် . ဟုတ်ကဲ့ဗျာ အာ့ဆိုလဲ ခရေပင်လမ်းက ပဒုမ္မာ မှာ လိုက်ကြွေးပါမယ်

ဒါကတော့ ၀က်အာလူးပါဗျ

20150722_snacks_NOK_1392

 

 

ဝက်သားအီနေမယ်ဆိုတာ သိလို့ ကုလားဟင်းလေးနဲ့ စားဗျ
20150722_snacks_NOK_1424

ကဲ ပန်းစွယ်တော်မှာ လို ပုစွန်လေးတွေ တော့မဟုတ်ဘူး ပုစွန်တုတ်ကွေးဗျ.. ဥကျောက်တို့ အကြိုက်ပေါ့ဗျာ
20150722_snacks_NOK_1473

ပုစွန်တုတ်ကွေးစားလို့အီတယ်ဆိုရင်လည်း ခရမ်းသီး မီးဖုတ်နဲ့ စားဗျာ. ဖုတ်တာလေးဆိုတော့ တော်တော်မွေှ့းသဗျို့.. ကမတ်တို့ မာဂ တို့ အကြိုက်ပေါ့

20150722_snacks_NOK_1493

ကဲ ၀က်သားမစား ပုစွန်မကြိုက် အဆီရှောင်ချင်တဲ့ အန်တီ ဘုံမာတို့၊ အန်တီမမ တို့ ၊ အန်တီ မွသဲတို့ လို ခန္တကိုယ် သွယ်လျှအောင် ထိမ်း သိမ်း နေတယ်ဆိုရင်တော့ ဒါကတော့ ကြာက် ဗူးသီး ကာလသားချက် ဆို ဘယ်လိုနေမလဲဗျ

20150722_snacks_NOK_1495

ကျနော်ကတော့ဆိုင်တွေမှာ မစားချင်တော့ဘူး အာ့ကြောင့် အိမ်မှာ ပဲ ပြန်စားတော့ မဗျို့ ဒါပေမယ့်  ကျနော့်အကြိုက် ၀က်ပုန်းရည် ဟင်း နှစ်ခွက်ကိုတော့ ၂ ဆိုင်လုံးက မ လာခဲ့သဗျ.

ဒါကတော့ ပန်းစွယ်တော် ၀က်ပုန်း

20150728_foods_NOK_3149

ဒါကတော့ပဒုမ္မာ ၀က်ပုန်း

20150722_snacks_NOK_1522

 

အိမ်မှာဆိုတော့ ဆိုင်တွေ မှာလိုမျိုး ဆီပြန်တွေ မစာချင်ဘူးဗျာ မိန်းမကို သီးစုံ ကုလားဟင်းလေး ချက်ခိုင်းလိုက်တယ်

 

 

20150802_foods_NOK_3674

ဘူသီးကလဲ ရှိနေပြန်တော့ အလကားမဖြစ်အောင် ဟင်းချိုလေးပေါ့ဗျာ

20150802_foods_NOK_3699
ကဲ ဟင်းတွေတော့ အဆင်ပြေပြီ အတို့အမြုပ်လေးအတွက် ငပိရည် တို့စရာပါမှ မြိန်မှာကိုးဗျ.. ငပိရည်ဆိုတော့မှ ဖျော်ထားတာလဲ မရှိဘူးဗျာ .. ကွကိုယ်ပဲ ဖော်ျရမှာပဲ စားခါနီးကို အလုပ်ကရှုပ်သနဲ့
20150802_foods_NOK_3564

ကဲ ငါးပိရည်နဲ့ တို့စရာလဲ ရပြီ ဆိုတော့ လွေးပြီဗျာ .. ဗိုက်ကတော်တော်ဆာနေတာ. ခင်ဗျားတို့ကတော့ ဆိုင်မှာ စားလားပြီးပြီဆိုတော့ မခေါ်တော့ပါဘူးနော့

20150802_foods_NOK_3519

ပြီးရင် ခနစောင့်ဗျာ. အချိုပွဲလေးပြင်ပေးမယ်ဗျို့ ခုတော့ တော်တော်မောသွားလို့ နားလိုက်ဦးမယ်ဗျာ..
အော် ရေဘေးအတွက် ကျနော့ရဲ့ တော်ရိရော်ရိပုံလေးတွေကို fb မှာရောင်းနေတယ်ဗျာ ကြုံရင်အားပေးကြပါဦးနော့ ဒီပုံတွေထဲကလဲ လိုချင်ရင် ပြောပါနော်

ဒီမှာတော့ သိပ်မတင်ဖြစ်ဘူးဗျ. fb မှာဆိုရင်တော့ ကျနော့ page က https://www.facebook.com/gandaryiphotos ပါဗျာ မ like ရသေးရင် like ပေးခဲ့ ဦးနော်

ဂန္ဓာရီဆြာအုပ်

 

 

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)