ဒီဇာတ်ကားလေးက 2015 ခုနှစ် မတ်လလောက်ကထွက်ထားတဲ့ကာတွန်းကားအသစ်လေးပါ။ အရမ်းကြိုက်လွန်းလို့ ခဏခဏကြည့်မပါတယ်။ ရွာထဲကမကြည့်ရသေးသူများရှိရင်ကြည့်ရအောင်ညွှန်းပေးချင်လို့ပါ။

ဇာတ်လမ်းအကျဉ်းချုပ်အနေနဲ့ဆိုရင်

Boov လို့  ခေါ်တဲ့ ချစ်စရာ ခရမ်းရောင်ဂြိုဟ်သားမျိုးနွယ်စုလေးကသူတို့ ရဲ့ ရန်သူဂြိုဟ်သားတွေဆီကနေ အမြဲတမ်း ပြေးရှောင်နေကြရတဲ့သူတွေပါ တစ်နေရာကနေတစ်နေရာထွက်ပြေးတိမ်းရှောင်ရင်း သူတို့ ရန်သူ ရှာမတွေ့ နိုင်လောက်တဲ့ဂြိုဟ် ‘ကမ္ဘာ’ ကို တွေ့ သွားပါတယ်။ လူတွေကို အကုန်ဖမ်းပြီး သြစတေးလျမှာစုပီးထားလိုက်ပီးကျန်နေရာတွေကိုသိမ်းပိုက်လိုက်ပါတော့တယ်။Tip လို့ ခေါ်တဲ့ကောင်မလေးတစ်ယောက်ပဲ သူ့ ရဲ့ ကြောင်လေးနဲ့ အတူ သြစတေးလျကိုပါမသွားဘဲကျန်ခဲ့ပါတယ် .. တစ်ချိန်ထဲမှာပဲ Oh လို့  ခေါ်တဲ့ Boov ဂြိုဟ်သားလေးကလည်း သူ ခဏခဏ အမှားလုပ်မိပြီး အားလုံးဒုက္ခရောက်ကြလွန်းလို့  တစ်ဂြိုဟ်လုံးက သူ့ ကို ဖမ်းမိန့် ထုတ်ထားတာမို့  ရှောင်ပြေးနေရသူပါ .. မထင်မှတ်ပဲ သူတို့  2 ယောက် ဆုံတွေ့ ကြတဲ့အခါမှာ Tip ကလည်း သူ့ အမေကို လိုက်ရှာဖို့ အတွက် Oh ကလည်း လိုက်ဖမ်းနေတဲ့သူတွေလက်က လွတ်ဖို့ အတွက် 2 ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကူညီရဖို့  အကြောင်းဖန်လာပါတော့တယ် … Tip တစ်ယောက် သူ့ အမေကို ပြန်တွေ့ ပါ့မလား .. Oh ကရော အားလုံးလက်က လွတ်အောင်ပြေးနိုင်ပါ့မလားဆိုတာတော့ ကြည့်ကြည့်လိုက်ဖို့ညွှန်းပါရစေ။

Tip အဖြစ် Rihanna ၊ Oh အဖြစ်ကတော့  Jim Parsons ၊Tip ရဲ့ အမေအဖြစ် Jennifer Lopez  စတဲ့နာမည်ကြီးသရုပ်ဆောင်တွေကအသံသရုပ်ဆောင်ပေးထားပါတယ်

ဒီဇာတ်ကားမှာသဘောကျတာလေးကတော့ ဇာတ်လမ်းနဲ့လိုက်ဖက်တဲ့ဇာတ်ဝင်သီချင်းလေးတွေ ၊ ခရမ်းရောင် ဂြိုလ်သားလေးတွေ က သူတို့ရဲ့စိတ်ခံစားမှုအရအရောင်လေးတွေပြောင်းတာတွေ ၊ ဂြိုလ်သားလေးတွေက အရမ်းထက်မြက်ပေမယ့် အောင်မြင်မှုရလာဒ် ၅၀% ပဲရှိရင်လက်လျှော့တတ်တဲ့အကျင့်လေးကို လူသားလေးTip က ပြောင်းလဲပေးလိုက်တာတွေ စတာတွေရောပေါ့

ကြည့်ပီးတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်

Home (Original Motion Picture Soundtrack)

အောက်မှာ Foolish Girl Refer လုပ်ထားတဲ့ Refer Link ကိုတွဲပေးချင်ပါတယ် အဲဒီမှာတစ်ခါတည်းဒေါင်းလို့ရမယ့် link လည်းပါပါတယ်နော် မြန်မာစာတမ်းထိုးပြီးသားပါရှင်။

http://www.channelmyanmar.com/2015/06/home-2015.html

About Foolish Girl

C K has written 54 post in this Website..